ကျော်​ရဲ​အောင်​နှင့်​ ၇ ​လောင်းပြိုင်

in #myanmar7 years ago (edited)

ဒါက ကျ​နော့ အဖွား​ပြောပြဖူးတဲ့ ရွာက တကယ်​ အဖြစ်​မှန်​​လေးပါ...

ဒီလို​ဗျ ကျ​နော်​တို့ရွာမှာ ဂုန်​​လျှော်​ ဆိုတာ တစ်​​ခေတ်​တစ်​ခါကျ​နော်​ ငယ်​ငယ်​​လောက်​ထိပဲဆိုပါ​တော့ ​အရမ်းအဖိုးတန်​တဲ့ ​တောင်​ယာထွက်​ကုန်​တစ်​ခု​ဗျ။ ဂုန်​​လျှော်​ ​တွေခုတ်​၊ ​ရေထဲမှာ အစည်းလိုက်​​တွေစိမ်​ ၊ နူးပြီးဆိုရင်
ရေပ်ါစင်​​တွေနဲ့ ဂုန်​​လျှော်​ ​လျှော်​ကြရတယ်​။တစ်​​နေ့ ကျ​နော်​တို့ရွာက အပျို​တွေ တစ်​စု
ရွာ ​နောက်​ဘက်​မှာရှိတဲ့ အင်းထဲကို ဂုန်​​လျှော်​ ​လျှော်​ရ​အောင်​ မနက်​​စော​စော ထွက်​ခဲ့ကြတယ်​။ထိုအချိန်​တွင်​ ရုပ့်​ရှင်​ မင်းသား ​ကျော်​ရဲ​အောင်​ ​ခေတ်​စား၍ ပျိုတိုင်း ကြိုက်​တဲ့ နှင်းဆီခိုင်​ ဖြစ်​​နေချိန်​လည်း ဖြစ်​တယ်​။ရွာ မှာ ဆို​တော့ မြို့လို ရုပ့်​ရှင်​ ရုံ ကြီး​တွေ​တော့ မရှိဘူး​ပေါ့​ဗျာ။ ရုပ့်​ရှင်​ ရုံအ​သေးစားလို့​ခေါ်ရ​လောက်​တဲ့ ဗီဒီယို ရုံ( ရွာ အ​ခေါ်အ​ဝေါ်ဖြစ်​ပါတယ်​)​တော့ရှိသ​ဗျ။ ​စော​စောက ပျို​မေ​တွေကံဆိုးတဲ့​နေ့လို့ ​ခေါ်ရမ​လောက်​ပါပဲ​ဗျာ။ အဲဒီည ဗီဒီယို ရုံမှာလည်း ​ကျော်​ရဲ​အောင်​ကား ရုံတင်​မယ်​လို့ ညထဲက ​ကြော်​ငြာ ထားသတဲ့​ဗျ။ရုံဝင်​ခက ၂ကျပ့်​၊ ဂုန်​​လျှော်​ တစ်​စည်းကလည်း ၂ကျပ့်
တစ်​စည်းပို​လျှော်​ရင်​ ည ​ဗီဒီယိုကြည့်​ရမည်​လို့ တွက်​စပြီး။မနက်​အ​စော​ကြီး ဂုန်​​လျှော်​တစ်​စည်းပို ​လျှော်​​ရအောင်
ထွက်​လာခဲ့ကြတယ်​။
အင်းစပ့်​​ရောက်​​တော့​လှေ​ပေါ်ကို စုပြုံ တက်​လိုက်​ကြတယ်​။ရေ​ပေါ့စင်​ က ​ရေနက်​ထဲမှာ လုပ့်​ထားတာကိုး။
ဖြစ်​ချင်​​တော့ ​လှေကအ​ပေါက်​ကြီး ။
အရင်​တုန်းကလည်းဒီ​လှေနဲ့သွား​နေကြပါပဲ။ဒါ​ပေမဲ့ ပွန်းညုပ့်​( ​လှေဖာပစ္စည်း)ဖြင့်​အင်းသူကြီးက ဖာထား​နေကြ။ ညက​တော့ အင်းသူကြီးလည်း မူးပြီးအိပ့်​​ပျော်​သွား​နေသလား ဘာလား​တော့မသိ။ ​လှေက်ုဖာမထားမိလိုက်​ဘူး။ဒါဟာ သူတို့ ၇ ​ယောက်​လုံး ​သေ​နေ့​စေ့တာပဲ ဖြစ်​မှာပါ။လှေပေါ်စုပြုံတက်​​နေချိန်
အင်းသူကြီး က ​" ​ဝေ့ ​လှေမဖာရ​သေးဘူး ​ဝေ့" လို့ လှမ်း​အော်​သတိ​ပေးလိုက်​​သေးတယ်​တဲ့။ ဒါကို ​ကျော်​ရဲ​အောင်​ ဇတ်​ကားကြည့်​ချင်​၍ သူများထက်
တစ်​စည်းပို​လျှော်​ချင်​တဲ့ ပျို​မေတစ်​စုက " အ​မေလး အင်းသူ​ကြီးရယ်​ ကျမတို့က ​ရေမကူးတက်​တဲ့ သူ​တွေမှ မဟုတ်​တာ" လို့​တောင်​ ပြန်​ပြီး စ​နောက်​ခဲ့ပါ​သေးတယ်​တဲ့။အမှန်​လည်း သူတို့ အားလုံး ​ရေကူးတက်​ကြပါတယ်​။ ​စော​စောက​ပြောသလို ​သေ​နေ့​စေ့တာပါ။ ဒီလိုနဲ့ ​လှေ ကို​လှော်​လာလိုက်​တာ ​ရေနက်​ပိုင်း​ရောက်​​တော့ ​လှေ ​​ပေါက်​က ၀င်​တဲ့​ရေကို ခပ့်​ထုတ်​လို့မနိုင်​​တော့ပါဘူး။လူအင်​အားမ မျှ မှုရယ်​၊ ​ရေကူးတက်​တယ်​လို့ ခပ့်​​ပေါ့​ပေါ့​တွေးမှုရယ်​​ကြောင်​ထြင်​တယ်​ ​လှေ နံ တစ်​ဖက်​​လေးပြီး ​မှောက်​ပါ​လေ​ရော။
မှောက်​စစချင်းမှာ​တောင်​ "​ကျော်​ရဲ​အောင်​​ရေ ကယ်​ပါဦးဟ" လို့ စ​နောက်​​နေကြ​သေးတယ်​တဲ့။
အရင်​​ရေထဲ​ရောက်​တဲ့သူက စနစ်​တာဆို​တော့ မှီရာတစ်​​ယောက်​ကို လှမ်းဆွဲတယ်​။
နောက်​တစ်​​ယောက်​ကလည်း ထိုနည်းတူပဲ လှမ်းဆွဲရင်း ဆွဲရင်းနဲ့ ၇ ​ယောက်​လုံး နစ်​ပါ​လေ​ရော။ ဒါနဲ့ အင်းသူကြီး မြင်​​တော့ ​ကမ်း​ပေါ်တင်​​နေတဲ့ ​လှေကူနဲ့ လာပြီး ၀ါးပိုးဝါး ( ကျ​နော်​တို့ဘက်​မှာ အရှည်​ဆုံးဝါး) နဲ့ ဆွဲတင်​ဖို့ကြိုးစားခဲ့တယ်​။ ဒါ​ပေမဲ့ ၇ ​ယောက်​အားကို မနိုင်​ခဲ့ဘူးတဲ့၊ အ​ပေါ်တစ်​​ယောက်​ဆို မျက်​လူံး​လေး ကလည်​ကလည်​နဲ့တဲ့​ဗျာ။ ၇ ​ယောက်​လုံး ​ရေနစ်​​သေဆုံးသွားပါ​လေ​ရော။
အဲဒီ​နေ့က ရွာမှာ မြင်​လို့မှမသင့်​​တော်​တဲ့ အ​လောင်း ၇ ​လောင်းတန်းစီပြီး ​မြေမြှပ့်​ခဲ့ရပါ​တော့တယ်​။

အားလုံးပဲ ကျန်းမာချမ်းသာကြပါ​စေ

Sort:  

အားပေးနေမယ်။

ဟုတ်​ကဲ့အကို

ကောင်းတယ်ညီလေး

Congratulations @kyawzinminhtet! You received a personal award!

1 Year on Steemit

Click here to view your Board

Support SteemitBoard's project! Vote for its witness and get one more award!

Congratulations @kyawzinminhtet! You received a personal award!

Happy Birthday! - You are on the Steem blockchain for 2 years!

You can view your badges on your Steem Board and compare to others on the Steem Ranking

Vote for @Steemitboard as a witness to get one more award and increased upvotes!

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.027
BTC 60244.17
ETH 2333.72
USDT 1.00
SBD 2.47