Beauty of Dawal Beach ( The most beautiful beach In Myanmar)

in #myanmar7 years ago (edited)

ရူးခါနေအောင်လှတဲ့ ကမ်းခြေများကို ပိုင်ဆိုင်ထားတဲ့ ထားဝယ်.. 💞👙🌞🌴🌴🌴

image
image

ဒီအရွယ်အထိ တစ်ခါမှ မရောက်ဘူးခဲ့တဲ့ တနင်္သာရီတိုင်းရဲ့ မြို့တော်ကို အရင်က သွားချင်စိတ်လဲ သိပ်မဖြစ်ခဲ့မိဘူးရယ်.. နိုင်ငံခြား travel blog တစ်ခုကနေ ထားဝယ်ရဲ့ ကမ်းခြေတွေကို တွေ့ပြီး ကိုယ့်မယ် မယုံသကာင်္နဲ့ ကိုယ့်ရဲ့ အသိတစ်ယောက်ကို လှမ်းမေးတော့ ဟုတ်တယ်. အဲ့ဒီ ကမ်းခြေတွေ ထားဝယ်မှာ ရှိတယ် လို့ပြန်ပြောတော့ တော်တော်လေးကို အံအားသင့်သွားတယ်.. ဒါနဲ့ မသွားခင် သူ့ဒေသရဲ့ မြေပုံ ကို ကြည့်တတ်တဲ့ ကိုယ့်အကျင့်အတိုင်း Google Maps ရဲ့ Satellite ကနေ ကမ်းခြေတွေရှိတဲ့နေရာတွေကို ကြည့်လိုက်တော့ ကိုယ့်မျက်စိတောင် ကိုယ်မယုံနိုင်တော့ဘူး… ဂြိုလ်ထုကနေ လှမ်းရိုက်ထားတဲ့ ကမ်းခြေတွေကို မြင်ရတောင် ကမ်းခြေသဲတွေက ဖြူဖွေးနေပြီး ရေတွေက ပြာလဲ့နေတာ .. အပြင်မှာဆိုဘယ်လောက်များလှနေမှာလဲ တွေးမိတယ်.. ပြီးတော့ ကမ်းခြေတစ်ခုထဲ လဲမဟုတ်ပဲ.. အများကြီးတွေ့လိုက်ရတော့ သွားချင်စိတ်တွေထိန်းလို့ကို မရတော့တာပဲ..

ထားဝယ်သို့.. 🚍🚍🚍
ဟိုးအရင်ကဆို တနသာင်္ရီတိုင်းကို ကားနဲ့သွားဖို့ဆိုတာ လုံးဝမဖြစ်နိုင်တဲ့ကိစ္စပဲ..လမ်းတွေက မကောင်းတဲ့အပြင် လုံခြုံရေးလဲစိတ်မချရတော့ ကားခရီးထက်ကို လေယာဉ်တွေ ..သဘောင်္တွေကိုပဲရွေးချယ်ကြရတယ်.. ဒါကြောင့်လဲ တနသာင်္ရီတိုင်း ရဲ့အလှတရားတွေဟာ လူတွေ သတိမပြုမိပဲတိမ်မြုပ်နေခဲ့တာပေါ့.. မေဇွန်ထားဝယ်ကို ကားနဲ့သွားခဲ့တာ .. လူတိုင်းကပြောတယ်. ဒီလောက်အဝေးကြီးကို ဘာလို့ကားနဲ့သွားတာလဲတဲ့.. ညနေ ၆ နာရီထွက်ပြီး မနက် ၆နာရီဆိုရောက်ဆိုတော့ မဝေးပါဘူး.လမ်းတွေကလဲကောင်းမှကောင်းပဲ.. ရေးကနေ မလွယ်တောင် နားလောက်ပဲ နည်းနည်းဆိုးတယ်ပြေတယ်.. ကိုယ်ကတော့ ကားပေါ်မှာ အိပ်ပျော်နေလို့ ဆိုးမှန်းတောင်မသိဘူးရယ်.. ခုဆို VIP (23500 ကျပ် ) ကားတွေလဲရှိနေပြီဆိုတော့ သက်တောင့်သက်သာလေးရယ်.. ရိုးရိုးဆို 18500ကျပ် ပဲရှိတယ်.. VIP မှာဆိုရင် မန္တာလာမင်း နဲ့ မိုးကောင်းကင် ရှိတယ်.. လေယာဉ်နဲ့ဆို ရင်တော့ MNA နဲ့ Air KBZ တို့ရောက်တယ်. .6 သောင်းခွဲ လောက်တော့ရှိတယ်.. MNA ကတော့ လေယာဉ်အကြီးဖြစ်လို့ 7 သောင်းကျော်ပါတယ်..

တနသာင်္ရီတိုင်းဆိုတာ 🏝🏝

မနက်အစောမြို့မရောက်ခင်နိုးလာတော့ ထန်းပင်တွေကြားမှာ နေရောက်ခြည်လေးဖြာနေတာ ..ရူခင်းတွေက အထက်ပိုင်းဒေသတွေနဲ့မတူပဲ စိမ်းစိုနေတာပဲ.. တောင်တန်းတွေရဲ့အလွန်မှာ ထိုင်းနိုင်ငံ၇ှိနေလိမ့်မယ်.. သေးသေးရှည်မျောမျောလေး..မွန်ပြည်နယ်တစ်ခုနဲ့ပဲ ထိစပ်နေလို့ ပြည်မကြီးက တခြားတိုင်းနဲ့ပြည်နယ်တွေနဲ့မတူပဲ သူဟာအထီးကျန်နေမလားလို့ ကိုယ်တွေးမိလိုက်သေးတယ်.. မြန်မာပြည်မြေပုံမှာ တိုင်းတွေ အားလုံးကို ပြည်နယ်တွေက ၀န်းရံထားပေမယ့် တနသာင်္ရီတိုင်း တစ်ခုထဲက ပဲ အပြင်ကို ထွက်နေခဲ့တာ.. ကိုယ်လေ ဘုရင့်နောင် မင်းတရားကြီးကို ကျေးဇူးတွေအလွန်တင်မိနေတယ်.. တဘက်မှာ ထိုင်းနိုင်ငံ ..တစ်ဘက်မှာ ပင်လယ်ကြီးနဲ့ မွန်ပြည်နယ်နဲ့ ထိစပ်နေတဲ့ အပိုင်းအနည်းငယ်လေးသာရှိနေပေမယ့် တနသာင်္ရီတိုင်းသားတွေဟာ မြန်မာစကားကို အတော်လေးဝဲနေတာကလွဲလို့ ကိုယ်တွေနဲ့ ရင်းနှီးချစ်ခင်မူကအပြည့်ပဲ.. လမ်းပန်းဆက်သွယ်ရေးကြောင့်ဝေးကွာနေပေမယ့် အခုလို သွားလာရလွယ်ကူသွားတဲ့အချိန်မှာတော့ ကိုယ်သွားရောက်ခဲ့တဲ့ ဒီတိုင်းထဲက မြို့သားတွေဟာ ဆွေမျိုးရင်းခြာလိုပဲ ဖော်ရွေချစ်ခင်ပြီး ကြိုဆိုကြတယ်.

image
image

ထားဝယ်မြို့လေး 🌸🌸🌸

မြို့ထဲဝင်ပြီး ကားဂိတ်ကနေထွက်လာတော့ ..ထာဝယ်မြို့လေးက နိုးထခါစလေးရှိသေးတယ်.. ကားဖြတ်မောင်းလာရင်း ဒီမြို့က တစ်ခုခုထူးခြားနေပါတယ် ..ဘာပါလိမ့်လို့ မနဲတွေးမိနေရာက. အိုးလားလား ..အမိုက်မရှိတဲ့ မြို့လေးပဲ..သန့်ရှင်းပြီး သပ်ရပ်နေတာ..လမ်းတွေပေါ်မှာ ..အိမ်ရှေ့တွေမှာ အမိုက်တွေ မတွေ့ရတာ..တော်တော်လေး အံသြစရာကောင်းတယ်.. မြန်မာပြည်ထဲမှာ ဒီလိဲုမြို့လေးတစ်မြို့ရှိနေတာ ထူးဆန်ေးလစွ..ပြီးတော့ သူကတိုင်းဒေသကြီးရဲ့မြို့တော်လဲဖြစ်သေးတယ.်.. ဘာ့ကြောင့်များဒီလောက်သန့်ရှင်းနေတာလဲ လို့ ကိုယ့်ကိုလာတွေ့ရဲ့ ထားဝယ်သူညီမလေးတစ်ယောက်ကို မနေနိုင်ပဲမေးကြည့်တော့ ..အမိုက်တွေသိမ်းဖို့ကို အိမ်တစ်အိမ်ကို တစ်လ 2000 ပေးရတယ် အမရေတဲ့ .. အရင်တုန်းကတော့အမိုက်တွေရှိတယ်တဲ့ ..အခုဒီလို ဖြစ်တာ တစ်နှစ်လောက်ပဲရှိသေးတယ် ..သေသေချာချာ အမိုက်ရှင်းစနစ်ကို လုပ်ပြီးတဲ့နောက်မှာ ဒီလိုမျိုးသန့်ရှင်းသွားပြီး အခုဆို မြို့သားတွေက သန့်ရှင်းမူရဲ့ အရသာကို သိသွားပြီး အမိုက်ကို ပစ်မချတော့တာတဲ့.. Change လေးတစ်ခုပဲအမရေ..အဲ့ဒါလေးလွန်သွားတဲ့နောက်မှာတော့ ဒီလိုမျိုး မြို့က သာယာသွားတော့တာပဲလို့ စကားဝဲလေးနဲ့ပြောတယ်. မြို့လေးက နွေးနွေးထွေးထွေးလေး.. တိုက်အမြင့်ကြီးတွေသိပ်မရှိပဲ ဟိုးအရင်းက အိမ်ပုံစံတွေလဲတွေ့ရတယ်..

ဘယ်မှာနေကြမလဲ .. 🏨🏨

ထားဝယ်ရဲ့ဟိုတယ်တွေဟာ ကိုယ်မထင်မှတ်လောက်အောင်ခေတ်မှီနေတာတွေ့ရတယ်.. တချို့ဟိုတယ်တွေဆို အရင်ခေတ်က အိမ်တွေကို ပြန်ပြီး renovation လုပ်ထားတာတွေလဲ၇ှိတယ်..
Hotel Dawei : ထားဝယ်မှာအကောင်းဆုံးဟိုတယ်ပါပဲ.. ရေကူးကန်လဲပါတယ်.. ဈေးတော့ကြီးတယ်.နှစ်ယောက်ခန်း တစ်ခန်းကို တစ်သိန်း ပါ.. Ph:05923923 ကို booking ကြိုတင်လို့ရတယ်..
Zay Yar Htet San : မေဇွန်နေခဲ့တဲ့ ဟိုတယ်ပါ.. ပေးရတဲ့ဈေးထက်ကို တန်တယ်လို့ပြောလို့ရတယ်...နှစ်ယောက်ခန်းတွေ က 38000 , 45000 , နဲ့ 55000 ဆိုပြီးအစာစားရှိတယ်.. Extra ထည့်ရင်တော့ 10000 ပါ.. 5 သောင်းကျော်အခန်းကတော်တော်လေးကို ကျယ်တယ်..
New Light Hotel : လူငယ်တွေကတော့ ဒီမှာနေတာ အိုကေဆုံးပဲ..ဈေးတန်လို့..နောက်ပြီး သူ့ဟိုတယ်နားမှာ စားသောက်ဆိုင်တွေ ပတ်ချာလည်ဝိုင်းနေတော့ ထွက်စားရုံပဲ.. တစ်ခန်းမှ 25000 ပဲံ.. ဓါတ်လှေကားတော့ မပါလို့ အခန်းယူရင် အောက်ထပ်တွေပဲတောင်းလိုက်ပါ.. PH; 0592023951 , 0592022048 , 09251000500
New Power Hotel : သူကတော့ အသစ်ဖွင့်ထားတဲ့ ဟိုတယ်ပဲ.. ဈေးလဲ 25000 ပဲ.. PH: 059 2023228 , 09952223228 ကိုဆက်ပြီး ကြိုတင် booking လုပ်ထားလို့ရပါတယ်.. ကားဂိတ်ကို လာကြိုခိုင်းလို့လဲရပါတယ်..
Diamond Crowm Hotel : သူက 40000 , 50000 စသဖြင့်ရှိပါတယ်.. သူလဲတည်းတဲ့လူတော်တော်လေးကိုများတယ်.. Ph; 059 22516 , 05922517

image
image

ဘာနဲ့လည်ကြမလဲ ..🛵🛵🛵

ကိုယ်တည်းတဲ့ ဟိုတယ်တွေမှာပဲ ဆိုင်ကယ် သို့ ကားငှားလို့ရပါတယ.်.. ဆိုင်ကယ်ကတော့ တစ်ရက်ကို 1သောင်း ပေးရပြီး ကားကတော့ သွားမယ့်နေရာအကွာအဝေးအလိုက်ဈေးကွာပါတယ်.. ထားဝယ်မြို့ထဲနဲ့ နှီးနီးနားနားနေရာတွေကိုတော့ ဆိုင်ကယ်နဲ့ သွားလို့ရပေမယ့် တစ်နာရီကျော်ခရီးတွေကိုတော့ ကားနဲ့ပဲ အဆင်ပြေပါတယ်.. ကားစီးလုံးငှားမယ်ဆိုရင်တော့နီးတဲ့ မောင်းမကန်နဲ့ မျှောရစ်လောက်ကို 50000 လောက်ကနေ စပါတယ.်။. ထားဝယ်သွားရင် ကားခ share လို့ရအောင် လေးယောက်လောက်သွားမှ ပိုပြီးကိုက်မှာပါ.. ရှင်မော်လောက်အထိဆိုရင်တော့ အသွားအပြန် 80000 လောက်ကျပါလိမ့်မယ်..

ဘယ်တွေလျှောက်လည်ကြမလဲ ..🏖🏖

ကိုယ်အရင်က ထားဝယ်မှာ ရှင်ကိုးရှင်ရယ် မောင်းမကန် ကမ်းခြေရယ်ပဲရှိတယ်လို့ ထင်ခဲ့လို့ သိပ်ပြီးရင်မခုန်ခဲ့တာ .. အခုမသွားခင်ထဲက ကိုယ်သွားမယ့်နေရာတွေ တွက်ဆထားလိုက်တာ အနည်းဆုံး 6 ညလောက် အိပ်မှ ရမယ်ဆိုတော့ ကိုယ်နဲ့လိုက်မယ့် သူငယ်ချင်းစုံတွဲက ဘာရှိလို့ ထားဝယ်မှာ ဒီလောက်အကြာကြီးနေမှာလဲ..ထိုင်းဘက်ကို ကူးမလို့လား..အဲ့လောက်ကြာရင်မလိုက်တော့ဘူးဆိုပြီး နေခဲ့ကြလေရဲ့.. ကိုယ့်ရဲ့ ပုံတွေကို မြင်မှ သူတို့မလိုက်ခဲ့ရတာ ရင်နာနေလေရဲ့ ..(ကျေနပ်လိုက်တဲ့ဖြစ်ချင်း )

လူကြီးတွေအတွက် ထားဝယ်.. 🌻

ဟိုးအရင်ဘုရားဖူးကားတွေထဲက ကြားဖူးနေတာကတော့ ထားဝယ်ရှင်ကိုးရှင် ပေါ့.. တနေရာစီမှာ ရှိနေတဲ့ ဘုရားတွေကို လိုက်ပြီးဖူးရတာ တော့လူကြီးတွေ အတွက် အကောင်းဆုံးပဲ.. ရှင်ကိုးရှင် ..မောင်းမကန် ..မျှော်ရစ်.. ဆိုပြီး တိုးတွေအများကြီးထွက်တော့ .. လူကြီးတွေအလွယ်တကူပဲ တိုးတွေကနေ၀ယ်ပြီး လိုက်သွားရုံပဲ.. အကြာကြီးနေချင်တယ် တခြားတွေလဲလျှောက်သွားချင်သေးတယ်ဆိုရင်တော့ ကားငှားလို့ရတဲ့နေရာတစ်ခုရှိပါတယ်.. သူကတော့ အဓိက ရှင်ကိုးရှင်နဲ့ ထီးခီး လမ်းကနေ ထိုင်းနယ်စပ်အထိသွားလည်လို့ရတဲ့ ကားတွေအများကြီးငှားလို့ရတယ်.. #ilovetravelling page တွေ့တာလို့ပြောရင် ဈေးအများကြီးလျော့ပေးလိမ့်မယ်.. အန်တီဖြူး 09793388171

လူငယ်တွေအတွက်ထားဝယ်.. 🌴🌴⚘⚘

ကိုယ့်ကိုရင်ခုန်မူပေးခဲ့တဲ့ထားဝယ်ကတော့ ပြာလဲ့နေတဲ့ ရေတွေ သဲဖြူဖြူကမ်းခြေတွေနဲ့ မြွေလိမ်မြွေကောက်လို လမ်းတွေမှာ ဆိုင်ကယ်စီးရင်း ဘေးနားက ရွာတွေ..ရူခင်းတွေကို ကြည့်သွားရတဲ့ ကြမ်းတဲ့လမ်းတွေနဲ့ ..သိပ်လှတဲ့နေ၀င်ချိန်တွေပါပဲ.. မြန်မာပြည်ရဲ့အလှဆုံးသောနေ၀င်ချိန်ဟာ တနသာင်္ရီကမ်းရိုးတန်းတစ်လျှောက်မှာရှိတယ်လို့ ကိုယ်ပြောရင်မင်းယုံလိုက်ပါ.. ထားဝယ်မှာ ထင်မှတ်မထားလောက်အောင်များတဲ့ကမ်းခြေတွေရှိတယ်.. ကမ်းခြေတွေဟာ ထားဝယ်ကျွန်းဆွယ်တလျှောက် ပုံစံမျိုးစုံနဲ့ တည်ရှိနေပြီး ကပ်ရပ်တည်ရှိနေတဲ့ အကွာအဝေးသိပ်မရှိတဲ့ တည်နေရာတွေမှာပဲကို ဘာလို့ များ ရေတွေ..သဲတွေ..ရေအတက်အကျ..လိုင်းပုတ်ခတ်မူတွေ မတူညီရတာလဲဆိုတာ ကိုယ်စဉ်းစားလို့မရဘူး… သိပ်လှတဲ့ ကောင်မလေးများစွာကို ပုံစီ ဒီဇိုင်း ကွဲပြားစွာ မြင်တွေ့ရသလို ရိုးအီမသွားပဲ အားလုံးဟာရင်ခုန်စရာကောင်းနေတာမျိုးပေါ့..
ကိုယ်ကမ်းခြေ 9 ခုရောက်ခဲ့တယ်.. ဒါဟာ မြန်မာပြည်အနေအထားနဲ့ဆို ဘယ်လောက်တောင်များပြားလိုက်တဲ့ကမ်းခြေတွေလဲ ..ဒါပေမယ့်သူ့ရဲ့ကမ်းခြေတွေဟာ မကုန်သေးပါဘူး.. ကိုယ်အချိန်မလောက်လို့ မသွားခဲ့ရတာရော..လမ်းမပေါက်လို့ မသွားခဲ့ရတဲ့ ကမ်းခြေတွေရော ဆို နောက်ထပ် အခု 20 လောက်ကျန်ခဲ့မှာ အသေအချာပဲ .. ကမ်းခြေတွေအားလုံးဟာ လောင်းလုံမြို့နယ်လို့ခေါ်တဲ့ ထားဝယ်ကမ်းရိုးတန်းကြီးတလျှောက်မှာတည်ရှိတယ်.. အဲ့ဒီကမ်းခြေတွေရဲ့အလွန်မှာလဲ မော့စကော့လို့ခေါ်တဲ့ ထားဝယ်ကျွန်းစုတွေတည်ရှိသေးတယ်..

မော့စကော့ ကျွန်းစုတွေ🏝🏝🏝

မြိတ်နဲ့ကော့သောင်း အနီးတ၀ိုက်မှာ မြိတ်ကျွန်းစုပေါင်း 800 ကျော်တည်ရှိသလိုပဲ ..ထားဝယ်ကျွန်းစွယ်အလွန်မှာလဲ မော့စကော့လို့ခေါ်တဲ့ကျွန်းစုတွေရှိတယ်.. အကြီးဆုံးကျွန်းကတော့ နာမည်ကြီးဘုတ်ကျွန်းပါပဲ.. အဲ့ဒီကျွန်းတွေအောက်က သန္တာကျောက်တန်းတွေဟာ မြန်မာပြည်မှာ အလှဆုံးနဲ့ သိပ်ပီးမပျက်စီးသေးတဲ့ သန္တာကျောက်တန်းတွေလို့ ဂျာမန် ပညာရှင်တယောက်ကဆိုတယ်.. ကျွန်းပတ်လည်ရဲ့ ရေတွေက crystal ဖြစ်နေပြီး စမ်းလှန်းလို့ ခေါ်တဲ့ ငှားဖမ်းရွာလေးကနေ တစ်နာရီခွဲလောက် လှေစီးပြီး သွားရောက်နိုင်တယ်.. တချို့ကျွန်းတွေမှာ တော့ မြန်မာ့ရေတပ်က တပ်စွဲထားပြီး ကိုယ်လဲ ခမ်းနားလှတဲ့ မြန်မာ့ရေတပ် သဘောင်္တွေကို အခုမှပဲအနီးကပ်မြင်ဖူးတော့တယ်.. ကျွန်းတွေ မှာ snorkeling လုပ်လို့ရတဲ့ package တွေဝယ်လို့ရပြီး ကိုယ်သွားခဲ့တာတော့ Dawei Panorama Tour ( 09450009860 ) ပါ.. တနေ့တာ ခရီးစဉ်ကို မြန်မာငွေ 5 သောင်းပဲမို့ ကော့သောင်းတို့ ..မြိတ်တို့ထက်ကို ဈေးသက်သာပါတယ်.. သွားမယ်ဆိုရင် ကြိုပြီးတော့ booking လုပ်ထားဖို့လိုပါတယ်

Beach Hopping 🎶🎶🌴🌴🌴

ဒီစကားလုံးဟာ နိုင်ငံခြားတိုင်းပြည်တွေရဲ့လူငယ်တွေကြားမှာတော်တော်ခေတ်စားပါတယ်.. အထူးသဖြင့်ကမ်းခြေအများအပြားရှိတဲ့ နေရာတွေမှာပါ.. Beach Hopping ဆိုတာ က လူငယ်တွေ ဆိုင်ကယ် ကား စတာတွေနဲ့ တနေ့ထဲ.. သို့မဟုတ်.. သူတို့ holiday ထွက်လာတဲ့ ခရီးတစ်ခုလုံးကို ကမ်းခြေတွေ တစ်ခုပြီးတစ်ခု သွားရောက်ရေကူးအပန်းဖြေတာပါ.. ကိုယ်ကတော့ ထိုင်းက ကျွန်းတွေမှာလုပ်ဖူးပါတယ်.. မြန်မာ ပြည်မှာ Beach Hopping လုပ်လို့ရတဲ့နေရာက ထားဝယ်မှာပဲ၇ှိပါတယ်.. ဒါကြောင့် ဆိုင်ကယ်စီး လိုက် ကားစီးလိုက်နဲ့ အကျီတွေထည့် ကျောပိုးအိတ်လွယ် ပြီး ကမ်းခြေတစ်ခုပြီးတစ်ခု ထားဝယ်ကမ်းရိုးတန်းတလျှောက် beach hopping လုပ်ခဲ့တာပါ.. ကိုယ့်လိုပဲ Beach Hopping လုပ်နေတဲ့ နိုင်ငံခြားသားတွေအများကြီး တွေ့ခဲ့တယ်.. သူတို့လဲ GPS ထောက်..Panorama Tour ကပေးလိုက်တဲ့ မြေပုံကိုင်ပြီး hopping လုပ်နေကြတာ..လမ်းမှာတွေ့ရင် အချင်းချင်း ဘယ် ကမ်းခြေရောက်ခဲ့လဲ..ဘယ်လိုနေလဲ ..ဘယ်လောက်ဝေးလဲ..လမ်းကြမ်းလား..စသဖြင့် အချင်းချင်းမေးမြန်းပြီးသွားကြတာပါ.. ကမ်းခြေတွေမှာ ပြန်တွေ့ရင်လဲ နုတ်ဆက်ကြ ရေတူတူ ကူးကြနဲ့ တော်တော်လေးပျော်ဖို့ကောင်းတယ်..

မောင်းမကန်ကမ်းခြေ 🌴🌴

ထားဝယ်နဲ့အနီးဆုံးကမ်းခြေဖြစ်ပြီးထားဝယ်ကိုလူသိများစေတဲ့ကမ်းခြေပါ..တော်တော်လေးကိုကျယ်ပါတယ်..သူ့ရဲ့သဲက ကျစ်ပြီး နူးညံမနေလို့ ဆော့လို့ကောင်းတဲ့ ကမ်းခြေပါ..ရေကတော့ သိပ်မကြည်ပေမယ်.. ဧရာဝတီတိုင်းရဲ့ကမ်းခြေတွေထက်တော့ ကြည်ပါတယ်.. သူ့ကမ်းခြေကို ကိုယ်ကြိုက်တာ က ကမ်းခြေက ထင်းရူးပင်ကြီးတွေနဲ့ စားလို့ကောင်းပြီးဈေးပေါလှတဲ့ seafood ဆိုင်တွေပါပဲ.. ဒီလောက်ကျယ်တဲ့ ကမ်းခြေမှာ ဟိုတယ်သိပ်မရှိတာကတော့ အံသြစရာပါ.. မောင်းမကန် Beach Resort နဲ့ Long Beach Resort ကတော့ နေလို့အဆင်ပြေပါတယ်.. တခြားကမ်းခြေတွေရောက်ပြီးရင်တော့ မောင်းမကန်ကို သိပ်ကြိုက်တော့မှာ မဟုတ်လို့ သူ့ကို အရင်ဆုံးသွားပါ..

ပညစ်ကမ်းခြေ 🌴🌴
မောင်းမကန်ပြီးရင်ထားဝယ်ကနေအနီးဆုံးကမ်းခြေပေါ့ .. ဆိုင်ကယ်နဲ့ 45 မိနစ်ကျော်လောက်ပဲကြာတယ်.. ထားဝယ်ကနေ လောင်းလုံမြို့အထိ 14မိုင် နဲ့ လောင်းလုံကနေဆို 3 မိုင်လောက်ပဲအထဲဝင်ရတာပါ..သူ့ရဲ့သဲက ထူးဆန်းစွာနဲ့ ရွှေရောင် နုနုလေးတွေဖြစ်နေတာ.. အဲ့ဒီနားမှာ ကမ်းခြေတွေဆက်နေတာပဲ.. အဲ့ဒီဘေးတွေမှာ .. ရှမ်းမော်.စမ်းလှမ်း..နဲ့တီစစ် ကမ်းခြေတွေရှိပါတယ်.. ကိုယ်ကတော့ တီဇစ်ကို အကြိုက်ဆုံးပါပဲ.

image

တီဇစ်ကမ်းခြေ 🌴🌴
သူလဲထားဝယ်ကနေဆိုရင် သိပ်ဝေးတယ်လို့ပြောလို့မရဘူးရယ်.. ကိုယ်ဆို ဆိုင်ကယ်နဲ့သွားခဲ့တာ တစ်နာရီပဲကြာတယ်.. အဲ့ဒီကမ်းခြေကိုသွားဖို့ လှေပေါ်မှာတွေ့ခဲ့တဲ့ Singaporean တစ်ယောက်က ပြောခဲ့တာ..ထားဝယ်ကနေ လောင်းလုံရဲ့အဓိကလမ်းမကြီးအတိုင်း 45 မိနစ်လောက်လာပြီးရင်.. တီဇစ်ကမ်းခြေသို့လို့ရေးထားတဲ့ဆိုင်းဘုတ်ကနေ ညာကွေ့ပြီးမြေနီလမ်းအတိုင်းဝင်သွားရတာ.. ထာဝယ်ကနေ 17 မိုင်လောက်အထိက လမ်းကောင်းတော့ အေးဆေးပဲ..အထဲဝင်တဲ့ 4 မိုင်လောက်သာလမ်းနည်းနည်းဆိုးတာ.. ဒါပေမယ့် ဆိုင်ကယ်နဲ့အေးဆေးသွားလို့ရပါတယ်.. ဟိုတယ်ကနေ Tuk Tuk ငှားသွားလဲရတယ်.. သဲတွေက ဖြူဖွေးပြီး ရေကကြည်တောက်နေတာ.. ကမ်းခြေတစ်ခုလုံး ကိုယ်တွေပဲ၇ှိလို့ ရေဆော့လို့ကောင်းချက်ပဲ..လိုင်းတွေကတော့ တော်တော်လေးကြီးတော့ နည်းနည်းသတိထားဖို့လိုတယ်.. ကမ်းခြေအသစ်ချက်ချွတ်မို့လို့လားမသ်ဘူး အမိုက်ကို မရှိပဲ သန့်ပြန့်နေတာပဲ.. ဘာဆိုင်မှလဲမ၇ှိလို့ ရေတွေ မုန့်တွေ ယူသွားပေါ့.. ပြန်လာရင်တော့ ကိုယ့်အမိုက်တွေ ကိုယ်ပြန်သယ်လာခဲ့ပါ..

စမ်းလှမ်းကမ်းခြေ 🌴🌴
ကျွန်းတွေဆီသွားရင် ဒီကမ်းခြေကနေထွက်ရတာမို့ တကူးတက သွားနေစရာတော့မလိုတော့ဘူးရယ်.. သူက ကမ်းခြေဆိုတာထက် ငါးဖမ်းရွာလေးဆိုပိုမှန်လိမ့်မယ်.. ငါးခြောက်လှမ်းထားတာတွေ.. ငါးဖမ်းလှေတွေအများကြီးဝင်လိုက်ထွက်လိုက်နဲ့.. ငါးရွေးနေတဲ့ ငါးဒိုင်တွေ..ရေခဲလုပ်တဲ့စက်တွေ.. စသဖြင့် ရေလုပ်သားတို့ရဲ့ဘ၀ကို သေသေချာချာတွေ့ရတယ်.. နိုင်ငံခြားသားတွေ အကြိုက်ပေါ့.. လူတွေအများကြီးနေပြီး ကမ်းခြေမှာ ငါးတွေလှမ်းထားလို့သာ သူ့ကမ်းခြေလဲရေကြည်ပြီးတော်တော်လှတယ်..

ဆင်းထောက်ကမ်းခြေ 🌴🌴
ထားဝယ်ရဲ့ကိုယ်အကြိုက်ဆုံကမ်းခြေလို့ပြောလို့ရတယ်.. သဲဖြူဖြူ..ရေပြာပြာနဲ့ 1 မိုင်လောက်ရှိတဲ့ ကမ်းခြေ အ၀ိုက်ကြီးမှာ ကျွန်းဆွယ်ကြိးနှစ်ခုက အဲ့ဒီကမ်းခြေကို အနားသပ်ပေးထားသေးလို့ သိပ်ကိုလှနေတာ.. ရောက်ခဲ့တဲ့ ကမ်းခြေတွေထဲမှာ သူက သွားရအခက်ဆုံးပဲ.. ထားဝယ်ကနေ ရဘဲအထိက်ု နှစ်နာရီလောက်ကားစီးရတယ်.. ဆိုင်ကယ်နဲ့ တော်တော်ဝေးလို့ ကားနဲ့သွားတာ ပိုအဆင်ပြေတယ်.. ကားငှားရတာ ဈေးကြီးရင် လိုင်းကားတွေစီးလို့လဲ၇တယ်.. တယောက်မှ 2000 ပဲ..ထားဝယ် အခွန်လွတ်ဈေးနားမှာ ကားတွေ တစ်နာရီတစ်ခါထွက်တယ်.. ရဘဲရွာ ရောက်ရင်ဆင်း..အဲ့ဒီထိပ်မှာပဲ ဆိုင်ကယ် ကယ်ရီငှားပြီး ( 5000 ကျပ်) အထဲကို 3 မိုင်လောက် ဆိုင်ကယ်စီးရတယ်..လမ်းကကြမ်းပေမယ့်မောင်းတဲ့သူတွေကျွမ်းတော့ အေးဆေးပါပဲ.. လမ်းမှာ ရွာနှစ်ရွာ ဖြတ်ပြီး 30 မိနစ်လောက်မောင်းရင်နောက်ဆုံးရွာရောက်တယ်.. တချို့က အဲ့ဒီအထိကားနဲ့သွားကြတယ်.. 4 wheel မှ အဆင်ပြေမှာပါ.. အဲ့ဒီကနေ ဆိုင်ကယ်ရပ်ပြီး မိနစ် 20 လောက် ဒီရေတော ထဲကို လမ်းလျှောက်သွားမှ ကမ်းခြေကိုရောက်တာ.. ဒီရေတောက မိုးကုန်ခါစ ဆိုရေတွေ ဒူးလောက်အထိရှိတတ်တယ်.. ကိုယ်တွေက ကံကောင်းလို့ ရေမရှိတော့ ပေမယ့် ဗွက်တွေ ထဲတော့ ဖြတ်ရတယ်.. နိုင်ငံခြားသားတွေကတော့ ပျော်နေတာပဲ.. သူတို့အတွက် အရမ်းကောင်းတဲ့အတွေ့အကြုံ..ကြိုက်တယ်တဲ့.. ဗွက်တွေထဲက ရုန်းထွက်ပြီး ဘန်ဂလိုလေးတွေကြားက ရေပြာပြာကမ်းခြေကိုမြင်လိုက်ရတော့ အမောကို ပြေသွားတာပဲ.. အထုပ်တွေ ပစ်ချပြီးရေထဲကို ပြေးဆင်းတာ.. နိုင်ငံခြားမှာသာဆို ဒီလိုကမ်းခြေဟာ နာမည်ကျော်တွေသာ လာတဲ့ 1 ည ဒေါ်လာ 1 သောင်းတန် အခန်းတွေနဲ့ resort ကြီးဖြစ်သွားမှာသေချာပဲ..ကမ်းခြေမှာ ထူးဆန်းစွာပဲ ဘန်ဂလိုလေးတွေရှိတယ်.. Panorama Tour ကပဲ Booking တင်ပေးတာ.. တစ်ခန်းကို 5 သောင်းခွဲ .. 4 သောင်းခွဲဆိုပြီး၇ှိတယ်.. ကိုယ်အဲ့ဒီမှာ တစ်ညအိပ်ခဲ့တယ်.. သွားရတာခက်တာနဲ့တန်အောင် အမှန်က သုံးညလောက် အိပ်ခဲ့သင့်တာ .. ဖုန်းလိုင်း ..အင်တာနက်လိုင်း မမိတဲ့ မီးဆိုလဲ ဆိုလာ စနစိ နဲ့ပေး အဲကွန်းမရှိလို့ ကိုယ်မနေနိုင်ဘူးထင်ခဲ့တာ.. သဘာဝတရားရဲ့ လတ်ဆတ်မူ နဲ့ လှပမူတွေ ကြားမှာ မှိန်းမော သွားပြီး ရူပ်ထွေးတဲ့ မြို့ပြ နဲ့ social life ကြားမှာ နစ်နေတဲ့ ကိုယ့်ကိုကိုယ် ဒီကမ်းခြေတွေ ကြားထဲမှာ ဆေးကြောနိုင်ခဲ့တယ်.. ဘန်ဂလိုလေးမှာ ဆိုင်လေးတစ်ဆိုင်ပဲ ရှိတယ်.. ရတဲ့ မီနူးကလဲ လေးငါးမျိုပဲ.. ဆင်ထောက်ရဲ့နေ၀င်ချိန်ကတော့ ကိုယ်တွေ့ဖူးသမျှ အလှဆုံးပဲ.. သွားရတာ ခက်ခဲပေမယ့် ရောက်သွားတာနဲ့ တန်တယ်လို့ ချက်ချင်း ကောက်ချက်ချမိမယ့် ကမ်းခြေလေးပါ..

image

သရောင့်ကမ်းခြေ 🌴🌴
ဆင်းထောက်နဲ့ကပ်ရက်ရှိတဲ့ ကမ်းခြေပါ.. ကံကောင်းတာတစ်ခုက ဆင်းထောက်ကနေ လမ်းလျှောက်သွားလို့ရတယ်.. 3 မိနစ်ပဲလျှောက်ရတယ်..အဲ့ဒီကမ်းခြေကိုရောက်တယ်..သူကဆင်းထောက်နဲ့ သဲတွေရေတွေတူတယ်.. ဒါပေမယ့် သူက ပိုပြီးတော့ ကျယ်ပြီး ရှည်လဲအရှည်ကြီးပဲ.. အဲ့ဒီကမ်းခြေကနေ တဆက်ထဲ ထားဝယ်ရဲ့နာမည်ကျော် ဖိုးဖိုးကျောက်ကမ်းခြေကိုရောက်တယ်.. ဒါပေမယ့် အဲ့ဒီ ကမ်းခြေ နှစ်ခုကို ရေချိုချောင်းလေးတစ်ခု က ပိုင်းခြားထားတယ်.. ကိုယ်တွေက ဆင်းထောက်မှာနေတော့ အဲ့ဒီကနေ စက်ဘီးလေးစီးပြီး သရောင့်ကမ်းခြေကို သွားကြတာ.. သဲဖြူဖြူသောင်ပြင်ကြီး နဲ့ သိပ်သာယာတာပဲ.. ဆင်းထောက်ကို ကြိုက်တာ တစ်ခါတည်းနဲ့ ကမ်းခြေနှစ်ခုကို ရောက်လို့ပါပဲ..

ဖိုးဖိုးကျောက် ( GrandFather Beach ) 🌴🌴
ထားဝယ်မှာတင်မက မြန်မာပြည်မကြီးနဲ့ ကုန်းမြေတဆက်တည်းရှိတဲ့ ကမ်းခြေတွေထဲမှာ ကို အလှဆုံးပဲ.. သူ့ရဲ့ကမ်းစပ်နားကရေက လိုင်းမကြီးတဲ့အချိန်တွေဆို Blue Lagoon ဖြစ်နေတာ.. တော်တော်ဝေးဝေးရောက်တဲံအထိ ရေက ခါးလောက်ကနေ မတက်ဘူး..ကြမ်းပြင်ကို မြင်နေရအောင်ကို ကြည်လင်နေတာပဲ.. တော်တော်လေးကိုလှတာ။ ရေထဲကမတက်ချင်လောက်အောင်ကိုလှတာ ..သဲတွေကလဲ ဖြူမူန့်နေတာပဲ..ကိုယ်လေ ဒီလိုကမ်းခြေမှာနေ့တိုင်းရေကူးချင်လို့ အဲ့ဒီနားကရွာမှာပဲနေလိုက်ချင်တော့တယ်..သူ့ကမ်းခြေက သွားရတာမခက်ဘူးရယ် ကားနဲ့လဲဝင်လို့ရတယ်.. ထားဝယ်ကနေဆိုရင် ညောပြင်ရွာအထိကို လိုင်းကားစီးလာလို့ရတယ်.. နှစ်နာရီခွဲလောက်တော့ကြာတယ်..ညောပြင်ေ၇ာက်ရင်ဆင်းပြီး ဆိုက်ကယ်ပြန်ငှားစီးရင် 15 မိနစ်လောက်ဆိုရောက်ပြီ.. ကမ်းခြေမှာလဲ ဆိုင်ကယ်စီးလို့ရတယ်.. ထားဝယ်ရောက်ရင်မသွားမဖြစ်ကမ်းခြေပါပဲ..

ဆတ်ဆာအော်ကမ်းခြေ 🌴🌴
ဖိုးဖိုးကျောက်နဲ့ သိပ်မဝေးတဲ့ ကမ်းခြေတစ်ခုပါ.. အဲ့ဒီမှာတော့ တိုးရစ်တွေကြားမှာရေပန်းစားနေတဲ့ Myanmar Paradise beach လို့ ခေါ်ပြီး ဘန်ဂလို 10 လုံးပဲ၇ဟိုတယ်ရှိတယ်.ရာသီချိန်ဆို ပြည့်နေတာများတယ်.. ပြည့်လဲလာနေကြတဲ့ နိုင်ငံခြားသားတွေကြောင့် ရွက်ဖျင်တဲတွေပါထားပေးရတယ်.. တစ်ညကို 55000 ပါ.. ကိုယ်တော့အဲ့ဒီမှာ တစ်ညအိပ်ခဲ့တယ်..Panorama မှာပဲ booking တင်လို့ရပါတယ်.. တိုးရစ်တွေကတော့ 5 ညလောက်နေကြတယ်.. သူ့ဆီမှာလဲ ဖုန်းမမိ..အင်တာနက်မရ..မီးဆိုလဲ အခန်းထဲမယ် သုံးလုံးလားရှိတာ.. စောင်တွေခြင်ထောင်တွေက အစ ကိုယ်တွေငယ်ငယ်တုန်းက အိပ်သလိုမျိုးတွေကြီးပဲ.. တကယ့် eco tourism ကို အကောင်အထည်ဖော်ထားတာ.. အဖြူကောင်တွေကတော့ အဲ့ဒါကို ပဲ အရမ်းကြိုက်နေကြတာ.. ကိုယ်မေးလိုက်တိုင်း အရမ်းကြိုက်တယ်ဆိုတာကြီးပဲ.. ထားဝယ်ကနေ ရှင်မော်သွားတဲ့ လိုင်းကားစီးပြီး အောက်ကျောက်ဝပ်မှာ ဆင်း.. ပြီးရင် ဆိုင်ကယ် နဲ့ မိနစ် 20လောက် အထဲကို ၀င်ရတယ်.. ဆိုင်ကယ်လမ်းပိစိလေးနဲ့ သစ်တောတွေကြားကွေ့ကောက်သွားရတာ.. အဖြူတွေအသဲစွဲပေါ့.. ညဘက်ကို မီးပုံပွဲလုပ်ပေးတယ်.. ကိုယ်ကတော့ ဆင်းထောက်က ဘန်ဂလိုတွေကို ပိုကြိုက်တယ်.. ဒီက ဘန်ဂလိုက အရမ်းကို eco ဖြစ်နေလို့လား မသိဘူး မြန်မာတွေမကြိုက်ကြဘူး.. အဖြူတွေကတော့ မီးတောင်မထွန်းပဲ မှောင်ကြီးထဲနေကြတာ အံသြစရာပဲ.. အဲ့ဒီရှေ့က ကမ်းခြေလဲလှတယ်..ဆိုင်ကယ်တွေ ဟိုတယ်ကနေငှားပြီး ဘေးနားကကမ်းခြေတွေကိုသွားကြတာ.. ဒီကမ်းခြေရဲ့အားသာချက် အဖြူတွေ အသဲစွဲဖြစ်ရတဲ့အချက်က သစ်ပင်တွေအရမ်းများပြီးတောအုပ်ကြီးထဲကနေ ကမ်းခြေတန်းရောက်သွားသလိုဖြစ်သွားတာပါ..

မြင်းခွာအော်ကမ်းခြေ 🌴🌴
ကျွန်းဆွယ်ရဲ့အောက်ဆုံးပိုင်းကကမ်းခြေပါ.. ရေလှပေမယ့်သဲကတော့ တခြားကမ်းခြေတွေလောက်မဖြူပါဘူး. သဲပြင်အလွန်ကျယ်ပြီးအပင်သိပ်မရှိလို့နေပူပါတယ်.. ကမ်းခြေကတော့ အော်ဆိုတဲ့အတိုင်း အကွေ့ကြီးနဲ့မို့တော်တော်လေးလှတယ်.. ကားလမ်းမဘေးတင် ကမ်းခြေဆိုတော့ တော်တော်လေးဖွံဖြိုးသင့်တဲ့နေရာပါပဲ..အရင်ကတော့ ဟိုတယ်လုပ်ငန်းတွေလာဖူးတယ်ပြောတယ်..

ရှင်မော် 🌿🌿
သူ့ဆီသွားတဲ့လမ်းကရူခင်းတွေကတော်တော်လေးကိုလှတယ်.. တောင်တက်အဆင်းကို ဘေးမှာပင်လယ်ကြီးနဲ့ တံငါရွာလေးတွေပါ့မြင်နေရတာ..ကျောက်ဆောင်ပေါ်မှာတည်ထားတဲ့စေတီက ပင်လယ်ဝကြီး ရေတွေ လိုင်းတွေပုတ်နေတာကို ကြည့်လို့အရမ်းကောင်းတယ်.. အဆုံးမ၇ှိတဲ့ ရေပြာပြာပင်လယ်ပြင်ကြီးကိုကြည့်ရတာ စိတ်တွေကိုလွတ်လပ်ပေါ့ပါးစေတယ်. အက်ဒမန် ပင်လယ်ကိုက ရေကြည်တာလို့ တနသာင်္ရီသူလေးတယောက်ပြောတာ ပြန်လည်ကြားယောင်မိတယ်..
မျှော်ရစ် လဲကိုယ်ရောက်ခဲ့သေးတယ်.. ဘယ်ရောညာရော မြင်နေရတဲ့ ပင်လယ်ပြင်ကြီးကို ကြည့်ပြီး ကျောက်ဆောင်တွေကြားက နာမည်ဆန်းဆန်းလေးနဲ့ မျှော်ရစ်ဆိုတဲ့ ဘုရားကိုလဲဖူးခဲ့ရတယ်.တကယ်တော့ ကိုယ်သွားခဲ့တာ မောင်းမကန်ကနေစပြီးလောင်းလုံ အောက်ပိုင်းထားဝယ်ကျွန်းဆွယ် ကြီးတစ်ခုလုံး ကမ်းခြေတော်များများကိုသွားခဲ့တာပါ.. မောင်းမကန် အပေါ်ပိုင်းမှာလဲ သိပ်လှတဲ့ ကမ်းခြေအမြောက်အများ ကျန်နေသေး ပေမယ့် အချိန်မရလို့ မသွားခဲ့၇ဘူး..

Tips:✏✏✏
မောင်းမကန်, ပညစ်,မျော်ရစ်,တီဇစ်, စတဲ့နေရာတွေဟာထားဝယ် နဲ့နီးတဲ့အတွက်ထားဝယ်ကနေ ဆိုင်ကယ် သို့ ကားငှားပြီးသွားလို့ရပါတယ်.. ရေဆော့မယ်ဆိုရင်တော့ နှစ်ရက်လောက်တော့အချိန်ယူရပါမယ်..
ကျွန်းတွေကို snorkeling သွားမယ်ဆိုရင်တော့ တစ်ရက်လုံးအချိန်ကုန်ပါတယ်..
ဖိုးဖိုးကျောက်..မြင်းခွာအော်..ရှင်မော် ဘက်ညမအိပ်ပဲသွားလည်မယ်ဆိုရင် ကားငှားသွားတာပဲအဆင်ပြေပါတယ်.လိုင်းကားက ညနေဘက်ဆိုမရှိတော့လို့ပါ.ဆိုင်ကယ်နဲ့လဲအလွန်ဝေးပါတယ်.
ညအိပ်ချင်တဲ့သူတွေက တော့ ဆတ်ဆာအော် ထက်စာရင် ဆင်းထောက်မှာ အိပ်ပါ.သွားရခက်ပေမယ့် ဘန်ဂလိုက ပိုကောင်းပါတယ်.. ရေလဲကပိုကြည့်..ကမ်းခြေလဲပိုလှလို့ပါ..
ကမ်းခြေတွေသွားမယ်ဆို ခြင်ဆေးဖြန်းတဲ့ဘူး နဲ့ sun cream တွေယူသွားပါ.. မုန့်တွေဘာတွေစားတတ်ရင်ဝယ်သွားပါ..အမိုက်တွေ ဘယ်မှာမှ မပစ်ချပါနဲ့ သိပ်လှတဲ့ကမ်းခြေတွေကို ကိုယ့်ကြောင့်မညစ်နွမ်းပါစေနဲ့ .. ကျွန်းတွေကို snorkelingခဲ့၇င်တော့ ရေအောက်က သိပ်လှတဲ့ သန္တာကျောက်တန်းတွေကို မထိ ..မကိုင်..မချိုးဖဲ့ပါနဲ့ ..ကိုယ်ရဲ့ တဒင်္ဂ စိတ်ခံစားမူအတွက်နဲ့ နှစ်ပေါင်းများစွာ ဖြစ်တည်ဖို့ခဲယဉ်းတဲ့ တန်ဖိုးရှိတဲ့ ရတနာတွေကို မထိခိုက်ပါစေနဲ့..မိမိ ဧည့်ခန်းမှာ ဖုန်တက်နေတာထက် တကမ္ဘာလုံး က တိုးရစ်တွေ ကိုယ့်နိုင်ငံရေအောက် အလှတရားတွေကို လာရောက်ကြည့်ရူခံစားပါစေ..သန္တာကျောက်တန်းတွေ ကို အမှတ်တရ ပစ္စည်းအဖြစ်ရောင်းနေတာတွေ့ရင် မ၀ယ်ပါနဲ့. သိပ်သဘောကောင်းပြီးရိုးသားတဲ့ ဒေသခံတွေကို လေစားပါ.. မိမိရဲ့ အားလပ်ရက် အလည်အပတ် ခရီးဖြစ်ပေမယ့် သူတို့ရဲ့ နေ့စဉ်ဘ၀..သူတို့ရဲ့အိမ်ပါ..ကိုယ့်ကြောင့်အနှောက်အယှက်မဖြစ်ပါစေနှင့်

ဒီဒေသဟာ မကြာတော့တဲ့ နှစ်များစွာမှာ နိုင်ငံဝင်ငွေအများကြီး၇ှာပေးတဲ့နေရာဖြစ်လာတော့မှာပါ.. ဒါကြောင့် မိမိတို့ လက်ထက်မှ ကံကောင်းစွာ ပေါ်ထွက်လာတဲ့ သဘာဝကပေးတဲ့ လက်ဆောင်ကို သေချာထိမ်းသိမ်း ကိုယ်တိုင်လဲ အလှတရားကို ခံစားပြီး ကမ္ဘာကို ဂုဏ်ယူစွာချပြပါ..

#FujiFlimMyanmar
#GalaxyNote8MM
#RemaxMyanmar
#ilovetravelling

Credit. : I love travelling page

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.028
BTC 62205.55
ETH 2397.85
USDT 1.00
SBD 2.50