ဖြူစင်ခြင်းတွေနဲ့ သတိရတယ် အချစ်ဦးရယ်.....
အရွယ်ရောက်သူတိုင်း မဖြစ်မနေ ကျော်ဖြတ်ခဲ့ရဘူးတာ အချစ်ဦး....
အဲဒီအတိတ် အဖူးတွေကြား စုံဖက် လက်ထပ်ကြတာ အနည်း အကျည်းရယ်လား မသိ...
ကျွန်တော်လို့ လွဲဖူးတဲ့ သူတွေတော့ များသား......
လွဲရတဲ့ အကြောင်းတွေ မရိုးနိုင်အောင် ရှိနေခဲ့ကြမှာပဲလေ ..
ကျွန်တော်လည်း အဲဒီထဲက အမှတ်တရ တစ်ခုထက်မကပဲ နာကြင်သူတစ်ဦး တစ်ယောက်အနေနဲ့ ပါခဲ့ဘူးတာကိုး... ပိုပြီး
အချစ်ဦးဆိုလို့ အချစ်တွေ အားလုံး ဦးစားပေးပြီး ချစ်ခဲ့သူတစ်ယောက်ဆို မှန်ကန်မယ်ထင်တယ်...
တစ်ခါတစ်လေ လိုတာမရ ရတာမလိုဖြစ်တတ် ကြပါတယ်.. အဲဒီထဲမှာမှ ကျွန်တော်က ပိုဆိုးမယ်ထင်ပါတယ်..
အခွင့်ရေးပေးတုန်းကတော့ မသိမသာ လက်လွတ်ခဲ့တယ်.. အခွင့်အရေးမရှိတော့မှ သတိတွေရ အသဲတွေကွဲ
ပုလင်းတွေဆွဲလို့ လမ်းပေါ် မလှဲအောင် ထိန်းလျှောက် မှောက်ခဲ့တဲ့ ရက်တွေတောင်များသေး....
အဲဒီရက်တွေကတော့ ကြေကွဲစရာ အလွမ်းခန်းတွေပေါ့ဗျာ… နေတတ်အောင်နေရင်း ကြာလာတော့
အချိန်ကာလတစ်ခုကတိုက်စားသွားတာပါပဲ…
အဆင်မပြေတဲ့အခိုက်အတိုက်လေးတွေမှာ တစ်ချို့တွေက ဒေါသကြီးစွာ လမ်းခွဲလိုက်ကြတယ်..တစ်ချို့တွေကြတော့လည်း မမြင်မတွေနိုင်လောက်အောင် ဝေးကွာသွားကြတယ်
ခွဲခွာနည်းလမ်းအမျိုးမျိုး ခံစားချက် အဖုံဖုံနဲ့ လောကဇာတ်ခုံပေါ်မှာငိုလိုက်ကြ ရီလိုက်ကြနဲ့ ခဏတာရလာရတဲ့ ဘ၀အချိန်ခဏလေးမှာသံယောဇဉ်တွေကြောင့် ပူလိုက်ကြ
မေတ္တာတရားတွေကြောင့် ငြိမ်းချမ်းလိုက်ကြနဲ့... အပူမီးတွေကြား တိုးဝင်နေကြတာဟာ လူတွေက ပိုးဖလန်မျိုးတွေပါပဲ ..
ဒေါသတွေ မောဟတွေက ပူလောင်မှန်းသိလည်း ငြိမ်းချမ်းဖို့မတွေးမိကြဘူး.. သံယောဇဉ် အဟောင်းကုန်ချိန်ဒီခဏမှာ ရေစက်ကုန်သွားဖို့ ကံတရားက ဒီတင်ပြီးဆုံးသွားကြတာပဲ
ဖြူဖြူစင်စင် တတ်နိုင်သမျှ ဒေါသတွေကိုသာ လျော့ချပြီး ခွင့်လွှတ်ခြင်းတရားကိုသာ ထားနိုင်မယ်ဆိုရင် သံယောဇဉ် အသစ်ပဲဖြစ်ဖြစ် အဟောင်းပဲဖြစ်ဖြစ် အရာအားလုံးက
ငြိမ်းချမ်းနေမှာပါ... အချစ်ကြောင့်ပဲ ဒေါသထွက်ထွက် အမုန်းကြောင့်ပဲ ဒေါသထွက်ထွက် ဒီလောကဇာတ်ခုံထဲမှာ အမုန်းတရားတွေကင်းစင် သွားရင် ဖြစ်နေတဲ့တိုက်ပွဲတွေ မလို
မုန်းတီးမှုတွေ ကင်းဝေးသွားကြမှာပဲ... အချစ်ဦးနဲ့ပဲလွဲလွဲ ချစ်ဆုံးနဲ့ပဲခွဲခွဲ တစ်တော့ရေစက်စုံလို့ တွေကြ ရေစက်ကုန်ရင်ခွဲကြ အချိန်တန်ရင် အားလုံးက ပြန်သွားကြရမဲ့
ဧည့်သည်တွေပါပဲ.... အဆိုးအကောင်းအကျိုးအပစ်တွေကြား ရေစက်ဆုံတုန်း ခွင့်လွှတ်ခြင်းတရားနဲ့ အရာရာကို သီးခံပေးခဲ့မယ်ဆိုရင်..
ဖြူစင်သောချစ်ခြင်းတရားတွေနဲ့ ကောင်းသောခွဲခွာခြင်းတွေနဲ့အတူ အနည်းဆုံးတော့ ဒေါသစိတ်ဖျောက်နိုင်သွားကြမှာပါ...
ကောင်းသော ခွဲခွာခြင်း ဆိုးသော ခွဲခွာခြင်းဆိုတဲ့ အထဲမှာ ကျွန်တော်တို့ခွဲခွာခြင်းက ကောင်းသော နူတ်ဆက်ခြင်းတွေနဲ့အတူ
သူငယ်ချင်းအဖြစ်တောင် နေခဲ့ကြသေး အခုတော့ သူမဘ၀လည်း အပူအပင်လေးတွေနဲ့ (ဗိုက်ခလေးတောင်ပူလို့) ...
တစ်ခါတစ်လေ အချစ်က ရူးရူးမှုး မှုးချစ်ပြီးသော အခါပြောင်းလည်းသွားတတ်တယ်...
လိုချင်တက်မက်မှု မပါတော့ဘူး
ပိုင်ဆိုင်လိုစိတ် မပါတော့ဘူး
ပျော်ရွှင်ဖွယ်ရာတွေနဲ့ မောင်နှ မ သံယောဇဉ် အဖြစ်ကို ရောက်သွားတယ်......
ဒီသံယောဇဉ်မျိုးက မရတော့လို့ မပိုင်ဆိုင်နိုင်တော့လို့ ဒီစကားမျိုးပြောပြတာမဟုတ်ပါဘူး တစ်ကယ်ကို အနေကြာလာတော့ အဖြူရောင်သံယောဇဉ်ကသာ ပိုပြီး ခိုင်မြဲမှန်းနားလည်လာတယ်..
သံသယတွေ အညိုအတေးကင်းကင်း ပြောဆိုဆက်ဆံနိုင်တယ်..
မောင်ချစ်နှမချစ်လောက် အေးချမ်းမှုပေးတာ မရှိသေးပါဘူး...
ကျွန်တော်လို့ အချစ်ဦးနဲ့ လွဲခဲ့ဘူးသူတိုင်း ပြန်ဆုံတဲ့ရတဲ့အခါပဲဖြစ်ဖြစ် ခင်မင်ခွင့်ရှိနေသေးရင်ပဲဖြစ်ဖြစ်
မမေ့အပ်ဘူး အချစ်ဦးရယ်လို့ မဖြစ်တော့ပဲ မမေ့ဖြစ်ပေမဲ့ ဖြူစင်ခြင်းတွေနဲ့ သတိရသေးတယ် အချစ်ဦးရယ်လို့
အားလုံးပဲ စိတ်ထားပြောင်းလည်းနိုင် ကြပါစေလို့ .............
ဆန္ဒနဲ့ ဘ၀တစ်ထပ်တည်းကြဖို့ဆိုတာ သူဖက်ကိုယ်ဖက် အရာအရာ ဖြည့်စဉ်းစားရင်တောင်မှ ထပ်တူကြဖို့မလွယ်ပါဘူး..
လူတိုင်း ချစ်ရသော သူနှင့် ထာဝရ မကွဲ အမြဲတမ်း ပျော်ရွှင်စရာ ဇာတ်သိမ်းများဖြစ် ဘ၀နေ၀င်ချိန်ကို ကုန်ဆုံးနိုင်ကြပါစေ...
@LayPyay
MSC 099
ဖြူစင်တဲ့အဆင့်ကိုရောက်ဖို့က တော်တော်ကြိုးစားရမယ်ဗျ
အရာရာခွင့်လွတ်နားလည်ပေးနိုင်တဲ့တစ်နေမှာ အကို အဲအဆင့်ကို ရောက်မှာပါဗျ... :)
Good post
Thank Bro...
Good Job bro
thank bro
အော် အချစ်အချစ်အချစ်
လိုနေတာ အချစ် အချစ် အချစ် ၀ိုး အို့ အို့ အချစ်သာလိုတာ :P
အချစ်ဦးမဟုတ်လဲ ကိုယ်ချစ်ခဲ့ပီး အကြောင်းကြောင်ူကြောင့် လမ်းခွဲခဲ့ရလဲ ရင်မာခုထိ အကြောင်းတိုက်ဆိုင်တိုင်း သတိရမိတုန်း😃😃
သတိရခြင်းတွေက ဖြူစင်ရိုးသားသွားတတ်ကြပါတယ်.. :P
လူတိုင်း အချစ်ဦးဆိုသာနဲ့တွေ့ကြုံခံစားဖူးကြပါတယ်ဗျာ
ခံစားဖူးတဲ့လူတိုင်း ဒီဒဏ်ရာလေးတွေရစမြဲပါ....
Nice Story
Thank sis...