ဆုတောင်းလျှက် 🙏🙏🙏
သက်ငယ်မုဒိန်းမှုသတင်းတွေတက်လာတိုင်း စိတ်မကောင်းဝမ်းနည်းဖြစ်ရပါတယ် ကိုယ့်မှာလဲ အရွယ်မရောက်သေး ကိုယ့်ဘာသာမစောင့်ရှောက်နိုင်သေးတဲ့အရွယ် ညီမလေးတွေ ရှိတော့ ကိုယ်ချင်းစာ ရင်နာရတယ် သတင်းမှာဒီနေ့တက်လာတဲ့ မိုးကောင်းမြို့က ၁၂နှစ်သမီးလေးအဖြစ်ကိုတွေ့ရတော့ ဝမ်းနည်းမျက်ရည်လည်မိတယ် ရက်စက်လိုက်ကြတာနော်
ဒီနေ့ညနေရုံးပြန်ချိန် အိမ်ကို ဖုန်းဆက်ပီး အမေနဲ့စကားဆက်စပ်မိရင်း အဲအကြောင်းရောက်သွားပြောပြရင်း ညီမလေးကိုဂရုစိုက်ဖို့ ပြောရင်း ကိုယ့်ညီမလေးအရွယ်လေးတွေဆိုတော့ ပိုပြီးစိတ်မကောင်းဝမ်းနည်းဖြစ်ရပြန်ရော
မြန်မာအမျိုးသမီးကောင်းလေးများ ဘေးအန္တရယ်အပေါင်းမှ ကင်းဝေးကြပါစေလို့ ဆုတောင်းနေရုံမှတပါး 🙏🙏🙏
အရမ်းကိုကြောက်ဖို့ကောင်းနေပါပီဘုရားတရားများများလုပ်ရမှာပဲ အားလုံးကျန်းမာကြပါစေ
😢😢
🙏