ကလေးငယ်ရဲ့အာရုဏ်ကြောထဲမှာ သူမြတ်နိုး game တွေ အစားထိုးသွားရှာပြီ
Steemit က မိတ်ဆွေများအားလုံး မင်္ဂလာညနေခင်းလေးပါခင်ဗျာ....
လွန်ခဲ့တဲ့ ၈ရက် ကျော်ကျော်က ကျွန်တော် ပတ်ဝန်းကျင်က ဖြစ်ရပ့်မှန် တစ်ခုကို မိတ်ဆွေ တို့ကို ပြန်လည်မျှဝေချင်ပါတယ်ခင်ဗျာ....
အဖြစ်က ဒီလိုပါ ၃ နှစ်နဲ့ ၉ လသားလေးက အာရုဏ်ကြော မှာ သူနှစ်သက်တဲ့ games ရဲ့ ပုံရိပ့်တွေ အစား ထိုးခံလိုက်ရတဲ့ ၀မ်းနည်းစရာ အဖြစ်တစ်ခုပါ။ ကလေးက အရမ်းငယ်တယ်။ပြီးတော့ အငယ်ဆုံးကလေးဖြစ်တဲ့အတွက်ကြောင့် မိဘတွေက အရမ်းအလိုလိုက်ခဲ့ကြတယ်။ ဘယ်လောက်ထိ အလို လိုက်သလည်း ဆိုရင် ထမင်းစားချိန်တောင် သေချာ ချော့မော့ပြီး ကျွေးခဲ့ကြရတယ်။အချိန်ပြည့် ဖုန်းနဲ့မခွာ တမ်းကို game ဆော့နေတာပါပဲ။ကလေးက ငယ်ငယ်ထဲက ချူချာတဲ့အတွက်ကြောင့် ကလေးမိဘတွေက ကလေးစိတ်ဆင်းရဲမှာ ကြောက်လို့ မဆူရက၊်မပြောရက် ကလေးစိတ်ချမ်းသာရင်ပြီးရော ဆိုပြီး လွှတ်ထားခဲ့ကြတယ်။ အဲဒီကလေးနဲ့ ကျွန်တော် နဲ့လည်း ခင်ခဲ့ပါတယ်။သူမိဘ တွေနဲ့ကလည်း မောင်နှ မ တွေလို နေခဲ့ကြတာ။2.1.2018 ည ၉ နာရီလောက်မှာ ကျွန်တော့ သူဌေးဆီ ဖုန်းထိုးလာတယ်။ ကလေး မူးပြီး မေ့လဲသွားလို့ ဆေးခန်းသွားပြဖို့ လှမ်းခေါ်တာပါ။ ကျွန်တော့သူဌေး က မျက်လုံးသိပ့်မကောင်းလို့ ညဘက်ကားမောင်းဖ်ု့အဆင်မပြေဘူး။ ဒါကြောင့် ကျွန်တော့် ကို လာနိုးပြီး သူတို့အိမ်ကို အားချင်းပဲ ကားမောင်းပြီး ထွက်သွားခဲ့ကြတယ်။ ဟိုရောက်တော့ ကလေးက သတိပြန်မရသေးဘူး။ဒါနဲ့ အားလုံး ကားနဲ့ ဆေးခန်းသွားကြတယ်။ ဟိုရောက်တော့ ဆေးခန်းက ဆေးရုံကို တန်းလွှဲတယ် ။ သူတို့စီစဉ်ပေးတဲ့ အရေးပေါ်ကားနဲ့ ကလေးရယ် ၊ ကလေးမိဘ တွေရယ် လိုက်သွားပြီး၊ ကျွန်တော်ရယ် ကျွန်တော့ သူဌေးရယ် ကလေး အကို နှစ်ယောက်ရယ်က အိမ်က ကားနဲ့ ဆေးရုံကို လိုက်သွားကြတယ်၊၊ အားလုံးဆေးရုံရောက်တော့ ၁၀ နာရီထိုးဖို့ ၄ မိနစ်ပဲ လိုတော့တယ် ။ကျွန်တော်လည်း မနက် အလုပ့်စောစော ဆင်းရမှာမို့ သူတို့ ကားပေါ်က ဆင်းပြီးပြီးချင်း အိမ်ပြန်လာလိုက်တယ်။ကျွန်တော့် သူဌေးက ဆေးရုံမှာ ကျန်ခဲ့တယ်။
ဒီလို နဲ့ပဲ ကလေး ဆေးရုံရောက်လို့ ၈ ရက်မြောက်နေ့မှာပဲ သူဌေး ကျွန်တော့ဆီကို ဖုန်းထိုးလာတယ် ။
ဆေးရုံဆင်းလို့ ရပြီးမို့ လာခေါ်ရန် ဖြစ်တယ် ။ ဒါနဲ့ပဲ ကျွန်တော် လည်း ကား မောင်းပြီ ဆေးရုံကို သွားခေါ်ဖို့ ထွက်လာတယ်။ဆေးရုံရောက်လို့ ကျွန်တော် ကားပေါ်က ဆင်း ကလေး လူနာ ခန်း ဆီလျှောက်လာရင်း ကလေး အသံကြားလိုက်ရတယ်။
" spiderman ကွာ ချချ ချဟ ပြန်ထိုး ထိုးထိုး........" စသည့် game ထဲက အသံတွေပဲ ဖြစ်တယ်။
ကျွန်တော့ စိတ်အထင် ကလေးသက်သာပြီး game ဆော့နေတယ်ပဲ ထင်ခဲ့မိတယ်.....။
ဒါပေမဲ့ ကျွန်တော့ အထင် မှားခဲ့ပါတယ်။
ကျွန်တော် တံခါးဖွင့်ပြီး ၀င်သွားတော့။ ကလေးက နံရံကို ကြည့်ပြီး အော်နေတာကို မြင်လိုက်ရတယ် ။ကလေး အမေက လည်း မျက်ရည်တွေ စီးကျပြီး ငိုနေတယ်။ ကလေး ကုတင်ပေါ်လက်ထောက်ပြီး ညီလေး သက်သာလားလို့ မေးလိုက်တော့ ကျွန်တော် ကို တစ်ခါမှ မမြင်ဖူးတဲ့ မျက်နှာကြီးနဲ့ ကြည့် ပြီး " ဘာလာလုပ့်တာလည်း" လို့ မေးတယ်။ ကျွန်တော်လည်း ညီလေး တို့ကို လာခေါ်တာလေ လို့ ပြန်ဖြေလိုက်တယ်။ကလေး အမေ ဘက် လှည့်ကြည့် ပြီး အမ ဘာလို့ငိုနေတာလည်း မေးတော့။ ပြန်မဖြေနိုင်ဘူး။ရင်ထဲစို့ပြီး စကားတွေထွက် မလာပဲ ပါးစပ့်ဟ ပြီး ပြန်စိသွားတယ် ။ ဒါနဲ့ ကျွန်တော့ သူဌေး ကို မျက်စာ ပြစ်ပြီးမေးတော့ ကျွန်တော့ကိုအပြင် ခေါ်ထုတ်သွားပြီး
" ကလေးက ဘာမှမမှတ်မိတော့ဘူး ၊ ဘာမှလည်းမေးမရတော့ဘူး ၊တစ်ယောက်ထဲစကားတွေပြောနေတယ်၊ ပြီးတော့ game ဆော့သလို လက်ဟန်ခြေဟန်တွေနဲ့ ကစားနေတယ်" ကျွန်တော့် သူဌေး က ပြောတယ် ။
ဒါနဲ့ ကျွန်တော်လည်း အခန်းထဲ ပြန်ဝင်ပြီး ကလေးကို မေးတယ်...
" ညီလေး အကိုကို သိတယ်မလားမေးတော့.....
စူးစူးရဲရဲ ကြီးကြည့်ပြီး
" မသိဘူး အကိုက ဘယ်သူလည်း ၊ ဘာလာလုပ့်တာလည်း၊ ပြီးတော့ ဒီအခန်းထဲမှာ လူတွေအများကြီးပဲ၊ သူတို့က ဘာလုပ့်ကြတာလည်းလို့ ဆရာဝန်တွေကို လက်ညိုးထိုးပြီး..လို့ ပြန်မေးတယ်။
ဒါက ညီလေးအမေလေ ၊ ဒါက ညီလေးအဒေါ် လို့ ပြီး တစ်ယောက်ချင်းစီ ပြပြန်တော့လည်း သူစိမ်းတွေကို မြင်နေရသလို မျက်လုံးကြီးနဲ့ ကြည့်ပြီး "သူက အမေ ဟုတ်လား"
အမေ အမေ အမေ ဆိုပြီး ခေါင်းကို ဘယ်ညာ ရမ်းပြီး အဆက်မပျက်ပြောနေတယ်။ပြီးတော့ လက်နှစ်ဖက်က ကျွန်တော်တို့ game ဆော့ရင် ဖုန်းမှာ လက်ထားတဲ့ ပုံစံလုပ့်ပြီး ဂိမ်းဆော့နေတဲ့ အမူအရာတွေနဲ့ ဆက်ကစားနေတယ်။
ကလေး အမေ ရင်ကွဲမတက်ပါပဲဗျာ။ကျွန်တော်လည်း ဘယ်လိုမှ မျက်ရည်မဆယ်နိုင်ခဲ့ပါဘူး။ဘယ်သူ ဆို ဘ်ာသူကိုမှ မမှတ်မိတော့ပဲ game သာ မှတ်မိပြီး ။ ကလေးရဲ့ အာရုဏ်ကြောထဲမှာ သူမြတ်နိုးတဲ့ games တွေ လွှမ်းမိုးနေတာဟာ နမူနာယူစရာ ၊ရင်နာစရာ ၊၀မ်းနည်းစရာ ကောင်းလွန်းလှတဲ့ ဖြစ်ရပ့်တစ်ခုပါဗျာ......
သူတို့အိမ်ပြန်ပို့အပြီး ကျွန်တော် နဲ့ သူဌေး အိမ်ပြန်လမ်းမှာတော့ ကလေးရဲ့ စူးစူးရှရှ မျက်လုံးကြီးတွေ ၊ မည်သူကိုမှ မမှတ်မိတော့ပဲ လိုက်မေးနေတဲ့ အသံတွေက နားထဲမှာ အထပ့်ထပ့် ကြားမြင်နေမိတယ်......
Mobile smart phone တွေ ပေါ်လာတာ ကျွန်တော် တို့အတွက်
အသုံးချတက်ရင် အကျိုးကျေးဇူးအများကြီးရှိပါတယ်။
အချိန်ရယ် ၊အခါရယ် ၊ စည်းနှင့်ကမ်းနှင့် အသုံးပြုပါမှသာလျှင် mobile smart phone ရဲ့ အကျိုးကျေးဇူးကို ကောင်းမွန်စွာ ခံစားသိရှိ နားလည်ကြရမှာပါ........။
မိမိ ရဲ့ ချစ်လှစွာသော ရင်သွေးငယ်ကိုလည်း ချစ်သည်ဆိုလျှင် smart phone အသုံးပြုခြင်းကို စည်းကမ်း နှင့် အသုံးပြုတက်ရန် ပြောပြ သင်ကြားပေးထားပါခင်ဗျာ.....
ဝိုးအရေးအသားကရှယ်ပါ့လား
ဟုတ်အကို ကျေးဇူးပါ
ညက ကျွန်တော် နဲ့ ခင်တဲ့ ညီငယ် တစ်ယောက် ရဲ့ ဖြစ်ရပ် မှန်လေးပါ