Health for Myanmar part.5( ginger of Myanmar Medicine )steemCreated with Sketch.

in #myanmar8 years ago (edited)

ယနေ့တော့ steemit myanmar မှ friends များ အတွက် မီးဖိုချောင်မှာရှိပြီး အလွယ်တကူ အသုံးပြု နိုင်သော ကျန်းမာရေး အတွက် အကျိးရှိသော ဂျင်း အကြောင်း တင်ပြမှာပါ
image
ဂျင်းစားရင်ကောင်းတယ်ဆိုပြီးသိထားကြပါတယ်။ မိရိုးဖလာဆေးစွမ်းတစ်ခုအနေနဲ့ လည်း ဂျင်းကို စားသုံးကြပါတယ်။ ဒါပေမယ့် ဒီထက်ပိုကောင်းတဲ့ အာနိသင်တွေ ဂျင်းက ပေးစွမ်းနိုင်တယ်ဆိုတာ ကြည့်ရအောင်နော်။
သင်ဟာ ဂျင်းကိုစားဖို့ လုံးဝမဖြစ်နိုင်ဘူးဆိုရင်တောင် ဂျင်းရဲ့ မယုံနိုင်လောက်တဲ့ ကောင်းကျိုးတွေကို ကြည့်သွားသင့်ပါတယ်နော်။
၁။ ဂျင်းက လူ့နှလုံးသားနဲ့ သူငယ်ချင်းပါ။ ဂျင်းက ကိုလက်စထရောကို ကျစေပါတယ်။ လေဖြတ်တာ၊ ဂေါက်ရောဂါနဲ့ နှလုံးရောဂါအတွက် အဓိက စားသင့်တဲ့ အစားအစာပါနော်။
၂။ ကိုယ်တွင်း အပူချိန်ကို ထိန်းညှိပေးတဲ့ အစားအစာထဲမှာ ဂျင်းလည်း ပါဝင်ပါတယ်။ Antioxidant ကြွယ်ဝတာကြောင့် ဂျင်းစားပေးခြင်းဖြင့် အအေးမိချင်း ဖျားနာခြင်းတွေကို ကာကွယ်နိုင်ပါတယ်။
၃။ သင်ကိုယ်ဝန်ဆောင်တစ်ယောက်မဟုတ်ရင်တောင် အခန့်မသင့်လို့ အော့အန်ခြင်းအတွက် ဂျင်းကိုအသုံးပြုသင့်ပါတယ်။
၎။ ရုတ်တရက် အစားမှားလို့ ဝမ်းလျောခြင်းတွေအတွက်လည်း ဂျင်းကိုစားပေးခြင်းဖြင့် ဗိုက်အောင့်ဗိုက်နာခြင်းကို သက်သာစေပါတယ်။
၅။ ဝိတ်လျော့သူတွေအတွက် ကိုယ်အလေးချိန်ကို ကျစေပါတယ်။ ဂျင်းက အစာချေဖို့အဓိက လုပ်ဆောင်ပေးပါတယ်။ ဂျင်းပြုတ်ရည်သောက်ခြင်း၊ ဂျင်းကို စားသုံးခြင်းဖြင့် ကယ်လိုရီတွေကို လောင်ကျွမ်းစေပြီး ကိုယ်အလေးချိန်ကို အမြန်ကျစေပါတယ်။
ဂျင်းစားခြင်းက သင့်ရဲ့ အိမ်ထောင်ရေးသုခကို မြင့်မားစေပြီး အသက်ရှူကျပ်ခြင်းကို ကာကွယ်ပေးပါသေးတယ်။ အိပ်ရာမဝင်ခင် ဂျင်းစားခြင်းကလည်း ကောင်းမွန်စွာ အိပ်ပျော်စေပါတယ်နော်။
Steemit myanmar မှ friends များ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသကြပါစေ
Nanda Mim Khant ( steemit myanmar)
Photo credit.....

Sort:  

အာ့ဆို ဂျင်းကောင် ကရော

မြင့် မြတ်ကို မေးပါ

ဖေ့ဘွတ် ပေ့ မှ copy ဆိုသည်ကိုတွေ့ရသည်။ steemit myanmar cheetah မှ သတိပေးပါသည်။

Coin Marketplace

STEEM 0.13
TRX 0.24
JST 0.032
BTC 83698.37
ETH 2089.33
USDT 1.00
SBD 0.63