မြန်မာကျပ်ငွေဖြင့် Steem, steem power, steemdollar, ၀ယ်ယူနည်း

in #myanmar7 years ago

Screenshot_13.jpg
မိမိအကောင့်အား steem power မြှင့်လို၍ဖြစ်စေ၊ အနာဂါတ်အတွက် steem များ စုထားလို၍ဖြစ်စေ၊ steem to steemdollar, steemdollar to steem trade လို၍ဖြစ်စေ အသုံးပြုလိုသူများအတွက် ရေးသားခြင်းဖြစ်ပါသည်။
ယခုလက်ရှိအချိန်တွင် steem ကို မြန်မာကျပ်ငွေဖြင့် တိုက်ရိုက်ဝယ်ယူနိုင်ခြင်း မရှိသေးပါ။ နောက်တချိန် Exchange များပေါ်လာလိမ့်မည်ဟု မျှော်လင့်ပါသည်။
မြန်မာကျပ်ဖြင့်တိုက်ရိုက် ၀ယ်ယူလို့မရသေးသော်လည်း တခြားသော online currency များဖြစ်သော BTC, ETH, DOGE, LTC , DASH စသော coin များဖြင့် အလွယ်တကူဝယ်ယူရရှိနိုင်ပါသည်။ ယခု ကျွန်တော့် steem အကောင့်ထဲကို btc ဖြင့် steem ၀ယ်ထည့်ပုံကို ပုံများနှင့်တကွဖေါ်ပြပေးပါမည်။
ပထမဆုံး မိမိအကောင့်ကို login ၀င်ပြီး wallet ကိုနှိပ်လိုက်ပါ။ အောက်မှာ BUY STEEM OR STEEM POWER ကိုတွေ့ရပါမည်။ နှိပ်လိုက်ပါ။
Screenshot_52.jpg
Buy steem or steem power ကိုနှိပ်လိုက်လျှင် အောက်ပါအတိုင်း BlockTrades ထဲကိုရောက်သွားပါလိမ့်မည်။
လက်ရှိအချိန်မှာတော့ 1BTC ကို 2818.481 Steem ပေါက်နေပါသည်။ online currency များ၏ ဈေးသည် အချိန်နှင့်အမျှပြောင်းလဲနေသောကြောင့် ပုံသေတွက်၍မရပါ။ ဈေးအတက်အကျကိုကြည့်၍ ဘယ်ချိန်မှာဝယ်ထည့်သင့်သည်ကို မိမိဘာသာချင့်ချိန်ပြီး ၀ယ်ထည့်ကြဖို့ တိုက်တွန်းလိုပါသည်။
00.jpg
Steem ကို btc နဲ့သာ ၀ယ်လို့ရတာမဟုတ်ပါ။ တခြား coin များနှင့်လည်း ၀ယ်ထည့်နိုင်ပါသည်။ Bitcoin ဘေးမှမြှားလေးကိုနှိပ်ကြည့်ပီး အပေါ်အောက်ဆွဲကြည့်ကာ မိမိအသုံးပြုလိုသော coin ကိုရွေးပါ။
Receive ဘက်မှလည်း steem ဘေးနားမြှားကိုနှိပ်ကာ မိမိဝယ်ယူလိုသော steem, steem power, steemdollar တခုခုကိုရွေးပါ။
Screenshot_1.jpg
Screenshot_2.jpg
ကျွန်တော်ကတော့ btc နဲ့ steem ၀ယ်မှာမို့ btc & steem ကိုရွေးထားလိုက်ပါတယ်။
မိမိဝယ်လိုတဲ့ steem ပမာဏကို steem အကွက်မှာ ရိုက်ထည့်ခြင်းဖြင့် ကျသင့်သော btc ကို တဖက်မှာဖေါ်ပြပေးပါလိမ့်မယ်။ ဥပမာ ယခု steem 100 ကို 0.03574568 btc ကျမယ်ပေါ့။
Screenshot_9.jpg
Steem သာမဟုတ် steem power, steemdollar များကိုဝယ်ယူနိုင်ကြောင်း သိတိပြုပါ။ Currency Market ကိုဝင်ကြည့်ပြီး ဈေးအခြေအနေကိုကြည့်ပါ။ steem ဈေးကျနေလျှင် steem ၀ယ်ပါ။ steemdollar ဈေးကျနေလျှင် SBD ၀ယ်ပါလို့ အကြံပြုပါတယ်။
https://coinmarketcap.com
https://www.coingecko.com/en/chart/steem/usd ဆိုဒ်များမှာ ဈေးနှုန်းများ chat များကိုကြည့်ခြင်းအားဖြင့် ဈေးအတက်အကျကို သုံးသပ်နိုင်ပါလိမ့်မယ်။
Screenshot_11.jpg
Screenshot_10.jpg
Screenshot_12.jpg
ဟုတ်ပြီ၊ BlockTrades တွင် မိမိဝယ်လိုသော steem ပမာဏကိုရိုက်ထည့်ပါ။ သို့မဟုတ် btc ဘက်မှာရိုက်ထည့်ရင် steem ဘယ်လောက်ရမယ်ဆိုတာကို ပြပါလိမ့်မယ်။
ကျွန်တော်က 1btc = 2700 $ ဈေးလောက်က၀ယ်ထည့်ထားတာပါ။
များများစားစားလဲ မတတ်နိုင်တော့ 75.189 steem ပဲဝယ်ထည့်လိုက်ပါရတယ်။ 75.189 steem ၀ယ်မှာမို့ steem မှာ ရိုက်ထည့်လိုက်ပါတယ်။ တဖက်မှာ 0.04263199 btc ကျသင့်ပါတယ်။ ၄င်း btc ကို ကျွန်တော်တို့ အတိအကျပို့ပေးရပါမယ်။
Screenshot_33.jpg
မိမိဝယ်လိုသော ပမာဏကိုထည့်ပြီး Get Doposit Address ကိုနှိပ်ပါ။
တခါတရံ Get Doposit Address စာသား မှုန်ဝါးနေတတ်ပါတယ်။ ထိုသို့ဝါးနေလျှင် Your receive address မှာ မိမိ steem အကောင့် User name ကိုပြန်ရိုက်ထည့်ပါ။ User name သည် အလွန်အရေးကြီးပါသည်။ user name မှားရေးခဲ့မိမည်ဆိုလျှင် မိမိလွဲလိုက်သော btc များ တခြားတယောက်ဆီ ရောက်သွားပါလိမ့်မည်။ ထို့ကြောင့် သတိထားပြီး မှန်အောင်ရေးထည့်ပါ။ Receive memo မှာ ထည့်စရာမလိုပါ။
ဆိုခဲ့ပြီးသည့်အတိုင်း send btc, receive steem, user name များထည့်ပြီး Get Deposit Address ကိုနှိပ်လိုက်ပါ။ အောက်ကပုံးအတိုင်း addressထုတ်ပေးပါလိမ့်မည်။ address ကိုကော်ပီကူးပြီး မိမိအသုံးပြုသော blockchain, coinbase စသော wallet တခုခုမှ လွှဲပေးရမည့်
btc အတိအကျပို့ပေးပါ။
Screenshot_35.jpg
ဒီနေရာမှာတခုပြောလိုတာက btc ဈေးတက်လာတာနဲ့အမျှ blockchain, coinbase တို့လည်း fees ကြမ်းလာပါတယ်။ ဒီတော့ ကျွန်တော်တို့ fees သက်သာအောင် ဘယ်လိုလုပ်သလဲဆိုတော့ (ကျွန်တော့်စိတ်ကူးပေါ့လေ) ယုံကြည်ရတဲ့ Exchange တစ်ယောက်ယောက်ဆီက လိုအပ်တဲ့ btc ပမာဏကို မြန်မာကျပ်နဲ့ဝယ်လိုက်ပါတယ်။ (ဒီအတွက် mobile banking တခုခုသုံးဖို့လိုပါမယ်)
ဝယ်လိုက်သော btc ကို ကျွန်တော့် coinbase wallet ဆီကို မပို့ခိုင်းပါ။ ခုနက BlockTrades က ကော်ပီယူခဲ့တဲ့ address ဆီ တန်းပို့ခိုင်းလိုက်ပါတယ်။ မဟုတ်ရင် Exchange က ကိုယ့် wallet ကိုပို့ pending စောင့်ရ၊ ကိုယ်ကတခါ BlockTrades ကိုပို့ pending စောင့်ရနဲ့ အချိန်ကြာပါတယ်၊ ကိုယ့်ဆီကလည်း fees ဖြတ်တယ်။ Exchange ထံကလည်း အဖြတ်ခံရသေးတော့ နှစ်ခါဖြတ်ခံရပါတယ်၊
ဒီလို Exchange ကို တန်းပို့ခိုင်းခြင်းဖြင့် အချိန်ကုန်လည်း သက်သာသည့်အပြင် fees ဖြတ်တာလည်း တဖက်က သက်သာပါတယ်။ Exchange ကိုငွေလွဲပြီး btc mount, address ပို့ပေးလိုက်ပါ။ သူလွဲပေးလိုက်တာနဲ့တပြိုက်နက် အောက်ကပုံအတိုင်း pending ပေါ်လာပါလိမ့်မယ်။
Screenshot_36.jpg
မိမိ steem အကောင့်ထဲကိုရောက်ဖို့အတွက် 1 confirm စောင့်ရပါမယ်။ 15 မိနစ်ခန့်ကြာတတ်ပါတယ်။ confirm ဖြစ်တာနဲ့ မိမိ steem အကောင့်ထဲကို ရောက်လာပါလိမ့်မယ်။ အောက်ကပုံကိုကြည့်ပါ။ ကျွန်တော့် steem အကောင့်ထဲကို 76.941 steem ရောက်ရှိလာပါပြီ။ ထို steem ကို Power Up လုပ်ခြင်းဖြင့် steem power များ ရရှိနိုင်ပါသည်။
Screenshot_37.jpg
ဒီလောက်ဆိုလျှင် မြန်မာကျပ်ငွေဖြင့် steem, steem power, steemdollar ၀ယ်တတ်လိမ့်မည်ဟု ယုံကြည်ပါသည်။
မိမိတို့၏ steem power များကိုမြှင့်တင်ပြီး Newbies များကိုလက်တွဲခေါ်ယူက Myanmar Steemit Community အဓွန့်ရှည်အောင်ကြိုးစားရင်း အောင်မြင်မှုရကြပါစေ။
Capture.JPG

written by @kyawhlaing
နားမလည်တာများရှိပါက ကျွန်တော့၏ Facebook chat box မှ မေးမြန်နိုင်ပါကြောင်းး
https://web.facebook.com/chit.ko.16718

Sort:  

This post recieved an upvote from minnowpond. If you would like to recieve upvotes from minnowpond on all your posts, simply FOLLOW @minnowpond

ကျေးဇူးတင်ပါတယ်bro သိခွင့်ရတဲ့အတွက်

ရေးရကျိုးနပ်ပီလေ :-D

power မြင့်လိုသူတွေတွက် တကယ် အကျိုးရှိတဲ့ post ပါ

ကျေးဇူးပါ ဆာဂျီး

ကျိုင့်စုဘာ ကြက်ဥ :-D

ဟုတ်ကဲ့ပါမသိတာရှိရင်လာမေးမယ်နော်

ဟုတ် လာမေးလို့ရပါတယ် နားလည်သလောက်ပြောပြပေးပါမယ် sis

ဂယ်​လုပ်​တာဗျ

ဂယ်ပဲ ဂယ်ပဲ

you're making steemit a great community with your content kyawhlaing! keep it up!

ဒီလိုမျိုးစာတွေကို လိုလားနေတဲ့သူတွေအများကြီးရှိနေပါတယ် ဆက်ရေးစေချင်ပါတယ် ကျွန်တော်ကနားမလည်လို့မရေးနိုင်ပါ ဆက်ရေးပါ ဆရာချစ် အားပေးနေပါမယ်

ဟုတ်ကဲ့ပါ သိသလောက်လေး ပြန်မျှဝေတာပါ bro

ယုံပု ကျော့်အကောင့်ထဲ လွင်္ှဲပေးလိုက်မှ ယုံမယ် ဒါဗြဲ

ငင့် ဆာကီးဒေက

nice post,bro!
your post will give some valuable knowledge to steemit newbies!
thanks for your sharing!

thanks for your suport

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.028
BTC 54461.78
ETH 2294.45
USDT 1.00
SBD 2.28