♥♥ ကျွန်တော်နှင့် 95°E Dish TV ♥♥

in #myanmar6 years ago

♥♥ ကျွန်တော်နှင့် 95°E Dish TV ♥♥

ဒီနေ့ ကျွန်တော်ပြောပြပေးမှာကတော့
Hello box စလောင်းဖမ်းစက်နဲ့ လိုင်းဖမ်းကြည့်တဲ့ အကြောင်းလေးပါ။
ကျွန်တော် ပြောခဲ့သလိုပါပဲ အကောင်သေးပေမဲ့ အဆိပ်ပြင်းပါတယ်လို့ 😆😆 ။
2 ပေ စလောင်းလေးနဲ့ ကိုယ် အဆင်ပြေမဲ့ ဂြိုလ် တု ကို ဖမ်းယူကြည့်ရူ့နိင်ပါတယ်။

20180531_101913.jpg

ကျွန်တော်ကတော့ Nss6 ဂြိုလ်တု ကိုဖမ်းထားတာပါ။ ဂြိုလ်တုတည်နေရာကတော့ 95°E အလည်လောက်မှာပေါ့ဗျာ။
ခုကြည့်နေကြတဲ့ PSI စလောင်းတွေ ဖမ်းနေတဲ့ ဂြိုလ်တု တည်နေရာကတော့ 78.5° E ပါ ။
ဒီဂရီကတော့ အရှေ့ကိုလည့်လေ ပိုကြီးလေပေါ့ဗျာ ။
ဥပမာ 90° ဆို အလည်တည့်တည့်ပေါ့ ။

PSI က 78.5° E နဲ့ Skynet က 76.5°E ဆိုတော့ အနောက်ဘက်ကို ဖမ်းရတယ်ပေါ့ဗျာ။
PSI နဲ့ SKYNET က ဂြိုလ်တုချင်း နီးကပ်နေတာဆိုတော့ စလောင်းတစ်ဘမ်းထဲနဲ့ မျှချိန်လို့ ရတာပေါ့ဗျာ။
အဲဒီမှာ တစ်ခုပြောချင်တာကတော့ psi က Mahar Dvb တို့ရပြီး Skynet က Buddha လိုင်း မရတာ Channel 7 MRTV 4 မရတာ ဆိုတာတွေဟာ အဲ့ဒီပြဿနာ ပါ။
ဂြိုလ်တုက တစ်ခုထဲ မဟုတ်ပါဘူး အဲဒီတော့ နည်းနည်းစီလေး မျှပြီး ဗန်းကို ကစားပေးကြပေါ့ဗျာ။

ကျွန်တော် ပြောတာတောင် နည်းနည်းလွဲသွားပြီနဲ့တူတယ် ရှင်းပြနေရတာနဲ့ 😆😆။
သိချင်သေးတယ်ဆိုရင်တော့ စလောင်းဂြိုလ်တုတွေနဲ့ နေရာတွေကို နောက်ကို ပြောပြပေးပါ့မယ်ဗျာ 😊😊။

95°E ကတော့ Dish TV Channel တွေပါ။
ဒီလိုင်းတွေကိုတော့ စက်မှာ ပါတဲ့ အကောင့်နဲ့ ကြည့်လို့ရသလို Cccam ဆိုတဲ့ စနစ်နဲ့လည်း အဖိုးအခ အလွန်နည်းစွာနှင့် ဝယ်ယူကြည့်ရူ့နိင်ပါတယ်။
ပြည်တွင်း အခပေး ရုပ်သံတို့ကိုလည်း ကြည့်လို့ရပေမယ့် မကြည့်တာ အကောင်းဆုံးပေါ့ဗျာ။
တော်ကြာသိရင် ဖမ်းခံနေရပါအုံးမယ် 😂😂။

ကျွန်တော့် သူငယ်ချင်းတစ်ယောက်ဆို
Sony Ten Sport လိုင်းက နဗန်းတွေ အားကြီးကြိုက်တာ ။အားကစားလိုင်းတွေက Sony ten sport 1/2/3 -Espn / Starsport အစုံပါပဲ လခ ကတော့ အားကစားတင်ကို 10000 ကျပ်ပေးကြည့်ရတာလေ။
ဇတ်လမ်းလိုင်းနဲ့ ပါကြည့်ချင်တာဆို ပိုပေးရတာပေါ့ဗျာ။
အဲ့တော့ ဒါမျိုးလေးဝယ်သုံးပါလားလို့ အကြံပေးလိုက်တယ်။ သူကတော့ ကြိုက်မှကြိုက်ပဲ 😂😂။
စက်က ပါတဲ့ အကောင့်နဲ့လည်း လိုင်းတစ်ချို့ ကြည့်လို့ရသလို အကောင့်ဝယ်ရမယ်ဆိုလည်း 3000 ကျပ် ဝန်းကျင်ပဲ ကြတာပေါ့ဗျာ။

ကဲ ကျွန်တော် ဖမ်းထားတဲ့ လိုင်းလေးတွေကို အားပေးကြပါအုံး😁😁။

20180531_112207.jpg

20180531_112330.jpg

ကမ္ဘာ့ဖလားပွဲ ကြည့်မလား ဒါ တွေရှိတယ်။

20180531_112110.jpg

20180531_112143.jpg

20180531_112302.jpg

ဒါတောင်မှ မပြထားတဲ့ အားကစားလိုင်းတွေရှိသေးတယ် ပုံတွေပြည့်နေမှာစိုးလို့ 😂😂

20180531_112319.jpg

တိရတ္ဆန် လိုင်းကြည့်အုံးမလားAnimal Planet တွေလဲ ပါပါ့ဗျာ။

20180531_112445.jpg

ဇတ်ကားတွေကြည့်အုံး မလား
Star Movies တို့ ဆိုတာ မကြည့်ဘူး တာ အတော်ကြာပေါ့ 😂😂
AXN HBO နဲ့ အခြား Movies လိုင်းတွေကို နည်းဘူးရယ်😊😊

20180531_112405.jpg

5 Plus ကလာတဲ အိန္ဒိယ ဇတ်လမ်းတွေ ဆိုတာ ဒီလိုင်းက လာတာ 😆😆

20180531_101913.jpg

ဒါကတော့ ဒီလိုင်းတွေ ရဖို့ အတွက် ကြိုးစားနေတာ 😂😂

20180531_101952.jpg

ရှေ့က ဗန်းကတော့ ခုဆင်ထားတဲ့ဟာ
နောက်က စလောင်းလေးတွေကတော့ PSI နဲ့ SKY Net အတွက်😊😊

20180531_131631.png

ဒါကတော့ ဒီလိုင်းတွေကို ဖမ်းလို့ရနိင်မယ့် နေရာ Beam မြန်မာပြည် အောက်ပိုင်းတော့ မလွယ်ပါ 😆😆 ။

ကျွန်တော်ဖမ်းကြည့်တဲ့ စက်လား ဒီမှာ😆😆

20180528_191131.jpg

ခုလို လာရောက်လည်ပတ်ကြလို့ ကျေးဇူးပါဗျာ 😊😊 ။

@lwanwai
Photo - Me
MSC - 045

Sort:  

ထက်ဝယ်ရမလား နိ ပြတိုင်း ဝယ်ချင်နေပြီရော sbd တေ ဈေးတက်ပါစေလေ😊

😆😆 ဝယ်သာဝယ် မမ ကောင်းတယ် 😂😂

လိုက်မမီတော့ပု ကိုလွမ်းရေ

😆😆 psi ပဲ ပြန်ပြောပြပါ့မယ် 😊😊

စုံပါ‌ပေတယ်‌ ဗျာ။ပညာလည်းစုံပါတယ်‌။

ကျေးဇူးပါ ကိုမဟော် 😊😊

မိုက်​တယ်​​နော့...အားကစား​ရော...movie​တွေပါ....😊😊

ဟုတ်တယ် အစုံပဲ မမယွန်း😊😊

bro ကတော့
တစ်ကယ် channal master ကြီးပါပဲဗျာ

လုပ်ပီ အကိုကတော့ 😊😊

ကိုလွမ်းရဲ့ ပို့စ်လေးတွေကTVအမြဲကြည့်တဲ့ ကျမတို့အတွက် အသုံးဝင်တဲ့ပို့စ်လေးတွေပါ

ဟုတ် အားပေးလို့ ကျေးဇူးပါဗျာ😊😊😊

hello box က စက်ဈေးနှုန်းကဘယ်လောက်လဲဗျ

စက် သီးသန့်က 30000 ကျော် ရှိပါတယ် နေရာအနေအထားအရ ဈေးကွာပါတယ် 😂😂

အိန္ဒိယလိုင်းတွေရတာကြိုက်တယ်

သီချင်းလေးတွေ အားကြီးမြူးတယ်😂😂

အားလုံးအတွက်တန်ဖိုးရှိတဲ့postတစ်ခုပါ

ဟုတ် ကျေးဇူးပါ ခင်ဗျာ 😊😊

Hello box စက်လေးရဲ့အကြောင်းတင်ပြသွားတာ သွားဝယ်ရမလိုဖြစ်နေပြီ။အစ်ကိုရှိနေတော့ မသိတာရှိလည်းစိတ်ပူစရာမလိုတော့ဘူးလေ။ကျေးဇူးတင်ပါတယ်အစ်ကို

အားပေးလို့ ကျေးဇူးပါဗျာ😊😊

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.028
BTC 62227.11
ETH 2400.78
USDT 1.00
SBD 2.50