လောကကြီးမှာ ပျော်ရွှင်စွာအသက်ရှင်ပါ

in #myanmar8 years ago

image
လူ့လောကထဲ ရောက်လာပြီဆိုကတည်းက
ကျွန်တော်တို့တွေဟာ ကိုယ့်ခြေထောက်ပေါ်ကို
ကိုယ်ရပ်နေရတာတွေချည်းပါပဲ။
မိမိကိုယ်ကို အားကိုးပါ သို့သော်
မိမိကိုယ်ကို အထင်မကြီးမိပါစေနဲ့။
မိမိကိုယ်ကို အထင်ကြီးချင်းဟာ တစ်ချိန်ချိန်
သင့်ကို ဒုက္ခလှလှတွေ့စေနိုင်ပါတယ်။
လောကဒဏ်ရဲ့ ရိုက်နက်မှုကို ကြံ့ကြံ့ခံနိုင်အောင်ကြိုးစားပါ။
အခက်အခဲရှိရင် ကျော်လွှားနိုင်ဖို့နည်းလမ်းရှာပါ။
အနောက်လှည့်ပြေးဖို့ မစဉ်းစားပါနဲ့။
ကျွန်တော်တို့တွေ ငယ်ရွယ်တုံး ရွေးချယ်လို့ရတဲ့
လမ်းတွေတွေ အများကြီးရှိနေပါသေးတယ်။

မိမိကို မကူညီရကောင်းလားဆိုပြီး
သူတစ်ပါးကို စိတ်မဆိုးပါနဲ့။
မိမိအပေါ် စေတနာမထားလို့ဆိုပြီး
သူတစ်ပါးကို အပြစ် မတင်လိုက်ပါနဲ့။
လူရယ်လို့ ဖြစ်လာပြီဆိုရင် ဘယ်သူမှ
ပြီးပြည့်စုံတယ်ဆိုတာမရှိပါဘူး။
ပျော်ရွှင်မှုဆိုတာလဲ ရာနှုန်းပြည့်မရှိနိုင်ပါဘူး။
အဲ့ဒီတော့ မိမိကိုယ်ကိုယ်သာ ပျော်ရွှင်ပြီး
သာယာတဲ့ ဘဝတစ်ခုကို တည်ဆောက်ပါ။
အပြင် လောကကြီးမှာ ဘာတွေပဲဖြစ်ပျက်နေပါစေ
လိုက်ကြည့်နေပြီး အားငယ်မနေပါနဲ့
အဲ့ဒီရိုက်ခတ်မှုကြောင့် မိမိရဲ့ ရင်ထဲက
သာယာတဲ့ ဘဝကို အပျက်စီးမခံလိုက်ပါနဲ့။
ပျော်ရွှင်စရာဖြစ်ဖြစ် ဝမ်းနည်းစရာဖြစ်ဖြစ်
မိမိခံစားနေရချိန်မှာ မိမိ မဟုတ်တဲ့
အပြင်လောက က လူတွေက လိုက်ခံစားပေးမှာမဟုတ်ပါဘူး
မိမိကိုယ်တိုင်ပဲ ခံစားနေရမှာပါ။
image
ခြေထောက်ပေါ် ကျောက်ခဲပြုတ်ကျတဲ့ နာကျင်မှုကို
အခြားသူတွေ မသိနိုင်ပါဘူး။
ခံရတဲ့သူကသာ အဲ့ဒီနာကျင်မှုကို သိမှာပါ။
လူ့ဘဝမှာ ကျွန်တော်တို့အားလုံးက
တစ်ယောက်တည်းသမားများသာဖြစ်ကြပါတယ်။
သင်တကယ် ဒုက္ခရောက်နေချိန် သင့်ကိုကူညီနိုင်တာ
သင်ကိုယ်တိုင်ကပဲ ထိပ်ဆုံးကနေရှိနေမှာပါ။

မနေ့တုံးကဖြစ်ခဲ့တာက ပြီးသွားပြီးပြီ
နက်ဖြန် ဘာဖြစ်မလဲဆိုတာ သင်မသိနိုင်ပါဘူး။
ဘယ်ကနေလာလဲ ၊နောက်ဆုံးဘယ်မှာအဆုံးသတ်ရမလဲဆိုတာ
မိမိကိုယ်ကို သိထားရင် ပျော်ရွှင်မှုအတွက် တွေဝေမနေပါနဲ့။
မိမိ အသက်ရှင်နေတုံး လောကကြီးမှာ ပျော်ပျော်ရွှင်ရွှင်နေလိုက်ပါ။

ရေးသားသူ Kyaw Kyaw Naing

Sort:  

ဟုတ် အစ်မ ကျေးဇူးပါ
ညနေပိုင်းကျရင်
Vote Back ပြန်ပေးပါမယ်အစ်မ

မှန်တယ်ဗျာခနတာရတဲ့ဘ၀မှာပျော်ပျော်နေကြပါဗျာ

Coin Marketplace

STEEM 0.14
TRX 0.24
JST 0.031
BTC 84111.46
ETH 1970.59
USDT 1.00
SBD 0.77