အထီးကျန်ခြင်း( Poem )
အထီးကျန်ခြင်း ဆိုတာ
အရွက်ဖုံးတဲ့ သစ်သီးတစ်လုံး
တိတ်တဆိတ် မျော်လင့်ရုံကလွဲလို့ ......
အထီးကျန်ခြင်း ဆိုတာ
သခင်မဲ့တဲ့ ပန်းတစ်ပွင့်
အလိုလို ကြွေလွင့်ရုံကလွဲလို့......
အထီးကျန်ခြင်းဆိုတာ
ကံကြမ္မာရဲ့ သားကောင်
စတေးခံ ရုံကလွဲလို့  ......
အထီးကျန်ခြင်း ဆိုတာ
ဝေဒနာသည် တစ်မျိုး
ဆေးမထိုး ရုံကလွဲလို့ ...
အထီးကျန်ခြင်း ဆိုတာ
တကယ်တော့
အထီးကျန်နေသူ သာ သိနိုင်တဲ့
အသံမဲ့တဲ့ တမ်းချင်း.....
@myintaungnaing
Writing by MyintAungNaing
Photo by Google image
့
good post !
Thank you!
Good poem
ကျေးဇူးပါဗျာ
Good
Thank you!ကျေးဇူးပဲနော် အားပေးတဲ့အတွက်
Good တယ် bro
ကျေးဇူးပဲ ခုလို အားပေးတဲ့အတွက်