" Fish " For Cooking And Eating ( Part-3 )Catfish Curry

in #myanmar7 years ago (edited)

" ငါး " ကို အသုံးပြု ၍ စားသားဖွယ်ရာများ ပြင်ဆင်


ပြုလုပ်နည်းများ ( အပိုင်း - ၃ )


image

Hello, all my Steemit member ,

ကျမ ရဲ့ Steemit member များ နှင့် friend များအားလုံး
အတွက် ရေးသား post တင်ပေးမယ့်

အကြောင်းအရာ ကတော့ " ငါး " ကို အသုံးပြု ၍ စားသောက်
ဖွယ်ရာ များကို ပြင်ဆင် ချက်ပြုပ် နည်း အမျိုးမျိုး ရှိသည့်
အနက် ဒီနေ့ ချက်ပြုပ် ပြင်ဆင် မျှဝေပေး မှာကတော့
" ငါးခူဟင်း " ပြုလုပ် နည်း
အကြောင်း ကိုရေးသား မှာဖြစ်ပါတယ်

ငါးကို မြန်မာလူမျိုး အများစု နှစ်ခြိုက်စွာ စာသောက် ကြ
ရာ တွင် နည်းအမျိုး မျိုး ဖြင့် ပြင်ဆင်ချက်ပြုပ် လုပ်ကိုင်
စားသောက်ကြပါတယ်

ငါးကို ချက်ပြုပ်စားသောက်နည်း အမျိုးမျိုး တို့တွင်
ငါးပြုပ် ငါးကြော် ငါးကင် ငါးပေါင်း ငါးချက် ငါးအသားလွာ
ငါးထောင်း ငါးအချဉ်ချက် ငါးအချိုချက် ငါးအငံချက်
ငါးစဉ်းကော ငါးချို ချဉ် ငါးစပ်ခြောက်ကြော် ငါးစဉ်းကော
ငါးခြောက်ချက် ငါးခြာက်ထောင်းသုပ် ငါးအသားလွာ
ငါးခေါင်းဟင်းချို ငါးခေါင်းချဉ်ရည် ငါး ဟင်းထုပ်
ငါးချဉ်ကြာ် ငါးလေးချဉ်သုပ် ငါးကြက်ဥပေါင်း ငါးဒန့် ဒလွန်သီး
ချဉ်ရည်ဟင်း စသည်ဖြင့် နည်းလမ်းပေါင်းများ စွာ ပြင်ဆင်
ချက်ပြုပ်နည်း များစွာ ရှိကြပါတယ်

" ငါးခူဟင်း "ချက် ပြု လုပ် နည်းများမှာ
လည်း အကြိုက် အမျိုး မျိုး ရှိသည် တွင်ပြု လုပ်နည်း များစွာ
လည်း မတူကြပါ

ကျမ post တင်ရေးသား မယ့် " ငါးခူဟင်း" ဟာ ဆိုရင်ြ ပု လုပ်ရ လွယ်ကူစေပြီး အရသာလည်း အထူးကောင်းမွန် ကာ
ကျန်းမာရေးနှင့်လည်း ညီ ညွတ်စေသည့် အပြင် ကလေး
လူကြီး ကျား မ မရွေး နှစ်သက်စွာ စားသောက် ကြပါတယ်

" ငါးခူဟင်း "ဟာချက်ပြုပ် ပြုလုပ်ရ လွယ်ကူစေ
သည့် အပြင် အရသာမှာလည်း အထူးကောင်းမွန်ပါတယ်

မိသားစု ထမင်းဝိုင်း မှာမြန်မာ့ ရိုရာ ဆီပြန်ဟင်းတစ်ခွက်
အနေ နဲ့ ရော လူအများစု အရာသာရှိစွာ ချ့က်ပြုပ်စားသောက်
ကြတဲ့ အစားအစာ ဖြစ်ပါတယ်

"ငါးခူဟင်း " ကို ကိုယ်တိုင်လုပ်ကိုင် ပြင်ဆင် စားသောက်ပါက အကုန်အကျ သသ်သာစေမည့်
အပြင်သန့်ရှင်းလတ်ဆတ်သော အရသာရှိ သော
ကျန်းမာရေးနှင့် လည်းညီညွတ်စေသောဟင်းတစ်ခွက် ကို
ရရှိစေ မှာဖြစ်ပါတယ်

ငါးခူဟင်း


ပါဝင်ပစွည်းများ

1- ငါးခူ ၃၀ကျပ်သားခန့်ရှိ အကောင်ကြီး -၁ကောင်

2- ခရမ်းချဉ်သီး - ၅လုံး

3- ကြက်သွန်နီ - ၃လုံး

4- ဂျင်း - ၁ကျပ်သား

5- ကြက်သွန်ဖြူ အတက်ကြီး - ၃မွာ

4-ငရုတ်သီးခြောက် -၇တောင့်

5-ငရုတ်သီးစိမ်း -၅တောင်

6-ဆား အနည်းငယ်

7-နန္နမှုန့် အနည်းငယ်

8-အရသာ မှုန့် အနည်းငယ်

9-နံနံပင် - ၁စည်း

10- ဆီ - ၅ကျပ်သား

တို့ လိုအပ်ပါတယ်

ပြုလုပ်နည်းအဆင့်ဆင့်

ပတမ ဦးစွာ ငါးကို ခေါင်း အမြီး များ ခုတ်ထစ်ဖယ်ရှားထားပါ

ဒါးထက်ထက်ဖြင့် ဗိုက်ကိုခွဲကာ အထဲ မှငါးဝမ်းတွင်းသားများ
နှင့် ငါးချေးများအားထုပ်ယူပါ

ငါး၏ဝမ်းဗိုက် အတွင်းမှ ငါးချေးများကို ထုပ်ယူရာတွင်
ငါးသည်းခြေ မပေါက်သွားအောင် သေချာစွာ ထုပ်ယူပါ

ငါးသည်းခြေေပြေါက်သွားပါက ငါးသည်းခြေနှင့်
ထိမိသော ငါးအသားများဟာ ခါးသက်သွား မှာဖြစ်
ပြီး အရသာ လည်းမကောင်းနိုင်ပါ

၎င်းနောက် ဗိုက်ခွဲထားသောငါးအား
ရေစင်အောင်ဆေး ပါ အနည်းဆုံး ၃, ၄ ခါရေဆေး
ပြီး စစ်ထားပါ

ထို့နောက်ငါးကို စဉ့်နီတုန်းပေါ်တင်၍ ဒါးထက်ထက်ဖြင့်
အရွယ်တော် အတုံးများ တုံးထားပါ

လှီးဖြတ်ထားသောငါး အတုံးများကို ဆား အရသာမှုန့်
နန္နင်းမှုန့် တို့ ဖြင့် ငါးအသား အတွင်း အရာသာ စိမ့် ဝင်အောင်
ဆုပ်နယ်ပေးပြီး ၁၅ မိနစ် ခန့် နှပ်ထားပါ

ဂျင်း ကြက်သွန်ဖြူ ကြက်သွန်နီ တို့ ကို အခွံခွာ ကျေညက်
အောင်ထောင်းထားပါ

ငရုတ်သီး ခြောက်တောင့်အား ရေခဏစိမ်ကာ ငရုတ်ဆုံ
တွင် ကြေညက်စွာထောင်းထားပါ

နံနံပင် ငရုတ်သီးစီမ်း ရေဆေး အညှာ ချွေ ထားပါ

ခရမ်းချဉ်သီး ကို ရေဆေး ပြီးအနေတော် အတုံးလေးများ လှီးထားပါ

ပါဝင်ပစ္စည်းများအားလုံး အဆင်သင့်ဖြင် ပါက

ဒယ်အိုးအတွင်း ဆီထည့်
ဆီပူလာပါက ကြက်သွန်နီ ကြက်သွန်ဖြူ ဂျင်း ထောင်းထား
သော ငရုတ်သီး တို့အားတစ်ဆင့်ချင်းထည့်၍ ဆီသတ်
ထို့နောက် ခရမ်းချဉ်သီး ထည့် မွေ ပေး

ရေအနည်း ငယ်ထည့်၍ အဖုံးအုပ်ထားပါ

ရေခမ်းပါက တုံးထားသော ငခူများ ထည့် မွှေပေး
ရေ လက်တစ်စစ်ခန့် ဟင်းမြုပ်ရုံထည့် ပြီး အဖုံးအုပ်ထားပါ

ဆီပြန်လာပါက အရသာ အပေါ့အငံမြည်း

အပေါ်မှ ငရုတ်သီးစီမ်း နံနံ ပင် အုပ်

အရသာလည်းရှိ စားခြင့်စဖွယ် အရောင်အဆင်း လှပ တဲ့
ဆီပြန်ဟင်းတစ်ခွက် ရရှိမှာ ဖြစ်ပါတယ်

ငါးခူဟင်း နှင့် အတူ သီးစုံချဉ်ရည် ပဲးသီးသုပ် တို့ ဖြင့် တွဲဖက်
၍စားသောက် သုံးဆောင်ပါက ထမင်းမြိန် ပြီး အရသာ လည်း
ရှိ စားကောင်းစေမှာဖြစ်ပါတယ်

image

( မှတ်ချက် - ကျမ အသုံးပြု ပြင်ဆင်ချက် ပြုပ် ရာတွင်
အသုံးပြု သောပါဝင် ပစ္စည်းမျာ သည် အိမ်တိုင်း မိးဖို ချောင်
တိုင်း တို့ တွင် အလွယ် တစ်ကူ ဝယ် ယူ ရရှိစေသော
ပစ္စည်း များ ဖြင့်သာ ပြင်ဆင် ပြုလုပ် သွားခြင်းဖြစ်ပါသည် )

Steemit မှ သူငယ်ချင်းမိတ်ဆွေ များ အားလုံး လည်း
လွယ်ကူ အဆင်ပြေ အရသာ ရှိစွာ ပြင်ဆင် ချက်ပြုပ်
စားသောက်ကြပါလို့

Steemit မှ fri များ အားလုံး ကျန်းမာ ချမ်းသားကြပါစေ

written and made -
@mamamyanmar

Sort:  

Follow back sis :)

လာစားအူးမှာဘာလေ

လာပါတော်

စားချင်စရာပဲ!
thanks for sharing,sis!

အချက်အပြုတ် ကျွမ်းကျင်သူလေးပါလားဗျ

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.028
BTC 59220.04
ETH 2316.03
USDT 1.00
SBD 2.51