ကျွန်တော်တို့အလုပ့်ကိုသင်ကြစို့
အကယ်၍ မိတ်ဆွေက ချမ်းသာကြွယ်ဝသူဆိုလျှင် အလုပ့်က မိတ်ဆွေကို သင်မည့်အချိန်ကိုစောင့်ဖို့ သိပ့်ပြသနာမရှိပေမဲ့ မိတ်ဆွေ ချမ်းသာကြွယ်ဝသူ မဟုတ်ခဲ့လျှင်တော့မိတ်ဆွေ အလုပ့်ကသင်မည့်အချိန်ကို စောင့်ဖို့ပြသနာ အကြီးအကျယ်ရှိနေမှာ ကျိန်းသေပါတယ်။ဘာဖြစ်လို့လည်းဆိုတော့ မိတ်ဆွေ ဟာ ချမ်းသူကြွယ်ဝသူဖြစ်ဖို့ ကြိုးစားနေဆဲသူဖြစ်နေလို့ပါပဲ။အလုပ့်က လူကိုသင်တဲ့အချိန်က အတိုင်းအတာ တစ်ခုထိ ဖြစ်နေနိုင်ပါတယ်။ကျွန်တော်တို့ အာရုဏ်စူးစိုက်စွာ အလုပ့်ကိုသင်မည်ဆိုလျှင် စောစောက အတိုင်းအတာ တစ်ခုထက်စောပြီးကျွန်တော်တို့ အလုပ့်ရဲ့သဘောတရားကို နားလည်ပြီး ကျွမ်းကျင်လုပ့်သား ဖြစ်ဖို့သေချာပါလိမ့်မယ်။
ဥပမာ။ ။ဆိုက္ကား နင်းတဲ့ ဆိုက္ကားဆရာတစ်ဦးဟာ ခရီးသည်ရဲ့လိုရာခရီးကို လိုက်ပို့တယ်ဆိုပါစို့။ဒီလမ်းကို ငါရောက်ပါများရင် ဒီ လမ်းဟာ လမ်းအမည်ကဘာ၊ ဘယ်နေရာမှာ အကွေ့၊ ဘယ်နေရာမှာ လမ်းမကောင်းဘူး စသည်တို့ကို ရောက်ပါများရင် မှတ်မိနိုင်တယ်လို့တွေးနေမည့်အစား၊တစ်ခေါက်ထဲနဲ့ သေချာမှတ်ထားနိုင်ခဲ့ရင် အဲဆိုက္ကားဆရာအတွက် ပိုအကျိုးရှိပါလိမ့်မယ်။ဒါမှမဟုတ်ရင်
ဆိုက္ကားငှါးတဲ့ ခရီးသည်က လမ်းကို
ငှါးတိုင်း ပြောပြနေရမည်ဆိုရင် အဲဆိုက္ကားဆရာအတွက် များစွာ အကျိုးယုတ်မာသေချာပါတယ်။
Steemit က မိတ်ဆွေများခင်ဗျာ...
ကျွန်တော်တို့ကို အလုပ့်က သင်မည့်အစား အလုပ့်ကို ကျွန်တော်တို့က လေ့လာ သင်ကြရင်ပိုကောင်းမယ်ထင်မိပါတယ်......
(အညတရ အတွေးပါခင်ဗျာ၊ မှားတာရှိရင် အမှန်ကို ထောက်ပြလမ်းညွန်ပေးကြပါ)
photo credit : google image
Right bro!
ဟုတ်ကဲ့ဖတ်ပေးတာ ကျေးဇူးပါခင်ဗျာ...