ဆရာတစ်ယောက်၏ ခံစားမှုများ(၁၀)steemCreated with Sketch.

in #myanmar8 years ago

FB_IMG_1484498227222-picsay.jpg

ဆရာတစ်ယောက်၏ ခံစားမှုများ(၁၀)
❇❇❇❇❇❇❇❇❇❇❇❇❇❇❇❇

20170818_09_32_53.jpg
Credit to google image

အခန်းထဲ ရောက်ရှိသွားတဲ့ အချိန်မှာ ဘယ်လိုမြင်ကွင်းမျိုး မြင်တွေ့လိုက်ရပါသလဲ။

အခန်းထဲမှာ ဆရာမ သုံးယောက်လောက် ကျွန်တော့်အရင် ရောက်ရှိလို့နေပါတယ်။ ကျောင်းသူလေးဟာ စာသင်ခန်းကြမ်းပြင်ပေါ်မှာ ပက်လက်ကလေး လဲကျလို့နေပါတယ်။ အခြားကျောင်းသူတစ်ယောက်က သူ့ကိုဖေးကူထူမထားပါတယ်။ သူ့မိသားစုသတင်းကြားလိုက်ရတဲ့အချိန်မှာ စိတ်မထိန်းနိုင်ပဲ အသံကုန်အော်ဟစ်ပြီး လဲကျသတိလစ်သွားတယ်လို့ ပြောကြပါတယ်။ ဆရာမတွေ သူ့ကို ဝိုင်းဝန်းပြုစုနေကြပါတယ်။ ခြေချောင်းလေးတွေ လှန်ချိုးတဲ့သူ၊ နှာရှူဗူးနှာခေါင်းဝတေ့ပြီးရှူခိုင်းတဲ့သူ၊ ဘေးက ယပ်ခတ်ပေးတဲ့သူ စသဖြင့် ပြုစုပေးနေကြပါတယ်။

သတိလစ်တာ ဘယ်လောက်ကြာနေပြီတော့မသိပါ။ ကျွန်တော်ရောက်သွားတဲ့အချိန်ထိတော့ သတိပြန်မရသေးပါ။ ကျောင်းသားလေးတွေကိုတော့ အခန်းအပြင်ကို ထွက်ခိုင်းထားပါတယ်။ နောက်ပိုင်းကျတော့ လေကောင်းလေသန့်ပိုရတဲ့ အခန်းအပြင်ဘက် ကော်ရစ်ဒါကိုပြောင်းရွှေ့ပြီး ပြုစုပေးကြပါတယ်။ ဖုန်းဆက်ခေါ်ထားတဲ့အတွက် ဆေးမှူးလည်းရောက်လာပါတယ်။ ခဏကြာတော့ ကျောင်းသူလေးပြန်လည်သတိရလာပါတယ်။ ဒါပေမယ့် စကားတစ်ခွန်းမှ မပြောပါဘူး။ မျက်ရည်တွေသာ တွင်တွင်စီးကျနေပါတယ်။ ဘေးက ဆရာမတွေကလည်း အားပေးစကားတွေ ဝိုင်းပြောနေကြပါတယ်။ ဒါပေမယ့် စကားတစ်ခွန်းမှ ပြန်ပြောခြင်းမရှိပါဘူး။ ဆေးမှူးက သူ့ကျန်းမာရေးနဲ့ပတ်သတ်တာကို မေးတာတောင်မှ ပြန်လည်ပြောဆိုခြင်းမရှိပါ။ စိတ်ပိုင်းဆိုင်ရာ အတော်လေးထိခိုက်သွားတယ်လို့ ယူဆရပါတယ်။

S.-Mulligan-Blog-11.jpg
Credit to google image

ဆရာမတွေက သူ့ကို လုံးဝစိတ်ချနိုင်ခြင်းမရှိတော့ပါ။ လောလောဆယ် အိမ်ကိုမပြန်သေးဘဲ သူတို့နဲ့ ဆရာမတွေ အဆောင်မှာပဲ အတူလိုက်နေခိုင်းဖို့ ဆောင်ရွက်ကျပါတယ်။ ဆရာမတစ်ယောက်စီ စောင့်ကြည့်ဖို့ စီစဉ်ကြပါတယ်။ ရွာတွေမှာက စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေဖြစ်လာရင် ထွက်ပေါက်တစ်ခုအနေနဲ့ လွယ်လွယ်ကူကူရနိုင်တဲ့ ပိုးသတ်ဆေးသောက်ပြီး ကိုယ့်ကိုကိုယ် အဆုံးစီရင်တဲ့ အလေ့အထတွေ ရှိကြပါတယ်။ ကျောင်းသူလေးကို ဒီလိုဖြစ်သွားမှာကို ဆရာ/မတွေ အထူးပဲ စိုးရိမ်မိကြပါတယ်။ ဒါကြောင့် သူ့အိမ်ကို ပြန်မလွှတ်တော့ပဲ ဆရာမတွေအဆောင်မှာပဲ အနီးကပ်စောင့်ရှောက်ပေးဖို့ ခေါ်ထားကြမှာပါ။ ပြဿနာတွေ အတော်အသင့် လျော့ပါးသွားတဲ့အချိန်အထိ ဒါမှမဟုတ် ကျောင်းသူလေးရဲ့ စိတ်ပိုင်းဆိုင်ရာ ပုံမှန်အနေအထား ရောက်ရှိတဲ့အချိန်ထိ စောင့်ရှောက်ပေးထားကြမှာပါ။

2.jpg
Credit to google image

ဒီလိုနဲ့ပဲ ဆရာမတွေရဲ့အဆောင်မှာ ကျောင်းသူလေး နေထိုင်နေပါပြီ။ ရွာထဲက အခြေအနေတွေကလည်း လူကြီးပိုင်းတွေရဲ့ ဝင်ရောက်ဖျန်ဖြေပေးမှုကြောင့် အတော်အသင့် ပြေလည်မှုပြန်ရနေပါပြီ။ ဒါပေမယ့် ကျောင်းသူလေးရဲ့ ဖခင်နဲ့ မိခင်ကတော့ ပြန်လည်ပေါင်းဖက်ဖို့ မဖြစ်နိုင်တော့တဲ့ အခြေအနေတစ်ခုပါ။ မိခင်ကတော့ အဆောင်မှာ ကျောင်းသူလေးကို လာရောက်တွေ့ဆုံလေ့ရှိပါတယ်။ ဖခင်ကတော့ လာရောက်တွေ့ဆုံခြင်းမရှိပါ။ ကျောင်းသူလေးရဲ့ စိတ်ထဲမှာတော့ စိတ်ဒဏ်ရာတစ်ခု ရရှိသွားတဲ့ အခြေအနေတစ်ခုဖြစ်နေတာမို့ ဆရာမတွေကလည်း ကျောင်းသူလေးကို အိမ်ကိုပြန်မလွှတ်ကြပါဘူး။ သူရဲ့ အခြေအနေက စိတ်မချရသေးတဲ့ အနေအထားတစ်ခုပါ။

images.jpg
Credit to google image

ဒါပေမယ့် ဆရာမတွေ မျက်ခြေမပျက် စောင့်ကြည့်နေတဲ့ကြားက သူတို့စိုးရိမ်နေကြတဲ့ အဖြစ်အပျက်တစ်ခု ဖြစ်ပွားလာပါတော့တယ်။ အဲဒီအဖြစ်အပျက်ကတော့ ကျောင်းသူလေး ကိုယ့်ကိုကိုယ် အဆိပ်(ပိုးသတ်ဆေး)သောက်လိုက်ခြင်းပဲ ဖြစ်ပါတယ်။

ဘယ်အချိန်မှာ ဘယ်လိုလုပ်ပြီး ဖြစ်ပွားခဲ့တာပါလဲ....

ဖတ်ရှုပေးတဲ့အတွက် ကျေးဇူးပါ။

@mgmgkse

Sort:  

တော်တော်လေးကို ခံစားချက်အပြည် နဲ့ ရေးထားတယ်ထင်တယ် မျက်ရည်တောင် စို့နေပြီ ခံစားရတယ်ဗျာ အမြဲ တမ်း အားပေးလျက်ပါ

ကျေးဇူး

Really sad for this student.

ဟုတ်တယ်ဆာ ကလေးတွေရဲ့ ဖြူစင်တဲ့စိတ်လေးတွေ အကျိုးမဲ့ ညစ်စွန်းလာခြင်းကတော့ အရမ်းသနားစရာကောင်းပါတယ်လေ

Coin Marketplace

STEEM 0.14
TRX 0.24
JST 0.031
BTC 84200.22
ETH 1988.19
USDT 1.00
SBD 0.76