နှောင်းနောင်တ
"မီ....မီ.....မီ" "လာ.....လာ....မီးညောင်" "ဒါလေးလာစား"
ဒေါ်သီသီသားလေး ကြောင်လေးနဲ့ ချော့မြူကစားနေသည်ကို မြင်သော ဒေါ်ရွှေစည်က
"အမရေ....အမသားက ကြောင်သိပ်ချစ်ပုံပဲနော်" "အမြဲတမ်း ကြောင်လေးနဲ့ တပူးတွဲတွဲမြင်နေရတယ်"
"ဟုတ်တယ်....ညီမရေ...သားကကြောင်ကို သိပ်ချစ်တာ" "ကျောင်းကနေ အိမ်ပြန်ရောက်လာတာနဲ့ ကြောင်လေးကို ချော့မြူပွေ့ဖက်ပြီး ဆော့နေတော့တာပဲ" "ပြီးတော့ သားက အပြင်လည်း သိပ်မထွက်တတ်ဘူးလေ" "အမလည်း သားလေးအိမ်မှာနေတာမြင်ရတာ စိတ်ချမ်းသာတယ်" "လမ်းပေါ်မှာက ကားတွေခွေးတွေနဲ့ အန္တရာယ်ရှိတယ်မလား"
"ဟုတ်တယ်....ဟုတ်တယ်အမ" "အိမ်မှာနေတာတော့ ပိုအန္တရာယ်ကင်းတယ်"
"ဟုတ်တယ်....ညီမရေ" "ဒါကြောင့်" "ဒါကြောင့်"
"ဟုတ်ကဲ့.....အမ" "သြော် ဒါနဲ့ ညီမဈေးလေးသွားစရာရှိလို့ သွားလိုက်ဦးမယ်နော်"
"အေး..အေး ....သွား...သွား...ညီမ" "နောက်လည်း လာလည်ဦးနော်"
"ဟုတ်ကဲ့ ..အမ"
ဒေါ်သီသီတစ်ယောက် အိမ်မှာကြောင်လေးနဲ့ ပွေ့ဖက်ကစားနေသော သားလေးကိုကြည့်ကာ ကြည်နူးမိသည်။ထိုသားလေးမှာ ဒေါ်သီသီ၏တစ်ဦးတည်းသော သားလေး။ဒေါ်သီသီ အသက်ကြီးမှရသော ပထမဆုံးနှင့် တစ်ဦးတည်းသော ကလေးဖြစ်သည်။အချို့ကပြောကြသည်။အသက်ကြီးမှရသော ကလေးသည် ဥာဏ်ထိုင်းသည်ဟု။သို့သော် ဒေါ်သီသီ၏သားလေးကမူ ဥာဏ်မထိုင်း။ဥာဏ်အလွန်ကောင်းသည်။အတန်းထဲတွင်လည်း အမြဲပထမရသည်။ထို့ပြင် စာလည်းတော်သလို လိမ်လည်း လိမ္မာသည်။ထို့ကြောင့် ဒေါ်သီသီမှာ ထိုသားလေးအတွက် အမြဲဂုဏ်ယူဝမ်းသာရသည်။သားလေးကို ဒေါ်သီသီတုန်နေအောင် ချစ်သလို သားလေးတစ်ခုခုဖြစ်မှာလည်း အမြဲစိုးရိမ်ပူပန်နေရသည်။
တစ်နေ့..တစ်နေ့ ...ဒေါ်သီသီမှာ သားလေးအပြင်သွားလျှင် အပြင်ကရောဂါတွေကူးစက်မှာစိုးရ။ကားတိုက်မှာစိုးရ။ခွေးကိုက်မှာ စိုးရနှင့် ပူပန်မှု့ပေါင်းစုံ။ဖြစ်နိုင်လျှင် သားလေးကို ဘယ်နေရာမှမပို့ဘဲ ဒေါ်သီသီ၏အိမ်ထဲမှာသာ သံကွန်ခြာခုနှစ်ထပ်အုပ်ပြီး ထားလိုက်ချင်သည်။သို့သော် ဒီလိုချည်း အိမ်ထဲမှာထားလို့လည်းမဖြစ်,သားလေးရဲ့ရှေ့ရေးလည်း ရှိသေးသည်မလား။
ထို့ပြင် ခုတလော ရပ်ကွက်ထဲမှာ သတင်းတစ်ခုကြားရသည်။ကလေးတစ်ယောက် ခွေးရူးကိုက်ခံရလို့တဲ့။ထိုသတင်းကြောင့် ဒေါ်သီသီ သားလေး အတွက်စိုးရိမ်ကြောင့်ကြဖြစ်ကာ ရွာမှာနေသော မောင်အငယ်ဆုံးလေးကို ဆိုင်လုပ်ငန်းနှင့်မအားသော ဒေါ်သီသီကိုယ်စား သားလေးကို ကျောင်းကြိုကျောင်းပို့ လုပ်ပေးဖို့ အိမ်မှာခေါ်ထားရန် ဆုံးဖြတ်လိုက်သည်။
ဒီလိုနဲ့ တောကမောင်လေးကို ခေါ်ပြီးသားလေးကို ကျောင်းကြိုကျောင်းပို့လုပ်ခိုင်းလေသည်။မောင်လေးသည် တောင့်တောင့်တင်းတင်းနှင့် ကာယဗလကောင်းမွန်သူမို့ ဒေါ်သီသီ စိတ်ချယုံကြည်မိသည်။ယုံကြည်သည့်အတိုင်း ဒေါ်သီသီ၏မောင်လေးသည် ဒေါ်သီသီ၏သားလေးအပေါ် ပြင်ပအန္တရာယ် တစ်စုံတစ်ရာမှ မကျရောက်အောင် ကာကွယ်စောင့်ရှောက်ထားလေသည်။
တစ်နေ့သောအခါ ဒေါ်သီသီအိမ်မှကြောင်မလေးသည် ရုတ်တရက် သေဆုံးသွားသည်။ကြောင်မလေး မသေမှီတွင် အကြောဆွဲ,အကြောတက်သလိုမျိုး မကြာခဏဖြစ်ပြီး ရန်မူသည့်ဟန်များလည်း ပြုလုပ်သွားခဲ့သေးသည်။အမြဲပွေ့ဖက်နေသော သားကိုလည်း ကြောင်မလေးသည် ကိုက်ခဲ့လေသည်။ထိုဒဏ်ရာအတွက် ဒေါ်သီသီမှာ ချက်ချင်းသား၏လက်မှ ဒဏ်ရာကို အရက်ပျံလူးကာ ဆေးထည့်ပေးခဲ့ရသည်။
နောက်သုံးလခန့်အကြာတွင် ဒေါ်သီသီ၏သားလေးမှာဖျားလေသည်။ခေါင်းလည်း ကိုက်သည်ဟု သားလေးက ဒေါ်သီသီအားပြောသည်။ထို့ကြောင့် ဒေါ်သီသီမှာ သားလေးအား ဆေးခန်းပြရလေသည်။ဆေးခန်းမှပေးသော ဆေးများကိုလည်း သားဖြစ်သူအားတိုက်ကျွေးရလေသည်။နောက်တစ်ရက် နှစ်ရက်အကြာတွင် ဒေါ်သီသီ၏သားလေးမှာ အလင်းကြောက်သည့်ဟန်ပန်အမူအရာများ,ရေကြောက်သည့် ဟန်ပန်အမူအရာများ စသည့်ပုံမှန်မဟုတ် ထူးခြားသည့် ဟန်ပန်အမူအရာများပြနေ၍ စိုးရိမ်ပူပန်မှုကြီးစွာဖြင့် ဒေါ်သီသီမှာ သားလေးအား ထပ်မံဆေးခန်းပြသရလေသည်။
ဒေါ်သီသီမှာ သားဖြစ်သူအား ဆေးခန်းသွားပြသည့်လမ်းတွင် တစ်စုံတစ်ရာကို တွေးမိပြီး မဖြစ်ပါစေနဲ့ မဟုတ်ပါစေနဲ့ဟု အကြိမ်ကြိမ်ဆုတောင်းမိသည်။သို့သော်လည်း ဒေါ်သီသီ၏ဆုတောင်းမှာမပြည့်။ဆရာဝန်ဖြစ်သူ၏စကားကို ကြားလိုက်ရချိန်တွင် ဒေါ်သီသီ၏ခေါင်းမှာ မူးနောက်သွားပြီး ကမ္ဘာကြီးတစ်ခုလုံးချာချာလည် ပျက်သုန်းသွားသလိုမျိုး ခံစားမိလေသည်။သို့သော် သားဖြစ်သူ၏အရေးရှိသေးသည်ဟု ဆိုကာ မိမိကိုယ်ကို စိတ်ခိုင်အောင် မနည်း ထိန်းချုပ်ထားရလေသည်။အဘယ့်ကြောင့် ထိုရောဂါ ရသနည်းဟု အဖြေရှာသော် ပထမတော့ ဒေါ်သီသီမစဉ်းစားတတ်။ခွေးလည်း သားဖြစ်သူမှာ တစ်ခါမှအကိုက်မခံရဖူး။သို့သော် ဆရာဝန်ဖြစ်သူ၏ "ခွေးရူးပြန်ရောဂါဆိုတာ ရောဂါကူးစက်ခံထားရတဲ့ ခွေးအပြင် ကြောင်,လင်းနို့နဲ့ အခြားတောရိုင်းတိရစ္ဆာန်တွေ အကိုက်ခံရလျှင်,သွားအစွယ်နဲ့ကုတ်ခြစ်ခံရလျှင်လည်း ဖြစ်တတ်တယ်" ဆိုသော စကားကို ကြားလိုက်ရချိန်တွင် ဒေါ်သီသီမှာ လွန်ခဲ့သောသုံးလက သားဖြစ်သူ အိမ်ကမွေးထားသော ကြောင်မလေး အကိုက်ခံခဲ့ရသောအဖြစ်ကို ရုတ်တရက် သတိရလေသည်။ဆရာဝန်၏ "အိမ်မှာ ကလေးတွေနဲ့ လက်ပွန်းတသီးနေတဲ့ ခွေး,ကြောင်စတဲ့ အိမ်မွေးတိရစ္ဆာန်တွေကို ခွေးရူးပြန်ကာကွယ်ဆေး ထိုးပေးထားသင့်တယ်" "ခွေး,ကြောင် စတဲ့ သတ္တဝါတွေ အကိုက်ခံရလျှင်လည်း ချက်ချင်း ဆရာဝန်ပြသပြီး ခွေးရူးပြန် ကာကွယ်ဆေး ထိုးသင့်တယ်"ဆိုသော စကားများကို ကြားရသောအခါ ဒေါ်သီသီမှာ မိမိ၏အသုံးမကျမှု့,မိမိ၏ဗဟုသုတနည်းမှု့များကို တွေးမိပြီး ပူဆွေးဝမ်းနည်းမှုများစွာနှင့် နောင်တရကာ ဆရာဝန် ရှေ့မှောက်၌သာ ချူံးပွဲချ ငိုကြွေးနေပါတော့သည်။
Photo credit-pixabay.com
MSC-033,Author-myothuzar
ကျွန်တော်တော့ ကြောင်ကိုက်ခံရတာဆရာဝန်က မပေါ့နဲ့ဆိုပြီးကာကွယ်ဆေးထိုးခိုင်းလို့ ထိုးဖူးတယ်...မပေါ့သင့်ပါဘူးဗျာ ခွေးကြောင်ကိုက်တာနဲ့ဆရာဝန်ဆီသွားသင့်ပါတယ်
ဟုတ်ပါတယ်။လုံးဝမပေါ့ဆသင့်ပါဘူး။
သတိထား မှဖြစ်မယ်
ကြောင်ချစ်တတ်တော့
ဟုတ်ကဲ့။သတိထားရမည့် အချက်ပါ။ခွေးတင် မကဘူး အခြားအကောင်တွေလည်း ရောဂါပိုး ကူးစက်ခံထားရလျှင် အန္တရာယ်ရှိပါတယ်။
အိမ်မှာက ကလေးရှိတော့ သတိထားအုံးမှပဲ
ဟုတ်ကဲ့။သတိထားတာ အကောင်းဆုံးပါ။
ကြောင်က ပလိပ် လဲကြောက်ရတယ်
ဟုတ်ကဲ့။
ကြောင်မွှေးတွေက ရင်ကျပ်ရောဂါလည်းဖြစ်တတ်တယ်
ဟုတ်ကဲ့။
သတိထားစရာပါလားဗျာ
ဟုတ်ပါတယ်။
သတိထားစရာပါ
မှန်ပါတယ်။
သတိထားစရာပါပဲ
ဟုတ်တယ်အမ။သတိထားသင့်တယ်။
You got a 100% upvote from @steempowergroup1 courtesy of @myothuzar! It is a cool free !
Thank you.
Congratulations @myothuzar! You have completed some achievement on Steemit and have been rewarded with new badge(s) :
Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here
If you no longer want to receive notifications, reply to this comment with the word
STOP