ဘဝတစ်​ဆစ်​ချိုး(၃)

in #myanmar6 years ago (edited)

ယခင်​ တစ်​ပတ်​မှအပိုင်းများဖြစ်​​သော ဘဝတစ်​ဆစ်​ချိုးအပိုင်း(၁)နှင့်​အပိုင်း(၂)အား ပြန်​လည်​ဖတ်​ရှုနိုင်​ပါသည်​။

တကယ်​ဆိုရင်​​နေ​သော်​အ​နေဖြင့်​ ယခုအ​ခြေအ​နေအား လက်​မခံချင်​​သော်​လည်း မည်​သို့မှပင်​မတက်​နိုင်​​တော့ပါ။မကုန်​ခမ်းနိုင်​​သောမျက်​ရည်​များကို ပွတ်​သပ်​ပြီး ဖြစ်​စဉ်​အ​ကြောင်းစုံအား​မေးမြန်းလိုက်​​တော့သည်​။နွယ့်​ ဖခင်​ဖြစ်​သူ ဦး​ကျော်​စွာလည်း ညိုးမှိုင်​​သောမျက်​နှာဖြင့်​​ ဖြစ်​​ကြောင်းကုန်​စင်​​ပြောပြပါ​တော့သည်​။c65.jpg
credit www.knowyourmeme.com
"အဖြစ်​ကဒီလိုကွဲ့ ဒီ​နေ့မနက်​ သမီး​လေး အလုပ်​ပိတ်​လို့ အိမ်​မှာ အနားယူ​နေတုန်း နဒီဆိုတဲ့ သူ့သူငယ်​ချင်းတစ်​​ယောက်​​ရောက်​လာ​ပါ​ရော သူတို့နှစိ်ယောက်​စကားထိုင်​​ပြောရင်း ခဏအကြာ သမီးအပြင်​ကို ခဏလိုက်​သွားဦးမယ်​ဆိုပြီး​ပြောပြီးထွက်​သွားတယ်​ ဦး​လေးတို့ကလည်းနဒီပါတာနဲ့ စိတ်​ချလက်​ချထည့်​လိုက်​မိတာ​ပေါ့​"

ဦး​ကျော်​စွာ ​ပြောပြ​နေ​သော အ​ကြောင်းတို့အား ​နေ​သော်​တစ်​​ယောက်​ ဆုံး​အောင်​နား​ထောင်​နိုင်​စွမ်းမရှိ​တော့ပါ။ဦး​ကျော်​စွာ၏စကားသံများက ​နေ​သော်​နှလုံးသားအား ဓားဖြင့်​ တစ်​နုပ်​နုပ်​ခုတ်​ထစ်​​နေသည့်​အလား။အဘယ့်​​ကြောင့်​ဆို​သော်​ တစ်​ဖက်​ကားသမားမှ နွယ်​နှင့်​နဒီကို ပွဲချင်းပြီး ​သေဆုံး​စေခဲ့​သော​ကြောင့်​ဖြစ်​​တော့သည်​။မရှုမလှနှင့်​ နွယ်​ဘယ်​​လောက်​များခံစား​နေရရှာသွားမလဲဆိုတာ ​နေ​သော်​ မစဉ်းစားရဲ​တော့။ကံကြမ္မာကြီးက ရက်​စက်​လွန်းပါသည်​။ဘဝမှာ ရှင်​ကွဲနှင့်​​သေကွဲဟူ​သော အမျိုးအစားနှစ်​ခုထဲမှ​နေ​သော့်​အတွက်​ ဒုတိယ​မြောက်​ အမျိုးအစားတစ်​ခု ကပို၍ရင့်​နစ်​​စေခဲ့သည်​။သေခြင်းတရားက ကြီးသည်​၊ငယ်​သည်​ မခွဲခြားဘဲ မညှာမတာ​ခေါ်​ဆောင်​​လေ့ရှိကြသည်​။ထိုအထဲမှာ နွယ်​တစ်​​ယောက်​လည်း ပါဝင်​သွားခဲ့ရသည်​။ဘုရားရှင်​ ​ဟောကြားခဲ့​သောတရား​တော်​များထဲမှ ​မနက်​ဖြန်​ဆိုတာအ​ဝေးကြီး၊​နောင်​ဘဝဆိုတာ နီးနီး​လေးဆို​သည်​မှာဧကန်​မှန်​လွန်းပါသည်​။ဖြစ်​ချိန်​တန်​၍ဖြစ်​ခဲ့သည်​ဟု ​နေ​သော်​တစ်​​ယောက်​ မှတ်​ယူထားပြီး မည်​သူ့ကိုမှအပြစ်​မတင်​ချင်​​တော့။
alone-1868530_1280.jpgcredit; www.pixabay.com
ထို့​နောက်​မှာ​တော့​နေ​သော်​တစ်​​ယောက်​ ​ဆေးရုံဝန်းထဲမှ​ကျောခိုင်းထွက်​ခွာခဲ့​တော့သည်​။မျက်​ရည်​များသိမ်း​မနိုင်​ဆည်​မရဖြင့်​ ​နေ​သော်​၏အဖြစ်​ဆိုးရွားလွန်းလှသည်​။သြော်​ နွယ်​ရယ်​...။

တစ်​ပတ်​ခန့်​အကြာ။

နွယ်​၏စာပနကိစ္စအဝဝပြီးဆုံးသွား​တော့မှ ​နေ​သော်​လည်းခဏတာ အိပ်​စက်​အနားယူ​တော့သည်​။ဝမ်းနည်း၍ရင်​ထဲတဆစ်​ဆစ်​ဖြင့်​နာကျင်​သည်​ကတစ်​မျိုး၊အိပ်​​ရေးပျက်​၍ အားနည်း​နေသည်​ကတစ်​မျိုးဖြင့်​​ ​နေ​သော်​တစ်​​ယောက်​ လူရုပ်​နှင့်​မတူ​တော့။ဒီလိုပုံစံဖြင့်​ ​ရှေ့ဆက်​ပြီး ဘယ်​လိုအသက်​ရှင်​ရမည်​မသိ​တော့။ချစ်​သူတစ်​​ယောက်​လုံး ဆုံးရှူံးခဲ့ရပြီဖြစ်​၍ ရူးမတက်​ခံစား​နေရမည်​။နေ​သော်​သူငယ်​ချင်းများကလည်းအလိုက်​သိစွာ  အား​ပေးစကား​ပြော​ပေးရှာလို့​တော်​​သေးသည်​ဟုဆိုရမည်​။သို့​သော်​လည်း လွမ်းစိတ်​များက ဘယ်​လိုနည်းနဲ့မှ ​ဖြေသိမ့်​လို့မရနိုင်​ခဲ့ပါ။နောက်​ဆုံး​တော့ ​နေ​သော်​ ဆုံးဖြတ်​ချက်​တစ်​ခုကို ခိုင်​ခိုင်​မာမာချလိုက်​​တော့သည်​။သူ့၏ဆုံးဖြတ်​ချက်​က​တော့ နိုင်​ငံခြားသို့အလုပ်​သွားလုပ်​ခြင်းပဲဖြစ်​သည်​။နွယ့်​အား ​မေ့လို့ရလိုရငြားဖြင့်​ ​ဆုံးဖြတ်​လိုက်​ခြင်းဖြစ်​သည်​။

"​အေး​လေ ငါ့သား​လေး သွားချင်​လည်း သွား​ပေါ့ အ​မေတို့လည်း​မတားရက်​ပါဘူး"​နေ​သော်​ မိခင်​မှာလည်း သားဖြစ်​သူအား သူစိတ်​ချမ်းသာသလို ထားလိုက်​​တော့သည်​။နေ​သော်​လည်း အချိန်​သိပ်​ဆွဲမ​နေ​တော့ဘဲ နိုင်​ငံခြားသို့ ထွက်​ရန်​ အမြန်​စီစဉ်​​တော့သည်​။နိုင်​ငံခြားသို့မထွက်​မီ ​နွယ်​နှင့်​အတူသွားခဲ့သည့်​​နေရာများကို အမှတ်​တရအ​နေဖြင့်​ ​နေ​သော်​ ပြန်​လှည့်​ပတ်​ကြည့်​ခဲ့​သေးသည်​။အမှတ်​တရ များစွာကျန်​ရစ်​ခဲ့​သော မြန်​မာပြည်​အား နှုတ်​ဆက်​ရ​တော့မည်​။ဘယ်​လိုပင်​ဖြစ်​​စေ နွယ်​တစ်​​ယောက်​ ပြန်​ရှင်​သန်​လာနိုင်​မှာမဟုတ်​​တော့ဘူးဆို​သော စိတ်​နဲ့သာ နိုင်​ငံခြားသို့ထွက်​လာခဲ့​တော့သည်​။ထို့​နောက်​ ​နေ​သော်​အားလေယာဉ်​ပျံ​လေးက မြန်​မာပြည်​နဲ့​ဝေးရာ ​ခေါ်​ဆောင်​သွား​တော့သည်​။benefits-of-crying.jpg
credit;https://www.lifealth.com
၃နှစ်​ခန့်​ကြာပြီး​နောက်​။

ရာသီ​တွေ၊နှစ်​​တွေအလီလီ​ပြောင်းလဲခဲ့ပြီ။(၃)နှစ်​ဆို​သော အချိန်​အတိုင်း​တစ်​ခုက လူတစ်​​ယောက်​အား ​မေ့နိုင်​စွမ်းရှိနိုင်​သည့်​ အချိန်​တစ်​ခုဟု ထင်​ပါသည်​။နေ​သော်​တစ်​​ယောက်​စိတ်​သစ်​လူသစ်​​ဖြင့်​ ​လေယာဉ်​​ပေါ်မှ ဆင်းလို့လာ​နေပါပြီ။နေ​သော့်​ ဖခင်​ ဦးဝင်းမြိုင်​နှင့်​မိခင်​ ​ဒေါ်စိန်​စီနှစ်​​ယောက်​က​တော့ ဆီးကြို​နေ​လေရဲ့။နေ​သော်​၏အသွင်​အမူအရာက​တော့ ယုံကြည်​မှုအပြည့်​နှင့်​​သာ။

"ကြည့်​စမ်း ​အ​မေ့သား​လေးက ​တော်​​တော်​ ​ချောလာတာပဲ မမြင်​ရတာလည်းကြာ​တော့ ပိန်​သွားသလိုပဲ ​မေ​မေ့သားကို အရမ်းလွမ်း​နေတာ လာ လာ သား"​နေ​သော်​မိခင်​ ​ဒေါ်စိန်​စီမှာဝမ်းပန်း​တသာဖြင့်​ ​စောင့်​ကြိုလို့​နေပါသည်​။

ဆက်​လက်​​ရေးသားပါဦးမည်

Author by @nandasai (msc.076)

Sort:  

ကောင်းပါတယ်ဗျာ စောင့်ဖတ်ရဦးမယ်

ကျေးဇူးပါဗျာ

တွေ့ကြုံဆုံကွဲ ဖြစ်မြဲဓမ္မတာပါလေ

အမှန်​ပါပဲ​လေ

နိုင်ငံခြားဆိုလို့ ကျွန်တော့အမကို သတိရသွားတယ်။

ရှိတယ်​​ပေါ့

အပိုင်းဆက် မျှော်နေမယ်နော်

ကြိုးစား​ရေးသားပါဦးမယ်

တကယ်ဖြစ်ရပ်မှန်လားအကို စာဖက်ရင်းမြင်မြင်လာလို😔

မဟုတ်​ပါဘူးဗျာ

ဘာဆက်ဖြစ်မလဲ စိတ်ဝင်စားလာပြီ ... စောင့်ဖတ်ဦးမယ်ဗျာ

ဟုတ်​ကဲ့ ​ကျေးဇူးပါ ကို​စော

ချစ်သူတစ်ယောက်လုံး ဆုံးရှူံးလိုက်တော့
တကယ့်ကိုကြေကွဲစရာပါလေ
ဘာတွေဆက်ဖြစ်မလဲ မျော်နေမယ်ဗျာ

ကြိုးစား​ရေးသားပါဦးမယ်

အရာအားလုံးကိုမေ့ပစ်နိုင်ခဲ့သည်လား
ဘယ်လိုခံစားချက်တွေနဲ့ ဆက်လက်လျှောက်လှမ်းသွားမှာလည်းဆိုတာ စောင့်မျှော်ဖတ်ရှုပါအုံးမယ်ခင်ဗျာ။

အား​ပေးတဲ့အတွက်​​​ကျေးဇူးပါဗျာ

ဇာတ်ရှိန်မြင့်လာပြီ စောင့်ဖတ်နေမယ်bro

ဟုတ်​ကဲ့

အပိုင်းဆက်လေး လုပ်ပါအုံးဗျာ..😁😁

Coin Marketplace

STEEM 0.21
TRX 0.13
JST 0.030
BTC 66751.68
ETH 3487.34
USDT 1.00
SBD 3.03