မိနွေရဲ့ကဗျာကောင်းတစ်ပုဒ်

in #myanmar7 years ago

image

ဆောင်းကုန် လို့နွေအကူး လတန်းခူးလဲရောက်တော့မယ် ရွက်ဟောင်းကြွေလို့ရွက်သစ်တွေလဲ ဝေနေပါဘိ တန်ခူးရဲ့အငွေ့အသက်တွေလဲ သင်းပျံ့လို့လာပီချေ လူတိုင်းရဲ့စိတ်တွေဟာလည်း ရူးခြင်သဖွယ်ဖြစ်နေပြန်ပြီ မိနွေရေ မင်းရဲ့အစကတော့အရမ်းနူးညံ့သိမ်မွေ့နေပေမဲ့ နောက်ပိုင်းရောက်တော့မင်းက အရမ်းပူလောင်လွန်းလှပါတယ် မင်းရောက်လာတော့ ပျော်လဲပျော်မိပါရက်အပြစ်လဲတင်မိနေတယ် မိနွေ ဖြစ်နေတဲ့အခိုက်အတန့် မှာ အရမ်းသာယာလှ၏ ဒီအချိန်မှာ လေလေးတွေ တဖြူးဖြူးနဲ့ သစ်ပင်အောက်မှာ ထိုင်ဆွေးလိုက်ရင်တော့မင်းက ငါ့အတွက်တော့ကဗျာကောင်းတစ်ပုဒ် တော့ဖြစ်လာမှာအမှန်ပါပဲ လေလေးကဖြူးကနဲ့ဖြူးကနဲ ရွက်ခြောက် ဖြောက်ကနဲ ဖြောက်ကနဲ နဲ့ အင်း တော်တော်အထီးကျန်ပြီး ခံစားနေရတဲ့ မြင်ကွင်းတစ်ခုရယ်ပါပဲလား မိနွေရယ် မင်းရဲ့ကြည်နူးစရာမြင်ကွင်း လွမ်းဆွတ်တမ်းတ စရာမြင်ကွင်းလေးတွေက ငါ့ကို မြူဆွယ်နေသလိုပါပဲ ငါ့စိတ်တွေတောင်ယိမ်းယိုင်လာတယ် လေရူးလေးတွေနဲ့ပေါ့ ဥသြငှက်ရဲ့ ဆော်အော သံတွေကလည်း ငါ့နားထဲကြားရတာ ရူးမတတ်ပါပဲ အရမ်းဆွေးဖို့ကောင်းတယ် မိနွေ.. မင်းလာခါ စ အချိန်ပဲလငါတမ်းတမိလျှက် လွမ်းဆမိလျှက်ပါ မင်းရောက်လာရင်ငါ့စိတ်တွေ မထိန်းနိုင်ဘူး အလိုလို ယိမ်းယိုင်သွားတယ် တစ်နှစ်တစ်ခါတော့မင်းမှန်မှန် ရောက်လာပါရက် ဒါပေမဲ့ မိနွေ ငါမင်းကိုပဲ ဘာလို့တမ်းတ နေမိပါလိမ့် ငါ့ကိုမှမဟုတ်ဘူး တခြားသူတွေအကုန်လုံးကိုလဲ ငါ့ကိုပဲမင်းခံစားရအောင်လုပ်နေပါ့လားမိနွေ မင်းရောက်လာလို့မကြာဘူး ငါပျော်ရွှင်မှုတွေရပြန်အုံးတော့မယ်

အတာထူးတဲ့လ တန်ခူးကိုရောက်လာပြန်တော့မယ် မင်းနက်သူက တပြိုင်နက်တည်း ရောက်လာတတ်တယ်နော်.. လွမ်းဆွေးလို့မပြီးသေးဘူး ကြည်နူး ပျော်ရွှင်စိတ်တွေကိုပါတစ်ဆက်တည်း မင်းငါ့ကို သယ်ဆောင်ပေးနေပါ့လား မိနွေ... မင်းဟာငါ့အတွက်တော့ ဘယ်စာရေးဆရာဆီမှ မရှိတဲ့ကဗျာကောင်းတစ်ပုဒ်တစ်ဖွယ်အမြဲတမ်းကျန်ရစ်လို့နေပါတယ် မိနွေရယ် ......... @kyawhtaynaing

Coin Marketplace

STEEM 0.17
TRX 0.24
JST 0.034
BTC 95751.15
ETH 2807.74
SBD 0.67