Steem is into top 19 Coins That Raised Today!

in #myanmar7 years ago

Steemit ချစ်သူမိတ်ဆွေများအားလုံး မင်္ဂလာပါ
ယနေ့အချိန်မှာ Cryptocurrency market ထဲတွင် အင်အားအကြီးဆုံးဖြစ်တဲ့ bitcoin ကစ၍ ဈေးထိုးကျနေတာ လူတိုင်းအသိပင်ဖြစ်ပါသည်။ ဘယ် coin ဘယ်လောက်ကျကျ ဒီနေ့ ကျွန်တော်တို့ရဲ့steem ကတော့ market ထဲ top 19 နေရာရောက်လာတာ ၀မ်းသာစရာပါ။
Screenshot_271.jpg
ကျွန်တော်တို့စလုပ်တုန်းက 1$ ၀န်းကျင်လောက်သာရှိသော steem သည် ယခုအခါ Sbd ကိုပင် ကျော်တက်နေပါပြီ။
Screenshot_272.jpg
ဈေးကွက်ဟူသည် ဘယ်တော့မှ ပုံသေမရှိ၊ အမြဲ အတက်အကျရှိနေသော်လည်း တဖြည်းဖြည်း Market တော်တော်များများက steem ကို လက်ခံလာကြပြီမို့ ကိုဟင်နရီ လက်ခံယုံကြည့်ထားသလို မကြာမီကာလအတွင်းမှာ ကျွန်တော်တို့ MSC member များရဲ့ အနာဂါတ်တွေ ရွှေရောင်တောက်ပလာတော့မှာ အသေချာပင်။
Screenshot_273.jpg
ထို့ကြောင့် ယခုအချိန်တွင် စာရေးရမှာ ပိုစ့်တင်ရမှာ မပျင်းကြပါနဲ့၊ ရေးစရာမရှိဆိုပြီး ကြံမိကြံရာကြံကာ ကော်ပီးကူးတင်ဖို့လည်း ယုံးဝစိတ်မကူးကြပါနဲ့၊ တကြိမ်တခါ ကော်ပီတင်မိ၍ cheetah မိသွားလျှင် မိမိတို့ကြိုးစားထားသမျှ သဲထဲရေသွန်သလို ဖြစ်သွားပါလိမ်မည်။ ထို့ပြင် မိမိတို့ post တင်၍ရလာသော sbd များကိုလည်း မထုတ်ပဲ steem ပြောင်းပြီး power up ကာ power စုဆောင်းဖို့ တိုက်တွန်းပါရစေ။ steemit သည် လွယ်လွယ်နှင့် scam ဖြစ်မည်မဟုတ်ပါ။
steemit သည် free online money ရှာသောဆိုဒ်များတွင် ခိုင်မာသောဆိုဒ်တစ်ခုဟု ယုံကြည့်၍ ကျွန်တော်စလုပ်ထဲက အရင်းအနှီး အနည်းငယ်စိုက်ထည့်ခဲ့ပါသော်လည်း အကြောင်းတခုကြောင့် power down ခဲ့ဖူးပါ၏။ သို့ပင်ငြားလည်း ၂ပတ်ခန့်အကြာမှာ ပြန် stop လိုက်ပါသည်။ ယခုမူ ကျွန်တော့် power 360 ရှိနေပါသည်။ ဒါတောင် ပုံမှန်စာမရေးဖြစ် ပိုစ့်မတင်ဖြစ်ခဲ့ပါ။
အမှန်အတိုင်းဝန်ခံရလျှင် ကျွန်တော်သည် စာရေးအလွန်ပျင်းပါ၏။ တပတ်လုံးနေသော်လည်း စာတပုဒ်မရေးဖြစ်ခဲ့ပါ။ ထိုပျင်းရိမှုကား စိတ်ကိုညိုးနွမ်းစေ၏၊
မှန်ပါသည်။ steemit ကို ကျွန်တော်နှင့်တူစလုပ်ခဲ့သူများ ကျွန်တော်ထက်နောက်မှ ၀င်လာသူ ညီငယ် ညီမငယ်များတချို့ ကျွန်တော်ထက် SP များ၍ Reputation ကြီးနေကြသည်ကို တွေ့မြင်ရသောအခါ ကျွန်တော့ကို ကျွန်တော် အားငယ်မိပါ၏။ ထိုသူတို့ကိုလည်း အားကျမိပါ၏။ မုဒိတာပွါးရုံမှတပါး ဘာမှမတတ်နိုင်ပေ။ ကျွန်တော့်၏ စာရေးပျင်းခြင်းကြောင်းပင်။ ထိုသို့ပျင်းနေသော ကျွန်တော့်ကိုကျွန်တော် ဆုံးမသောအနေဖြင့် ကဗျာတိုလေးတပုဒ် စပ်လိုက်ပါသည်။
writing-by-len-k-a.jpg
မပျင်းနဲ့ မပျင်းနဲ့
စာရေးရမှာ မပျင်းနဲ့
စာရေးပျင်းတော့ ကျန်ခဲ့မည်
မင်းတွေးတောပါလေ
နောက်ကျကျန်တာ ဘာမှမကောင်း
သေတာတခုပဲကောင်း….။
မသေခင်လေးကြိုးစားကွယ်
အနာဂါတ်ကောင်းဖို့ရယ်
သူများပိုစ့်တွေဖတ်ကာကြည့်
နည်းမှီအတုယူကွယ့်
Vote & comment မှန်မှန်ပေး
Rp ကောင်းဖို့တွေး…..။
Sbd လေးရလာရင်
Power up ဖို့ပြင်
Spတွေစုကာထား
မျိုးဆက်သစ်များအား
ကော်ပီမကူးဖို့ဆုံးမပေး
ငါတို့စာတွေရေး…..။

ကျွန်တော်၏ ကဗျာလေးကို ဝေဖန်သုံးသပ် အကြံလေးပေးသွားကြပါဦးခင်ဗျားး
@kyawhlaing
MSC-015
photo = google image

Sort:  

စာတွေရေးရင်း sbd စုကြတာပေါ့plz v and c me back @mgtoetat

ဟုတ်​ စုကြတာ​ပေါ့ဗျာ

ကိုချစ်ကဗျာက အဓိပ္ပါယ်ကောင်းတယ်ဗျ။

ဟီးး ပျော်ပီလေ
ကျေးဇူးတင်ပါတယ် bro

အရမ်းကောင်းပါတယ်
Sp စုပါမယ်

နိ လုပ်နာမို့ နာတော့ မျက်ခုံး ခပ်လှုပ်လှုပ်ရယ် ဟ်ဟ် ဟ် စတာဘာ

အဟမ်းးးးးးး ​ဈေးတက်​လာပီ​နော်​ ဟွင်းး

ဟုတ်ကဲ့ပါဗျာ တကယ်အဓိပ္ပါယ်ရှိပါတယ်

ကျေးဇူးပါ

ကဗျာက ဆုံးမစကားပြောနေတဲ့အတိုင်းဘဲနော်
ရေးတဲ့Idea ကိုလည်းကြိုက်ပါတယ်

ကျေးဇူးပါ​နော်

စာတင်​မဟုတ်​ ​​က ​ဗျာလည်းရတာပဲ 😄

ဟ ဟ ပျင်းလို့​လျှောက်​​ရေးတာပါ

အရမ်းကောင်းတဲ.ကဗျာပါ good

ဖတ်​​ပေးလို့ ​ကျေးဇူးပါ

စာ​ရောကဗျာ​ရောGoodပါတယ်​ရှင်​။

တကယ်​ကြီးလား ​ပျော်​ပီ​လေ

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.028
BTC 62007.73
ETH 2389.39
USDT 1.00
SBD 2.49