ရုပ်နဲ့ နာမ်ရဲ့ ထွက်သက် (Poem)
တံငါသည်လက်သစ်ရဲ့ ရေချိုးမပြန်နိုင်တဲ့
စိတ်ကူးအလွမ်းများ
ရရှိပြီးဖြစ်တဲ့
ကမ္ဘ္ဘ္ဘာမြေကြီးရဲ့
သတ္တဝါဖြစ်ခွင့်မှာ
စေးပျစ်မွေ့ပျော်လို့
မော့ကြည့်လိုက်တဲ့ တိမ်ထုတွေမှာ
လူတန်းစားမရွေး
မီးခိုးငွေ့များ
ဘိုင်အိုလိုဂျီကယ် ရုပ်တစ်ခုအတွက်
့မြင်သာထင်သာ ရေသေမြစ်တွေမှာ
သရမပါတဲ့ ဗျည်းအက္ခရာတွေ
ပေါလောစီးမျောနေတယ်။
@deadbody
ရှိပါစေတော့လေ
ဆာလောင်နေတဲ့ မျက်နှာတွေ
စိတ်ကြည့်မှန်မှာ အရိပ်ထင်နေလေရဲ့
အရိပ်အရိပ်ချင်း
ဘာတွေများ ပိုထူးနေလဲ
နောက်ဆုံးမှာတော့
မီးခိုးခေါင်တိုင်မှ ထွက်ခွာသွားကြောင်း
ပြေစာတစ်စောင်မှာ
ငါ့နာမည် ကျန်ရစ်ခဲ့မယ် …………
@myintaungnaing
Write by MyintAungNaing
Photo by facebook image
တရားသဘော
ဟုတ်ပါတယ် အားပေးတဲ့အတွက် ကျေးဇူးပါ
သံဝေဂ ယူစရာပါbro
ဟုတ်တာပေါ့ friရာ
fri postတွေ မတက်လာတော့ ခုလိုက်ရှာမလို့ ပဲ gpတွေမှာ postမတွေ့လို့ 