ကျနော့်ဘဝ အတွေ့အကြုံများ (အပိုင်း ၁၄)
တစ်ကယ်တော့ မြန်မာနိုင်ငံ ကရင်ပြည်နယ် မြဝတီ နယ်စပ်မြို့လေးဟာ စီးပွားရှာ လုပ်ကိုင်စားသောက်ရတာ အရမ်းကိုအဆင်ပြေတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်။ ကျနော် မြဝတီမြို့ကို စရောက်တဲ့အချိန်တုန်းက မြဝတီမြို့ဟာ တစ်အုန်းအုန်း တစ်ဒိုင်းဒိုင်း မတည်မငြိမ်နဲ့ အမဲရောင်နယ်မြေ ဖြစ်ပါတယ်၊ သို့သော် ပြည်သူများကတော့ ဝမ်းစာရှာဖွေရေးအတွက် နေ့စဉ်အသွားအလာ မပျက်ကြပါပေ။
ထူခြားတာက မြို့ဝတီမြို့မှာက မြဝတီမှာမွေး မြဝတီမှာ ကြီးပြင်းလာတဲ့ မြို့ခံဆိုတာ အရမ်းရှားပါတယ်၊ သို့သော် မြဝတီရောက်မှ အဆင်ပြေလို့ အခြေချနေထိုင်ပြီး နှစ်ရှည်လများ နေထိုင်ရင်းနဲ့ မြို့ခံဖြစ်သွားတာတွေတော့ ရှိပါတယ်။ နောက်တစ်ခုက မြဝတီမြို့ဟာ ကရင်ပြည်နယ်ဆိုပေမယ့်လည်း ကရင်လူမျိုးတွေ နေထိုင်တာလည်းအရမ်းရှားပါတယ်၊ လူအယောက်၁၀၀မှာ ၅ယောက်လောက်သာ ကရင်လူမျိုးတွေ နေထိုင်ကြတာပါ၊ ကျန်တာတွေက အခြားတိုင်းရင်းသား လူမျိုးတွေ များပါတယ်။
တစ်ခြားမပြောနဲ့ မျက်မြင်ကိုယ်တွေ့လေး ပြောပြပါမယ်၊ ကျနော် မြဝတီကို စရောက်တဲ့ အချိန်တုန်းက KNUကနေ ခွဲထွက်လာတဲ့ DKBAလို့ခေါ်တဲ့ ကရင်လက်နက်ကိုင် အဖွဲ့စည်းထဲမှာ ကရင်လူမျိုးဆိုတာက ထိပ်စီးပိုင်း အရာရှိ အရာခံတွေလောက်ပဲရှိတာ အောက်ခြေအဆင့်နဲ့ အခြားအဆင့်တွေက အခြားတိုင်းရင်းသား လူမျိုးတွေက များပါတယ်၊ ဘာလို့လဲဆိုတော့ အဲ့အချိန်တုန်းက မြဝတီမြို့မှာ လုပ်ကိုင်စားသောက် စီးပွားရှာလို့ကောင်းတဲ့အချိန်လည်းဖြစ်သလို KNUကနေ ခွဲထွက်ပြီးတော့ အလင်းဝင်ရောက်လာတဲ့ လက်နက်ကိုင် DKBAအဖွဲ့အစည်းဟာလည်း မြဝတီမြို့မှာ အရမ်းကို အရေးပါ အရာရောက်ခဲ့တယ်၊ ဒီတော့ အခွင့်အရေးယူချင်တဲ့ အခြား(ကရင်လူမျိုး မဟုတ်တဲ့)တိုင်းရင်းသားတွေက DKBA အဖွဲ့စည်းထဲ ဝင်ရောက်ပြီးတော့ အခြေနေကြည့်ပြီးတော့ ဝင်ရောက်လုပ်စားကြတာပေါ့၊ အခြေနေ မဟန်ရင်တော့ ပြန်ထွက်ကုန်ကြတာ၊ ဘာလို့ ကျနော် ဒီလိုပြောနိုင်သလဲဆိုရင်တော့ အပေါ်မှာ ကျနော်ပြောခဲ့သလို ကိုယ်တိုင်ကြုံခဲ့ဖူးတဲ့ အဖြစ်ပျက်လေး တစ်ခုပြောပြပါမယ်။
ကျနော် မြဝတီကို စရောက်ချိန်က ဆမ်ပလောနင်းတာပေါ့၊ ဆမ်ပလောနင်းရင်းနဲ့ အဆက်သွယ်ကောင်းရရင်းနဲ့ မြဝတီမြို့ ၁ဂိတ်မှာ DKBAအဖွဲ့က ဗိုလ်ကြီးတစ်ဦးဖြစ်သူ ဗိုလ်မျက်မှန်ဆီမှာ အလုပ်ကောင်းကောင်း တစ်ခုရတယ်၊ ဗိုလ်မျက်မှန်ဆီမှာ ကျနော်လုပ်ရတဲ့အလုပ်က ဗိုလ်မျက်မှန်ပိုင်တဲ့ စိုက်ပျိုးရေး(ဥယာဉ်ခြံ)ထဲမှာ ခြံစောင့်အလုပ်ပါ၊ ခြံစောင့်အလုပ်ဆိုပေမယ့် လစာကောင်းကောင်းလဲရတယ် အလုပ်လည်း သိပ်မလုပ်ရပါဘူး၊ ဟိုနား ဒီနား မြက်တွေ ဘာတွေရှိရင် မြက်ရိပ်စက်နဲ့ လိုက်ရှင်းပေးရတာပေါ့၊ ပြီးရင်း ပိုးလောက်လံတွေ ဘာတွေရှိရင် ဆေးဖြန်းပေးပေါ့ ဒါလောက်ပဲ လုပ်ရတာပါ၊ အလုပ်မရှိရင် ခြံထဲမှာ အိပ်စားရုံပဲ၊ အကယ်လို့ စက်ပျက်တာတို့ ဆီကုန်လို့ ဆီမရှိတာတို့ ဘာတို ညာတို့ ကိစ္စတစ်စုံတစ်ခုရှိရင် ဗိုလ်မျက်ဆီကို လူကိုယ်တိုင်သွားပြီးတော့ အကြောင်းကြားရတယ်၊ ဗိုလ်မျက်မှန်က ဂိတ်ထဲမှာပဲနေတာ ကျနော်က ခြံထဲမှာနေတာ ဂိတ်နဲ့ခြံက နည်းနည်းတော့ အလှမ်းဝေးတယ် ဆိုင်ကယ်နဲ့သွားရင် ၁၅မိနစ် မိနစ်၂၀လောက် မောင်းရတယ်၊ ဒီကြားထဲ လမ်းကကြမ်းတော့ မိုးတွင်းဆိုရင် နာရီဝက်ကျော်လောက် မောင်းရတာပေါ့။
တစ်နေ့မှာ ဗိုလ်မျက်မှန် ကျနော့်ဆီ ဖုန်းဆက်လာပြီးတော့ ပိုးသက်ဆေးတွေ အခုချက်ချင်း လာယူခိုင်းတယ်၊ အပြင်မှာ မိုးတွေက အရမ်းရွာနေတဲ့အချိန်ပေါ့၊ ဗိုလ်မျက်မှန်က အသက်ကြီးသလောက် စိတ်အရမ်းဆက်တာ သူခိုင်းရင် ဘာပဲဖြစ်နေနေ အကြောင်းပြချက် ပေးလို့မရဘူး အခုဆို အခုပဲ၊ ဒါနဲ့ ကျနော်လည်း ဟိုနား ဒီနားသွားရင် စီးဖို့ ဗိုလ်မျက်မှန်ပေးထားတဲ့ DTတောစီးဆိုင်ကယ်လေး ထုတ်ပြီးတော့ မိုးရွာထဲမှာ ဗိုလ်မျက်မှန်ဆီ အပြင်းမောင်နှင်ရတော့တာပေါ့၊ သြော်... မေ့နေလို့ အဲ့လို ဂိတ်နဲ့ခြံ သွားတဲ့ လမ်းမှာ လမ်းကနေဖြတ်ပြီးတော့ ဝါးတားထားတဲ့ ဂိတ်တစ်ခုရှိတယ်ဗျ၊ အဲ့ဒီဂိတ်ကတော့ DKBAတွေ စောင့်တဲ့ဂိတ်ပေါ့။
ဒါနဲ့ လမ်းမှာ ဝါးနဲ့ဖြတ်တားထားတဲ့ ဂိတ်ကို ကျနော်ရောက်တော့ ကျနော့်ကို သူတို့တာဝန်အရ စစ်ဆေးမေးမြန်းတာပေါ့၊ ကျနော်လည်း သူတို့ကို သေချာပြန်ကြည့်တယ် အရင်ရက်တွေက ဂိတ်စောင့်တာ ဒီလူတွေ မဟုတ်ပါဘူး၊ ကြည့်ရတာ လူသစ်တွေ ပြောင်းလာတာဖြစ်မည် ဒါကြောင့် ကျနော့်ကို သူတို့မသိကြတာနေမယ်၊ ဘာလို့ဆို ဝါးတားတဲ့ဂိတ်က အရင်လူတွေက ကျနော့်ကို သိကြတယ်လေ ဗိုလ်မျက်မှန်ဆီမှာ အလုပ်လုပ်တဲ့ အလုပ်သမားဆိုတော့ ဘယ်သူမှ စစ်လား မေးလား မလုပ်ကြတော့ဘူး တစ်ခါတည်း တားထားတဲ့ဝါးကို ဖွင့်ပေးပြီးတော့ ပေးသွားတာ၊ အခုက လူသစ်တွေဆိုတော့ စစ်လား မေးလားလုပ်တော့ ဆိုင်ကယ်ရပ်ပေးပြီးတော့ အစစ်ဆေးခံလိုက်တယ်၊ သူတို့ စစ်ဆေးပြီးမှပဲ ကျနော့်ကို ပေးသွားတာ၊ ဒါတောင် သိပ်မပေးသွားချင်ဘူးဗျ ဂိတ်ဖြတ်ကြေး တောင်းသေးတာ(လုပ်စားတာပေါ့ဗျာ)
ဒါနဲ့ပဲ ကျနော်လည်း ဗိုလ်မျက်မှန်ဆီလည်းရောက် မိုးရွာထဲနေ သူ့ဆီကို လာရတော့ လူလည်း ကြွက်စုပ်ဖြစ်နေပြီ၊ ဗိုလ်မျက်မှန် အဖိုးကြီးက ဒါတော့ တစ်ခုကောင်းတယ်ဗျ ကြင်နာတတ်တဲ့ နှလုံးသားရှိတယ်၊ ကျနော့်ကို အအေးပက်ပြီး ဖျားမှာစိုးလို့ဆိုပြီးတော့ သူ့ရဲ့ ပျောက်ကြား လက်ရှည်ဂျာကင်ကြီး ကျနော့်ကိုပေးဝတ်တာ ခြံထဲကို သူ့ရောက်လာမှပဲ ယူတော့မယ် ဒါဝတ်သွားဆိုပြီးတော့ သူပေးလိုက်တဲ့ ပျောက်ကြား အင်္ကျီကြီးဝတ်ပြီးတော့ ပိုးသက်ဆေးတွေယူပြီး ပြန်လာတာပေါ့ဗျာ....
အဲ့လို ပြန်လာရင်းနဲ့ ခုနက လမ်းမှာ ဝါးတားတဲ့ ဂိတ်လည်းရောက်ရော.. ကျနော့်ကို ထပ်ပြီးတော့ တားပြန်ရော၊ ခုနကလည်း တစ်ခါစစ်တယ် အခုလည်းတစ်ခါထပ်စစ်တယ် ဘာဖြစ်လို့လဲပေါ့ ကျနော်မေးလိုက်တော့ တဲထဲကနေ ထောင်ထောင်မောင်းမောင်း ဝဝနဲ့ ယူနီဖောင်းဝတ်စုံအပြည့်နဲ့ အမျိုးသမီးကြီး တစ်ယောက်ထွက်လာပြီးတော့..
"ဘာဖြစ်လို့လဲ မမေးနဲ့ နင်က ဘယ်အဖွဲ့ကလည်း"
"ဗျာ.. ကျနော်က ဘယ်အဖွဲ့ကမှ မဟုတ်ရပါဘူးဗျာ ဒီနားက ခြံအလုပ်သမား တစ်ဦးပါ"
"ခြံအလုပ်သမားဆိုရင် ဘာဖြစ်လို့ ပျောက်ကြားအင်္ကျီ ဝတ်ထားရတာလည်း ဘာလဲ နင်က အင်ဖောမာလား"
"အမ်.. မဟုတ်ရပါဘူးဗျာ.. တစ်ကယ် ကျနော် ခြံအလုပ်သမားပါဗျာ"
ကျနော်ရှင်းပြတာကို သူတို့သိပ်မယုံချင်ကြဘူး ဘေးမှာရှိတဲ့ DKBAရဲဘော်တွေက ကျနော့်ကို M16သေနတ်နဲ့ တန်းချိန်ထားကြတာ၊ ခုနက စစ်မေးတဲ့ မိန်းမကြီးကလည်း ကျနော့်ကို ရိုက်လားပုတ်လားနဲ့ ကိုယ်ထိလက်ရောက် စစ်မေးတော့တာပဲ
"အေးး ဒါဆို ဒီပျောက်ကြားအင်္ကျီက ဘယ်သူ့ဟာလည်း ဆိုင်ကယ်ကကော နင့်ဆိုင်ကယ်လား"
"တစ်ခုမှ ကျနော့်ဟာ မဟုတ်ရပါဘူးဗျာ အကုန်လုံး ခြံပိုင်ရှင် ဘဘကြီးဟာတွေပါ"
"အေးး ခြံပိုင်ရှင် ဘဘကြီးဟာတွေဆိုရင်လည်း အခုချက်ချင်း အင်္ကျီချွတ်စမ်း"
"ခင်ဗျာ..."
"ဟိတ်! နင့်ကို ပျောက်ကြားအင်္ကျီချွတ်ခိုင်းတာ"
"ဟုတ်.. ဟုတ်ကဲ့ ချွတ်ဆိုလည်း ချွတ်ပါ့မယ်ဗျာ..."
"အေး အင်္ကျီရော ဆိုင်ကယ်ရော ဒီပစ္စည်းတွေ အကုန်ထားခဲ့ နင်ပြောတဲ့ ခြံပိုင်ရှင်ကို ကိုယ်တိုင်လာယူခိုင်း"
"ဗျာ.. အစ်မ မှားမယ်နော်"
"ဘာ! အစ်မလဲ ဘာ မှားမှာလဲ ငါလုပ်လိုက်ရ သွား အခု အဲ့ခြံပိုင်ရှင် ဘဘကြီးကို သွားခေါ်ပြီးတော့ ပစ္စည်းတွေ လာယူခိုင်းချည်"
ဒါနဲ့ မထူးဘူးဆိုပြီးတော့ ဗိုလ်မျက်မှန်ရှိတဲ့ ၁ဂိတ်ထဲကို ကျနော် ခြေကျင်လျှောက်ပြီး လှည့်ပြန်ခဲ့ရတယ်၊ ဗိုလ်မျက်မှန်ဆီကိုရောက်တော့ အဖိုးကြီးက တစ်ခါ ထပ်ဆူပြန်ရောဗျာ...
"ဟေ့! မင်း အခုထိ မပြန်သေးဘူးလားဟ"
"ခင်ဗျာ.. ပြန်ပါတယ် ဘဘ"
"ဘာ ပြန်တာတုန်း ငါလုပ်လိုက်ရ သွား အခုပြန်တော့ ခြံထဲမှာ လူမရှိဘူး"
"ကျနော် ရှင်းပြပါရစေအုံး ဘဘ"
"လာပြန်ပြီ ဒီကောင်တော့ ငါလုပ်ရင် နာအုံးမယ် ဘာကို ရှင်းပြမှာလည်း ပြောစရာရှိတာ မြန်မြန်ပြော ပြီးရင် မြန်မြန်ပြန်တော့"
"ဟုတ်.. ဟုတ်ကဲ့ ဒီလိုပါ ဘဘ ကျနော်ပြန်ပါသေးတယ် လမ်းမှာ ဝါးတားတဲ့ ဂိတ်က လမ်းပေးမဖြတ်ဘူး ပြီးတော့ ကျနော့်ကို ဂိတ်က အမျိုးသမီးကြီးက ရိုက်လားနှက်လားနဲ့ ဘဘရဲ့ ပျောက်ကြားဂျာကင်ကြီးနဲ့ ဆိုင်ကယ်ပါ သိမ်းထားလိုက်တယ်၊ ဘဘကိုယ်တိုင် လာယူမှ ပြန်ပေးမယ်တဲ့ အဟင့် ဟင့် ငင့်"
ကျနော်အကြောင်းစုံ ရှင်းပြလိုက်တော့မှ
"ဝုန်းး... ဘာကွ"
ဘိုးတော်ကြီး ထပြီးတော့ အော်လိုက်သံကြောင့် ကျနော်ပါ လန့်သွားတယ်၊ ဘိုးတော်ကြီးက မလွယ်ဘူး ဒေါသတစ်အားကြီးတာ သူဒေါသထွက်ရင် ဘယ်သူမှ သူ့အနား မနေရဲဘူး၊ ကျနော့်လည်း သူ့ဒေါသကို လန့်လို့ သူ့အနားကနေ အသာလေး လှည့်ထွက်ဖို့ လုပ်တုန်း...
"ဟေ့ကောင် မင်းနေအုံး မသွားနဲ့အုံး လာ မင်း ငါနဲ့လိုက်ခဲ့ အဲ့ဒီ ဝါးတာဂိတ်ကို ငါကိုယ်တိုင် သွားမယ်"
"ခင်ဗျာ.."
ပွဲကတော့ကြမ်းတော့မည်ထင်သည် ဘိုးတော်ကြီးက ဂိတ်ထဲမှာရှိတဲ့ သူ့တစ်ပည့် ရဲဘော်တွေကို ခေါ်ပြီးတော့ ကား၎စီးနဲ့ ဝါးတားဂိတ်ကို သွားပါလေရော... ဝါးတားဂိတ်ရောက်တာနဲ့ ကားပေါ်ကနေ ရဲဘော်တွေ ဆင်းပြီးတော့ သေနတ်တွေနဲ့ ဝါးတားဂိတ်မှာ ရှိတဲ့ အစောင့်တွေအကုန်လုံးကို ထိုးချိန်ကြပါလေရောဗျာ...
ဘိုးတော်ကြီးလည်း ဒေါကြီး မောကြီးနဲ့ ကားပေါ်ကနေဆင်းလာပြီး သူ့ခါးက ပစ္စတိုထုတ်ပြီးတော့ သေနတ်တစ်ကားကားနဲ့ ကရင်လို အော်ကြီးဟစ်ကျယ်နဲ့ သောင်းကျန်းပါလေရော..
ဒါပေ့မယ် ဘိုးတော်ကြီး ပြောတာကို ဝါးတားဂိတ်က ရဲဘော်တွေ ဘယ်သူမှ နားမလည်ကြဘူး၊ နားလည်တဲ့သူဆိုလို့ တစ်ယောက်ပဲရှိတယ်၊ အဲ့လူက ကရင်လူမျိုး ဝါးတားဂိတ်ရဲ့ အဖွဲ့ခေါင်းဆောင်ပါ၊ ဖြစ်ချင်တော့ အဖွဲ့ခေါင်းဆောင်ကလည်း နေ့ခင်းကြောင်တောင် မာဆက်ရောက်နေတာဗျD:
"ဘာ.. ဘာဖြစ်ကြတာလဲရှင်"
"ဘာဖြစ်ရမှာလည်း ခုနက ငါ့ခြံအလုပ်သမားကို ရိုက်လားနှက်လားနဲ့ ပြီးတော့ ငါ့အင်္ကျီနဲ့ ဆိုင်ကယ်ကိုပါ သိမ်းထားတယ်ဆို"
ကျနော့်ကို စစ်လားဆေးလားလုပ်တဲ့ မိန်းမကြီးမှာ ပြာပြာသလဲ တဲထဲကနေ ထွက်လာပြီး ဘိုးတော်ကြီးကို တွေ့မှ လန့်သွားသည်၊
"ရှင်.. အဲ့ဒါတွေ အဘဟာတွေလား မသိလို့ပါ အဘရယ်... သမီးတို့က သူ့ကို အင်ဖောမာထင်လို့ပြီးတော့ လုံခြုံရေးအတွက် တွက်"
"ဟိတ်! တော်တော့ အပိုတွေ ပြောမနေနဲ့ ဘာ အခုမှ မသိတာလည်း ဒီနားက ငါ့ခြံနဲ့ ငါ့အလုပ်သမားဆိုတာ ကလေးအစ ခွေးအဆုံး သိတယ်.. ကဲ ပြော နင်တို့ အဖွဲ့ခေါင်းဆောင် ဘယ်မှာလဲ"
"ရှင်.. ခေါင်းဆောင်က ဟို. ဟို.ဟိုဒင်း"
"ဟေ့.. ဟိုဒင်း ဟိုဟာ လုပ်မနေနဲ့ အခုခေါ်စမ်း နင်တို့ ခေါင်းဆောင်ကို"
"ဟုတ် ဟုတ်ကဲ့ အဘ"
မိန်းမကြီးဖြစ်သူမှာ ပြာပြာသလဲနဲ့ သူတို့ အဖွဲ့ခေါင်းဆောင်ကို ဖုန်းဆက်၍ လှမ်းခေါ်လေတော့သည်။ သူတို့အဖွဲ့ခေါင်းဆောင်အား ရောက်လာမည့်အချိန်အား စောင့်နေစဉ် မိန်းမကြီးမှာ ကျနော့်အနားသို့ လာပြီးတော့...
"မောင်လေး"
"ဘာ မောင်လေးလည်း အခုမှ လာပြီးတော့ ပြော ဘာပြောမလို့လဲ"
"နင်ကလည်းဟယ် အစက အဘဟာတွေလို့ ဘာလို့မပြောတာလည်းဟယ်"
"ငှယ်... ဘဘကြီးဟာတွေလို့ ပြောတာပဲလေ ကျနော်ပြောတာ လက်မခံပဲနဲ့ ရိုက်လားနှက်လား လုပ်နေပြီးတော့"
"နင်ကလည်းဟယ် ဘဘကြီးဆိုတော့ ငါတို့က ဘယ်က ဘဘကြီးမှန်းမှ မသိတာ အစတည်းက ဗိုလ်မျက်မှန်ဟာတွေလို့ ပြောရင် ပြီးနေတဲ့ဟာကို အခုတော့ ဇာတ်လမ်းတွေတော့ ရှုပ်ကုန်ပါပြီဟယ် ငါတော့ သေတာ သေလိုက်ချင်တော့တယ် ဂယ်ဘဲ"
"အ့ာတော့ ကျနော်လည်း မတတ်နိုင်ဘူး ကိုယ့်ပြဿနာ ကိုယ်ရှင်းကြတော့"
တစ်အောင့်လောက်အကြာတွင် ဘိုးသီဘက်သီ ကပြာဂယာနဲ့ ဝါးတားဂိတ်မှ အဖွဲ့ခေါင်းဆောင် ဆိုင်ကယ်တစ်စီးနဲ့ ရောက်ချလာလေသည်။ သူရောက်သည်နှင့် ကျနော့်ရဲ့ ဘိုးတော်ကြီးမှာ ကရင်လို အပီပြင် ဖုတ်လေတော့သည်။ ဘိုးတော်ကြီး ဘာတွေပြောမှန်းတော့ ကျနော်လည်း မသိပါ ခေါင်းဆောင်ဖြစ်သူရဲ့ မျက်နှာကြည့်ရတော့ အတော်လေးကို မသာမယာပါပဲ တော်တော်လေးကို စိတ်ထိခိုက်သွားပုံရသည်။ ပြီးတော့ သူ့လူ ခုနက မိန်းမကြီးဘက်ကို လှည့်ပြီးတော့ ကြည့်တဲ့မျက်လုံးတွေက မီးတောက်တွေလို နီရဲနေလေသည်။
ဘိုးတော်ကြီးလည်း ပြောလို့ဆိုလို့ အားရသွားသည်နှင့် သူ့ပစ္စည်းတွေ သူပြန်ယူပြီးတော့ သိမ်းထားတဲ့ ဆိုင်ကယ်ကို ကားပေါ်တင်ပြီး ကျနော့်အား ခြံထဲသို့ သူကိုယ်တိုင် လိုက်ပို့ပေးလေတော့သည်။
နောက်နေ့တွင်တော့ ထိုလမ်းတွင် ဝါးတာဂိတ် မရှိတော့ပါ ဘိုးတော်ကြီး ဘယ်လိုအကွက်တွေ ရွေ့လိုက်တယ်ဆိုတာ ကျနော့်လည်း မသိတော့ပေ....။
ဆက်လက်ရေးသွားပါမည်။
Myanmar Steemit မှ Admin များနဲ့တစ်ကွ အဖွဲ့သားများအားလုံးကို ကျေးဇူးတင်ပါသည်။
MSC 160
Author @kolinn
တွယ်ထည့်လိုက်ရမှာ မိန်းမကြီးကို နားရင်းကိုပြောပါတယ်😄😄
😄😄😄
ဗိုလ်မျက်မှန်တော့ အားကျတယ် ကိုလင်း
ကျနော်တော့ အားမကျရဲဘူး သူ့ကိုလန့်တာ ဒေါသအိုး😂
အဲ့ဒီကောင်မတွေ ပါးတွေနားတွေ အရိုက်မခံလိုက်ရဘူးလား။
😂😂😂😂😂
မြဝတီတောထဲ နေခဲ့တုန်းက စောချစ်သူတို့ တိုက်လို့ ပြေးခဲ့ရသေးတယ်ဗျ
😁😁😁😁
😂😂😂
မှက်ပီလား ပြောစကားကိုထိပ်ကပိတ်တက်တဲ့သူတေ😂😂😂
ဂိတ်မှုးလား ဂိတ်အဖွဲ့ခေါင်းဆောင်လား
အဲ့ဒီလူလည်း မာဆက်မှာပျော်ခဲ့ရတာတွေ
ဗိုလ်မျက်မှန်နဲ့တွေ့မှတိုင်ပတ်နေပြီပေါ့😂😂😂
သူ့ခမြာ မာဆက်က အပျော်တွေတောင် ပျောက်သွားရှာတာ ကိုဇော်ရေ😂
ဘိုးတော်ကြီး အတော်စွမ်းသကိုးဗျ
အားကျလိုက်ပါဘိ 😀😀😀
ဘာယ်ဟာ စွမ်းတာတုန်းဗျ😀
အပြောနဲ့တင်ပြီးသွားတာကိုလင်းဘက်ကနေပြီးမပျေနပ်နိုင်ဘူးဗျာ ပြန်းပြီးဆော်လိုက်ရမှာ
ဆော်ရဲဘူး သူတို့က လက်နက်ကိုင် ကိုယ်က အညတရ ခြံစောင့်😰
အဲဒီကောင်တွေလဲ အဘ ဆိုကြောက်ကြတာဘဲ တသ်နေရာဘဲသုံးတယ်ထင်တာ အော် အဘ အဘ😁😁😁
အဘခေတ်ဆိုတော့ ဘယ်အဘဖြစ်ဖြစ် အဘတွေကို ကြောက်ရတယ်😀
မြေဇာပင် ဖြစ်တော့မလို့ တော်သေးတာပေါ့ ...
တော်သေးတာ ပဲလှော်ကြား ဆားမညှပ်လို့ဗျ
အင်ဖောမာဆိုလည်းပစ်သတ်တော့မှာလားမသိဘူး
မသေချာပဲနဲ့ မပစ်ရဲပါဘူး ဟုတ်တယ်ဆိုရင်တောင် ဥပဒေရှိပါတယ်