Introducing myself to Myanmar steemit community

in #myanmar7 years ago (edited)

IMG_20170811_031145.jpg

ကျွန်​​တော့်​ နာမည်​က မင်းဝဏ်​ပါ
၂၅ရက်​ ၆လ ၁၉၉၈ မှာ ​မွေးပါတယ်
အဖအမည်​ ဦးနိုင်​၀င်း
အမိအမည်​ ​ဒေါ်ခင်​နှင်းလှိုင်
စစ်​တုရင်ကို ကျွန်​​တော်​ ၂တန်းနှစ်​ကတည်းက စတင်​ မိတ်​​ဆွေဖွဲ့ခဲ့မိတယ်
ငယ်​ငယ်​ကတည်းက အ​ဖေ့ အလုပ်​ရုံလိုက်​သွားတိုင်း အလုပ်​သမားအကိုကြီး​တွေနဲ့ ကျားကစားတယ်
ကျွန်​​တော့်​စီ စစ်​တုရင်​ကစားနည်း သယ်​​ဆောင်​လာတာက ကျွန်​​တော့်​အကို
မှတ်​မှတ်​ရရ အာ့တုန်းက အရုပ်​နဲ့ ကစားတာမဟုတ်​ဘူး
သွားတိုက်​​ဆေးဗူးက ဂျပ်​ထူ​တွေကို ဖြတ်
အာ့အ​ပေါ် စာ​ရေးပြီး​ဆော့ခဲ့တာ
အာ့အချိန်​က R ကို ရပ်​ကွက်​အ​ခေါ် c လို့ပဲ သိခဲ့တာ
မြင်းကို H ​ပေါ့
နောက်​​တော့ ကျွန်​​တော့်​အကိုလဲ အတန်းကြီးလာ​တော့ ​ဆော့ရမဲ့သူမရှိ​တော့ မ​ဆော့ဖြစ်​​တော့ဘူး
၈တန်းနှစ်​မှ နည်းနည်း အ​ပျော်​ ပြန်​​ဆော့ဖြစ်​တယ်
၉တန်းနှစ်​မှာ အား/ကာ က လူလာ​ရွေး​တော့ ​ပျော်​မိသွားတယ်
ကျွန်​​တော်​ အား/ကာ မှာ ဆရာ သန်းထိုက်​​ဇော်​ဆီက ပညာသင်​ခွင့်​ရတယ်
ဆရာရဲ့ အဆူခံရဆုံးက​တော့ ကျွန်​​တော်​​ပေါ့
တစ်​ရက်​မှာ ဆရာ ဦး​နေ၀င်း စစ်​တုရင်​ ခန်းမထဲ​ ၀င်​လာတယ်
သက်​တမ်းအလိုက်​ပြိုင်​ပွဲရှိတယ်​​ပေါ့
အဲ့ပြိုင်​ပွဲမှာ​တော့ ဆုမရလိုက်​​ပေမယ့်​ ​ခံစားချက်​​တွေ​တော့ တစ်​ပုံကြီးရလိုက်​တယ်
အားကစားသမားဆိုတာ အားကစားပြိုင်​ပွဲဆိုတာ ဒါပါလား သိခွင့်​ရလိုက်​တယ်
အား/ကာ ဖိတ်​​ခေါ်ပြိုင်​ပွဲမှာ​တော့ ကံမ​ကောင်းပဲ တတိယလားပဲ ရတယ်
နောက်​​တော့ မန်း​လေးတိုင်းပြိုင်​​ပွဲ​တွေ ၀င်​ပြိုင်​ဖြစ်​တယ်
တိုင်းနဲ့ပြည်​နယ်​ ပြိုင်​ပွဲ​တွေ ၀င်​ပြိုင်​ရလာတယ်
ကျွန်​​တော့်​ သင်​ဆရာ မြင်​စရာ​တွေက ဆရာ ဦး​ဇော်​၀င်း,ကို​ကျော်​လေးထိုက်​,ဦး​ဇော်​၀မ်း,ဦး​နေဦး ​အစရှိသဖြင့်​ ပြောရင်​မကုန်​ဘူး
စစ်​တုရင်​သမားတိုင်းက ကျွန်​​တော့်​ဆရာပဲ
ကျွန်​​တော့်​အတွက်​ တန်​ဖိုး အရှိဆုံးလို့ သတ်​မှတ်​ထားတဲ့ဆုက အမျိုးသားအားကစားပွဲ​တော်​ဆုပါပဲ
စစ်​တုရင်​က ​မှော်​ဆန်​တယ်
ပြိုင်​ပွဲရလဒ်​​တွေက မျက်​လှည့်​ဆန်​တယ်
ထင်​မှတ်​ထားတဲ့ အရာ​တွေထဲက မထင်​မှတ်​ထားတာ​တွေ ထွက်​လာတယ်
အားကစားတစ်​ခုကို စားဝတ်​​နေ​ရေးဆိုတဲ့ အရာတစ်​ခုက ဖုံးသွားတတ်​တယ်
ကျွန်​​တော့်​အတွက်​ ဖုံးသွား​စေတယ်
စစ်​တုရင်​အမျှ ချစ်​ရတဲ့ ဘာသာရပ်​တစ်​ခု ကျွန်​​တော်​ထပ်​​တွေ့တယ်
သူ့ကို ​လေ့လာတယ်
သူက​နေ အခု စားဝတ်​​နေ​ရေးအတွက်​ အလုပ်​တစ်​ခုရလာတယ်
ဒါ​ပေမယ့်​ ကျွန်​​တော့်​အတွက်​ စစ်​တုရင်​နဲ့​တော့ အ​တော်​​ဝေးသွား​စေခဲ့တယ်
နောက်​ဆုံးပြိုင်​ပွဲ ရလဒ်​က ကျွန်​​တော့်​ကို စစ်​တုရင်​ပြိုင်​ပွဲ​တွေက​နေ လက်​ပြ​စေခဲ့တယ်
စစ်​တုရင်​ကို မချစ်​တာ မဟုတ်​ပါဘူး
ခပ်​​ဝေး​ဝေးတစ်​​နေရာက​နေပဲ ကျွန်​​တော်​ လှမ်း​မျှော်​ကြည့်​​နေ​တော့တာပါ
စစ်​တုရင်​ခုံမြင်​ရင်​​တော့ ကစားမိပါတယ်
problem ​တွေမြင်​ရင်​လဲ ​တွေးမိပါတယ်
ပြိုင်​ပွဲ​လေး​တွေ ၀င်​မပြိုင်​ဖြစ်​​တော့တာ
စာအုပ်​​တွေ ဆက်​မ​လေ့လာဖြစ်​​တော့တာ
၂ခုတည်းပါပဲ :3
IMG_20170323_095528.jpg

အခု ကျွန်​​တော့်​ ဘ၀ရဲ့ အ​ရေးကြီးဆုံး​တွေထဲက တစ်​ခုကို ​တွေ့ရှိခဲ့တယ်
Money is second god.
ကျွန်​​တော့်​ လိုအင်​​တွေ ပြည့်​ဝဖို့
သင်​တန်း​တွေတတ်​ဖို့ ပိုက်​ဆံ​တွေ လိုလာတယ်
ကျွန်​​တော့်​ ခန္ဓာကိုယ်​ဖွဲ့စည်းပုံအရ
ကျွန်​​တော်​ အလုပ်​ကြမ်း မလုပ်​နိုင်​ခဲ့ဘူး
ကျွန်​​တော်​ Online ​ပေါ်က ပိုက်​ဆံရှာဖို့ ကြိုးစားခဲ့တယ်
ဒါ​ကြောင့်​ အခု ကျွန်​​တော်​ steemit ကို​ရောက်​လာတာပါ
အခု ကျွန်​​တော်​ တ၀ဲလည်​လည်​ဖြစ်​​နေတုန်း
steemit myanmar က အကိုတစ်​​ယောက်​​ရောက်​လာပြီး အကူအညီ​ပေးတယ်
နောက်​လဲ အကူအညီ​တွေ​ပေးကြပါအုံးလို့ ​ပြောကြားရင်း ကျွန်​​တော့်​ post ကို အဆုံးသတ်​လိုက်​ပါတယ်

@minwan
MSC-074

Sort:  

အတော်လေးကောင်းတဲ့ introducing post ပါ။ Welcome to Myanmar steemit community .

Thz အဟီးး

Welcome @minwan
I'm from indonesia
Welcome to steemit, and
I wish you luck

အကို့​ရေမင်္ဂလာပါ vote ​and followခဲ့တယ်​​နော်​ ကျွန်​​နော်​ကိုလဲvote and followပြန်​​ပေး​ပေးပါအုံးဗျ friနည်း​နေလို့

hote အကို :*

မင်္ဂလာပါ ကြိုဆိုပါတယ်ခင်ဗျ

ကျေးဇူးပါ အကို​ရေ

Warmly welcom Bro,
Have a nice time in steemit.

Thz brother

Congratulations @minwan! You have completed some achievement on Steemit and have been rewarded with new badge(s) :

Award for the number of upvotes
Award for the number of upvotes received

Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

By upvoting this notification, you can help all Steemit users. Learn how here!

ကြိုဆိုပါတယ်

Coin Marketplace

STEEM 0.23
TRX 0.26
JST 0.040
BTC 98185.12
ETH 3486.20
USDT 1.00
SBD 3.27