ရင်းနှီးချစ်ကြည် MSC

in #myanmar6 years ago

ပထမဦးဆုံးတက်တဲ့ msc ရဲ့ meeting မှာ ပျော်စရာကောင်းခဲ့ပါတယ် ။ Msc leader နှင့်တကွ admin / sl များနဲ့ မန်ဘာများ ညီအကိုမောင်နှမများအားလုံးသည် ပြောကြ မေးကြနဲ့ ခင်မင်ရင်းနှီးစွာ တွေ့မြင်ခဲ့ရပါတယ် ။

ကျနော် msc မှာ စာရေးတာဟာ အပိုငွေရှာပြီးစုသလိုပါဘဲ ။ ကျနော်အားလပ်နေတဲ့အချိန်လေးတွေမှာ ကျနော်ဖတ်ထားမှတ်ထားခဲ့လေသမျှ မမေ့အောင် စာနွှေးသလိုပါဘဲ msc promotion မှာတင်ဘို့ စာရေးရတာဟာ ငွေလဲရ အကျိုးလဲရှိဖြစ်စေပါတယ် ။

facebook မှာတင်သလို ရေးချင်သလိုရေး copy paste ချချင်သလိုချပြီး comment မှာ ဆဲချင်သလိုဆဲ ရန်ဖြစ်ချင်သလိုဖြစ်နဲ့ steemit မှာတင်မရသလို မမန့် ကြတာလည်းတွေ့ရပါတယ် ။

Screenshot_20180104_205944.png

photo credit # MSC

အနာဂတ်ရဲ့လူငယ်မျိုးဆက်သစ်တွေအတွက် ဒီ steemit လေးကို လက်လှမ်းမှီသလောက် ကျနော့်အနေနဲ့ လုပ်ဆောင်ကြရန်လည်း တိုက်တွန်းသွားမှာပါ ။

အစစအရာရာ ကောင်းမွန်စွာ ကိုယ့်အတွက်အကျိုးရှိတဲ့ steemit ဆိုတာ msc ထဲမှာ ကျနော်ပါဝင်ခွင့်ရပြီး စာတွေရေးခဲ့လို့  ကိုယ်တိုင်လဲကြုံရတာကြောင့် ကောင်းတဲ့အလုပ်ကို လက်ဆင့်ကမ်းပေးတာဟာ ကျေနပ်စရာပါ ။

ကျနော် steemit account စလုပ်လုပ်ခြင်းမှာ msc ထဲမဝင်ဘဲ နေလာခဲ့မိတဲ့အချိန်တွေအတွက် တကယ်ကိုနှမြောမိပါတယ် ။ အချိန်ကောင်းကို မှီပါလျက်နဲ့ မလုပ်မိတဲ့ နောင်တလဲရမိပါတယ် ။ င်္မယ့်ကံမပါသေးလို့ ဘဲတွက်ထားလိုက်ပါတယ် ။ အခုတော့ msc ထဲရောက်လာလို့  ရမယ့်ကံက ပါလာပြီပေါ့ဗျာ ။

3337893_S.png

crd org source

MSC မှ ညီအကိုမောင်နှမများအားလုံး မင်္ဂလာပါခင်ဗျာ ။ steemit မှာ စာရေးရင်း အောင်မြင်သောဘဝကိုတက်လှမ်းနိုင်ကြပါစေလို့  ဆုတောင်းမေတ္တာပို့ သလိုက်ပါတယ် ။

@minmanthawe

msc 257

Sort:  

အားပေးတာကိုကျေးဇူးပါ