ကျ​နော့်ဘဝ အ​တွေ့အကြုံများ (အပိုင်း ၃)

in #myanmar7 years ago

image

"ကဲ... ​ရော့ ဒီမှာ လက်​မှတ်​ထိုးချည်​"
ပုလိပ်​ဖြစ်​သူမှာ မှတ်​တမ်းစာအုပ်​အား ကျ​နော့်​အား လှမ်း​ပေး၍ လက်​မှတ်​ထိုးခိုင်း​လေသည်​။ထိုင်းစာ​တွေမို့ ဘာ​ရေးလို့ ​ရေးထားမှန်း ကျ​နော့်​လည်း မသိပါ ​သေချာတာ​က​တော့ အမှု့မှတ်​တမ်းဖိုင်​ ဖြစ်​ဖို့များသည်​။ကျ​နော့်​အား အ​ထောက်​ထားမရှိ နိုင်​ငံခိုးဝင်​မှု့ဖြစ်​ လက်​မှတ်​ထိုးခိုင်းခြင်းဟု ကျ​နော်​​တွေး​တော့ ​တွေးမိသည်​။မထူး​တော့ပါ ပုလိပ်​ထိုးခိုင်း​သော လက်​မှတ်​အား ကျ​နော်​ထိုး​ပေးလိုက်​​လေသည်​။လက်​မှတ်​ထိုးပြီးသည်​နှင့်​ ကျ​နော့်​အား အချုပ်​ခန်းထဲသို့ ပိုလိုက်​​လေသည်​။

ကျ​နော့်​ရဲ့ တစ်​သက်​နဲ့တစ်​ကိုယ်​ တစ်​ခါမှ ရုံး​ရောက်​ ဂတ်​​ရောက်​ အချုပ်​ခန်းထဲ ​ရောက်​ဖို့ဆိုတာ ​တွေး​တောင်​ မ​တွေးထားမိပါ။အခု​တော့... ထိုင်းနိုင်​ငံမှာ အချုပ်​ကျ​နေရ​လေသည်​။

"ဂျိမ်းး"
ပုလိပ်​ဖြစ်​သူမှာ ကျ​နော့်​အား အချုပ်​ခန်းထဲ ထည့်​ပြီးသည်​နှင့်​ အချုပ်​ခန်းတံခါးပိတ်​ပြီး​တော့ ပြန်​ထွက်​သွား​လေသည်​။

အချုပ်​ခန်းထဲတွင်​ ကျ​နော်​တစ်​​ယောက်​ထဲသာ ရှိ​နေသည်​။အချုပ်​ခန်းကို ကျ​နော်​ ပတ်​ပတ်​လည်​ကြည့်​လိုက်​သည်​။အချုပ်​ခန်းမှာ ပေ၂၀ပတ်​လည်​​လောက်​​တော့ရှိမည်​။ အမျိုးသမီး အချုပ်​ခန်းနှင့်​ အမျိုးသား အချုပ်​ခန်းမှာ ​ဘေးချင်းကပ်​လျက်​ သံတိုင်​များသာ ကာထားသည်​။အချုပ်​ခန်းရဲ့ ​နောက်​ဆုံး​ထောင့်​နား​လေးတွင်​ အကာရံမဲ့(ကိုယ်​တစ်​ပိုင်း​လောက်​သာ ကာထားသည်​)အိမ်​သာတစ်​လုံးလည်း ရှိ​နေသည်​။

အချုပ်​ခန်း တစ်​ခုလုံးတွင်​ ကျ​နော်​တစ်​​ယောက်​ထဲ​နေ​ရတော့ အား​တော့ငယ်​မိသည်​။စိတ်​ထဲတွင်​လည်း ဒီအချုပ်​ခန်းမှာ ဘယ်​နှရက်​​လောက်​ ​နေရမလဲဟု ​တွေး​နေမိသည်​။သိပ်​မကြာခင်​မှာပဲ တစ်​​အောက်​​လောက်​အကြာတွင်​ အချုပ်​သားများ တစ်​ဖွဲဖွဲနဲ့ ထပ်​​ရောက်​လာသည်​။ထိုင်းလူမျိုး​တွေလည်းပါသလို မြန်​မာပြည်​သားများလည်းပါသည်​ က​မ္ဘောဒီယား လာအို လူမျိုးအစုံပါပဲ ထိုအထဲတွင်​ မိန်းက​လေး​တွေလည်းပါသည်​ အိမ်​​ထောင်​သည်​​တွေလည်းပါသည်​။သူတို့​တွေ အချုပ်​ခန်းထဲ​ရောက်​သည်​နှင့်​ ငိုတဲ့သူကငို ရယ်​တဲ့သူကရယ်​နဲ့ ဘာပဲဖြစ်​ဖြစ်​ ​တော်​​သေးသည်​ အ​ဖော်​​တော့ရသွားပြီ။

ဒီလိုနဲ့ ဘန်​​ကောက်​ အချုပ်​ခန်းတွင်​ အခင်းမပါ ဘာမပါနဲ့ တမံတစ်​လင်းပြင်​တွင်​ တစ်​ည​တာ အိပ်​လိုက်​ရ​လေသည်​။နောက်​တစ်​​နေ့မနက်​တွင်​တော့ သူငယ်​ချင်းရဲ့ အစ်​ကိုဖြစ်​သူမှာ ကျ​နော့်​ရဲ့အဝတ်​စားထုတ်​​တွေနဲ့ပစ္စည်းများ လာ​ရောက်​​ပေး​လေသည်​။

"ဒီထဲမှာ ကိုလင်းဆိုတာ ဘယ်​သူလဲ"
အချုပ်​ခန်း​စောင့်​ ပုလိပ်​တစ်​​ကောင်​မှာ ကျ​နော့်​နာမည်​ ​အော်​​ခေါ်​လေသည်​။ကျ​နော်​လည်း ထိုပုလိပ်​နားသွားလိုက်​သည်​။

"ကိုလင်းဆိုတာ ကျ​နော်​ပဲ"

"​အေးး ဒီမှာ မင်းကို လာ​တွေ့တဲ့သူ ရှိတယ်​ အချိန်​၅မိနစ်​ရမယ်​ ​ပြောစရာရှိတာ မြန်​မြန်​​ပြော"
ဒီလိုနဲ့ ပုလိပ်​ဖြစ်​​သူမှာ အချုပ်​ခန်းထဲက​နေ ကျ​နော့်​အား အပြင်​ခဏထုတ်​​ပေး​လေသည်​(လက်​ထိပ်​ခတ်​လျက်​)

"ကိုလင်း ဒီမှာ ညီသူငယ်​ချင်းက ညီအဝတ်​စားထုတ်​​တွေ လာပို့ခိုင်းလို့ အစ်​ကိုလာပို့​ပေးတာ"

"ဟုတ်​ အစ်​ကို ​ကျေးဇူးတင်​ပါတယ်​"

"ဒါနဲ့ ညီက မြန်​မာပြည်​ အပြီး​ပြန်​​တော့မို့လား ပြန်​မလာ​တော့ဘူးလား"

"ဟုတ်​ ​​လော​လောဆယ်​ မြန်​မာပြည်​ ပြန်​ဖို့အတွက်​ ဆုံးဖြတ်​ထားတယ်​ ဒီကို ပြန်​လာဖို့ဆိုတာက​တော့ ​ပြောမတတ်​​သေးဘူး အစ်​ကို"

"​အေးပါကွာ ဒါဆိုလည်း အစ်​ကိုပြန်​​တော့မယ်​ ညီသူငယ်​ချင်းကို ဘာမှစရာရှိ​သေးလဲ"

"ဟုတ်​ကဲ့ ကျ​နော့်​သူငယ်​ချင်းကို ​ပြော​ပေးပါအစ်​ကို အခုလိုကူညီ​ပေးတာ အရမ်းပဲ ​ကျေးဇူးတင်​ပါတယ်​လို့"

ဒီလိုနဲ့ ကျ​နော့်​ရဲ့သူငယ်​ချင်း အစ်​ကိုဖြစ်​သူမှာ ကျ​နော့်​ရဲ့ အဝတ်​စားထုတ်​များ​အား ​ပေး၍ပြန်​သွား​လေ​တော့သည်​။

"ပိုက်​ဆံကလွဲရင်​ ကျန်​တဲ့ပစ္စည်း​တွေကို အပ်​ထားခဲ့ရမယ်​ အချုပ်​က​နေ လွတ်​တဲ့အခါမှ ပြန်​ယူလို့ရမယ်​"
ပုလိပ်​တစ်​​ကောင်​မှာ​တော့ ကျ​နော့်​ပစ္စည်းများကို လာ​ရောက်​သိမ်းဆည်းသွား​လေသည်​။ထိုစဉ်​......

"ကျ​နော့်​တို့ကို ဘယ်​​တော့ မြန်​မာပြည်​ပို့​ပေးမှာလည်းဟင်​"
ပုလိပ်​ဖြစ်​သူအား အခွင့်​​ရေးရသည်​နှင့်​ ကျ​နော်​​မေးလိုက်​သည်​။

"ဒါ​တော့ ငါလည်းမသိဘူး အထက်​အမိန့်​ကျမှ မင်းတို့ကို ပြန်​ပို့​ပေးလို့ရမှာ"

"အမ်​ ဒါဆို ကျ​နော်​တို့က ဒီအချုပ်​ထဲမှာ ​နောက်​​ထပ်​ ဘယ်​နှရက်​​တောင်​ ထပ်​​နေဦးမှာလဲ"

"အဲ့ဒါလည်း ငါမသိဘူး ​လော​လောဆယ်​​တော့ သင်္ကြန်​ရက်​ပိုင်းအတွင်း ဖြစ်​တဲ့အတွက်​ ဒီမှာ​တော့ မင်းတို့​တွေ ​နောက်​ထပ်​ နှစ်​ရက်​ သုံးရက်​​လောက်​​တော့ ထပ်​​နေရအုံးမယ်​"
ပုလိပ်​ကို​မေးတာ​မေးရတယ်​ ဘာမှမသိဘူးပဲ ပြန်​​ဖြေ​နေ​တော့ ​မေးလည်း အပိုပဲ ကျ​နော်​လည်း ဆက်​မ​မေး​တော့ပါ။

ဒီလိုနဲ့ ဘန်​​ကောက်​အချုပ်​တွင်​ တစ်​ရက်​ပြီးတစ်​ရက်​နဲ့ အချုပ်​ကျခံရပြီး သုံးရက်​​မြောက်​သို့ ​ရောက်​လာသည်​။တစ်​ချို့​တွေကျ​တော့ ပိုက်​​ဆံ​ပေးပြီး​တော့ အချုပ်​ထဲက​နေ ပြန်​ထွက်​သွားကြသည်​။တစ်​ချို့​တွေကြ​တော့လည်း သူတို့ရဲ့ အလုပ်​ရှင်​ သူ​ဋ္ဌေးများကိုယ်​တိုင်​ လာ​ရောက်​ပြီး​တော့ သူတို့အလုပ်​သမားများကို လာ​ရောက်​ထုတ်​​ခေါ်သွားကြသည်​။(ထိုအချိန်​တုန်းက ထိုင်းနိုင်​ငံ ဘန်​​ကောက်​သို့ လာဖို့ဆိုတာ ​တော်​​တော်​​လေး ခက်​ခဲပါသည်​။)

အချုပ်​ထဲက​နေ အချုပ်​သားများ ထွက်​တဲ့သူ​တွေရှိ​ပေမယ့်​လည်း တစ်​​ယောက်​ထွက်​ရင်​ နှစ်​​ယောက်​​လောက်​ ပြန်​ပြီးဝင်​လာကြသည်​။တစ်​ဖြည်းဖြည်းနဲ့ အချုပ်​ခန်း​ထဲ အချုပ်​သားများ ပြည့်​ကျပ်​လာသည်​ ​နေလို့လည်း မရ​တော့ပါ။

"ဂျိမ်းး"
ပုလိပ်​တစ်​​ကောင်​ အချုပ်​ခန်းတံခါးအား လာဖွင့်​​လေသည်​။

"ကဲ နိုင်​ငံခြားသား အချုပ်​သား​တွေ အကုန်​လုံး ထွက်​လာခဲ့ကြ"
ပုလိပ်​​ပြော​သော စကား​ကြောင့်​ ကျ​နော်​​​ပျော်​သွားသည်​ မြန်​မာပြည်​ ပြန်​ရ​တော့မည်​ ဖြစ်​သည်​။ သို့​သော်​.......

ဆက်​လက်​​ရေးသားသွားပါမည်

ကျေးဇူးတင်ထိုက်သူများနှင့်တစ်ကွ steemitmyanmar အဖွဲ့သားများ အားလုံးကို ကျေးဇူးအထူးတင်ရှိပါသည်။

MSC 160
Author: @kolinn

Sort:  

အလုပ်ခိုင်းတော့မယ်ထင်တယ်

သို့သော် မပြန်ခဲ့ရဘူးလားဗျ။

ကျန်း ကို​ထွေး စိတ်​ဝင်​စား​နေပြီ 😀

ဆက်လက်အားပေးနေတယ်broရေ

ဟူတ်​ကဲ့ပါညီ

ကိုလင်းကလည်းဗျာကောင်းခန်းရောက်မှ
ဖြတ်လိုက်ရလားဗျ အရမ်းသိချင်နေပြီ ခုပြောပြ ဟီးးး

ဒါလည်း အရသာ တစ်​မျိုးပဲမို့ပါ😁

ဒါပေမယ့်လည်းမြန်မာပြည်ကိုတော့ပြန်မရောက်ဖြစ်ခဲ့ပါဘူးရယ်

ဖမ်းခံရပါတယ်​ဆို ပြန်မ​​ရောက်​ပဲ ​နေပါ့မလား😁

ဖတ်​သူကို တန်းလန်း​ကြီးထားသွားပြန်​ပြီ

😁😁😁😁😁

အေးဗျာ ပြန်လာရမလား ဘာဖြစ်မလဲဗျ သိချင်နေပြီ စိတ်ဝင်စားအောင်ရေးတတ်တယ်ဗျာ

အဟီးး 😁 ​ကျေးဇူးတင်​ပါတယ်

ပြန်​ရဘူး​နေမှာ​ပေးမပြန်​တာထင်​တယ်​ 😁

အဟီးး ထိုင်းပုလိပ်​​တွေ ​ငွေမရရင်​ ပြန်​မလွတ်​​ပေးဘူး

ကိုလင်း အဲ့ဒါနဲမြန်မာပြည်ပြန်ရောက်လာတာပေါ့

မ​ရောက်​​သေးဘူး ​ရောက်​​တော့​ရောက်​မယ်😂

ဇာတ်ရှိန်မြင့်နေမှ မီးပျက်သွာတယ်ဗျား တိုးလို့ တန်းလန်းနဲ့ရယ် အားပေးပါအူးမယ်ဗျား

ဟုတ်​ကဲ့ ​ကျေးဇူးတင်​ပါတယ်​ဘုရား

Coin Marketplace

STEEM 0.19
TRX 0.16
JST 0.030
BTC 65837.38
ETH 2629.05
USDT 1.00
SBD 2.67