ငြီးငွေ့ခြင်း
နာကျင်စရာတွေ ရှိခဲ့သော်လည်း
မျက်လုံးတွေ မှိတ်ထားခဲ့ပါတယ် ။
စိတ်ကူးထဲက လက်တွေ့ဘဝတွေ
မချိုမြိန်လေတော့
ခါးသက်သက်ရက်စွဲတွေက
ငါ့အတွက်
ရက်ရာဇာတွေဖြစ်နေလေရဲ့ ။
မပီပြင် ဝိုးတဝါးအတွေးများနဲ့
ရီဝေဝေ အပြုံးတွေ
ရောင်စုံပန်ချီကားတစ်ချပ်လို
လှပသွားအောင် ပုံဖော်ပစ်လိုက်မယ်
( တန်ဖိုးတွေ ကြီးမားလာအောင်လေ) ။
တစ်ကယ်တော့ လူ့ဘဝကြီးက
နေသားတကျဖြစ်ဖို့ထက်
နေရာတကျထားနိုင်ဖို့
အတော်အရေးပါပါလား ။
ကံကြမ္မာရေ …
ရိုးမယ်ဖွဲ့ဖို့ စိတ်ကူးမရှိပေမယ့်
ခွန်အားဖြစ်စေသော
လေကောင်းလေသန့်တွေ
ကျွန်ုပ်အားပေးသနားတော်မူပါ
ကျွန်ုပ်နေရာတကျကနေ
စောင့်နေပါတယ် နေမဝင်တဲ့ အချိန်ထိ
အားလုံးကို လေးစားလျှက် …
ညီညီထွန်း
မိုးစက်
written by @ konyinyitun
MSC.259
ဖြစ်ချင်သလို ဖြစ်ရော မထားဘဲ
ဖြစ်ချင်ရာ ဖြစ်အောင်တော့ ကြိုးစားရဦးမယ်
ကိုဟိန်းရဲ့ အတွေးများ ညီလေးက လေးစားရပါတယ်
စောင့်နေတဲ့ရက်တွေ ရက်ရာဇာများဖြစ်ပါစေ
ပေးတဲ့ဆုနဲ့ ပြည့်ရပါစေ ကျေးဇူးတင်ရပါတယ် ဆရာမ
အရေးသားတွေကတော့ good လွန်းပါတယ်ဗျာ
ကိုအောင်ကြီးကိုတော့ ညီလေးမမှီနိုင်သေးပါဘူးခင်ဗျ