ကျွန်တော်နှင့် ထိုသရဲ

in #myanmar6 years ago

အခုတလော FaceBookတွင် ခေတ်စားနေသော သရဲကကားလိုက်​စီးသည့် video ​လေးကြည့်​မိလေသည်​။ထို video လေးကိုကြည့်ပြီး ကျွန်တော်ငယ်ငယ်က သရဲခြောက်ခံခဲ့ရပုံကို ပြန်အမှတ်ရမိလေသည်။steemitတွင် ရေးရန်မေ့နေသော ကုန်ကြမ်းလေးအား ပြန်သိရအောင် လုပ်ပေးသော သရဲအား ကျေးဇူးတင်မိလေသည်။

credit image source
ကျွန်တော် ဆယ်တန်အောင်သောအခါတွင် ကိုယ့်မြို့တွင်ကိုယ် ကျောင်းမတက်ချင်ခဲ့ပေ။ထို့ကြောင့် လမ်းညွှန်စာအုပ်ကိုကြည့်ကာ ကိုယ့်မြို့တွင် မရှိသော ဘာသာရပ်များကို ဦးစားပေးလျှောက်ထားခဲ့သည်။ကံအားလျှော်စွာ မုံရွာမြို့တွင် တက်ရမည့် ဘူမိဗေဒ ဘာသာရပ်ကို ရရှိခဲ့လေသည်။အကယ်၍ ကျွန်တော် ရွှေဘိုတွင်သာ ကျောင်းတက်ခဲ့ရပါက ယ္ခုအဖြစ်ပျက်သည် ဖြစ်လာခဲ့မည် မထင်ပါ။

ကျွန်တော့်ဦးလေးတစ်ယောက်သည် မုံရွာတွင် ကျောင်းသားထားသော အဆောင်တစ်ခု ဖွင့်ထားလေသည်။ကျွန်တော်သည် ဦးလေးအဆောင်တွင် နေရင်း ကျောင်းတက်ခဲ့ရသည်။ဦးလေတွင် ကျွန်တော်နှင့် အသက်မတိမ်းမယိမ်း ဖိုးသာလေးဟု ခေါ်သော သားတစ်ယောက်ရှိလေသည်။ဖိုးသားလေးမှာ အဖေကိုသာကြောက်ပြီး အမေကိုတော့ ဖုတ်လေသည့်ငပိ ရှိသည်ဟုပင် မထင်သူဖြစ်လေသည်။

ကျွန်တော့ ဦးလေးသည် အလုပ်ကိစ္စဖြင့် ခရီးသွားရတက်သည်။ထိုအခါမျိုးတွင် ဖိုးသားလေသည် ကြောင်းမရှိက ကြွက်မြူးသကဲ့သို့ အမေကို အကြောင်းအမျိုးမျိုးပြကာ ညဘက်အပြင်ထွက်တက်ပြီး မိုးချုပ်မှ ပြန်လာတက်လေသည်။ဖိုးသားလေးသည် ကျွန်တော့အား ဦးလေးနောက်တခါ ခရီးထွက်လျှင် ညီကို နှစ်ယောက် Beer သွားသောက်ရန် အဖော်ညှိလေသည်။ကျွန်တော်သည်လဲ Beer ကြိုက်သူ ဖြစ်သောကြောင့် လက်ခံလိုက်သည်။

တစ်ရက်တွင် ဦးလေးသည် အလုပ်ကိစ္စဖြင့် ခရီးထွက်သွားလေသည်။အခါအခွင့် စောင့်နေသော ကျွန်တော်တို့ နှစ်ယောက်သည် Beer သောက်ရန် ညနေစောင်းတွင် အပြင်ထွက်ခဲ့လေသည်။အိမ်ကိုတော့ ဘောလုံးပွဲကြည့်မည်ဟု ပြောထားခဲ့သည်။Beer ဆိုင်သို့ ရောက်သောအခါတွင် ကျွန်တော်တို့ နှစ်ယောက်သည် နွားငက်ရေကျ တစ်ခွက်ပြီးတစ်ခွက် စကားတပြောပြောနှင့် သောက်လိုက်သည်မှာ ညလဲတော်တော်နက်လာပြီဖြစ်သည်။ကျွန်တော်တို့ သောက်သည်မှာလဲ တစ်ယောက် (8)ခွက်လောက်ရှိပြီဖြစ်၍ တော်တော်ကောင်းနေပြီဖြစ်သည်။ညနက်လာ၍ ကျွန်တော်တို့ နှစ်ယောက်သည် နောက်ဆုံးတစ်ယောက် တစ်ခွက်သောက်ကာ ပိုက်ဆံရှင်း၍ ပြန်ခဲ့ကြလေသည်။

ကံများဆိုးချင်တော့ လကွယ်​ညဖြစ်သည့်အပြင် မီးပါပျက်သွားသောကြောင့် ဖြတ်​သွားဖြတ်​လာဆိုင်​ကယ်​မီး​လေးကိုအားကိုးကာ တစ်ယောက်လည်ပင်း တစ်ယောက်ဖက်ခါ ပြန်​ခဲ့ကြလေသည်​။ညနက်ပြီဖြစ်​​သော​ကြောင့်​ အသွားအလာမရှိ​တော့။ကျွန်​​တော်​တို့ ​နောက်​မှ ​ခြေသံ တစ်​ချက်တစ်​ချက်​ပါလာသည်​။ကျွန်တော်မှ ဖိုးသားလေးအား နောက်မှာ ခြေသံတစ်ချက်တစ်ချက် ပါလာကြောင်းပြောသည်။ဖိုးသားလေး သူလဲကြားသည်ဟု ပြောသည်။

ကျွန်တော်တို့နှစ်ယောက် နောက်လဲလှည့်မကြည့်ရဲခဲ့။သတိထားပြီး ဆက်လျှောက်လာခဲ့သည်။ကျွန်တော်တို့နောက်လိုက်လာသော ခြေသံသည် ကျွန်​​တော်​တို့ (၂​)ယောက်​ ရပ်​သွားရင်​ ​ခြေသံရပ်​သွားသည်​။ ကျွန်​​တော်​တို့ ​ပြေးရင်​ သူပါလိုက်​​ပြေးသည်​။ကျွန်​​တော်​တို့ ၂​ယောက်​ ​ခေါင်းနပန်းကြီးလာသည်​။ကြက်​သီး​မွှေးညှင်းထလာသည်​။ခေါင်းရှိဆံပင်​​မွှေးများ ဂျယ်​မလိုပဲ အလိုလို​ထောင်​လာသည်​။

ကျွန်​​တော်​က ဖိုးသားလေးအား "ဟိတ်​​ရောင်​ မင်းနောက်လှည့်​ကြည့်​ ငါမကြည့်​ရဲဘူး" ဖိုးသားလေးကလဲ သူလဲလှည့်​မကြည့်​ရဲကြောင်း ပြောပြသည်။ထို့နောက်ကျွန်တော်မှ"ဒီလိုလုပ်​ကွာ… ပြိုင်​တူလှည့်​ကြည့်​ကြမယ်​ …ငါက တစ် နှစ် သုံး လို့​ရေမယ်​…သုံး ဆိုတာနဲ့ ပြိုင်တူကြည့်မယ်"ဟုပြောသည်။ဖိုးသားလေးကလဲ သဘောတူသည်။ ကျွန်​​တော်​က တစ်​ နှစ်​ သုံး ​ရေလိုက်​ပြီး ပြိုင်​တူလှည့်​ကြည့်​ကြသည်​။

ကျွန်တော်တို့နှစ်ယောက် အကျီ အဖြူ​လေးပဲ မြင်​ရသည်​"လခွမ်းးး ​ခေါင်းမပါဘူးဟ"ဆိုပြီး အော်​မိကြသည်​။"ငါတို့အကြည့်​မှားတာ ​ဖြစ်မယ်​ ပြန်​လှည့်​ကြည့်​မယ်​"တစ်​ နှစ်​သုံး ဆိုကာ ပြန်​လှည့်​ကြည့်​သည်​။" အမ​လေး အ​မေ​ရေ ​ခေါင်းမပါဘူးဗျ 😨😨"ဟု ​အော်​ကာ ပုဆိုးကိုစလွယ်​သိုင်းပြီး ကျွန်တော်တို့နှစ်ယောက် ​ခြေကုန်​သုတ်​ပြီး ​ပြေးကြလေသည်​။စီးထား​သောဖိနပ်​ပင်​ ကျွတ်​ကျခဲ့​လေသည်​။ အ​ကွေ့တစ်​​နေရာအ​ရောက်​ ​နှစ်​​ယောက်​သားခလုတ်​တိုက်​ကာ ဒယိမ်းဒယိုင်​ဖြင့်​ ​မြောင်းထဲ ထိုးကျ​လေသည်​။

မြောင်းထဲအ​ရောက်​တွင်​ အ​ပေါမှ အသံတစ်​သံကြားလိုက်​ရသည်​။" ညီ​လေးတို့ အဆင်​​ပြေရဲ့လား…ဒီမှာ​ရော့ …ညီလေးတို့ ဖိနပ်​အကို​ကောက်​ခဲ့တယ်​…အကိုကတစ်​​ယောက်​တည်း ​ကြောက်​လို့ ညီ​လေးတို့​နောက်​ကို အမှီလိုက်​တာ…ညီတို့က အရမ်းဇွတ်​​ပြေးတော့ အကိုလဲ အမီလိုက်ပြေးလိုက်လာတာ…နောက်ပြီး ညီလေးတို့က သရဲဆိုပြီး အသကုန်ပြေးတော့ အကိုလဲ လိုက်ပြေးတာပေါ့…ဒါနဲ့နေပါအုံး သရဲက အခုရောရှိသေးလား…"ဟုမေးသည်။ထိုအချိန်တွင် မီးပြန်လာ၍ လမ်းမီးများလဲ လင်းလာသည်။ကျွန်တော်တို့နှစ်​​ယောက်​ ပြိုင်​တူ​မော့ကြည့်​မိ​သည်။

ကျွန်တော်တို့ တွေ့လိုက်သည်မှာ အင်္ကျီအဖြူ ပုဆိုးအမည်း ဝတ်ထားသော ရီလိုက်လျှင် သွားသာမြင်ရသည့် လွန်စွာအသားမည်းသည့် ရပ်ကွက်ထဲမှ ကိုလောရှည် ဖြစ်နေသည်။ထိုအခါမှ ကျွန်တော်တို့ နှစ်ယောက် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်တာ ဟက်ဟက်ပက်ပက် ရီမောကြလေတော့သည်။ကိုလောရှည်မှာ ကျွန်တော်တို့ နှစ်ယောက်ကိုကြည့်ကာ အူကြောင်ကြောင် ဖြစ်နေလေတော့သည်။

MSC-224
@myintlwinsoe

Sort:  

သရဲဆို ကြောက်လို့ ဘုရားစာရွတ် အမျှတမ်းပေးဝေရ
တာ အမြဲတမ်းပါပဲ ကိုမြင့်

တကယ်တော့ သူတို့ကလဲ သနားစရာပါဗျာ။အကူညီလိုနေသူတွေပါ

သရဲ​တော့​​ကြောက်​တယ်​ကိုမြင့်​​ရေ။

ကျွန်တော်လဲ ကြောက်လို့ ပြေးခဲ့ရတာ မောနေတာပဲ

nice photo

thank for support

You got a 3.80% upvote from @postpromoter courtesy of @myintlwinsoe!

Want to promote your posts too? Check out the Steem Bot Tracker website for more info. If you would like to support the development of @postpromoter and the bot tracker please vote for @yabapmatt for witness!

အရမ်းဖတ်လို့ကောင်းပါသည်

ကျေးဇူးတင်ပါတယ်ခင်ဗျာ

ကားလိုက်စီးတယ်ဆိုတဲ့သရဲက တကယ်ကြီးတဲ့လား။

ပြောကြတာပါပဲဗျာ

အန်တီတောင်ဖတ်ရင်း ကြောက်လန့်လာတယ်
ပြေးချင်စိတ်တွေလည်းဖြစ်လာတယ်
ပြီးမှ အတော်ရယ်လိုက်မိတယ်
တော်တော်ဆိုးတဲ့ လောရှည် သူ့ကိုဘီယာမတိုက်လို့နေမှာ

ဟုတ်လောက်တယ် အန်တီ ။ကျွန်တော်တို့မှာ ပြေးလိုက်ရတာ မောလို့

တော်သေးတာပေါ့ဗျာ :D

ဟုတ်တယ်

သရဲလောရှည်ခေါင်းပြတ်ကြီးနဲ့ တွေ့ခဲ့တာပေါ့ ရီရတယ်ဗျာ

တကယ့်သရဲထင်လို့ပြေးလိုက်ရတာ ဒူးတွေတောင်ပွန်းတယ်

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.028
BTC 56416.38
ETH 2379.95
USDT 1.00
SBD 2.35