အောင်မြင်သူတွေဟာ hackerနဲ့တူ
အောင်မြင်သူတွေဟာ hackerနဲ့တူ
ကျွန်တော်တို့နေ့စဉ်ဘဝကိုဖြတ်သန်းနေကြရင် အတားအဆီး အခက်အခဲတွေကို လူတိုင်းဖြတ်ကျော်ရကြပါသည်။နောက် ကျွန်တော်တို့ရဲ့စိတ်ထဲမှာ အောင်မြင်ချင်ကြတယ်။သို့သော် အောင်မြင်ချင်တဲ့စိတ်ဓာတ်ကိုတော့ လူတိုင်းမထားတတ်ကြဘူး။အောင်မြင်သူတွေဟာ ဖခုံးနှစ်ဖတ်ကြား ခေါင်းပေါက်တဲ့လူတွေပါ။ကျွန်တော်တို့နဲ့ အတူတူပါဘဲ။ဒါပင်မဲ့ မတူတာက စိတ်ထားတွေပါ။အောင်မြင်ချင်တဲ့သူတွေဟာ ပထမဆုံးအနေနဲ့စိတ်ထားကောင်းအောင် အရင်လုပ်သင့်ပါသည်။ဘာဖြစ်လို့ဆိုရင် တစ်ယောက်နဲ့တစ်ယောက်ဟာ စိတ်ထားချင်မတူတဲ့အတွက် နေထိုင်စားသောက်ပုံတွေလည်း မတူညီကြပါဘူး။ဘာကြောင့်ဆို အောင်မြင်သူတွေကို လေ့လာကြည့်ရင် သူတို့ရဲ့စိတ်ဟာ အောင်မြင်မှုမရှိသူတွေရဲ့စိတ်တွေနဲ့ ကွဲပြားခြားနားနေလို့ပါ။
ဒါကြောင့် ဘဝမှာအောင်မြင်ချင်ရင်တော့ ပထမဆုံး မိမိတို့ရဲ့စိတ်ကို ပြုပြင်ပါ။ခုလိုစိတ်ကိုမပြုပြင်သ၍ အောင်မြင်မှုဆိုတာ မရနိင်ပါ။ဘဝမှာအောင်မြင်သူတိုင်းဟာ hackerသမားတွေနဲ့တူပါတယ်။ကျွန်တော်ခုလိုဘာကြောင့်ပြောရသလဲဆိုရင် လူတိုင်း အောင်မြင်မှုဆိုတဲ့ လမ်းကိုလျောက်ရင် အတားအဆီးဆိုတာ မလွဲဧကန်ကြုံကြရမယ်။ထိုအတားအဆီးတွေကို ဒီအတိုင်း ဖြတ်ကျော်လို့မရပါဘူး။အတားအဆီးမှန်သမျှကို ဖြတ်ကျော်နိင်တာ နည်းလမ်းတစ်ခုဘဲရှိပါတယ်။ဘယ်လိုနည်းလမ်းသည် အတားအဆီးကိုဖြတ်ကျော်နိင်မလဲ။ထိုအတားအဆီးကိုရော မိမိတို့အနေနဲ့ ဖြတ်ကျော်နိင်မလား။အထက်မှာ ကျွန်တော်ပြောခဲ့တဲ့ နည်းလမ်းနဲ့ဘဲ ဖြတ်ကျော်လို့ရမှာပါ။ဒါက ဘယ်လိုနည်းလမ်းလည်းဆိုရင် ငါဖြတ်ကျော်နိင်ရမယ်လိုစိတ်နဲ့မှ ဖြတ်ကျော်လို့ရပါမယ်။
ထိုစိတ်မျိုးကို ပထမဆုံးပြုပြင်ခိုင်းတာ ဘဝမှာ ကြုံရမဲ့အတားအဆီးတွေကို ဖြတ်ကျော်ဖို့အတွက် ပထမဆုံးလေ့ကျင့်မှုပါ။ထိုအတူ hackerဆိုတဲ့ နည်းပညာသမားတွေဟာ သူတို့လိုချင်တဲ့ websiteတွေကို ဘယ်လိုအတားအဆီးဖြစ်နေပါစေ မရောက်ရောက်အောင် ထိုးဖောက်ဝင်ပြီး ပန်းတိုင်ကိုအရောက်လှမ်းကြတယ်။အောင်မြင်တဲ့သူတွေဟာလည်း hackerသမားတွေလို ဘဝမှာအခက်အခဲအတားအဆီကို မရောက်ရောက်အောင်ဖြတ်ကျော်ခဲ့ကြပြီး နောက်ဆုံးမှာ အောင်မြင်မှုပန်းတိုင်အရောက်လှမ်းနိင်ကြတယ်။ဒါကြောင့် လူတိုင်း မိမိတို့ရဲ့စိတ်တွေပြုပြင်၊hackerသမားတွေလိုသဘောထားကာ ဘဝမှာ ဘယ်လိုအခက်အခဲရှိနေ ကြုံတွေ့ပါစေ မလျော့သောဇွဲ လုံ့လ ဝီရိယအမြဲမလျော့ဘဲထားပါ။
ဒါဆို လူတိုင်း မိမိတို့လိုချင်တဲ့ဘဝရဲ့အောင်မြင်မှုတွေ ရရှိပါလိမ့်မယ်။လူငယ်တွေအနေနဲ့ မိမိဘဝမှာအောင်မြင်ချင်ရင် စာများများဖတ်၊စိတ်ဓာတ်ကိုလေ့ကျင့်၊အချိန်ကိုအကျိုးရှိရှိအသုံးချပါလို့ပြောရင် နိဂုံးချူပ်လိုက်ပါတယ်။
Authornaingwintun
Msc.207