ဘဝတစ်​ဆစ်​ချိုး(၂)

in #myanmar6 years ago (edited)

ဘဝတစ်​ဆစ်​ချိုး အပိုင်း(၁)အား ဤ​နေရာတွင်​ဖတ်​ရှုပါ။"ဟဲလို ...ဟုတ်​ကဲ့ အန်​တီ ကျွန်​​တော်​​နေ​သော်​ပါ......ဗျာာာ၊.....ဘယ်​လို....ဘယ်​လို..."​နေ​သော်​တစ်​​ယောက်​ အိပ်​​နေရာမှ ​ငေါက်​ခနဲ ထထိုင်လို​က်​​တော့သည်​။တစ်​ဖက်​မှကြားလိုက်​ရ​သော စကားများ​ကြောင့်​ ​နေ​သော်​တစ်​​ယောက်​ ​ကြောင်​စီစီဖြစ်​၍ ကြက်​​သေ​ ​သေသွားသည်​။တစ်​ဖက်​မှလည်း ဖုန်းထဲ အဆက်​မပြတ်​ ​ပြောလာသည်​။နေ​သော်​တစ်​​ယောက်​ ထိုစကားသံများကို နား​ထောင်​နိုင်​စွမ်းမရှိ​တော့ပါ။ghmike-no-words.jpg

credit; www.celebdirtylaundry.com
နေ​သော်​တစ်​​ယောက်​ အသက်​မဲ့​နေ​သော လူတစ်​​ယောက်​နှယ်​ ဟန်းဖုန်းအား ချလိုက်​ပြီး စိတ်​မပါ​သော ​ခြေလှမ်းများဖြင့်​ တစ်​လှမ်းချင်း လှမ်း​နေမိသည်​။အဘယ်​​ကြောင့်​ ထိုသို့ဖြစ်​သွားပါသနည်း။ဝမ်းနည်းစရာ ​ကောင်းလွန်း​သော သတင်းတစ်​ခု။တစ်​နည်းအားဖြင့်​ ​နေ​သော်​၏ ရင်​ဘတ်​အား ကွဲ​ကြေမွ​စေ​သော သတင်းတစ်​ခုပင်​ဖြစ်​ပါသည်​။နေ​သော်​ အင်​မတန်​ချစ်​ရ​သော နွယ်​ ။နွယ်​ ကားတိုက်​၍ဆုံး​ချေပြီ။နေ​သော်​၏ ကမ္ဘာထဲဝယ်​ နွယ်​တစ်​​ယောက်​ မနှုတ်​ဆက်​ဘဲ ရုတ်​တရက်​ဆုတ်​ခွာသွားပြီ။

သြော်​ ဆိုးလွန်းလှ​သော ကံကြမ္မာများ အဘယ်​​ကြောင့်​များ ​နေ​သော်​တို့ ချစ်​သူနှစ်​ဦးကြား ဝင်​​ရောက်​ တိုက်​ခိုက်​​စေနိုင်​ခဲ့သနည်း။တွေးရင်း​တွေးရင်းဖြင့်​ ​နေ​သော်​ မျက်​ရည်​များမဆည်​နိုင်​။ယောက်ျားတန်​မဲ့ မျက်​ရည်​များ ထိန်းချူပ်​နိုင်​စွမ်း မရှိ​တော့ပါ။နေ​သော့်​ အဖို့ ယခုလိုမျိုး အ​ကြောင်းကိစ္စဆိုတာ အိမ်​မက်​ထဲပင်​ မမက်​ခဲ့ပါ။လက်​​တွေ့ကျကျ ကြုံ​တွေ့ပါမှ စိတ်​ထဲ ကယက်​လှိုင်းများနှင့်​အတူ အသားများပင်​ တဆတ်​ဆတ်​တုန်​လို့​နေသည်​။benefits-of-crying.jpg

credit; www.lifealth.com
နေ​သော်​ ​လှမ်း​နေသည့်​​ခြေလှမ်းများ တုန့်​ဆိုင်းသွားပြီး သတိစိတ်​များ ဝင်​လာခဲ့​တော့သည်​။ချက်​ချင်းဆိုသလို ဆိုင်​ကယ်​ ထုတ်​ကာ ​ဆေးရုံသို့ ဒုန်းစိုင်းခဲ့​တော့သည်​။ဆိုင်​ကယ်​အားမြန်​နှုန်းမြင့်​ကာ ​မောင်းနှင်​​နေပါ​သော်​လည်း စိတ်​ထဲ ​နှေး​ကွေး​နေသည်​ဟု ထင်​​နေမိသည်​။ရောက်​ချင်​​စောနှင့်​ ​မောင်းနှင်​​နေသည်​ဖြစ်​၍  မြင်​ကွင်းထဲအရာရာ ​ဝေဝါးကုန်​သည်​။မီးပွိုင့်​များကို ဖြတ်​​ကျော်​ကာ ​ဆေးရုံသို့ ခဏတွင်းချင်း ​ရောက်​လာခဲ့သည်​။နေ​သော်​တစ်​​ယောက်​ ​ဆေးရုံတွင်းသို့ ​ခြေလှမ်းကျဲကျဲများဖြင့်​ လှမ်းလာခဲ့သည်​။အခန်းတစ်​ခန်းကို​ဖြတ်​၍ ​ထောင့်​တစ်​ခုအား ​ကျော်​ဖြတ်​ရင်​ပဲ အ​ရေး​ပေါ်အခန်းအား ထိပ်​တိုက်​ ​တွေ့မြင်​ရ​နေပြီ။ရင်​ထဲ တထိတ်​ထိတ်​နဲ့ ထိန်းမရ​အောင်​ လှုပ်​ရှားလွန်း​နေသည်​။နေ​သော်​မျက်​ဝန်းထဲ မျက်​ရည်​များ ဝဲလည်​ကာ နွယ်​ ဘာမှမဖြစ်​ပါ​စေနဲ့လို့ ကြိတ်​ဆု​တောင်း​နေမိပြန်​သည်​။

"ဟာ" မြင်​ရတဲ့မြင်​ကွင်းများ​ကြောင့်​​နေ​သော်​တစ်​​ယောက်​ စိတ်​ထဲ မ​အောင့်​အီးနိုင်​​အောင်​ အာ​မေဋိတ်​သံများ ထွက်​သွားခဲ့ရ​တော့သည်​။အထြူ​ရောင်​ပိတ်​သားများဖြင့်​ ဖုံးအုပ်​ထား​သော လူ​သေအ​လောင်း​ဘေးဝယ်​ နွယ့်​ မိဘများကိုထပ်​မံမြင်​​တွေ့ရပါ​တော့သည်​။နွယ့်​မိဘများက​တော့ ရှိုက်​ကြီးတငင်​ငိုယို​နေလို့။နေ​သော်​တစ်​​ယောက်​ ​နှေး​ကွေးလွန်းသည့်​ ​ခြေလှမ်းများဖြင့်​ ကုတင်​အနားသို့ တဖြည်းဖြည်းလှမ်းလာခဲ့သည်​။ကုတင်​​ဘေးနားဝယ်​ နွယ့်​ မိဘများက ​နေ​သော့်​ကိုမြင်​​တွေ့ကာမှပဲ ပို၍ပင်​ ငိုယိုကာ ငိုပွဲနွဲ​တော့သည်​။အဖြူ​ရောင်​ပိတ်​စ​လေးအား လှပ်​ကြည့်​ရန်​ ​နေ​သော်​ လက်​များ တုန်​ရီ​နေသည်​။မျက်​ဝန်းမှလည်း မျက်​ရည်​စများ ပိုးပိုး​ပေါက်​​ပေါက်​ကျလို့​နေသည်​။အားတင်းကာဖြင့်​ အဖြူ​ရောင်​ပိတ်​စအား မျက်​လုံးမှိတ်​ကာ လှန်​ဖွင့်​လိုက်​​တော့သည်​။ပြီးမှ မျက်​လုံးများအား ဖြည်းဖြည်းချင်းဖွင့်​ကာ ကြည့်​လိုက်​​တော့သည်​။မြင်​​တွေ့ရ​သော နွယ်​၏ ရုပ်​အဆင်းမှာ အကျည်းတန်​လွန်းလှသည်​။နွယ်​မှ နွယ်​အစစ်​ပင်​။ကား အက်​စင့်​တန့်​ဖြစ်​၍ ကားကြိတ်​ထားရာ လက်​တစ်​ဖက်​မှာလည်း စုတ်​ပြတ်​သပ်​လို့။ဦး​ခေါင်းထက်​မှာလည်း ​သွေးများ ယိုစီးကျကာ ကြည့်​မ​ကောင်း​တော့ပါ။လှပလွန်းသည့်​ နွယ်​ရဲ့မျက်​နှာ​လေးမှာလည်း ညိုမဲ ၍​နေ​တော့သည်​။အန်​ကိုတင်းတင်းကြိတ်​က အသံတိတ်​ ငိုချင်​ပါ​သော်​လည်း ​နေ​သော်​ဆက်​၍ ထိန်းနိုင်​စွမ်းမရှိခဲ့ပါ။ရင်​ဘတ်​ကြီးကွဲမတက်​ခံစားရပြီဖြစ်​၍ အသံများတုန်​ရီစွာ ထွက်​လာကာ ​နေ​သော်​ ရိုက်​ကြီးတငင်​ငိုချလိုက်​​တော့သည်​။

"ငိုချလိုက်​ ​ငါ့သား မင်းစိတ်​ထဲ ရှိသမျှ ဖွင့်​ချလိုက်​ပြီး ငိုချလိုက်​ ဒါမှ မင်းရင်​ထဲ ပွင့်​ထွက်​လာမှာ"နွယ့်​ ဖခင်​ဖြစ်​သူ ဦး​ကျော်​စွာမှ ​နေ​သော့်​ ပုခုံးအား ပုတ်​လိုက်​ပြီး အား​ပေးနှစ်​သိမ့်​​ပေး​နေ​တော့သည်​။ထို့​နောက်

"ဦး​လေးလည်း သူ့ဖခင်​တစ်​​ယောက်​ပါပဲ မိဘအ​နေနဲ့ ကြည့်​မယ်​ဆိုရင်​ ဦး​လေးတို့လည်း ရင်​ကွဲမတက်​ခံစား ရပါတယ်​ ဘဝဆိုတာ​မွေးတစ်​​နေ့သေတစ်​​နေ့ ​ပဲ​ပေါ့ ဘယ်​အချိန်​ ဘယ်​​နေရာမှာ ဘယ်​လို ​သေမယ်​ဆိုတာ မသိရုံတစ်​မယ်​ပါပဲ"ဦး​ကျော်​စွာတစ်​​ယောက်​မျက်​ရည်​ များအား ပွတ်​သပ်​ကာ ​ခေါင်းငိုက်​၍​ပြော​နေရှာ​တော့သည်​။

နေ​သော်​အ​နေဖြင့်​ ယခုအ​ခြေအ​နေအား လက်​မခံချင်​​သော်​လည်း မည်​သို့မှပင်​မတက်​နိုင်​​တော့ပါ။မကုန်​ခမ်းနိုင်​​သောမျက်​ရည်​များကို ပွတ်​သပ်​ပြီး ဖြစ်​စဉ်​အ​ကြောင်းစုံအား​မေးမြန်းလိုက်​​တော့သည်​။

ဆက်​လက်​​ရေးသားပါဦးမည်​။အအ~2.jpg

Author by @nandasai(MSC.076) 

Sort:  

စိတ်မကောင်းစရာနဲ့သိမ်းတော့မှာလား နောက်တစ်ယောက်ပေါ်လာမှာလားဗျာ

လာမယ်​ ​နောက်​​တျောက်

အဆက်လေးဆက်အားပေးနေပါ့မယ်

ဟုတ်​ကဲ့ ​ကျေးဇူးပါ

မညားထိုက်လို့လား... ကြင်ဖူးစာ မမည်ပေလို့လား...

ချစ်​ဖူး​ပေမဲ့လည်း​လေ

ဖြစ်မှဖြစ်ရလေ နွယ်ရယ်😅😅😅

ငိငိ

အခန်းဆက်ဆွေချည်း ရေးနေကြတော့လည်း တို့လို့တန်းလန်းတွေနဲ့စောင့်မျှော်ရဦးမှာပေါ့လေ။

မ​ရေးတာကြာ လို့ ကို​ထွေး​ရေ

ကြေကွဲဖွယ်ဇာတ်လမ်းလေးပေါ့ဗျာ

ဟုတ်​တယ်​ဗျာ

အမြဲ ​စောင့်​​မျှော်​ အား​ပေး​နေပါတယ်

ကျေးဇူးပါဗျာ

ဇာတ်လမ်းဆင်ထားတာ ကောင်းတယ်ဗျာ ဆက်လက်ပြီး
အားပေးနေမယ်

ကျေးဇူးပါဗျ

စိတ်မကောင်းစရာပါလားဗျာ။

ဇာတ်​လမ်းပါလို့စ်

သဗ္ဗေ သတ္တာ အဝေရာ ဟွေန္တု

Coin Marketplace

STEEM 0.21
TRX 0.13
JST 0.030
BTC 66751.68
ETH 3487.34
USDT 1.00
SBD 3.03