ဝန်ထမ်းတော့ ဝန်ထမ်း

in #myanmar7 years ago (edited)

ပင်လယ်ရေမျက်နှာပြင်ထက် ပေ၄၀၀၀ ကျော် မြင့်သော တောင်ပေါ်မြို့လေးတစ်မြို့ ဖြစ်သော သံတောင်ကြီးက
ဈေးမရှိတော့ ဝယ်စားစရာ ထူးထူးထွေထွေလည်း မရှိ။

ထမင်းဆိုင်လေး ၂ ဆိုင် ၃ဆိုင်၊ Teaဆိုင်လေး ၂ဆိုင် ၃ဆိုင်။ ကုန်စုံဆိုင်လေးကလည်း ၂ဆိုင် ၃ဆိုင်ပဲ ရှိတာဆိုတော့ ဝယ်စားချင်တာ ဝယ်စားဖို့လည်း မဖြစ်နိုင်ဘူး။ ကိုယ့်မှာ စားစရာ မရှိလို့ ရုတ်တရက် ထစားဖို့ မလွယ်ဘူးဆိုပါတော့။

ရှိတဲ့ဆိုင်လေးတွေက ကုန်စုံဆိုင်ဆိုရင်လည်း ကုန်စုံတာ မဟုတ်ဘူးရယ်။ ထမင်းဆိုင်ဆိုလည်း ဒီအမျိုးနဲ့ဒီအမယ် ဒါတွေပဲ ပတ်လည်ရိုက်လို့။ တစ်ခါတစ်ရံမှ တစ်ပါး အမြဲစားလို့ မဖြစ်သော ငြီးငွေ့ဖွယ်ရာတွေချည့်။

ဝန်ထမ်းမိန်းကလေးတွေကတော့ ညဉ်းကြ ငြူကြ။ ပြောင်းချင် ရွှေ့ချင်ကြပေါ့။ ဘာမှ မရှိသောအရပ် ဘာညာဆိုပြီး ဆူဆောင့်ကြ ဝန်ထမ်းဘဝ စိတ်ကုန်တယ် ထွက်မယ် ဘာညာ ပြောကြနဲ့ပေါ့။

အမှန်တကယ်တမ်းတော့ သူတို့ စိတ်မကုန်ပါဘူး။ လိုချင်တာ စားချင်တာ ဖြစ်ချင်တာ မဖြစ်ရရင် စိတ်တိုတဲ့သဘော မိန်းကလေးတို့ ဗီဇအရ ဆူဆောင့် စိတ်ကောက်ကြတာပါ။ တကယ် ထွက်လည်း မထွက်ကြပါဘူး။ ဒီလိုပဲ စကားအဖြစ်ပြောကြတာမျိုးပါပဲ။

ဒါပေမယ့် အာ့စကားတွေကို မကြာမကြာ ကြားနေရတော့ ကိုယ်ချင်းစာစိတ်လေးလည်း ဖြစ်မိလာတယ်။ ငါသာ သူတို့နေရာမှာဆိုလည်း သူတို့လို တွေးမိ ပြောမိမှာပဲလို့။
အခုဟာက ကိုယ်က ကိုယ်ရောက်ဖူးတဲ့ဒေသ အရမ်းမစိမ်းတဲ့ဒေသ ဖြစ်နေလို့ ဘာမှ မခံစားရတာလေ။

သူတို့က ဒီနေရာ ဒီဒေသနဲ့ အစိမ်းသက်သက်ကြီးက ဖြစ်ပြန်။ ဒီကြားထဲ ဟိုဟာရှားပါး ဒီဟာရှားပါးနဲ့ဆိုတော့
ပိုစိတ်ညစ်ကြရပြန်မှာပေါ့။ ဟုတ်ပေစွ။ မှန်ပေစွ။ ဖြစ်သင့်ပေစွပေါ့။ ဒီလိုပဲ ဝန်ထမ်းဘဝ အများနဲ့နေရတော့ ကိုယ်ချင်းစာစိတ်လေးနဲ့ သူတို့အတွက် တွေးပေးရတာပေါ့ဗျာ။ဒါမှလည်း တရားမျှတပေမပေါ့။

ဒါပေမယ့် အတွေးတွေက ထပ်ဆင့် ထပ်ဆင့် ပွားမိလာတယ်။ခုလို ဝန်ထမ်းဘဝ ခဏလာနေကြတဲ့ သူတွေက အစာရေဆာရှာပါးလို့ ညဉ်းနေကြသလို ဒေသခံတွေက ဘာလို့ မညဉ်းသလဲ? အဖြေက သူတို့က ဒေသခံ သူတို့က နေနေကြမို့။ ok ဟုတ်ပြီ။

ဒါဆို မြို့ထိပ်က ဘုန်းကြီးကျောင်းက ဆရာတော်ကကော ? နေနေကြမို့လား ? ဒေသခံ ဖြစ်နေလို့လား? ဘာ့ကြောင့်လဲ ? ဘာလို့လဲ?လို့ ဆက်တွေးမိသွားတယ်။ သိသလောက်တော့ ဆရာတော်က ဒီဒေသခံ ဒီနယ်သား ဒီဒေသ မဟုတ်ပါ။

ဒါဆို ဒေသခံ မဟုတ်သူချင်း အတူတူ အစာရေဆာ ရှားပါးတာချင်း အတူတူ ကိုယ့်ဆီက ဝန်ထမ်းတွေနဲ့ ဘာကွာနေသလဲ ဆိုပြီး ထပ်မံတွေးဆကြည့်မိပြန်တော့
ဥာဏ်မိသလောက်လေးနဲ့ပဲ အဖြေတစ်ခု ရလိုက်တယ်။
ဒါက ဘာလည်းဆိုတော့

ဆရာတော်လည်း ဝန်ထမ်း ကိုယ်တွေလည်း ဝန်ထမ်း တူတူပါပဲ။ ဒါပေမယ့် မတူတာက ဆရာတော်က သာသနာ့ဝန်ထမ်း အများအကျိုးအတွက် ထမ်းရွက်နေတာ။ ကိုယ်တွေ ဝန်ထမ်းဆိုတာက ကိုယ့်ဝန် ကိုယ်ထမ်းနေတဲ့ ကိုယ်ကျိုး ဝန်ထမ်းတွေ။ ကိုယ့် စီးပွား ကိုယ် ရှာနေတဲ့သူနေတွေ။

ဆိုတော့ကား အများအကျိုးအတွက် သယ်ပိုးနေတဲ့ ဆရာတော် !သာသနာ့ဝန်ထမ်း ဆရာတော်ကတော့
ဘုရားတွေတည် ကျောင်းတွေဆောက်၍ တရားဓမ္မရိပ်သာ ဖွင့်ကာ အရာရာနှင့် အစာရေဆာ ရှားပါးသော အရပ်၌ ပျော်မွေ့နေလေနိုင်သည်။

image

ကိုယ်တွေလို အတ္တရှေးရှုကြသော ကိုယ့်စီးပွားအတွက် ကိုယ်ရှာနေကြသော ဝန်ထမ်းတွေကတော့ ကိုယ်ဘက်က သာတယ် မထင်ရင် ငြီးငွေ့ကာ ပြောင်းရွှေ့ချင်ကြတာ ဓမ္မတာပင်။

ထို့ကြောင့် ဝန်ထမ်းတော့ ဝန်ထမ်း အများအကျိုးအတွက် ထမ်းရွက်တဲ့ ဝန်ထမ်းနှင့် ကိုယ့်ကျိုးအတွက် ထမ်းရွက်တဲ့ဝန်ထမ်း ပေးဆပ်ခြင်းတွေ စွန့်လွှတ်လိုခြင်းတွေ ဘယ်တူနိုင်ပ့မလဲ ဟူ၍သာ။

မှတ်ချက်။ ။ဒါဟာ ဘယ်သူ့ဘယ်သူကိုမှ အပြစ်မြင်၍ ပြောချင်း မဟုတ်ပေ။ ကျနော် ရေးသားမည့် "ကောင်းကျိုးကိုယ်၌ တည်စေမင်း " Postအတွက် ပထမပိုင်း Postအနေဖြင့် အုတ်မြစ်ချရင်း Proတင်ရင်း စာနိဒါန်းပျိုး လိုက်ခြင်း ဖြစ်ပါကြောင်း။

@masterinnwa
MSC-253

Sort:  

ဘာဖြစ်ဖြစ်သံတောင်ကြီးဆိုကြားကတည်းကသွားချင်တာ တစ်ပိုင်းကိုသေလို့ ဦးအင်းရေ

ဝေးလံ​ခေါင်းပါးတဲ့ ​ဒေသ​၊ ရှားပါးတဲ့ဘအရပ်​​ဒေသမှာ ရုံးကန်​လှုပ်​ရှား​နေကြရတဲ့ ဝန်​ထမ်း​တွေ ဘဝကို ကိုယ်​ချင်းစာမိပါတယ်​ ဦးအင်း​ရယ်​ ...

ဟုတ် ကျေးဇူးပါ

MSC Group 1 2 3 4ဘယ်groupကလဲ ခင်ဗျာ သက်ဆိုင်ရာ Sub Leader နဲ့ ဆက်သွယ်ပါ ။မဆက်သွယ်ရင် လုံးဝ promotion မရနိုင်ပါ။

ဟုတ် ဆက်သွယ်ပြီးပါပြီခင်ဗျ။ အိပ်ငိုက်ရင်း မှားချမိတာပါ။ Sub Leaderပြောတာနဲ့ သိသိချင်း ပြန်ဖျက်လိုက်ပါတယ်ဗျ။

အတ္တများသူနဲ့အတ္တနည်းသူ ကွာခြားသွားတာပေါ့..
ကျနော်တို့ကျတော့ ကိုယ့်အတွက်ကို ဦးတည်ပြီး
စဉ်းစားကြတာကိုး..

ဟုတ်ပ့ ကိုယ်ချစ်တွေ ဟီး

ဝန်​ထမ်းချင်းတူ​ပေမယ့်​ သာသနာ့ ဝန်​ထမ်းနဲ့
ကို့ဝန်​ကိုယ်​ထမ်းတဲ့ဝန်​ထမ်း ကွာခြားတာ​လေး​ရေးပြသွားတာ good တယ်​ဗျာ

တင်ပ့ ဦးဇင်း ဟီး

အဲ့ဒါဆိုရင်ဝန်ထမ်းလေးမျိုးပေါ့နော် သာသနာ့ဝန်ထမ်း စေတနာ့ဝန်ထမ်း နိုင်ငံ့ဝန်ထမ်း ကိုယ်ကျိုးရှာဝန်ထမ်း။ဗဟုသုတရပါ၏။အားပေးတယ်နော်ဦးအင်းရေ။နောက်ပြိုင်ပွဲကျရင်လဲဝင်ပြိုင်ပါဆုရလောက်တယ်။

ဟုတ် အားပေးတာ ကျေးဇူးပါ။ ဆု မရလည်း နေပါစေ။ ရေးချင်တာ ရေးနေရရင် ပျော်နေပြီ ဟီး

ဝန်ထမ်းမို့ ဒီနေရာတွေ ရောက်နိုင်တာ ဦးအင်းရေ ပင်စင်မယူခင်အထိ သွားထား

ဟုတ် သွားတာလည်း တော်တော်နှံ့နေပြီ ဟီး

ဝန်တွေထမ်းရတဲ့လဝနမထမ်း

ဟုတ်ပ့ဗျို့

ဒီလိုရှားပါး​ဒေသဝန်​ထမ်းဘဝ​တွေ
ခက်​ခဲပင်​ပန်းရှာကြပါသည်​မြို့ ပြ့ပြန်​လည်
နီးကပ်​နိုင်​ပါ​စေ...

အပိုင်းနဲ့ ရေးမှာလား ဦးအင်း

တင်ပ့ အပိုင်းနဲ့ကို ခေါင်းစဉ်တော့ ကွဲသွားမယ်ဘုရား။ အချိတ်အဆက်နဲ့ သွားပ့မယ်ဘုရား

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.028
BTC 57975.44
ETH 2289.64
USDT 1.00
SBD 2.46