ရိုဟင်ဂျာလူမျိုးတုအကြောင်း ပညာရှင်တို့ပြောသမျှ (၁)
“ကျွန်တော်တို့မြန်မာနိုင်ငံဟာ ဗြိတိသျှအင်္ဂလိပ်နယ်ချဲ့ရဲ့
တရားမ၀င်ကျူးကျော်စစ် သုံးကြိမ်နဲ့ ကျွန်ဖြစ်တယ်။
၁၈၂၄ ခုနှစ်၊ မေလ (၅)ရက်နေ့မှာ အင်္ဂလိပ်တွေ
ပထမဦးဆုံးစစ်ကြေညာတယ်။ ၁၈၂၆ ခုနှစ်၊
ဖေဖော်ဝါရီလ (၂၄)ရက်နေ့မှာ ရန္တာပိုစာချုပ်ကို
လက်မှတ်ထိုးတယ်။ အချက်ပေါင်း (၁၁)ချက်ပါတယ်။
တတိယအချက်မှာ ရခိုင်ကို ပေးလိုက်ရတယ်။ စတုတ္ထ
အချက်မှာ တနင်္သာရီကိုပေးလိုက်ရတယ်။
အဲ့ဒီအချိန်ကနေ စပြီးတော့ရခိုင်ဟာ အင်္ဂလိပ်လက်ေ အာက်ကို
ကျရောက်တယ်။ ဒုတိယစစ်ပွဲဖြစ်တယ်။ ၁၈၅၂ ခုနှစ်၊ ဧပြီလ
(၅)ရက်နေ့မှာဖြစ်တာပေါ့။ စစ်ကြေညာခြင်းလည်းမရှိဘဲနဲ့၊
ပြောရမယ်ဆိုရင် အောက်တန်းကျစွာပေါ့လေ ဘာမှမကြေ
ညာဘဲနဲ့ အလစ်အငိုက်ဝင်ပြီးတော့ ရန်ကုန်တို့၊ မုတ္တမတို့၊
ပုသိမ်တို့ကို ၀င်တိုက်ပြီးတော့ စစ်ပွဲကြီးစတယ်။
၁၈၅၂ ခုနှစ်၊ ဒီဇင်ဘာလ (၂၀)ရက်နေ့မှာ စစ်ရပ်ဆဲတယ်။
စစ်ပြေငြိမ်းစာချုပ် လက်မှတ်ရေးထိုးခြင်းလည်း မရှိဘဲနဲ့
မြေထဲပေါ့၊ ဟိုဘက်ဆိုရင် ဖိုခေါင်းတောင်၊ ဒီဘက်ဆိုရင်လည်း
ကရင်နီနယ်စပ်၊ ကယားနယ်စပ်ထိ မြန်မာနိုင်ငံအလယ်ပိုင်း
ပေးလိုက်ရတယ်။ ၁၈၈၅ ခုနှစ်မှာတော့ တတိယအကြိမ်
အင်္ဂလိပ်-မြန်မာ စစ်ပွဲဖြစ်တယ်။ နိုဝင်ဘာလ (၂၈)ရက်နေ့မှာ
မန္တလေးကို အင်္ဂလိပ်တပ်တွေ ခြေချတယ်။ (၂၉)ရက်နေ့မှာ
ပါတော်မူတယ်။ ၁၈၈၆ ခုနှစ်၊ ဇန်န၀ါရီလ (၁)ရက်နေ့မှာ
မြန်မာနိုင်ငံကို ဗစ်တိုးရီးယားဘုရင်မကြီးအတွက် လက်ဆောင်
အဖြစ်၊ သူတို့လက်အောက်ကို လုံးဝကျရောက်ပါပြီဆိုတဲ့
ကြေညာချက်ထွက်ပြီး ကျွန်တော်တို့ ကျွန်လုံးလုံးဖြစ်တယ်။
ဆိုတော့ ရခိုင်နဲ့ တနင်္သာရီသည် ကျွန်သက် (၁၂၂)နှစ်ရှိတယ်။
ပဲခူးတိုင်းလို့ခေါ်တဲ့ မြေထဲရဲ့အောက်ဘက်သည် (၉၆)နှစ်ရှိတယ်။
မန္တလေးအပါအ၀င် အထက်မြန်မာပြည်သည် (၆၃)နှစ်ရှိတယ်။
ဒါတွေ ကျွန်တော်ပြောနေရခြင်းက သူ့ကျွန်ဘ၀ တာရှည်ခဲ့ရခြင်း
အကျိုးဆက်တွေ ဒီနေ့အထိ လာပြီးရိုက်ခတ်တယ်။ ဒီနေ့ကျွန်တော်တို့
ကြုံတွေ့ရင်ဆိုင်နေရတဲ့၊ ကိုယ့်ရဲ့အမျိုးကိုထိန်းသိမ်းစောင့်ရှောက်ဖို့
ဆိုတာ ရခိုင်တမျိုးတည်းမဟုတ်တော့ဘူး။ ကျွန်တော့်အမြင်ပေါ့။
ကျွန်တော်တို့အားလုံး ထိန်းသိမ်းစောင့်ရှောက်ဖို့လိုနေပြီဆိုတဲ့
အခြေအနေဖြစ်နေတယ်။
ဥပမာ အကြမ်းဖျင်းတစ်ခုပြောရရင် မြန်မာနိုင်ငံမှာ အခု
ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းတွေ၊ လူ့အခွင့်အရေးတို့၊
လူ့အခွင့်အရေးကော်မရှင်တို့ အစရှိတာတွေနဲ့ ဒါတွေကို ကျော
ထောက်နောက်ခံပြုပြီးတော့ သမိုင်းလိမ်နေတဲ့၊ ကျွန်တော်တို့
မြန်မာနိုင်ငံကို ထိုးနှက်နေတဲ့ ဒီလူမျိုးခြားတွေနဲ့ပက်သက်နေတဲ့
အကြောင်းကိုပြောရရင် အင်္ဂလိပ်နယ်ချဲ့စတင်ဝင်ရောက်လာတဲ့၊
ရန္တာပိုစာချုပ်ချုပ်ပြီး ရခိုင်ကို စတင်သိမ်းခဲ့တဲ့ ၁၈၂၆ ခုနှစ်မှာ
အဲ့ဒီလူဦးရေ(ဘင်္ဂလီ) ၃၀၀၀၀ ပဲရှိတယ်။ ဒါပေမယ့် ၁၉၃၀ လဲ
ကျရော (၂၁၂၈၀၀) ဖြစ်သွားတယ်။ အဲ့ဒီကနေပြီးတော့ အဆင့်ဆင့်
တိုးတက်လာခဲ့တာဟာ ခုထက်ထိဖြစ်တယ်။
ဒါ တကယ်တမ်းပြောရရင်တော့ ကိုလိုနီခေတ်ဦးတုန်းက လွယ်လွယ်
ကူကူနဲ့၊ ဈေးပေါပေါနဲ့ ရတဲ့အတွက် မြန်မာနိုင်ငံမှာပေါများတဲ့ လယ်
မြေတွေကိုလုပ်ဖို့အတွက် အဲ့ဒီလူတွေကို လယ်ကူလီလုပ်ဖို့အတွက်
ခေါ်လာတယ်။ ခေါ်လာရာကနေပြီးတော့ ရာသီနေတယ်၊ ပြီးရင်
ပြန်သွားတယ်။ နောက်တော့အနေအစားချောင်တဲ့အခါကျတော့
အဲ့ဒီအချိန်မှာ မှတ်ပုံတင်လဲမရှိ၊ လ၀ကလည်းမရှိဆိုတော့
ဝင်ချင်သလိုဝင် ထွက်ချင်သလိုထွက်နဲ့ တဖြည်းဖြည်းကြီးမား
ကျယ်ပြန့်လာခြင်းဖြစ်တယ်။
နောက်ပြီးတော့ ၁၉၂၈ ခုနှစ်မှာ ဆိုင်မွန်ကော်မရှင်ကနေပြီးတော့
မြန်မာနိုင်ငံကို ခွဲထုတ်ဖို့ကြိုးပမ်းတဲ့ အစီအစဉ်ကနေနောက်ပိုင်းမှာ
သူတို့က ပိုပြီးတော့ နယ်မြေဖဲ့ထုတ်ဖို့၊ သူတို့ပိုင်နယ်မြေအဖြစ်
သတ်မှတ်ပြီးတော့ မြန်မာနိုင်ငံအတွင်းမှာမထားဘဲနဲ့ အိန္ဒိယနိုင်ငံ
လက်အောက်ခံအဖြစ်ထားပါလို့ တောင်းဆိုတဲ့အထိ တစ်နည်း
အားဖြင့် ကျွန်တော်တို့မြေပုံကို ဖဲ့ထုတ်ဖို့ ကြံတဲ့အထိ သူတို့စပြီး
ကြံလာတာပေါ့။
ခေတ်အဆက်ဆက် သူတို့ကခေါင်းထောင်လာတယ်။ ပြောရရင်
၁၉၄၈ ခုနှစ်အထိ ဒီ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းမရှိဘူး။ တိတိ
ကျကျပြောရလို့ရှိရင် ၁၉၅၁ ခုနှစ်ကျမှ မောင်တော အလယ်သံ
ကျော်ရွာမှာ ပြုလုပ်တဲ့အစည်းအဝေးမှာ သူတို့တောင်းဆိုတဲ့
အခွင့်အရေး မရတော့မှ အဒူဂါဖာကနေပြီးတော့ စတင်သုံးစွဲ
ခဲ့တယ်လို့ ကျွန်တော်လေ့လာသိရှိရပါတယ်။
၂၀၀၉ ခုနှစ်မှာတော့ ရိုဟင်ဂျာပြဿနာ အတော်လေးခေါင်းထောင်
လာပါတယ်။ ၂၀၀၉ ခုနှစ်၊ ဇန်န၀ါရီလ (၂၉)ရက်နေ့ နေ့စွဲနဲ့ နေပြည်
တော်က သတင်းတစ်ရပ်မှာ မြန်မာနိုင်ငံတိုင်းရင်းသားလူမျိုးစုများတွင်
ရိုဟင်ဂျာလူမျိုးဟူ၍ မရှိ။ ထိုင်းနိုင်ငံသို့ ပင်လယ်ရေကြောင်းမှ တရား
မ၀င် ၀င်ရောက်ရန် ကြိုးပမ်းခဲ့သည့် ရိုဟင်ဂျာဆိုသူများ၏ ကိစ္စနှင့်
ပက်သက်၍ သက်ဆိုင်ရာဌာနများက လိုအပ်သလိုဆက်လက်ဆောင်
ရွက်သွားမည်ဟု သိရှိရ ... ဆိုပြီးတော့ သတင်းပါလာတယ်။ အဲ့ဒီ
အချိန်မှာ ရိုဟင်ဂျာ စလှုပ်လာတယ်။ တော်တော်လှုပ်တယ်ပေါ့။
အဲ့ဒီတော့ ကျွန်တော်တို့က ဘာလုပ်ရလည်းဆိုတော့ အဲ့ဒီအချိန်
တုန်းက ကျွန်တော်တို့ဝန်ကြီးက အခု အမျိုးသားလွှတ်တော်ဥက္ကဌ
ဦးခင်အောင်မြင့်၊ အဲ့ဒီတုန်းကတော့ ဗိုလ်ချုပ်ခင်အောင်မြင့်ပေါ့။
အဲ့ဒီတုန်းက သမိုင်းသုတေသန ညွှန်ချုပ်က ဆရာကြီးဒေါက်တာ
ခင်မောင်ညွန့်ရဲ့တပည့် ဒေါက်တာဘမောင်၊ အခုတော့ သူက
ကံကောင်းတော့ ချင်းရေးရာဝန်ကြီး သွားဖြစ်နေတယ်။
အဲ့ဒီတော့ ဒေါက်တာဘမောင်နဲ့ ကျွန်တော်တို့ကို ၀န်ကြီးက
တစ်နေ့သောအခါ ရိုဟင်ဂျာသမိုင်းစာတမ်း ခင်ဗျားတို့ရေးဆို
ပြီးတော့ အချုပ်ပြောရရင်တော့ အခု ဒီပွဲမှာပါနေတဲ့ ဟိုမှာ
ဆရာဦးသိန်းလှိုင်၊ ဦးကျော်ငြိမ်းတို့ ရှိပါတယ်။ ဦးကျော်ငြိမ်း
ကတော့ အဲ့ဒီအချိန်မှာ မြန်မာ့သမိုင်းအဖွဲ့ဝင် မဖြစ်သေးဘူး။
သူ ပင်စင်မယူသေးဘူး။ အဲ့ဒီတော့ ဒီလူတွေကနေ ရေးလိုက်တဲ့
အခါ အဲ့ဒီစာတမ်းကြီး အပ်တဲ့နေ့မှာပဲ ၀န်ကြီးကဖတ်ပြီးတော့
စာတမ်းကကောင်းတယ်၊ အချက်အလက်အားဖြင့်ပြောစရာမရှိဘူး။
ဒါပေမယ့် စာတမ်းက သုံးပိုင်းဖြစ်နေတယ်။ သုံးဖွဲ့ သုံးစုက
ရေးထားတဲ့အတွက် လေချင်းမဟက်မိဘူး။ အဲ့ဒီတော့ ခင်ဗျားပြင်
ဆိုပြီးတော့ အဲ့ဒီစာတမ်းကြီး ကျွန်တော့်ချပေးတယ်။
ဒီအချိန်မှာ မြန်မာနိုင်ငံမှာ စပြီးတော့ ရိုဟင်ဂျာခေါင်းထောင်လာတယ်။
သို့သော် ကျွန်တော်တို့အကြီးအကဲတွေ ရပ်တည်မှုကတော့ ရှင်းတယ်။
ဒါကို လက်လဲမခံဘူး။ ရှိလဲမရှိဘူးလို့ အပြတ်ငြင်းဆန်ခဲ့ကြပြီး၊ ရိုဟင်
ဂျာဆိုသည် တိုင်းရင်းသားမဟုတ်ကြောင်း၊ မြန်မာနိုင်ငံမှာ ဘယ်တုန်း
ကမှ မရှိတဲ့အကြောင်း၊ မြန်မာနိုင်ငံ ၁၃၅ မျိုးထဲမှာလည်း ဘယ်တုန်း
ကမှ မပါတဲ့အကြောင်း၊ ရခိုင်မျိုးနွယ်စုထဲမှာလည်း ဘယ်တုန်းကမှ
မပါတဲ့အကြောင်း ရှင်းရှင်းလင်းလင်းပြောကြားခဲ့ပြီး ဖြစ်ပါတယ်။”
ဦးစန်းဝင်း - (ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသန-
အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်
(ငြိမ်း)၊ မြန်မာနိုင်ငံကြေးခေတ်ကျွမ်းကျင်ပညာရှင်)
A Seminar on the Cultural History of Rakhine , 28.1.2016
ရိုဟင်ဂျာမရှိစေရ