အောင်မြင်ခြင်းဟာ လှေကား(သို့)စက်ဝိုင်း

in #myanmar7 years ago (edited)

အောင်မြင်ခြင်းဟာ လှေကား(သို့)စက်ဝိုင်း
image
အောင်မြင်ခြင်းဟာ လှေကားသဖွယ်တစ်ဆင့်ခြင်းတတ်ရသလို စက်ဝိုင်းလိုလည်း တစ်ဖြည်းဖြည်း ကြီးလာအောင်လုပ်တတ်ဖို့လိုပါတယ်။အရင်က ကျွန်တော်တို့ဟာ အောင်မြင်ခြင်းကို လှေကားလို့ ပုံသေသတ်မှတ်ကြတယ်။ခုနောက်မှာတော့ သေချာပြန်တွေးကြည့်တဲ့အခါ စက်ဝိုင်းလို့လည်း ဖြစ်နေတာကိုတွေ့ရှိရပါတယ်။အလုပ်တစ်ခုလုပ်တော့မည်ဆိုရင် ကံ ဥာဏ် ဝီရိယ ဇွဲ လုံ့လစတာတွေကို တစ်ဆင့်ခြင်း ကြုးစားကြရတယ်။တစ်ဆင့်ပြီးမှတစ်ဆင့်ဆိုသလို တဖြည်းဖြည်းနဲ့တတ်ကြရတယ်။အောင်မြင်ချင်ရင် လှေကားလို့ဥပမာထားပြီး လေ့ကျင့်ပါ။အဆင့်မကျော်ပါနဲ့။အောင်မြင်ရေးအတွက် လှေကားဥပမာဟာ အကောင်းဆုံးလို့ ထင်မိပါတယ်။သို့သော် လှေကားလို့ အောင်မြင်ခြင်းနည်းတစ်နည်းလည်းရှိပါတယ်။အဲဒါဟာ ဘာလည်းဆိုတော့ စက်ဝိုင်းပုံဖြစ်ပါတယ်။

စက်ဝိုင်းကို စပြီးဆွဲလိုက်တဲ့အခါ သေးသေးလေးဖြစ်ရင် ဖြစ်ပါလိမ့်မယ်။ဒါပင်မဲ့ ကံဆိုတဲ့အလုပ်တစ်ခု ဥာဏ်ဆိုတဲ့စဉ်းစားတွေးခေါ်ပုံနဲ့ပေါင်းစပ်ပြီးသကာလ စက်ဝိုင်းကိုတစ်ဖြည်းဖြည်းကြီးအောင်စွမ်းဆောင်လုပ်ဆောင်ရမယ်။ဒါဆို စက်ဝိုင်းကြီးအောင် ကံနဲ့ဥာဏ်ဘဲလားလို့မေးစရာ မေးခွန်တွေရှိလာလိမ့်မယ်။စာဖတ်သူတို့ကရော ဘယ်လိုမေးခွန်းမျိုးမေးကြပြီး ဘယ်လိုအဖြေမျိုးပေးနိင်ကြမလဲ။ဒါကိုရော စဉ်းစားဖူးသလား။ဘယ်အရာဖြစ်ဖြစ်သူတစ်ပါးကို မေးတတ်ဖို့ထက် မိမိကိုယ်ကိုမေးတတ်ဖြေတတ်အောင် အရင်လုပ်ပါ။မသိရင်မေး မစင်ရင်ဆေး ဆိုသလို့ များများမိမိကိုယ်ကိုမေးပါ။နောက်မိမိဘာသာအဖြေထုတ်ကြည့်ပါ။ဒါဆိုရင် အချိန်ကြာလာတာနဲ့မိမိရဲ့ အတွေးအခေါ်တွေ့မြင့်သလို အတွေ့အကြုံတွေလည်း များလာပါလိမ့်မည်။

ကဲဆက်ပြောမယ်။ကံ ဥာဏ်ကြောင့်စက်ဝိုင်းဟာတဖြည်းဖြည်းကြီးလာသလို ကံနဲ့ဥာဏ်ကလည်းတဖြည်းဖြည်းနဲ့တိုးတတ်ဖွံ့ဖြိုးလာပါလိမ့်မယ်။နောက်ဇွဲ ဝီရိယစသော နောက်လိုက်ကောင်းတွေဟာ တဖြည်းဖြည်းနဲ့ကြီးထွားလာပါလိမ့်မယ်။လှေကားဟာ တစ်ဖြည်းဖြည်းနဲ့တစ်ဆင့်ခြင်းအပေါ်ကိုမြင့်တတ်လာသလို စက်ဝိုင်းဟာလည်း လှေကားနည်းတူ တဖြေးဖြေးနဲ့အလုံးဟာ ကြီးမားလာလိမ့်မယ်။ဒါကြောင့်မိမိတို့ရဲ့ဝီရိယ ကံ ဥာဏ်စတာတွေကို မလျော့ဘဲ ပိုမိုကြီးမားအောင် ဖွံ့ဖြိုးအောင် အမြဲတမ်း လေ့ကျင့်ပေးရမယ်။လေ့ကျင့်တဲ့နေရာမှာ နေ့တိုင်းလေ့ကျင့်ပါ။မပျင်းပါနဲ့။ပျင်းသောသူသည် အောင်မြင်မှုကိုမရနိင်ပါ။ဒါကြောင့် မိမိဟာ လူပျင်းမဖြစ်ပါစေနဲ့။နောက်မိမိရဲ့အတွေးအခေါ်တွေကို အဆင့်မြင့်ပါ။ဒါတွေကိုအဆင့်မြင့်မှ မိမိဟာလည်း တိုးတတ်လာပါလိမ့်မည်။လူတိုင်းဘယ်အရာဖြစ်ဖြစ် အသေးအဖွယ်လေးလို့သဘောမထားပါနဲ့။နောက်သူတစ်ပါးကို ပြစ်တင်ဝေဖန်ခြင်းများမလုပ်ပါနဲ့။သူတစ်ပါးက မိမိကိုဝေဖန်းပေးတာကို မျညူများလက်ခံပါ။ဒါမှမိမိရံ့အညးသာချက်အားနည်းချက်တွေသိပြီး အောင်မြင်ပြီး ကြီးပွားလာလိမ့်မည်။

သူတစ်ပါးကိုဝေဖန်မယ်ဆို ဒါလေးက်ုသတိရပေးပါ။အခြားသူကို လက်တစ်ချောင်းထိုးရင် မိမိကို ကျန်သောလက်လေးချောင်းက ပြန်ထိုးတဲ့လို့ သိကြပါ။ဒါကြောင့် အားလုံး ဗဟုသုတရကြပါစေ။

@naingwintun
msc.207

Sort:  

သိထားသင့်တာလေးတွေသိထားတော့ ကောင်းပါတယ်ဗျာ😃😃

ဟုတ်ကဲ့ပါအကို

ကံ ညဏ် ဝီရိယ နဲ့ ဆိုင်တဲ့ ဥပမာလေး ပေးထားတာကောင်းပါတယ်

ကံ ဉာဏ် ဝိရိယ .. ၃ ပါးစုံရင် အောင်မြင်မယ် မုချ

ဟုတ်တယ်မမရေ

ဟုတ်​တယ်​​နော်​​အောင်​ မြင်​ ချင်​ရင်​ bro​ပြော သ လိုပဲ အားနည်းချက်​ သိသင့်​ တယ်

ဟုတ်တယ်။အားနည်းချက်ကိုလေ့လာသင့်တယ်။

ဟုတ်​ကဲ့ အစ်​ကို..။

ဟုတ်ကဲ့ပါ

စိတ်​ခွန်​အား​တွေ ရတယ်​အစ်​ကို​ရေ

ဟုတ်ကဲ့ပါ

ဟုတ်ကဲ့ပါ အစ်ကို လှေကားထစ်လို တစ်ဆင့်ချင်း တက်သွားရမှာပေါ့

ဟုတ်ကဲ့

မှန်ပါတယ်

ဗဟုသုတ ရပါတယ်​...​ကျေးဇူးပါ

ဟုတ်မမ

လိုအပ်ချက်လေးတွေထောက်ပြလို့ကျေးဇူးပါဗျာ

စာ​ရေးက​တော့​တော်​တယ်​ဗျာ

ကျးဇူးပါ

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.028
BTC 56586.53
ETH 2392.96
USDT 1.00
SBD 2.30