ကျွန်တော်နှင့် လူရောင်စုံ
နာကျင်မှုတွေနဲ့ရောထားတဲ့ ပြုံးရယ်ခြင်းတွေကြား ငါ့ စိတ်ချမ်းသာမှု ခဏ အမောဖောက်နေတယ်....
အတ္တကြီးသူတွေကြား ငါ လိုချင်တပ်မက်မှုတွေ ခရီးထွက်သွားကြပြီ ....
ဘယ်ဆီပေါက်ပေါက် ဘယ်ခရီးရောက်ရောက် ငါ့ခြေထောက်တွေ မညောင်းသရွှေ့ သံသရာခရီး ထွက်နေရမှာပဲ...
လူသားဆန်တဲ့ ပီတီတွေကြား နှလုံးသားတိုင်း စာနာစိတ်နဲ့ အိပ်ပျော်နေကြတဲ့ ကိုယ်ချင်းစာတရားတွေ နိုးထကြပါတော့...
မရိုးမသားလျှောက်လည်း ဒီခရီး ရိုးသာစွာလျှောက်လည်း ဒီခရီး ကိုယ်သမိုင်း ကိုယ်ရေးကြသူခြင်း သံသရာခရီးမဆုံးခင်
ငြိမ်းချမ်းမှုတွေနဲ့ အတူနေ၀င်ချိန်ကို ဖြတ်နိုင်အောင် ကြိုးစား သေရင်မင်းနောက်ပါတာ ကုသိုလ်ကံတရား....
တစ်ချို့တွေက ပါးစပ်ဖျားက သနားတတ်ကြတယ်..
တစ်ချို့တွေက နှလုံးသားက သနားတတ်ကြတယ်..
ဟန်ဆောင်မှုတွေများတဲ့ ဟောဒီ လောက.. ဒီဘ၀ဇာတ်ခုံ ကံစေရာ ကကြသူခြင်း ခြေထိုးခံ
အမြင့်စံဖို့ တွန်းချ ငါနေရာ ရမှ ငါဘ၀ ငါမိသားစု ငါ့... သာယာမယ်ထင်နေကြ
တွယ်ငြိနေကြတဲ့ ခဏတာသာယာမှု .. ကိုယ်ခြင်းစာတရားပျောက်လို့ အများကျတဲ့ မျက်ရည်စတွေကြား
ပျော်ရွှင်စွာ စားသောက်နေလိုက်ကြတာများ အသိတွေပျောက် ပီတီတွေဖြာလို့ သနားမှုမရှိတဲ့ အတ္တကြီးသူတွေ.....
မမြင်မတွေ့ တစ်နေ့တစ်နေ့ ငွေနောက်လိုက်ကြ ဒေါသတွေပွားကြ မောဟတွေနဲ့ ပြေးလွှားကြ
ပြုံးတဲ့မျက်နှာ ၀မ်းနည်းတဲ့မျက်နှာ ဟန်ဆောင်ထားကြတဲ့ မျက်နှာဖုံးတွေကြား
ငါ လည်း ဟန်လုပ်ပြုံးတတ်လာပြီ.....
လောကတရားပျောက်လို့ ဒေါသတွေပွားလာလိုက်ကြတာ လူအသက်က ကြက်ခလေး ငှက်ခလေး သေသလို့တွေ့ကြ
ကြားနေကြရပြန်ပြီ... သီးခံခြင်းတွေနဲ့ပါးလာတဲ့အမျှ ဒေါသတွေကိုရှေ့တန်းတင် မောဟတွေဖုံးတော့ အလိုလို
အမိုက်မှောင်ဖုံး နောက်ဆုံးကြတော့ နည်းမျိုးစုံနဲ့ အနာတရတွေရ မရခဲ့ရင်သေ မသေခဲ့ရင် ထောင်တဲ့သွားနဲ့
အမိုက်ဆုံးတရားက လူသားတွေကို ပုံစံမျိုးစုံနဲ့ စေခိုင်းနေကြပြီ....
ကိုယ်ခြင်းစာတရား နဲပါးလာတဲ့ အမျှ သီးခံခွင့်လွှတ်ခြင်းတွေ မရှိတော့ဘူး.....
စွဲလန်းခြင်း တက်မက်ခြင်းတွေများလာတော့ လိုချင်မှုတွေများလာကြတယ်.. ဒီလိုနဲ့
တစ်ဖြည်းဖြည်း လိုအပ်ချက်တွေများကို ဖြည့်တင်းရင်း လောကကြီးအလယ် သောကဗျာပါဒတွေများကြ
ဒုက္ခတွေပင်လယ်ဝေကြနဲ့ ငွေအတွက် သတ်ကြဖြတ်ကြနဲ့ တဖြည်းဖြည်း အမိုက်မှောင်တွေဖုံးလာကြနဲ့
လူဘ၀က ပိုပြီး ပူလောင်လာကြတယ်....
ခဏတာဘ၀ အဆင်ပြေကြဖို့ ရုန်းကန်နေကြတာခြင်းအတူတူ တစ်ချို့က ကံကောင်းကြတယ်
တစ်ချို့က ကံဆိုးတတ်ကြတယ်.. ဒီသံသရာ ဒီဝေဒနာတွေကြားမှာ ရုန်းကန်နေကြရတဲ့ လူလူခြင်းအတူတူ
သနားခြင်း စာနာခြင်းဆိုတဲ့ ကိုယ်ပိုင်အသိတွေ့ နည်းပါးလာကြီပြီ....
မရှိတာထက် မသိတာခက်ဆိုသလို့...
ကိုယ်ခြင်းစာတရားတွေထက် မိသားစု ၀မ်းရေး၊ အဆင်ပြေရေး အားလုံး ငါ့ အတွက် .. ငါ ဆို တဲ့
မသိခြင်းတွေကြားမှာ ခတ်ခဲ့နေကြတာ ဒီ အမိုက်မှောင်တဲ့ တိုးလိုက်ကြ အတ္တတွေများလိုက်ကြနဲ့
နေရခြင်းက ပူလောင်နေပြီ... လူတွေရဲ့ စိတ်ဓာတ်က အရောင်စုံနေပြီ... အဖြူတွေ အမဲတွေ
လောဘတွေရဲ့ ကြီးဆိုးခြင်း သောကတွေရဲ့ ဦးစီးမှုနောက်လိုက်နေကြရင်း အသိတရားတွေပျောက်လို့
လူတွေ အရောင်စုံလာကြပြီ....
ပူလောင်နေကြတဲ့ လူရောင်စုံတွေကြား ငါ့လည်း မျက်ရည်ကင်းတဲ့ ထမင်းတစ်လုတ်အတွက် ကြိုးစား
ငါ့ ရိုးသားခြင်းတွေ အသေ အသတ်မခံရအောင် ထိန်းကျောင်းရင်း ဘ၀ဆိုတဲ့ ဇာတ်ခုံပေါ်က
လူရောင်စုံတွေနှင့် ကျွန်တော် သို့မဟုတ် တစ်ခါတစ်လေ အတ္တကြီးတတ် (ငါ) ရိုးသားခြင်းတွေနဲ့အတူ
နှလုံးသားဖြူစင်အောင် ကြိုးစား လောကဒဏ်ခံလာရတဲ့အခါ ဟန်ဆောင်မှုကင်းကင်း အတ္တနဲတဲ့
လူနဲ့တူသော လူတွေနဲ့ လောကအကျိုးသယ်ပိုးရင်း ဘ၀ကို ရှင်သန်သွားရမယ်.....
ကျတော်ဟာ နှလုံးသားနဲ့ သနားတတ်သူပါလေ။
တစ်ကယ်လားအကိုရာ... နှလုံးသားနဲ့သနားတတ်တာ...