ဆပ်ပြာရည်လုပ်နည်း

in #myanmar7 years ago (edited)

536c9a19e357aasahi.jpg

Images Credit - Original Source
လိုအပ်သောပစ္စည်း
မီးဖိုပြာအနုကို ဇကာချထားတဲ့ ပြာမှုန် ၁ပြည်
ရေသန့် ၈ဗူး
ရှောက်သီး (သို့မဟုတ်) သံပရာသီး ၁ပိဿာ
N-70 1 ကီလို
ဆား ၅၀ ကျပ်သား
ရေစစ်၊ ဇကာ၊ ထည့်စရာ ဇလုံ၊ ရေသန့်ဗူးများ၊ မီးဖို၊ ဒန်အိုး၊ ယောက်မ၊
ပြုလုပ်နည်း
ဇကာချထားတဲ့ မီးဖိုပြာမှုန် ၁ပြည်ကို ရေသန့် ၈ဗူးဖြင့် ၇ရက်ပြည့်အောင် စိမ်ပါ။ ၇ရက်ကြာသောအခါ ရေမှာ ချွဲနေပါမည်။ ထို အချွဲရည် အရည်ကြည် ၆ ပုလင်းရအောင် စစ်ယူပြီး ရှောက်သီး (သို့မဟုတ်) သံပရာသီး ၁ပိဿာကို မီးဖိုပေါ်တွင် ဒန်အိုးဖြင့် ရေ ၂ဗူးစာ ကျန်သည်အထိ ပြုတ်ပါ။
ထို ပြုတ်ရေ ၂ဗူးစာကို N-70 ၁ကီလို နှင့် ဆား ၅၀ကျပ်သား ရောမွှေပါ။ ၃နာရီကြာအောင် ဆားများပျော်သွားသည်အထိ မွှေပါ။ ထို့နောက် ၁ညသိပ်ထားပါ။
အနံ့ကြိုက်သူများအတွက် သံပရာ အနံ့ စသဖြင့် ထည့်နိုင်ပါတယ်။

ရန်ကုန် ၂၇ လမ်းဝန်းကျင်က ဓာတုပစ္စည်းဆိုင်၊ အကယ်ဒမီ၊ အင်ပါယာ စတဲ့ ဆိုင်တွေမှာ အနံ့နဲ့ ပတ်သတ်တာ၊ အရောင်နဲ့ပတ်သတ်တာ၊ N-70 စတာတွေ ၀ယ်နိုင်ပါတယ်။
ပြာစိမ်ရည် ကပြုတ်စရာမလိုပါ သံပရာပြုတ်ရည်နဲ့ ရောရမှာပါ။ ဆိုတော့ အရည် ၆ပုလင်းနဲ့ ၂ပုလင်း ၈ပုလင်း ရပြီး N-70 ၁ကီလိုနဲ့ ဆား ၅၀သား ရောမွှေမှာပါ။
အရောင်အနေနဲ့ ၀ါအောင် ဆနွင်းကို သုံးနိုင်ပါတယ်။
ဆနွင်းကို ရှောက်သီးပြုတ်ရေ စစ်ယူပြီး မီးဖို မှ မွှေ ချိန် မှာ ထည့်ပါတယ်..။ အော်ဂဲနစ်အနံ့ ကတော့ရှောက်သီး တောရှောက်ခါးသီးများ သုံးနိုင်ပါတယ်..။

Sort:  

Congratulations! This post has been upvoted from the communal account, @minnowsupport, by lifebost from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Coin Marketplace

STEEM 0.23
TRX 0.21
JST 0.035
BTC 97342.41
ETH 3324.04
USDT 1.00
SBD 3.19