ငါးရံ့ခြောက်ကပေးသော သင်္ခန်းစာ
ငါးရံ့ခြောက်ကပေးသော သင်္ခန်းစာ
ကျောင်းထိုင်ဘုန်းကြီးတစ်ပါး ရွာမှရဟန်းတကာမထည့်ပေးလိုက်တဲ့ ငါးရံ့ခြောက်ကို ကိုရင်ကြီးနဲ့ကျောင်းသားက မီးဖုတ် ဆီဆမ်းကာ ဆက်ကပ်ကြပါတယ်။ ဘုန်းကြီးက ဘုန်းပေးမယ်ဆိုပြီး ငါးရံ့ခြောက်ပန်းကန်ကို ကြည့်လိုက်တော့ ပုရွက်ဆိတ်တွေက အများကြီးပါပဲ။
ဒါနဲ့ပုရွက်ဆိတ်တွေကို လက်နဲ့ဖယ်ထုတ်ရင်း ဘုန်းကြီးက စဉ်းစားပါတယ်။ "တို့ရဲ့ငယ်ဆရာဘုန်းကြီးကိုသာ ဒါမျိုးကပ်ရင် ကိုရင်ကြီးနဲ့ကျောင်းသား အရိုက်ခံရမှာ"လို့ တွေးမိပါတယ်။
တွေးနေရင်းနဲ့ ဘုန်းကြီးခေါင်းထဲ ဘာပေါ်လာသလဲဆိုတော့ ငယ်ငယ်ကဖတ်ခဲ့တဲ့ "ကြောက်စိတ်" စာအုပ်ထဲမှာပါတဲ့ မင်းတုန်းမင်းကြီးငယ်ငယ်က ဘုန်းကြီးကနေပြီးတော့ ငါးရံခြောက်သိမ်းခိုင်းထားတာ ပျောက်သွားလို့ ဘုန်းကြီးက "မင်းဒီငါးခြောက်ပြားလေးတောင် မထိမ်းနိုင်ရင် တိုင်းပြည်ကြီးကို ဘယ်လိုထိမ်းသိမ်းမလဲ"ဆိုပြီး ပြောလဲပြော ရိုက်လည်းရိုက်ပါတယ်။
ဒီအကြောင်းအရာကိုပဲ ဆရာလုပ်သူက သူ့ရဲ့ကျောင်းသားတွေကို စာစီစာကုံး ရေးခိုင်းပါတယ်။
ကျောင်းသားအများအစုကတော့ ဆရာ့အာဘော်အတိုင်း ကောင်းပါသည် မှန်ပါသည် ဟုတ်ပါသည် ဒီလိုဆိုဆုံးမခဲ့လို့ မင်းတုန်းမင်းကြီးဆိုတဲ့ မင်းကောင်းတစ်ပါး ပေါ်ပေါက်ခဲ့ကြောင်း ရေးကြပါတယ်။ ဆရာကလည်း ဒီအတိုင်းသင်ခဲ့တာဆိုတော့ ဒီလိုပဲရေးကြရပါတယ်။
အဲဒီအထဲမှာ စာအရမ်းဖတ်တဲ့ တွေးခေါ်မြော်မြင် စဉ်းစားနိုင်စွမ်းရှိတဲ့ ကျောင်းသားတစ်ယောက်ကတော့ အများသူငါ ရေးကြသလိုမဟုတ်ပဲ မင်းတုန်းမင်းကြီးကို ရိုက်နက်ဆုံးမခဲ့သော ဘုန်းကြီး မှားပါသည်။
ဘာ့ကြောင့်လည်းဆိုရင် ဘုန်းကြီးသည် သူစားချင်သော ငါးရံ့ခြောက်ကြီးပျောက်သွားလို့ ငါးရံ့ခြောက်ကြီးနဲ့ ဘုန်းပေးလိုက်မယ်ဟဲ့လို့ မှန်းထားသည့် ငါးခြောက်ပေါ်မှာ အစွဲအလမ်းကြီးတဲ့ ရသတဏှာကြောင့် မိမိဒေါသကို မထိမ်းနိုင်သည့်အတွက် မင်းတုန်းမင်းကြီး ဖြစ်လာမည့်ကျောင်းသားလေးကို အပြင်းအထန်ရိုက်ခြင်းဖြစ်ပါတယ်။ တကယ်ဆို ဘုန်းကြီးသည် ငါးရံ့ခြောက်ကို ဘယ်လိုသိမ်းရင် ဘယ်နေရာမှာ သိမ်းရင် လုံခြုံမှုရှိတယ်ဆိုတာကို သေချာသင်ပြပေးထားရမှာဖြစ်ပါတယ်။
ဒီလိုကလေးဘဝအရွယ်ဆိုတာ သူ့ဥာဏ်မှီသလောက် သူစဉ်းစားပြီး သိမ်းမှာဖြစ်ပါတယ်။ ဒီအရွယ်တွေမှာဆိုတာ ဒီလိုဖြစ်တတ်တဲ့ ကလေးဘဝ သဘာဝကို နားလည်ပေးရမှာ ဖြစ်ပါတယ်။ ဒီလိုသေချာ ဘာမှသင်ပြနိုင်ခဲ့ခြင်းမရှိလို့ မင်းတုန်းမင်းကြီး လက်ထက်မှာ အောက်ဗမာပြည်တစ်ခုလုံး အင်္ဂလိပ်လက်အောက် ကျရောက်နေရခြင်းနှင့် မင်းညီမင်းသားတွေ အချင်းချင်း မသင့်မမြတ်ဖြစ်ကာ သတ်ဖြတ်နေကြခြင်း နေရာအာဏာပါဝါ လုနေကြခြင်း စည်းလုံးညီညွတ်မှုမရှိကြခြင်း အကြောင်းတွေကြောင့် တိုင်းရေးပြည်ရာမကောင်းရခြင်း အကြောင်းတွေကို ကျောင်းသားက သုံးသပ် တင်ပြထားပါတယ်။
ကျောင်းသားရေးတဲ့စာကို ဆရာက ကျောင်းသားတွေကို ဖတ်ပြခိုင်းလို့ နားထောင်ရတဲ့ကျောင်းသားတွေက သဘောကျကြပါတယ်။
ငါတို့လည်း ဒီလိုရေးတတ်ချင်တာ ဒီလိုရေးရဲချင်တာလို့ ဖြစ်နေကြပါတယ်။ ကျောင်းသားတွေအားလုံး သဘောကျပေမဲ့ သဘောမကျတာကတော့ ကျောင်းဆရာပါ။ ဘာလို့လည်းဆိုတော့ သူကအရိုက်ကြမ်းတယ်။ သူကျောင်းသားတွေကို ရိုက်ပြီးတိုင်း သူရိုက်ရတာ မှန်ကန်ကြောင်းကို မင်းတုန်းမင်းကြီးရဲ့ဆရာဘုန်းကြီးနဲ့ သက်သေထူနေကျပါ။
သူရေးစေချင်တာက ဒီလိုရိုက်ဆုံးမရတာဟာ မှန်ကန်ကြောင်း သို့သော်လည်း ကျောင်းသားက ဒီလိုရိုက်ပြီးဆုံးမခဲ့လို့ တိုင်းပြည်ညံ့သွားရကြောင်း ရေးလိုက်တော့ ဆရာဟာ အကြီးအကျယ် ပေါက်ကွဲပါတော့တယ်။
အဲဒီတော့ ဆရာဟာ ကျောင်းသားတွေကို တစ်ယောက်ချင်းစီ မေးပါတယ်။ သူဒီလိုရေးတာ မှားတယ်မို့လားလို့ ကြိမ်လုံးကိုင်ပြီး မေးပါတယ်။
ကျောင်းသားရေးတာ မှန်ပါတယ်လို့ ဖြေချင်ကြသော်လည်း ဆရာရဲ့ နိမိတ်ပြမေးခွန်းနဲ့ ကြိမ်လုံးကို ကြောက်သည့်အတွက် မှားပါတယ်လို့ တုန်တုန်ရီရီဖြင့် သူငယ်ချင်းရဲ့မျက်နှာကိုမကြည့်ရဲပဲ စိတ်မကောင်းစွာနဲ့ဖြေကြရပါတယ်။
နောက်ဆုံး ထောက်ပြဝေဖန်ပြတဲ့ကျောင်းသားကို မေးပါတယ်။ "မင်းရေးတာမှားတယ်မို့လား"တဲ့၊ ကျောင်းသားက "ကျွန်တော်မမှားဘူး။ ဆရာကရေးပါဆိုလို့ ကျနော်အမြင် ကျနော်တင်ပြတာ ဆရာကြိုက်သလို ဆုံးဖြတ်ပိုင်ခွင့်ရှိပါတယ်"လို့ ပြောပါတယ်။
အဲဒီလိုပြောပြီးချိန်မှာတော့ ဆရာဟာ အကြီးအကျယ် ပေါက်ကွဲကာ သူကိုင်ထားသော ကြိမ်လုံးဖြင့် ကျောင်းသားကို အချက်ပေါင်းမြောက်များစွာ ရိုက်နှက်ပါတော့တယ်။
ကျောင်းသားကလည်း သူ့ရေးသားချက်ပေါ်မှာ ယုံကြည်ချက် အပြည့်အဝရှိနေတာမို့ တချက်လေးမှ တွန့်မသွားခဲ့ပါဘူး။
ဆရာတချက်ရိုက်တိုင်း နှလုံးသားမှာ နာကျင်သွားရတာကတော့ ကျောင်းသားတွေ ဖြစ်ပါတယ်။ တို့သူငယ်ချင်း အနိုင်ကျင့်ခံရတယ် တို့သူငယ်ချင်းဘက်မှာ ရပ်တည်ပေးသင့်လျက် မရပ်တည်ပေးရဲတဲ့ ကြောက်စိတ်တွေကို မကျေမနပ် ဖြစ်နေကြပါတော့တယ်။
နောက်တစ်နေ့ အဲဒီကျောင်းသား ဒီကျောင်းတော်ကြီးသို့ မလာတော့ပါဘူး။ အခြားတစ်ကျောင်းသို့ ကျောင်းပြောင်းသွားပါတော့တယ်။
အဲဒီငယ်ငယ်က ဖတ်ခဲ့ရတာလေးဟာ ရင်ထဲမှာစွဲကျန်ရစ်ခဲ့ရတာမို့ တိုက်ဆိုင်မှုတွေရှိတိုင်း အမှတ်ရနေတဲ့ဆောင်းပါးလေးဖြစ်လေတော့ အဲဒီအကြောင်းအရာလေးတွေ ဘုန်းကြီးခေါင်းထဲ ပြန်ပေါ်လာပါတယ်။ စာပေဖတ်ခြင်းရဲ့အကျိုးကျေးဇူးကြောင့် ကျောင်းသားတွေ တပည့်တွေကိုရိုက်ခြင်း မာန်မဲခြိမ်းဟောက်ခြင်းတွေကို လုပ်လေ့မရှိပါဘူး။
အကြောင်းမှန်ကိုစဉ်းစားတယ် စဉ်းစားကြည့်တော့ သူတို့မီးဖုတ်ဆီဆမ်းပြီး လာကပ်တာ။ သူတို့ယူလာစဉ်က ပုရွက်ဆိတ်တွေ လုံးဝပါလာမှာ မဟုတ်ပါဘူး။
ဒါဖြင့်ရင် ဘယ်ကရောက်လာတာလဲ။ သူတို့ယူလာစဉ် ဘုန်းကြီး ဘုရားရှိခိုးပြီး တရားထိုင်နေတယ်။ သူတို့က ငါးရံ့ခြောက်ကပ်ဖို့ စောင့်နေကြတယ်။ အဲဒီစောင့်နေတဲ့အချိန်မှာ ပုရွက်ဆိတ်တွေက ရောက်လာကြတာဖြစ်တယ်။
အဲဒီအဖြေမှန်လေး ရှာဖွေတွေ့သွားတော့ အရာအားလုံးဟာ အဖြေမှန်ကိုရအောင်ရှာရင် အဖြေမှန်ကိုတွေ့ပြီး ငြိမ်းချမ်းတာပါပဲ။ အဖြေမှန်ကိုလိုချင်ရင် ဒေါသတွေ အမုန်းတရားတွေ မကျေနပ်မှူတွေကို ဖယ်ပြီးကြည့်နိုင်ရင် တွေ့ရပါတယ်။
မေတ္တာကိုအခြေခံ၍ အဖြေမှန်တွေ့အောင်ရှာကာ ဆရာနှင့်တပည့် မိဘနှင့်သားသမီး အထက်လူကြီးနှင့် အောက်လက်ငယ်သား အစိုးရနှင့်ပြည်သူ အတူတကွလက်တွဲလို့ ငြိမ်းချမ်းသော အေးချမ်းသော ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးဖြစ်အောင် တည်ဆောက်နိုင်ကြပါစေ..
Congratulations! This post has been upvoted from the communal account, @minnowsupport, by lifebost from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.
If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.