ဘာရေးရင်ကောင်းမှာလဲ

in #myanmar7 years ago

image
တကယ်မသိတော့ဘူးဗျာ၊ ဘာရေးရင်ကောင်းမှာလဲ စဉ်းစားစမ်း စဉ်းစားစမ်၊???????????????????. အိုး…သိသွားပီရသွားပီဗျာ၊ ဟို..အရင်က ရခိုင်ရာဇဝင်တစ်ခုပြောပြချင်ပါတယ်၊ ရခိုင်ရာဇဝင်တွေအများကြီးရှိပဲမဲ့၊ ကျွန်တော်သိပ်မလေ့လာဖြစ်တော့ သိပ်စုံစုံလင်လင်တော့မသိဘူးခင်ဗျာ၊ တစ်ခုကြိုပြောချင်တာကတော့၊ တကယ်လို့များကျတော်ပြောတဲ့အကြောင်းရာထဲမှာ မပြည့်စုံမစုံလင်ဘူးဆိုရင် နားလည်ခွင့်လွတ်ပေးကြပါလို့ပြောကြားလိုပါတယ်၊
image
စိုးမဲ့ကျီဆိုတဲ့ အမျိုးသမီးအကြောင်းကိုကြားဖူးကြပါလား၊ သူမကတော့ ရခိုင်သမီးပျိုတစ်ယောက်ပါ ခုပြောနေတာ အရင်အကြောင်းနော်၊ သူမ မိသားစုကဆင်းရဲပင်ပန်ပါတယ်၊ ကျတော်တို့ရခိုင်မှာဆို ဟိုအရင်ကတည်းကပင်ခုထိ၊ ငါးယိုးတဲ့ဓလေ့ရှိပါတယ်၊ ငါးယိုးတဲ့ လက်နက်ကိုတော့ ယက်သဲ လို့ခေါ်ပါတယ်၊ အမျိုးသမီပျိုတွေက ယက်သဲကိုယ်စီ ကိုင်ပြီး ငါးရှာဖို့သွားကြပါတယ်၊ အဲလိုသွားရင့်နဲ့ ငါးယိုးနေတဲ့အချိန်မှာ စိုးမဲ့ကျီဆိုတဲ့ အမျိုးသမီးဆီ အဖိုးထိုက်တန်တဲ့၊ စိန်တစ်လုံးယက်သဲထဲသို့ဝင်လာပါတယ်တဲ့၊
image
စိုးမဲ့ကျီးက အဖိုးတန်တဲ့စိန်မှန်းမသိတဲ့အတွက် အဲဒီစိန်ကို လွတ်ပစ်လိုက်ပါတယ်၊ ဒါပေမဲ့ နောက်ငါးယိုးလိုက်ရင် အဲဒီိစိန်ဘဲထပ်ခါထပ်ခါပါလာပါတယ်၊ နောက်ဆုံးခေါက်ပါလာတဲ့အခါမှာ၊စိုးမဲ့ကျီက အိမ်မှာ သူမောင်လေး ကစားလို့ရတယ်ဆိုပြီး၊ ယူလာပါတယ်၊ သူမကတော့ စိန်မှန်တယ်မသိသေးဘူး အိမ်ရောက်ပြီး မိုးချုပ်တဲ့အခါမှာ စိန်တုံးက အရောင်တွေထွက်လာပါတယ်၊ အဲဒီအခါမှန် အဖိုးထိုက်တန်တဲ့စိန်မှန်သိလိုက်ပါတယ်၊ စိန်ရမှန်သိလိုက်တဲ့အချိန်မှာ တစ်ယောက်စကား တစ်ရွာနားဆိုတဲ့အတိုင်း အနီနားကအစအကုန်းလုံး သူမ စိန်ရတဲ့အကြောင်းကိုသိတဲ့ခါမှာ တိုင်းပြည်အုပ်စိုးနေတဲ့ မင်းကြီးက သူမနဲ့ စိန်ကို တခါတည်းသိမ်းပိုက်လိုက်ပါတယ်၊ သို့သော် စိတ်မကောင်းစွာဖြင့် သူမ မှာအချစ်ရတဲ့သူချစ်သူပန်ရံဆရာ မောင်ရွှေသီနဲ့ မခွဲချင်သော်လည်း ခွဲခေါ်ခဲ့ရပါတယ်၊
image
ရွှေငွေနဲ့နန်းတော်ထဲဘယ်လောက်ဘဲနေရသော်လည်း ချစ်သူနဲ့ ဝေးကွာနေရတဲ့ စိုးမဲ့ကျီမှာ အပျော်ဆိုတာမရှိဘူး၊ တစ်နေ့ မြောက်ဦးမြို့တော်မှာ စေတီတည်းရန် ပန်ရံဆရာမောင်ရွှေသီကို ခေါ်ပြီစေတီတည်ခိုင်ပါတယ်၊ မောင်ရွှေသီက စေတီပုံစံကိုသွားမေးတဲ့အခါမှာ သူချစ်သူဖြစ်တဲ့ ဘုရင်မ စိုးမဲ့ကျီနဲ့သာတွေ့ပြီး စေတီကို ဘယ်ပုံစံတည်းမလို့မေးလိုက်တော့၊ နှစ်တွေကြာပြီးဝေးကွာနေရတဲ့ ချစ်သူစကားသံကြားလိုက်တော့၊ စကားပြန်ပြောမထွက်ပဲ ရုတ်တရက်ထသွားပါတယ်၊ ရုတ်တရက်ထသွားတဲ့အခါမှာ စိုးမဲ့ကျီရင်သား ကိုတွေ့လိုက်ရတဲ့မောင်ရွှေသီမှာ အလွဲပြီး သူစိတ်ဖြင့် ငါကို သူမက စေတီတည်ဖို့အတွက်အထာပေးခဲ့တာဘဲဆိုပြီး၊ နို့ပုံစေတီအဖြစ်တည်းဖို့ရန် ပန်ရံဆရာဆုံးဖြတ်ချက်ချလိုက်ပါတယ်၊ မိတ်ဆွေတို့ကိုလေးဘဲ ဖိတ်ခေါ်ပါတယ် ခုထိ မောင်ရွှေသီတည်ထားခဲ့တဲ့ နို့ပုံစေတီကို လာဖူးခွင့်ရရင် လာခဲ့ကြပါလို့ရခိုင်သူ ရခိုင်သားကိုယ်စား ဖိတ်ခေါ်လိုက်ပါတယ်၊ ဆုံးဖြတ်ချက်ချပြီးပြီးချင်း နို့ပုံစေတီအဖြစ်တည်ထားခဲ့ပါတယ် ဘုရင်အမတ်တွေက မဟုတ်မမှန်စကားဖြင့် ဘုရင်ကို စိုးမဲ့ကျီနဲ့ မောင်ရွှေသီ ဖောက်ပြန်နေတဲ့၊ သက်သေအနေနဲ့ပြရမယ်ဆိုရင် စိုးမဲ့ကျီရဲ့ ရင်သားပုံကို စေတီအဖြစ်တည်ထားတယ် ဆိုပြီး မဟုတ်မမှန်စကားဖြင့်ဘုရင်ကိုတိုက်ပြောတော့ မစဉ်းစားဘဲ တစ်ခါတည်း မောင်ရွှေသီနဲ့ စိုးမဲ့ကျီို အခုချက်ချင်းသတ်စေ..အမိန်းချလိုက်ပါတယ်၊ အမိန်းရတာနဲ့ မောင်ရွှေသီနဲ့ စိုးမဲ့ကျီကို ကားစင်တင်ပြီသတ်ဖို့အခါမှာ စိုးမဲ့ကျီက သစ္စာပြုလိုက်ပါတယ်၊ တကယ်လို့များ ကျမသာမောင်ရွှေသီနဲ့ မဖောက်ပြန်ခဲ့ဘူးဆိုရင်၊ အလောင်းကို ဖောင်လွတ်တဲ့အခါမှာ ရေဆန်တက်ရပါစေသတည်းဆိုပြီ အဓိဌာန်ပြုလိုက်ပါတယ်၊ စိုးမဲ့ကျီကိုသတ်ပြီးဖောင်လွတ်တဲ့အခါမှာ သစ္စာပြုလိုက်တဲ့အတိုင်း ရေဆန်တက်ပါတယ်၊ တကယ်အဖြစ်မှန်ကို ဘုရင်သိတဲ့အခါမှာ ရင်ကျိုးမတတ်ခံစားရခဲ့ပါတယ်တဲ့ ဆိုပြီး စိုးမဲ့ကျီးအကြောင်းကိုကြားဖူးဖတ်ခဲ့ဖူးပါတယ်၊ အလုပ်တစ်ခုကို မစဉ်းစားမဆင်ခင်ဘဲမလုပ်သင့်ဆိုတာကို ဒီသမိုင်းက သက်သေပြခဲ့ပါတယ်။ ကျေးဇူးတင်ပါတယ်
written by kony
msc 037

Sort:  

ဖက်လို့ကောင်းပါတယ်bro

ဟုတ်ကဲ့ကျေးဇူးပါbro

ဖတ်ရသိပ်မရှင်းဘူး ယက်သဲ့ ငါးယိုးတာက ဘာလဲဟင်

ယက်သဲ့ ဆိုတာက ပိုက်ကွန်လိုမျို ငါးဖမ်းတဲ့ကိရိယာတန်းဆာတစ်ခုပါအကို အဓိကငါးဖမ်းဖို့အတွက်ဖန်တီထားတာပါ

ကျေးဇူး ပါ ရှင်းပြပေးလို့

ယက်သဲ့ တယ်ဆိုတာက ချောင်းစပ်မှာ ဇကာ လို ပုံစံမျိုးနဲ့ ငါးတိုက်တယ် ထင်ပါတယ် ငါးယိုးတယ်ဆိုတာက ငါးကို မှိန်းထိုးတယ် ခေါ်မှာပေါ့

ဟုတ် ဇကာကိုပုံစံမျိုပါ ဒါပေမဲ့ဇကာတော့ဟုတ်ဘူး ဝါးနဲ့ပြုလုပ်ထားတာပါ

ဖတ်လို့ကောင်းပါတယ်ဗျား

Coin Marketplace

STEEM 0.17
TRX 0.24
JST 0.034
BTC 95665.65
ETH 2816.40
SBD 0.67