PSI S2AEC HD User များအတွက် သတင်းကောင်းလေး
ဒီ တစ်ခေါက်ပြောပြပေးမှာကတော့
PSI AEC HD စက်သမားများအတွက် အကျိုးရှိစေမဲ့ အကြောင်းလေးဖြစ်ပါတယ်။
ဘာအကြောင်းလဲဆိုတော့ ခု အချိန်ကြည့်လို့ရနေတဲ့ Free လွင့်နေတဲ့ မြန်မာစာတန်းထိုး ရုပ်ရှင်
လိုင်း ထည့်သွင်းနည်းလေးပဲဖြစ်ပါတယ်။
လိုင်းကတော့ 4TV ကနေ လောလောဆယ် Free လွင့်ပေးနေတဲ့ Canal + Action Movies လိုင်းဖြစ်ပါတယ်။
မြန်မာ စာတန်းထိုး နိင်ငံခြား ဇတ်လမ်းတွေကို အခွန်မဆောင်ရပဲ တစ်ဝ ကြီးကြည့်ရှု့ရမှာဖြစ်ပါတယ်။
PSI စက်မှာ မပါတဲ့အတွက် သီးသန့်လိုင်းကို ထည့်သွင်းကြည့်ရမှာဖြစ်ပါတယ်။
ကဲ ထည့်သွင်းနည်း ကို ပြောပြပေးပါ့မယ်ဗျာ ။
မိမိ စက် Remote Control မှ Menu ကိုနိပ်ပါ။
password 4 လုံးပေါ်နေပါလိမ့်မယ်။
သုံည ၄ လုံးရိုက်ပြီး ဝင်လိုက်ပါ။
သက်ဆိုင်ရာ system တွေ ကျလာပါလိမ့်မယ်။
ဘာကိုမှ သွားမရွှေ့ပါနဲ့။
Installation ကို သွားပြီး ok နိပ်ပေးပါ။
နောက်ထပ် သက်ဆိုင်ရာ စနစ်တွေ ကျလာပါ လိမ့်မယ်။ ဘာမှသွားမနိပ်ပါနဲ့။
TP အသစ်ထည့်ရမှာဖြစ်တာကြောင့် ပုံ အောက်ဆုံးမှာ စာရေးထားတဲ့အတိုင်း မိမိ Remote Control မှ Satmail ဆိုတဲ့ ခလုတ်ကို ရှာ ပြီးနိပ်ပါ။
နိပ်လိုက်သည်နှင့် နောက် စနစ်တစ်ခု ကျခဲ့ပါမယ်။
လိုင်းအသစ်သွင်းမှာ ဖြစ်တာကြောင့် ပုံမှာ ပြထားသည့်အတိုင်း
Add အနီရောင် ခလုတ်ကို Remote မှ နိပ်ပါ။
ဒီလိုပေါ်လာပါ လိမ့်မယ်။
အပေါ်အကြောင်းမှာ 12520 ကိုရိုက်ပါ။
အောက်အကြောင်းမှာ 25000 ဟုရိုက်ပါ။
အောက်က အကြောင်းမှာ H ကို Remote မှ ဘေးမြှားဖြင့် V ကို ပြောင်းပါ။
ဒီလိုဖြစ်လျှင် Save ကိုနိပ်ပါ။
ဒီလို အောက်ဆုံးမှာ မိမိ ရိုက်ထည့် လိုက်သော စာကြောင်း ရောက်နေပါလိမ့်မယ်။
အောက် အကြောင်းက Signal မတက်ခဲ့ရင်တော့ မိမိ စလောင်းဗန်းကို အနည်းငယ် ကစားပေးရမှာဖြစ်ပါတယ်။ များသော အားဖြင့် ကစားစရာ မလိုပါဘူး မရမှပါ။
လိုင်းသွင်းတော့မှာ မို့ Scan ကိုနိပ်ရမှာပါ။ Scan မှာ အပြာရောင်ပြထားတာမို့ Remote မှ အပြာရောင် ခလုတ်ကိုနိပ်ပါ။
ဒီလိုပြနေပါလိမ့်မယ် ။
ဒါဆို Search ကို နိပ်ပါ။
လိုင်း အသစ် တွေကျလာပါပြီ။
ပြီးလျှင် Ok နိပ်ပေးပါ။
ဒီလိုင်းတွေထဲမှာ ဇတ်ကားလိုင်း တစ်လိုင်းထဲပွင့်မှာပါ။
ok နိပ်ပြီး ရှာကြည့်လိုက်ပါ ။
698 ဆိုသည့် Channel နံပတ်တွင် မိမိ သွင်းလိုက်သည့် ဇတ်လမ်း လိုင်း အသစ်ကို သွားရောက် ကြည့်ရှု့ နိင်ပါပြီ။
အားလုံးကို ကျေးဇူးတင်ပါတယ် ခင်ဗျာ။
အဆင်မပြေတာများရှိခဲ့ရင်
ကျွန်တော့် Facebook Messenger မှာ လာရောက် မေးမြန်းနိင်ပါတယ် ခင်ဗျာ။
ဒါကတော့ ကျွန်တော့် Facebook linkပါ။
https://www.facebook.com/kaw.lin.31
@lwanwai
MSC - 045
Photo Credit From My Phone
အခုဘဲ စမ်းတော့မယ် ကိုလွမ်းရယ်
ကိုလွမ်းရယ် ရသွားပါပြီဗျ နောက်လည်းတင်ပေးပါဦးနော် အစ်ကို
ကိုယ်ပေးလိုက်တဲ့နည်းနဲ့ အဆင်ပြေတာ ကြားရရင် စိတ်ချမ်းသာပါတယ်ဗျာ😊😊
အသုံးတည့်မဲ့နည်းလမ်းတွေမျှဝေပေးတာကျေးဇူးပါ...မှတ်ထားပါ့မယ်...
ဟုတ်ကဲ့ စမ်းကြည့်အုံး😊😊
စမ်းပြီလေ..
စမ်းကြည့်လေ😆😆
စမ်းပြီလေ
😊😊😊
Good ကောင်းပါတယ် အကို
ဟုတ်ကဲ့ပါ 😊😊
အသုံးတည့်မယ့်နည်းတွေပါပဲ။ကျေးဇူးတင်ပါတယ်ရှင်။
ဟုတ် အားပေးလို့ ကျေးဇူးပါဗျာ😊😊
ဟိုတစ်နေ့က ကလိ လိုက်တာ ဗန်းပါရွေ့သွားလို့
ပညာရှင်ကြီးကိုး
ပြောပါတယ်သေချာလုပ်ပါလို့😁😁
အေးဗျာစမ်းကြည့်အုံးမယ်
မျှဝေလို့ကျေးဇူးပါဗျာ
ဟုတ်ကဲ့ပါ ဗျာ စမ်းကြည့်ပါအုံး😊😊
ကိုလွှမ်းကတော့
တစ်ကယ့် စကာပါပဲ Respect bro
ခုလိုပြောပေးလိုကျေးဇူးပါဗျာ😊😊
psi aec HDစက်သုံးတဲ့သူတွေတော့ လိုင်းအသစ်ထပ်ထည့်လို့ရပြီဟေ့။ ဒီလိုလေး ကိုယ်သိတဲ့အကြောင်းအရာလေးတွေ မျှဝေပေးတာ လေးစားပါတယ်ဗျာ။အားလုံးလည်းဗဟုသုတရတာပေါ့။အောင်မြင်တိုးတက်ပါစေလို့ဆုတောင်းနေပါတယ်ခင်ဗျာ
ပေးတဲ့ဆုနှင့်ပြည့်ပါရစေဗျာ😊😊