ဇော ၇ ချက်အကြောင်း

in #myanmar7 years ago (edited)

"ဇော(၇)ချက် "


ဆရာတော် ဦးလောကနာထမှ ရှင်းပြထားသည်ကိုတင်ထားပါသည်

ဇော ၇-ချက်နှင့် ပါတ်သက်၍ ဇောဆိုသည်မှာ... ဇ၀နကိုခေါ်ပါတယ်...

ဇော= ဇ၀န(ပါဠိ)= လျှင်မြန်ခြင်း= အရှိန်အဟုန်။

သည်နေရာမှ အရှိန်အဟုန်ဆိုတဲ့ အဓိပ္ပါယ်ကိုယူပါတယ်... ဇောမှာက ကုသိုလ်ဇော အကုသိုလ်ဇော ကြိယာဇော ဆိုပြီးရှိတဲ့နေရာမှာ ကြိယာဇောကတော့ ဘုရားရဟန္တာတွေမှာ ဖြစ်ပြီး...ဒကာဒကာမတို့ ဘုန်းကြီးတို့မှာတော့ ကုသိုလ်ဇော အကုသိုလ်ဇောတွေ အမြဲမပြတ် ဖြစ်နေပါတယ်...

ဇော ဘယ်နှစ်ခါဖြစ်သလဲ အရင်လေ့လာရအောင်...

ကာမဇောတို့သည် ပကတိအခါ၇-ကြိမ်သော် လည်းကောင်း၊၆-ကြိမ်သော် လည်းကောင်းဖြစ်ကုန်၏...

သေခါနီးအခါ...မေ့မျောသွားသောအခါ မှီရာ ဟဒယဝတ္ထုရုပ် အားနည်းလှသောကြောင့် ၅-ကြိမ်သာ ဖြစ်ကုန်၏လို့ အဆိုရှိတဲ့အတွက် လယ်တီဆရာတော်ဘုရားက

အရိုးသတ်+ဆ၊ အားနည်းလှ၊ပဉ္စအကြိမ်သာ

ဆိုပြီးသံခိပ်လေးရေးပြီး မှတ်တမ်းတင်ထားပါတယ်...

နောက် မြတ်ဗုဒ္ဓ ရေမီးအစုံစုံ တန်ခိုးပြာဋိဟာ ပြတော်မူ သောအခါတို့၌ဝသီဘော်အထွတ်အထိပ်သို့ေ ရာက်သော ဈာန်ရှင်ဖြစ်တော်မူသောကြောင့်

ပစ္စဝေက္ခဏာ ကာမဇော... အဓိဋ္ဌာန် ကာမဇောတို့သည် ၄-ကြိမ်၊ ၅-ကြိမ် ဖြစ်ကုန်၏...((ဤ၌ မြတ်စွာဘုရားမှာ ၄-ကြိမ်၊ အရှင်မောဂ္ဂလာန်စသည်တို့မှာ ၅-ကြိမ် ဖြစ်ကုန်၏ဟု အထူးမှတ်ရာ၏))လို့ ဆက်လက်ပြီးဆရာတော်မှ

ဝသီခေါင်ဖျား၊ ဈာန်နှင့်ငြား၊ လေး+ငါး နှစ်ထွေလာ

ဆိုပြီးလင်္ကာစီထားပြန်ပါတယ်...ဇောဆို အားလုံး၇-ကြိမ်ချည့် ထင်နေမစိုးလို့ ထည့်ရှင်းပေးလိုက်ပါတယ်...

ဇော ၇-ကြိမ်ဖြစ်ပုံနဲ့ ၀ီထိအစဉ်ကို ကြည့်ကြမယ်... (အတိမဟန္တာရုံဝီထိ)ရူပါရုံအဆင်းနဲ့စက္ခုပသာဒတို့ တွေ့ဆုံပြီးနောက်မြင်သိစိတ်တစ်ခုတွင် စိတ်ဖြစ်ပုံ အစဉ်အတန်းမှာ...

တီ+န+ဒ+ပ+စ+သံ+ဏ+၀ု+ဇ ဇ ဇ ဇ ဇဇ ဇ+ရုံ+ရုံ +ဘွင်+ဘွင်

တီ= အတီတဘ၀င်= (အတီတ=လွန်ပြီး+ ဘ၀င်= ဘ၀င်စိတ်)အာရုံသစ်မထင်မှီ ချုပ်ပျက်သွားသော ဘ၀င်စိတ်...

န= ဘ၀င်္ဂစလန= (စလန= လှုပ်သော + ဘ၀င်္ဂ= ဘ၀င်) အာရုံဟောင်းကို မလွတ်သေးအသစ်ကိုလည်းစွဲမြဲစွာ မယူနိုင်သေး လှုပ်နေသောသဘော...

ဒ= ဘ၀င်္ဂုပစ္ဆေဒ= (ဘ၀င်္ဂ= ဘ၀င်+ ဥပစ္ဆေဒ= ပြတ်စဲသော)အာရုံသစ်ကိုယူရန်အာရုံဟောင်းကိုဖြတ်သော နောက်ဆုံးဘ၀င်စိတ်...

ပ= ပဉ္စဒွါရာဝဇ္ဇာန်း=ထင်လာသောအာရုံကိုဘာပါလိမ့်လို့ တစ်ကြိမ် ဆင်ခြင်ပြီးချုပ်၏။

စ= စက္ခုပသာဒကိုမှီ၍စက္ခုဝိညာဏ် အဆင်းကို မြင်သိစိတ်ဖြစ်...

သံ= သမ္ပဋိစ္ဆိုင်းစိတ်=ရူပါရုံအဆင်းကိုခံယူသောစိတ်... လက္ခံသောစိတ်...

ဏ= သန္တီရဏ= အာရုံကို စူးစမ်း ထောက်လှမ်းသောစိတ်...

ဝု= ၀ုဋ္ဌော= အာရုံကို ကောင်းမကောင်းဆုံးဖြတ်သောစိတ် ...(၀ုဋ္ဌောထိ အာရုံများ မထင်ရှားသေး ခံစားမှု ထိထိမိမိ မသိသေးသေး)

ဇော= ဇ၀န= အရသာပေါ်အောင် အရှိန်ကောင်းကောင်းနှင့် ကာမဇော ၂၉-ပါးမှ တစ်ပါးပါးသော ဇောစိတ်သည် ၇-ကြိမ်တိုင်တိုင်စောသည်။ နှလုံးသွင်းကောင်းလျှင် ကုသိုလ်ဇော... နှလုံးသွင်းမကောင်းလျှင် အကုသိုလ်ဇော...ရဟန္တာဖြစ်လျှင် ကြိယာဇော... ဖြစ်သည်။

ရုံ= တဒါရုံ= ဇောနောက်လိုက်၍ အာရုံ၏အရသာကို ထပ်မံ ခံစားခြင်း...

ဘွင်= ဘ၀င်= ဥပပတ္တိဘ၀၏အကြောင်း... (အတိတ်ကံကြောင့်လူသေမသွားအောင် စိတ်ကလေး ဆက်ဖြစ်ပေးနေခြင်းဖြစ်သည်)

မရှင်းသေးလျှင် သည် ဥပမာနဲ့ လေ့လာကြည့်ကြမယ်...

သရက်ပင်အောက်က လူတစ်ယောက် ခေါင်းမြီးခြုံ အိပ်နေသည်= ဘ၀င်ကျ...

သရက်သီးကြွေကျ= အာရုံနှင့် ဒွါရ တိုက်ဆိုင်သည်နှင့် တူပါသည်...

လူနိုးလာသည်= ပဉ္စဒွါရာဝဇ္ဇာန်း ဖြစ်ပုံနှင့် တူပါသည်...

ခေါင်းမြီးခြုံဖွင့်ကြည့်= စက္ခုဝိညာဏ်စိတ် ဖြစ်ပုံနှင့် တူပါသည်...

သရက်သီးလှမ်းယူ= သမ္ပဋိစ္ဆိုင်း ဖြစ်ပုံနှင့် တူပါသည်...

မှည့် မမှည့် နှိပ်ကြည့်= သန္တီရစဏ ဖြစ်ပုံနှင့် တူပါသည်...

မှည့်သည်ဟု ဆုံးဖြတ်= ၀ုဋ္ဌော ဖြစ်ပုံနှင့် တူပါသည်...

ကိုက်စား အရသာခံစား= ဇော ဖြစ်ပုံနှင့် တူပါသည်...

ခံတွင်းရှင်း၍ မျိုချ= တဒါရုံ ဖြစ်ပုံနှင့် တူပါသည်...

ခေါင်းမြီးခြုံ ပြန်အိပ်= ဘ၀င်ပြန် ဖြစ်ပုံနှင့် တူပါသည်...

အရှိန်အဟုန်ကောင်းကောင်းနှင့် ကုသိုလ်စိတ် အကုသိုလ်စိတ်များဖြစ်လာပြီဖြစ်၍ ဇော...ဇော ၇-ကြိမ်၏ အကျိုးတရားတို့မှာ...

(၁)ပထမဇောသည်...ပဋိသန္ဓေကျိုးကိုမပေးယခုလက်ရှိ ပ၀တ္တိကျိုးကိုပေးနိုင်၏ ချက်ချင်းလက်ငင်းထီပေါက်နိုင်သည် ကိုယ်လိုချင်တာရ နိုင်မည် ရွှေအိုးကြီးများရနိုင်သလို...ခြေကျိုး လက်ကျိုး သေချင်းဆိုးနှင့် သေစေနိုင်သော စွမ်းအားများပါရှိသည်...သူက အကျိုးမပေးက ဘယ်သောအခါမှ အကျိုးမပေးတော့ အဟောသိကံ...ပထမဇောကံအကျိုး ပျက်၏...

(၇)သတ္တမဇော(သို့)နောက်ဆုံးဇော...သူသည်ကား ဒုတိယ-လာမည့်ဘ၀ ပဋိသန္ဓေကျိုးကို အကျိုးပေးနိုင်သည့်...ပြင်...ပ၀တ္တိကျိုးကိုလည်း ပေးနိုင်သည်... ကုသိုလ်ဇောသည် လူ-နတ် ဖြစ်စေနိုင်သလို... အကုသိုလ်ဇောသည်ကားအပါယ အပါယ်လေးဘုံသို့ ရောက်စေနိုင်ပေသည်...

(၂-မှ-၆)

ဒုတိယဇောမှဆဋ္ဌမဇောထိ...အကျိုးပေးပုံကား... တတိယဘ၀မှ စတင်၍ ပဋိသန္ဓေအကျိုးနှင့် ပ၀တ္တိအကျိုးတို့ကို ဘ၀သံသရာ မပြတ်မခြင်း အကျိုးပေးတော့မည်ဖြစ်ပေသည်...

သို့အတွက် သူတော်ကောင်းအပေါင်းတို့ ကုသိုလ်အကျိုးပေးနှင့် အကုသိုလ် အကျိုးပေးတို့သည်ကား ပြဒါးတစ်လမ်း သံတစ်လမ်းဖြစ်ပေသည်...ကုသိုလ်၏ အကျိုးပေးကား ချိုမြိန်လှသော မချစ်စု သရက်သီးစားရသလို...အကုသိုလ်၏ အကျိုးပေးသည်ကား...ခါးသီးလှပေသည်တကား... ကျွန်ုပ်အတွက်တော့ အမေပေးသောအသည်း အစိမ်းသက်သက် အလှီးခံလိုက်ရပေပြီ... အကုသိုလ် ပ၀တ္တိအကျိုးသည်ကားခါးသီးလှပေ၏...အသိ သတိရှိကြပါကုန်... သင်တို့မှာလည်း နောက်တွဲတွေ အများကြီးရှိပေဦးမည်... ရှေ့ဆက်၍ကောင်းမှု ကုသိုလ်တွေ ကြိုးစားနိုင်ကြပါစေ...သူတော်ကောင်းတရားတွေ လွမ်းခြုံနိုင်ကြပါစေ...သာသနာကို စောင့်ရှောက်နိုင်သော အမျိုးကောင်း သားသမီးများဖြစ်ကြပါစေ... အပ္ပမာဒတရားလက်ကိုင်ထားလို့သူတော်ကောင်းတရားတွေ ကျင့်နိုင်ကြစေ မြတ်ဗုဒ္ဓအမွေ...

ဦးလောကနာထ http://greenkstar.blogspot.in/2011/08/blog-post_3563.html

စာဖတ်သူအားလုံးသက်ရှည်ကျန်းမာ
စိတ်ချမ်းသာပြီး လိုရာဆန္ဒများတစ်လုံးတစ်ဝတည်းပြည့်ဝကြပါစေ။

credit - အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)

နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
..... ဟု

အနှိုင်းမဲ့ ဗုဒ္ဓဘုရားကို ...
ကွန့်မန့်တွင်ရေးသားကန်တော့သူများ...
အားလုံး ယခုမျက်မှောက်ဘဝကာလတွင်
ကောင်းကျိုးပထမဇောများ ပေးမှာ
အမှန်ပင်ဖြစ်ပါသည် ....

ထိုသို့ ရှိခိုးရေးသားသည့် အခါရှေ့စိတ်လေး
ပျက်သွားသည်ကို နောက်စိတ်မှရှုမြင်၍
အနိစ္စ ဟု သုံးသပ်ဆင်ခြင်နေပါက
အမြတ်ဆုံး ပထမဇော( ဂရုကံ )
ပင်ဖြစ်နေပါတော့သည်။

မိုးကုတ်ဆရာတော်ဘုရားကြီးက
ဒကာ ဒကာမတွေကို ဖြစ်ပျက်ရှုခိုင်းသည်မှာ
ပထမဇောများများပေါ်စေရန်ဖြစ်ပြီး
ယခုဘဝမှာပင် အကျိုးပေးစေရန် ဖြစ်ကြောင်း
မိန့်ကြားဟောကြားခဲ့ပါသည်

ထိုသို့ဟောကြားသည့်အတိုင်း
ဆွေတော်မျိုးတော်များလည်း ကောင်းကျိုးတရား
ပထမဇောများ ရရှိနိုင်ကြပါစေခင်ဗျာ ...

min min ( mogok )

Sort:  

ဟု ဟု

Steemit Platform သည် အခြား သော ဆိုဒ်များမှ စာများ , ဆောင်းပါးများ , သတင်းများအား ကူးယူဖေါ်ပြခြင်းကို အထူးပင်တားမြစ်ထားပါသည်။ ဤ Platform သည် မိမိကိုယ်ပိုင်အရေး အသား အတွေးအမြင် အတွေ့အကြုံတို့ အား ဖလှယ် ရာနေရာ ဖြစ်၍ အခြားသော copy များ credit များ ဖြင့် post မတင်ရန် သတိပေးလိုက်ပါသည်။

လိုအပ်တဲ့ အကူအညီနဲ့ လမ်းညွန်တွေကို အောက်မှာ ဖေါ်ပြထားတဲ့ Facebook link မှာ ဝင်ရောက်အကူအညီ တောင်းနိုင်ပါတယ်။

https://www.facebook.com/Myanmar-Steemit-Newbies-116871002276941/

https://www.facebook.com/groups/308312782947531/

မင်္ဂလာပါခင်ဗျာ steemit myanmar မှ ကြိုဆိုပါတယ်ဗျာ ကျွှန်တော့ကို https://www.facebook.com/profile.php?id=100012803764405 ကနေလည်း ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ ကျွှန်တော်တို့လည်းလေ့လာဆဲပါ ဒါပေမဲ့ steemit နှင့်ပတ်သက်ပြီး ကျွှန်တော် တို့ သိသမျှ ပြောပြပေးပါမည် မေးမြန်းနိုင်ပတယ်ခင်ဗျာ

Coin Marketplace

STEEM 0.21
TRX 0.25
JST 0.038
BTC 102008.61
ETH 3194.25
SBD 5.09