ပီတိ
ကိုယ်ပျိုးသည့်ပန်း
ပွင့်လန်းလာတော့
မခူးရက် မရောင်းရက်
အလှသက်သက် ကြည့်ရင်း
သူ့ အလှအတွက်
ပီတိဝေဖြာ ရှု့ လို့ မဆုံး
ရင်၌ အေးချမ်းလှပေသည် ……
ကိုယ့်အိမ်က သစ်ခွပင်လေးကိုကြည့်ရင်း
အပင်မှသည် အဖူးထွက်လာတော့တမျိုးပျော်မိတယ်
အဖူးလေးကနေ အပွင့်လေးပွင့်လာမှာကို တစိမ့်စိမ့်ကြည့်ပြီးတော့ ပွင့်လာတော့လည်း ပျော်ရတယ် ။
အပင်စိုက်သူတွေပိုခံစားတတ်မှာပါ ။