စည်းလုံးခြင်းမှ ​အောင်​မြင်​ခြင်းသို့-ယုံကြည်​ချက်​မှ ပန်းတိုင်​သို့

in #myanmar7 years ago

စည်းလုံးခြင်းမှ ​အောင်​မြင်​ခြင်းသို့


ယုံကြည်​ချက်​မှ ပန်းတိုင်​သို့


#ကျွန်​​တော်​မျှ​ဝေချင်​တဲ့ အ​ကြောင်းအရာ​လေးက​တော့
စည်းလုံးခြင်း၊ ယုံကြည်​ချက်​၊ဇွဲ လုံ့လ တို့ ရှိမှသာ ​အောင်​မြင်​မှု ရ​နိုင်​​ကြောင်းဖြစ်​ပါတယ်​။

ဧ၀ရက်​​တောင်​ကိုလူတိုင်းသိကြပါလိမိ့မည်​။
ကမ္ဘာ​ပေါ်မှာ ဧ၀ရက်​​တောင်​ဟာ ​အမြင့်​ဆုံးဖြစ်​ပြီး ​ပေ​ပေါင်း၂၉၀၀၂​ ​ပေ ရှိပါတယ်​။မိုင်​အားဖြင့်​ ၅မိုင်​ခွဲ​လောက်​မြင့်​ပါတယ်​။ အမြင့်​ပိုင်းမှာ ၁၂လလုံး​ရေခဲဖုံးလွှမ်းလျက်​ရှိပြီး နှင်းမုန်​တိုင်းများ ​ရေခဲတုံးကြီးများကြတတ်​ပါတယ်​။ဟိမ၀န္တာ​တောတွင်​တည်​ရှိပါတယ်​။တောင်​နှင့်​​မြောက်​တွင်​ နီ​ပေါနှင့်​ တိဘက်​နိုင်​ငံရှိသည်​။ကျွန်​​တော်​တို့ လူသား​တွေဟာ ​ခေတ်​အဆက်​ဆက်​ ဧ၀ရက်​​တောင်​ထိပ်​တွင်​ ​ခြေချနိုင်​ဖို့ ကြိုးခမ်းခဲ့ရ​သည်​။အသက်​​တွေလည်းဆုံးရှုံးခဲ့ရ​​သော်​လည်း မ​လျှော့​သောဇွဲ နှင့်​ ကြိုးစား​သော​ကြောင့်​ ၁၉၅၃ခုနှစ်​ ​မေလ၂၉ နာရီ၁၀:၃၀တွင်​ နယူးဇီလန်​နိုင်​ငံသားနှင့်​ နီ​ပေါနိုင်​ငံသားတို့၂ဦးက
ပထမဦးဆုံး ဧ၀ရက်​​တောင်​​ပေါ်တွင်​ ​ခြေချနိုင်​ခဲ့ပါပြီ။
ပထမဦးဆုံးဧ၀ရက်​​တောင်​​ပေါ် လူသား၂ဦး​ရောက်​ခဲ့ရတာဟာ ရဲ​ဘော်​ရဲဘက်​စိတ်​နှင့်
ကျရာတာဝန်​ကို မခိုကတ်​ဘဲ စု​ပေါင်း​ဆောငိရွက်​ခဲ့လို့ ​ရောက်​ရှိခဲ့တယ်​လို့ ကျွန်​​တော်​​တွေးမိပါတယ်​။

ထို့အတူပါပဲ ကျွန်​​တော်​တို့ဘ၀မှာ ဘယ်​ခရီးသွားသွား
ခရီး​ဖော်​​တွေနဲ့ အတူ သွားရတဲ့အတွက်​​ကြောင့်​ အချင်းချင်း ရိုင်းပင်းကူညီစိတ်၊ ရဲ​ဘော်​ရဲဘက်​စိတ်​နှင့်
အတူလက်​တွဲသွားကြမယ်​ဆိုလျှင်​ ဘယ်​​လောက်​ကြီးမားတဲ့အခက်​ခဲကိုမဆို ​ကျော်​ဖြတ်​ပြီး ခရီးအမြန်​ဆုံး​ရောက်​ကြမယ်​လို့ ယုံကြည်​ပါတယ်​။

ကျွန်​​တော်​ဖတ်​ခဲ့ဖူး​သော
ရှင်​မဟာရဌသာရ ၏လင်္ကာတစ်​ပုဒ်​ထဲကစာပိုဒ်​​လေးကို
သတိရမိသည်​။

သေတူရှင်​ဘက်​၊​ဆောင်​ရွက်​မကင်း အချင်းချင်းဝယ်​ အခင်းကြီးငယ်​ ရှိခါဝယ်​လည်း မဖယ်​​သွေဘဲ ညီညာကုန်း၍ ရုန်းကြ​လေ

ဒီလိုစိတ်​ဓာတ်​မျိုးနဲ့သာ ကျွန်​​တော်​တို့ ​လျှောက်​လှမ်းကြရင်​ ဘယ်​​လောက်​​ဝေးတဲ့ခရီးဖြစ်​ပါ​စေ
ခရီးအဆုံးကို​ရောက်​ကြမှာပါ။

ဧ၀ရက်​​တောင်​ကိုဘာ​ကြောင့်​တက်​ကြလဲ ကျွန်​​တော်​တို့​တွေ ​တွေးကြပါလိမ့်​မယ်​။
လူ​သား​တွေဟာ ကြိုးစားရင်​ မရနိုင်​တာမရှိဘူး၊
ကျွန်​​တော်​တို့လူသား​တွေရဲ့ လုံလ၀ီရိယ အစွမ်းသတ္တိ ကြီးမားတယ်​ဆိုတာကိုသက်​​သေ ပြလိုက်​တာပါဘဲ။
ကြိုးစားမှု​ကြောင့်​ ​တောင်​ကြီး ဖ၀ါး​အောက်​ ​ရောက်​ခဲ့ပါပြီ ။
နောက်​တစ်​ခုက​တော့ အစိုးရ​တွေ ပညာရှင်​​တွေ
အားလုံးကလည်း ချီးမွမ်း​မြောက်​စားခဲ့ကြရပါတယ်​။
အောင်​မြင်​မှု ရတဲ့သူအတွက်​ ​​လောကကြီးဟာ
မြှောက်​စားဖို့ အသင့်​ရှိပါတယ်​။

ဧ၀ရက်​​တောင်​တက်​သမား​တွေလိုပဲ
ကျွန်​​တော်​တို့​တွေဟာ ​နေ့စဉ်​ဘ၀မှာ တက်​စရာ ဧ၀ရက်​​တောင်​​တွေရှိကြပါတယ်​။
ဘ၀ပန်းတိုင်​ကို ​ရောက်​ဖို့အတွက်​ ကြုံ​တွေ့ရမည့်
ခ​ရောင်းလမ်း​တွေ​ပေါ့။
ကျွန်​​တော်​တို့ဟာ ​တောင်​တက်​သမား​တွေလို
ကိုယ်​ကျိုးမ​ထောက်​ထားဘဲ ဘ၀ခရီး​ဖော်​ချင်း ရိုင်းပင်းကူညီလျက်​ ကြီးမားတဲ့စိတ်​ဓာတ်​ ယုံကြည်​ချက်​​တွေနဲ့ ကြိုးစားကြမယ်​ဆိုပါက
မရနိုင်​တာ မဖြစ်​နိုင်​တာ ဘာမှမရှိပါဘူး။
မိမိတို့ယုံကြည်​ချက်​ကို ရ​အောင်​လုပ်​မယ်
ဖြစ်​​အောင်​လုပ်​မယ်​ဆိုတဲ့ စိတ်​ထားရှိရပါမယ်​။

(ဧ၀ရက်​​တောင်​တက်​သမား​တွေလိုပဲ ကျွန်​​တော်​တို့​တွေ လက်​တွဲပြီး ရိုင်းပင်းကူညီလျက်
ယုံကြည်​ချက်​ လုံလ ၀ီရီယ ​တွေနဲ့ Steemitမှာ ​အောင်​မြင်​​အောင်​ကြိုးစားကြပါစို့။)

Original
#kothant

IMG_20170810_200748.jpg

Sort:  

သက်ဆိုင်ရာပုံလေးတွေ ထည့်လိုက်ရင် အရမ်းကောင်းမယ်ဗျ

Congratulations @kothantkothant! You have received a personal award!

1 Year on Steemit
Click on the badge to view your Board of Honor.

Do not miss the last post from @steemitboard!


Participate in the SteemitBoard World Cup Contest!
Collect World Cup badges and win free SBD
Support the Gold Sponsors of the contest: @good-karma and @lukestokes


Do you like SteemitBoard's project? Then Vote for its witness and get one more award!

Congratulations @kothantkothant! You received a personal award!

Happy Birthday! - You are on the Steem blockchain for 2 years!

You can view your badges on your Steem Board and compare to others on the Steem Ranking

Vote for @Steemitboard as a witness to get one more award and increased upvotes!

Coin Marketplace

STEEM 0.21
TRX 0.24
JST 0.038
BTC 94636.84
ETH 3278.73
USDT 1.00
SBD 3.16