စာဖတ်ဖို့ အားပေးကြစို့ 

in #myanmar5 years ago

download.jpeg

မင်္ဂလာပါ ချစ်မိတ်ဆွေအပေါင်းတို့ ။
စာပေကို ချစ်မြတ်နိုးခြင်း စာဖတ်ခြင်း စာရေးခြင်းဆိုတာ အဖိုးတန်သော အလေ့အကျင့်ကောင်းလေးတွေပါ။ နောက်တစ်ခု ပြောချင်တာက စာဖတ်အားကောင်းလာရင် စာရေးချင်လာပါတယ်။ ဒါပေမယ့် စာဖတ်ပျင်းသွားတတ်တာတော့ရှိတယ်။ ဒီစာအုပ်ဖတ်လည်း ခံတွင်းမတွေ့  ဟိုစာအုပ်ဖတ်လည်း ခံတွင်းမတွေ့  အားလုံးဘဲသိနေသလိုလို ဖတ်ပြီးသားတွေလိုလို ရေးထားတာတွေက ပေါ့နေသလိုလို စာဖတ်ခြင်းကို မလုပ်ဖြစ်ကြတော့တာတွေလည်း ဖြစ်တတ်ပါတယ်။ တကယ်တမ်းက ဘာမှမဟုတ်ဖူး စာဖတ်ရမှာကို ပျင်းတတ်လာတာ။လေး ငါး ရွက်လောက် ဖတ်ပြီးသားနဲ့  စာအုပ်ကိုချချင်လာပြီ။

download (1).jpeg

crd.org.source

ကျွန်တော်တို့ နိုင်ငံအနေနဲ့  စာဖတ်နှုန်းက နည်းသထက်နည်းလာပြီ။ လူငယ်လူရွယ်တွေ စာအုပ်သစ်တွေကို ဝယ်ဖတ်ရမှန်းတောင် မသိတော့သလို လုပ်စရာမလိုတော့သလို ဖြစ်လာကြတယ်။ ဒိုင်ယာရီ ရေးတယ်ဆိုတာတွေလည်း မသိကြတော့ ။ ကျွန်တော်တို့ ငယ်ငယ်တုန်းကဆို အဖေကိုင်တဲ့ ဒိုင်ယာရီစာအုပ် မှတ်တမ်းစာအုပ် လှလှတွေမြင်ရင် အရမ်းသဘောကြတာ။ နောက်ပြီး ထိုတုန်းက တစ်ယောက်နဲ့ တစ်ယောက် လက်ဆောင်ပေးရင် ဒိုင်ယာရီစာအုပ်လှလှလေးတွေ ကောင်းနိုးရာရာစာအုပ်ကောင်းလေးတွေကို လက်ဆောင်ပေးတတ်ကြတယ်။

131306577-352-k817833.jpg
crd.org.source

နောက်တစ်ခုပြောချင်တာက စာဖတ်ဝါသနာပါသူတွေတောင် စာမဖတ်တာကြာရင် မဖတ်ဖြစ်ကြတော့ဘူး။ ကိုယ့်အနီးအနားမှာ အလွယ်တကူ ရှာဖွေလို့ မရတာကလည်း တစ်ခုအပါအဝင်ပေါ့။ စာဖတ်ခြင်းကို နိုင်ငံတော်အဆင့် လှုပ်ရှားမှုအဖြစ် ထုတ်ဖော်လုပ်ဆောင်သင့်တယ်။တကယ်တမ်းက မခက်ပါဘူး။ လူဆိုတဲ့သဘာဝက သူများလုပ်ရင် လိုက်လုပ်ချင်ကြပါတယ်။ ကျွန်တော်တို့ လူမျိုးက ပိုဆိုးသလိုပါဘဲ။ အစီအစဉ်ကောင်းကောင်းနဲ့ အကောင်အထည်ဖော်ရင် အောင်မြင်နိုင်ပါတယ်။ ကိုယ့်မိသားစုကို ကိုယ်တာဝန်ယူကြေး။ ထိုစနစ်နဲ့ လှုပ်ရှားရင် တိုးတတ်မှုနှုန်း မြန်မှာပါ။ တကယ်တမ်းက စာဖတ်ခြင်းရဲ့ တန်ဘိုးကို မသိကြတာများတယ်။ ထိုအသိကို ကောင်းကောင်းရိုက်ထည့်နိုင်မယ့် planတွေ media intertainment တွေကို မြှင်တင်ဖော်ဆောင်ရမှာပါ။ ထိုအပိုင်းကြ ငွေကြေးလိုပြီလေ။ နိုင်ငံတော် အမျိုးသားရေး လှုပ်ရှားမှုပုံစံနဲ့  တစ်တိုင်ပြည်လုံး စာဖတ်ခြင်းကို မြှင့်တင်နိုင်ဖို့ ကြိုးစားသင့်တယ်။ စာကြည့်တိုက်တွေ လိုက်တည်ထောင်ပေးရုံနဲ့  စာဖတ်နှုန်း မတိုးတတ်ပါဘူး။ game သမားတွေ gameကို စွဲလန်းသလို စာဖတ်ခြင်းကိုစွဲသွားအောင် ရိုက်ထည့်တတ်ဖို့ လိုတယ်။အကောင်းဆုံးကတော့ ခလေးငယ်တွေကို ငယ်စဉ် နုစဉ်ကတည်းက ရိုက်သွင်းထားရမှာ။တစ်ခုတော့ရှိတာပေါ့ဗျာ မဟော်ရေ ပြောတာတော့ လွယ်တယ် လုပ်ရတာခက်တယ်ဆိုတာ လက်ခံပါတယ်။ ဒါပေမယ့် လုပ်သင့်တာကိုတော့ အကောင်းဆုံးဖြစ်အောင် လုပ်ဘို့ ကျွန်တော်တို့ မှာ တာဝန်ရှိတယ်လေ။အမှန်အတိုင်းပြောရရင် ကျွန်တော်ကိုယ်တိုင် အခုနောက်ပိုင်း စာမဖတ်ဖြစ်ဘူး။ သေချာတာကတော့ ပျင်းတာပါဘဲ။ စာပြန်ရေးမယ်ဆိုတော့ စာဖတ်ဘို့ လိုလာပြီလေ။ ပြောချင်တာက စာဖတ်ဖို့ စာရေးတဲ့အလုပ်ကို planတစ်ခုချတဲ့ပုံစံအနေနဲ့ မြင်သိစေချင်တာပါ။ဒီလိုဘဲခလေးတွေကို စာဖတ်ဘို့ တစ်ခုခုနဲ့ သွယ်ဝိုက်ပြီးလုပ်ဆောင်ဘို့ အကြံပြုရင်း နိဂုံးချုပ်လိုက်ပါတယ်။

@mahaw
MSC - 228

Sort:  

တို့အစ်ကိုရဲ့ post လက်ရာလေးတွေ ပြန်လည်ဖတ်ခွင့်ရပါပြီ။ကောင်းမွန်တဲ့ အကြံညဏ်လေးပါအစ်ကို။နောင်ဆိုပိုဆိုးလာမှာ ဖြစ်တဲ့အတွက် game စွဲသလိုမျိုး စွဲဆောင်သွားရမှာအမှန်ပါပဲခင်ဗျာ။

Posted using Partiko Android

ကျေးဇူးပါ ကိုသန့် ရေ။ စာပြန်ရေးတော့ တို့ ညီအစ်ကိုတွေ ပြန်နီးတာပေါ့နော်။ကြိုးစားပြီးရေးတင်ပါ့မယ်။လေးစားလျက်

စာဖတ်ဖို့ စာအုပ် တွေ အလွယ်တကူ ရှိတဲ့ နေရာလိုတာလည်း အမှန်ပဲဗျ။ အကြောင်းပြချက် သက်သက်ပဲ ဆိုပေမဲ့ လိုအပ်တာက အမှန်ပါပဲ။ ခုနောက်ပိုင်း စာဖတ်ရှိန် နည်းသွားတာတော့ ဝန်ခံပါတယ်ဗျာ။ :)

Posted using Partiko Android

အဓိက က အလေ့အကျင့်ပါဘဲ။ ကွမ်း ဆေးလိပ်တို့ ကို မအားတဲ့ကြားက ရအောင် စားနေကြတာပါ။ သွားလေရာမှာ စာအုပ်လေး ဆောင်ထားနိုင်ရင် ကောင်းတယ်။ ကျေးဇူးပါ။

ရေးထားတာတွေကကွက်တိပဲ ဟူတ်တယ် တစ်ဖြည်းဖြည်းနဲ့စာဖတ်ပျင်းလာတယ်။အရင်တည်းကဘာစာအုပ်ဖြစ်ဖြစ်ဖတ်ချင်ပေမယ့် အခုကို
်ကြိုက်တဲ့စာအုပ်တောင်မဖတ်ချင်တော့ဘူး။

Posted using Partiko Android

Coin Marketplace

STEEM 0.18
TRX 0.13
JST 0.030
BTC 56544.71
ETH 3000.89
USDT 1.00
SBD 2.17