ကျွန်တော် လေးစားရသောသူတစ်ယောက်အကြောင်း

in #myanmar6 years ago

FB_IMG_1524973561560.jpg

မင်္ဂလာပါ မိတ်ဆွေအပေါင်းတို့ ။
ကျွန်တော်စာရေးခါနီး ဘာကိုစဉ်းစားမိလည်းဆိုတော့ steemit က မိတ်ဆွေတွေအကြောင်းကို ရေးရင်ကောင်းမလားလို့ တွေးမိတယ်။ တစ်ယောက်ချင်းစီအကြောင်းကို ရေးချင်တာ။ ကျွန်တော်သိသလောက်ပေါ့။ ကျွန်တော်အလျင်းသင့်သလို ရေးမှာဖြစ်တဲ့အတွက် နောက်ကျမှရေးဖြစ်မယ့်သူက စိတ်မဆိုးကြေးနော်။ နောက်ပြီးမှားတာပါခဲ့ရင်လည်းဗွေမယူကြေး။ ကြိုချုပ်ထားတာ။ ဒီနေ့ ရေးမှာက @sawlwin ခေါ် ကိုစောအကြောင်းရေးပါ့မယ်။

download (2).jpeg

crd.org.source

ကိုစောဟာ ကျွန်တော်steemit စလုပ်ကတည်းက မသိတာမရှင်းတာတွေ မေးဖို့ ဆိုပြီး group တစ်ခုတည်းထည့်ပေးခဲ့တယ်။ ဆရာတင်အားကိုးတဲ့ ထူးချွန်တဲ့ သူတစ်ယောက်လို့ ဘဲသိခဲ့တယ်။ စလုပ်တုန်းက messanger တောင် ကောင်းကောင်း မသုံးတတ်တော့ groupထဲဝင်မမေးဖြစ်ဘူး။ စာရိုက်နှေးတော့ တစ်ခုခုဆို စကားမပြောရဲတဲ့အချိန်ပေါ့။ကျွန်တော်က သူ့ ကို လူကြီးတစ်ယောက်လို့ ထင်နေတာ။ အသက်ကြီးကြီး သူ ကိုယ့်ထက်အသက်ကြီးလောက်တယ်လို့ မျက်စိထဲပုံဖော်ထားတာ။ တစ်နေ့ကိုမြင့်ကတော့ပြောတယ် ကိုမဟော်ထက်ငယ်တယ်တဲ့။ လူငယ်ဘဲရှိသေးတယ်တဲ့။ တစ်နေ့ ဝင်းကိုကိစ္စပေါ်လာတော့ ကိုစောကို ဆက်သွယ်ဖြစ်တယ်။ ကျွန်တော့်ကိုနွေးထွေးစွာဆက်ဆံတယ်။ဆက်သွယ်ဖြစ်ပုံကိုပြောပြမယ်။ ဝင်းကိုပြဿနာကိုဖြေရှင်းဘို့ ဆရာတွေကို အကူအညီလိုက်တောင်းတော့ သူတို့ ဖြေတာတစ်ခွန်းတည်းဗျ။ "ကိုစောကို မေးပါတဲ့"။

images (16).jpeg
crd.org.source

ကျွန်တော်မေးခဲ့တဲ့ဆရာတွေက အများကြီးပါ။ ကိုစောကို ဘယ်လိုဆက်သွယ်ရမှန်း မသိတော့ တစ်ယောက်မရကိုယ်သိတဲ့တစ်ယောက်မေးဖြစ်တာပေါ့။ အားလုံးက တစ်သံတည်းဘဲထွက်တယ်။ ကိုစောမှကိုစောဘဲ။ ကျွန်တော် လေးစားသွားတာပေါ့ဗျာ။ ပြောရမယ်ဆိုရင် သူနဲ့ မသိခင်ကတည်းက လေးစားနေတာ။ စကားပြောဖြစ်တော့လည်း အလေးတယူဆက်ဆံပေးတဲ့အတွက် ပျော်တာပေါ့ဗျာ။ ပုဂံ gathering သွားတော့ သူနဲ့တွေ့ ခွင့်  ရပြီထင်တာ။ သူအပြန် ကျွန်တော်အရောက်ဆိုတော့ မတွေ့ လိုက်ရဘူး။ပုဂံသွားနေတုန်း လမ်းပေါ်မှာဘဲ သူနဲ့ စကားပြောဖြစ်တယ်။ သူအလုပ်ကိစ္စ ရှိလို့  ညနေပြန်ရမှာ ဆိုတဲ့အကြောင်းနဲ့ ကျွန်တော့်ကို မြင်ဖူးချင်လို့ ဓါတ်ပုံရိုက်ပြပါလို့ သူတောင်းဆိုပါတယ်။ ကျွန်တော်လေးစားရတဲ့သူတစ်ယောက်က ကျွန်တော့်ကိုမြင်ချင်တယ်ဆိုတော့ ပျော်တာပေါ့ဗျာ။ ကျွန်တော် ကားပေါ်မှာဘဲ ရိုက်ပို့ လိုက်ပါတယ်။ နောက် ကိုစောကို မအားလို့ ထင်တယ် သိပ်မတွေ့ ဖြစ်ဘူး။ ကိုစောpostတွေက အဆင့်အတန်းမြင့်တယ်။ အထူးသဖြင့်နည်းပညာပိုင်းတော်တယ်။ e skill ကောင်းတယ်။ ကျွန်တော်က ကိုယ်ကသာနည်းပညာပိုင်းအားနည်းတာ MSC မှာ နည်းပညာသမားတွေ အရမ်းမြင်တွေ့ ချင်တာ။ လေးစားပြီးရင်း လေးစားပေါ့ဗျာ။MSC မဟုတ်တဲ့ တစ်ခြားတစ်ယောက်ယောက်က နည်းပညာpost တွေမြင်တိုင်း MSCမှာ ထိုလိုPOSTတွေ မြင်ချင်နေခဲ့တာ ရေးစေချင်ခဲ့တာ။ ကိုစော ရေးတာတွေ့ တော့ ပျော်တာပေါ့ဗျာ။ MSC အတွက် အားလည်းကိုးတာပေါ့။ အခုနောက်ပိုင်း နည်းပညာPOSTတွေဆက်တိုက်ထွက်လာသလို ရေးအားလည်းစိပ်လာတယ်။ ဈေးကျမှ ရေးအားကောင်းလာလို့ သူ့ သဘောထားကို အထင်ကြီးမိတယ်။ကိုစောက စိတ်တော့ဆက်မယ့်ပုံဗျ။ မှန်တယ်ထင်ရင် ဘယ်သူ့ မှ အားနာမယ့်ပုံမပေါ်ဘူး။ ဆိုလိုတာက ပြောစရာရှိရင် ပြောချမယ့်သူမျိုးပေါ့။ကိုယ်နဲ့သူတာလေးတွေသတိထားမိတာပါ။ ကျွန်တော့်အမြင်သာဖြစ်တဲ့အတွက် ဟုတ်ချင်မှဟုတ်မှာပါ။ ကျွန်တော့်အမြင်သီးသန့် ပါ။ကိုစောရဲ့ နောက်တစ်ခုထူးခြားချက်က တစ်ခုခုကိုလုပ်ရင် စေ့စေ့စပ်စပ် သေသေချာချာလုပ်မယ့်ပုံမျိုး။ ဥပမာ POSTတွေကိုဖတ်ရင် ထူးခြားချက်ကို တန်းသိတယ်။ လွဲနေတာကို မြင်လွယ်တယ်။ ဂရုစိုက်ပြီးဖတ်တယ်။ ကျွန်တော်ဆို သူ့ လောက်သတိထားမှုမကောင်းဘူး။ ကျွန်တော်နောက်ဆုံးအနေနဲ့ပြောချင်တာက MSCမှာ ကိုစောလို လူတစ်ယောက်ရှိတဲ့အတွက် ဝမ်းသာမိတယ် အားကိုးမိတယ် ဂုဏ်ယူမိတယ်။
အရာအားလုံးအတွက် ကျေးဇူးအထူးတင်ပါတယ် ကိုစောရေ။ ကျန်းမာပျော်ရွှင်ပြီး မိသားစုနဲ့ အတူ အောင်မြင်သောဘဝတည်ဆောက်နိုင်ပါစေ။

MSC-228
@mahaw

Sort:  

Congratulations @mahaw! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

You made more than 4000 comments. Your next target is to reach 4500 comments.

Click here to view your Board of Honor
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

Support SteemitBoard's project! Vote for its witness and get one more award!

Thank you very much.

ကိုစောကMRTV 4မှာ လုပ်တာလို့ တော့သိတယ်
နည်းပညာပိုင်းတော်တယ်ဗျ
MSC ထဲမှာ အထင်ကရ လူတစ်ယောက်ပါပဲ

ဟုတ်တယ်ညီ MSCအတွက် တန်ဘိုးရှိသောသူပါ။ ကျေးဇူးညီ။

မိတ်ဆွေအပေါင်းအသင်း ဖြစ်ကြရာမှာ ကောင်းကွက်လေးတွေ မြင်တွေးနိုင်ဖို့ အရေးကြီးဆုံးပေါ့ဗျာ

Posted using Partiko Android

မှန်ပါတယ်ဗျာ။

ကျွန်တော်လဲ ကိုစော ဖန်းတစ်ယောက်ပါ

ကျေးဇူးပါဦးထွေးရေ။

အကောင်းမြင်ပေးတာ ကျေးဇူးတင်ပါတယ်ဗျာ

Posted using Partiko Android

ဟုတ်ကဲ့ပါ။

မှန်ပါတယ်ခင်ဗျာ။ကိုစောက နည်းပညာပိုင်းမှာ တော်တော်လေးကျွမ်းကျင်တယ်လို့ မြင်မိပါတယ်အစ်ကို။MSC အဖွဲ့အတွက် အားကိုးစရာ အားထားစရာကောင်းသောသူလို့ ထင်မြင်မိပါတယ်။

ကျေးဇူးပါကိုသန့် ။

နည်းပညာပိုင်းမှာ​တော့ တကယ့်​ကို ကျွန်​​တော်​တို့က​တော့ မတတ်​တာ အမှန်​ဝန်​ခံပါရ​စေ

ကျွန်တော့်ထက်တော့ သာပါတယ်ဗျာ။

You got a 1.26% upvote from @booster courtesy of @mahaw!

NEW FEATURE:

You can earn a passive income from our service by delegating your stake in SteemPower to @booster. We'll be sharing 100% Liquid tokens automatically between all our delegators every time a wallet has accumulated 1K STEEM or SBD.
Quick Delegation: 1000| 2500 | 5000 | 10000 | 20000 | 50000

Thank you very much.

Coin Marketplace

STEEM 0.17
TRX 0.16
JST 0.029
BTC 61821.96
ETH 2402.01
USDT 1.00
SBD 2.57