One of the ancient city in myanmar ( Myouk Oo )

in #myanmar7 years ago (edited)

သျှစ်​​သောင်းပုထိုး​တော်​မှ ဘီလူးရုပ်​တုများ

image
image

ဤပုထိုး​တော်​အတွင်း အံ့မခန်းရုပ်​စုံပြတိုက်​ဖြစ်​​အောင်​ ပန်းတ​မော့ပညာရှင်​တို့သည်​ ရုပ်​လုံးရုပ်​ကြွတို့ကို ရရှိဖန်​တီးရမည့်​ နေရာအကျယ်​အဝန်းအတွင်း၌ အ​ကြောင်းအရာ ဇာတ်​ကွက်​စုံတို့ကို အပိုအလိုမရှိ ဖန်​တီးနိုင်​ခဲ့သည်​ကို​တွေ့ရသလို ၂ ​ပေအကျယ်​ရှိ ရုပ်​လုံးရုပ်​ကြွတို့သည်​ အ​ကြောင်းအရာကို တစ်​ချက်​တည်းဖြင့်​ ထိထိမိမိ​ဖော်​ကျူးသိရှိနိုင်​သည်​ကိုတွေ့ရသည်​ ထုဆစ်​ဖို့လိုအပ်​​သော သဲ​ကျောက်​များကို ရခိုင်​ပြည်​နယ်​ ​ပေါက်​​တောမြို့နယ်​မှ ​ရေလမ်းခရီးဖြင့်​သယ်​​ဆောင်​လာပြီး ထို​ကျောက်​များကို ထုဆစ်​ရာ၌ ကျွဲနို့ဖြင့်​စိမ်​ပြီး လိုရာပုံသွင်း ထုဆစ်​ခဲ့ကြ​ကြောင်းသိရှိရပါသည်​၊

ဘီလူးရုပ်​တုတို့သည်​ သျှစ်​​သောင်းပုထိုး​တော်​ အပြင်​ဘက်​ပတ်​လမ်းရှိ အရံ​စေတီငယ်​တို့ကြားတွင်​လည်း​ကောင်း အတွင်းဘက်​ရှိ စတုတ္တလိုဏ်​ဂူတွင်​လည်း​ကောင်း ဘီလူးရုပ်​တုများကို အ​စောင့်​အ​ရှောက်​အ​နေဖြင့်​ ထုဆစ်​ထားမှု ဇာတ်​​တော်​များတွင်​ပါဝင်​မှု ဟန်​မူရာစုံဖြင့်​ ​တွေ့ရှိရပါသည်​၊

ဘီလူးသည်​ ပါဠိဘာသာ ဘိရုမှဆင်းသက်​လာသည်​ ယက္ခ၊ရက္ခသ၊ကုမ္ဘဏ္ဍ၊ရုတဟုလည်း​ကောင်း​ ပါဠိဘာသာဖြင့်​ အမည်​ကွဲများ​တွေ့ရှိရပါသည်​၊ဘီလူးဟုဆိုလိုက်​လျှင်​ ကြမ်းတမ်းခက်​ထန်​​သော ရုပ်​ဆင်းဟု သိရှိနားလည်​ထားကြသလို ​ကြောက်​မက်​ဖွယ်​​ကောင်း​အောင်​ အချိုးမကျစွာ ​ခေါင်းကြီးကိုယ်​​သေး ဒိုင်းနှင့်​ သန်​လျက်​ တင်းပုတ်​ ကြာပန်းတို့ကို ကိုင်​​ဆောင်​ထားပြီး အသွင်​အမျိုးမျိုးဖြင့်​​တွေ့ရှိရပါသည်​၊ မုတ်​ဆိတ်​​မွေး မျက်​တက်​ ပါးစပ်​တက်​ မုတ်​ဆိတ်​တက်​တို့ပါဝင်​ထုဆစ်​ထားတာ​တွေ့ရပြီး ​ခြေ​ထောက်​ကို တပလ္လင်​​ခွေအ​နေထား ​ဆောင့်​​ကြောင့်​ထိုင်​အ​နေထား ​ခြေတစ်​ဘက်​အ​ပေါ်တင်​ တစ်​ဖက်​ချ ​နောက်​လှည့်​​ပြောင်းပြန်​အ​နေထားများစွာကို ​တွေ့ရှိရသည်​၊ မျက်​နှာပုံသဏ္ဍန်​ကို အတည့်​ ဦး​မော့ ​အောက်​စိုက်​ ​ဘေးတိုက်​ စုံလင်​စွာဖြင့်​ မျက်​နှာ​ပေါက်​ဆင်​တူတာ​တွေ့ရှိရသည်​၊ ဦး​ခေါင်းတွင်​ ​ဗောင်း​ကို ဆောင်းထားပြီး (အဆိုပါ ​ဗောင်းမှာ မြန်​မာပြည်​ရှိ ဘီးလူးရုပ်​တု ​ဗောင်းများနှင့်​ ကွဲလွဲ​ကြောင်း​တွေ့ရသည်​) ဆံပင်​ပုံစံဖန်​တီးထားသည့်​ ကနုတ်​တို့မှာ တစ်​ခုနှင့်​တစ်​ခုကွဲပြားသည်​ အဝတ်​တန်​ဆာစုံလွင်​စွာမ​တွေ့ရပဲ ကိုယ်​လုံးတီးဖြင့်​ ခါးပုံစံသဖွယ်​ နံငယ်​ပိုင်းသာ အများစုဝတ်​ဆင်​ထားသည်​၊ဘီလူးရုပ်​တု အများဆုံး​တွေ့ရ​သော စတုတ္တလိုဏ်​ပတ်​လမ်း အ​နောက်​ဘက်​ခြမ်းရှိ ဘီလူးရုပ်​တုတစ်​ခုတွင်​ ​အောက်​ခံပလ္လင်​သဖွယ်​ ကနုတ်​များဖြင့်​တန်​ဆာဆင်​ထားပြီး ပုဆိုးဝတ်​ဆင်​ထားတာ​တွေ့ရှိရသလို သျှစ်​​သောင်းဘုရားဆင်းတု​တော်​သို့ အဝင်​ဝတွင်​ ဘီလူးရုပ်​တုပ်​ကို နတ်​ဝတ်​နတ်​စားကဲ့သို့ ​ဆေးခြယ်​ထားပြီး သံလျက်​ထမ်းလျှက်​ အ​စောင့်​အ​ရှောက်​သ​ဘော ထုဆစ်​ထားသည်​ကို​တွေ့ရှိရပါသည်​၊

ရခိုင်​ရှိ ဘီလူးရုပ်​တုများ၏ ထူးခြား​သော သွင်​ပြင်​မှာ ထင်​ရှားကြီးမား​သော စွယ်​သွားများပါရှိခြင်း ​ရှေ့သွား​လေး​ချောင်း​ဘေးဘက်​တွင်​ ကြီးမား​သော စွယ်​သွားများပါရှိသည်​၊

ဘီလူးရုပ်​တုယဉ်​​ကျေးမှုဟာ မြန်​မာနိုင်​ငံမှာ ​အေဒီ ၂ ရာစု​လောက်​မှာ ဗိသနိုးမြို့​ဟောင်းမှာ စ​တွေ့တယ်​​ပြောရမယ်​ ရခိုင်​မှာ ​အေဒီ ၅ ရာစုဟု ခန့်​မှန်းကြတဲ့ မဟာမုနိကုန်းမှရုပ်​တု​တွေမှာ ယက္ခ​သေနာပတိ စာထိုးပါတဲ့ဘီလူးရုပ်​ကို အ​စောဆုံး​တွေ့ရတယ်​၊

ဘီလူးဇာတ်​လမ်း​တွေကို ရာဇဝင်​​တွေ ဗုဒ္ဓဝင်​​တွေမှာ အများကြီး​တွေ့ရတယ်​ ရခိုင်​တွင်​ ဘီလူးဇာတ်​​တွေက အိန္ဒိယ ​ဝေသာလီပြည်​ ရာဇဝင်​​တွေနှင့်​​ရော​ထွေး​နေ၏ မြန်​မာနိုင်​ငံမှာ ​ပုဂံ​ခေတ်​ အ​နော်​ရထာမင်းလက်​ထက်​တိုင်​ ဗျတ္တသည်​ပုပ္ပါးအရပ်​တွင်​ ဘီလူးမနဲ့ညား၏ ​မွေးဖွားလာ​သော သားနှစ်​ဦးကို လူစပ်​ဘီလူး ဟုဆိုသည်​ ကုန်း​နေဘီလူး ​ရေ​နေဘီလူးဟုရာဇဝင်​​တွေမှာ​တွေ့ရသလို နတ်​ပြည်​၌​နေ​သောဘီလူး လူ့ပြည်​၌​နေ​သောဘီလူးဟူ၍​တွေ့ရပြန်​သည်​၊

image
image
image

တိုင်းပြည်​ မြို့ ရွာ နန်း​တော်​ သာသနိကအ​ဆောက်​ဦး​တွေမှာ ဘီလူးရုပ်​တုကို အ​စောင့်​အ​ရှောက်​အ​နေဖြင့်​ ထုလုပ်​ထားရှိကြခြင်းသည်​ ​ဇောတိကသူ​ဌေးဝထ္ထုမှလာ၏ သူ​ဌေး၏တံတိုင်း ၇ ထပ်​တွင်​ ပထမတံခါးမုခ်​၌ ​ကောဠိလနတ်​ဘီလူးအရန်​တစ်​​ထောင်​နှင့်​​စောင့်​၏ ဒုတိယတံခါးမုခ်​၌ ဥပ္ပလနတ်​ဘီလူးသည်​အရန်​သုံး​ထောင်​နှင့်​​စောင့်​၏ တတိယတံခါးမုခ်​၌ ဝဒီရနတ်​ဘီလူးသည်​အရန်​သုံး​ထောင်​နှင့်​​စောင့်​၏ စတုတ္ထတံခါးမုဒ်​၌ ဝဇီရဗာဟုနတ်​ဘီလူးသည်​အရန်​​ခြောက်​​ထောင်​နှင့်​​စောင့်​၏ ပဉ္စမတံခါးမုခ်​၌ ကုဋဌနတ်​ဘီလူးသည်​အရန်​​ခြောက်​​ထောင်​နှင့်​​စောင့်​၏ သတ္တမတံခါးမုခ်​၌ ဒီသာပါ​မောက္ခနတ်​ဘီလူးသည်​အရန်​ခုနှစ်​​​ထောင်​နှင့်​​စောင့်​၏ဟု မိမိ၏ နန်း​တော်​ ​အ​ဆောက်​ဦး အိုးအိမ်​များကိုကာကွယ်​ရန်​ ဘီလူးများကို အ​စောင့်​အ​ရှောက်​အ​နေ​ဖြင့်​ထားရှိခဲ့သည်​၊

ကိုးကား_
ဒေါက်​တာ​စောမြ​အောင်​သျှစ်​​သောင်းပု​ထိုး​တော်​ကြီးမှ ဘီလူး
မဇင်​​ဝေ​ဝေ
သျှစ်​​သောင်းပုထိုး​တော်​အတွင်းမှ ရုပ်​လုံးရုပ​လေ့လာချက

Photos_Credit : Google

Coin Marketplace

STEEM 0.29
TRX 0.25
JST 0.040
BTC 94026.61
ETH 3324.25
USDT 1.00
SBD 7.55