အန္တရာယ်အရမ်းများတဲ့ အရာ သို့မဟုတ် Counter Offering (KC Myanmar)

in #myanmar7 years ago

A7DC1680-7E67-418E-B0FB-B039402FFE69.png

အလုပ်အတော်များများမှာ ဒီကိစ္စဟာ ဖြစ်လေ့ဖြစ်ထရှိနေပါတယ်။ ဝန်ထမ်းတစ်ဦးက နောက်အလုပ်တစ်ခုကနေ offer ရလာပြီး လက်ရှိအလုပ်က တာဝန်ရှိတဲ့သူတွေကို လာရောက် ညှိနှိုင်းတဲ့ ကိစ္စကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒီကိစ္စက အချို့ လုပ်ငန်းတွေမှာဆိုရင် အလေ့အထ တခုလိုတောင် ဖြစ်နေပါပြီ။ လစာတိုးချင်ရင် offer စာရွက် လာပြလိုက်ဆိုတာမျိုးတွေနဲ့ ဟားစရာ ဖြစ်နေတတ်ကြပါတယ်။

Counter offer လို့ပြောတဲ့နေရာမှာ ငွေရေးကြေးရေးလိုက်ညှိပေးတာမျိုး ဖြစ်နိုင်သလို၊ အခြားကိုယ့်ရဲ့ လိုလားချက်တွေ လိုက်ညှိပေးတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဥပမာ - အလုပ်မှာ နေရာပိုပေးပါ့မယ်၊ workplace ပတ်ဝန်းကျင် ပိုကောင်းစေရပါမယ် စတာတွေ ဖြစ်နိုင်ပါတယ်။

အလုပ်က အရာရှိများကလည်း အဲ့ဒီ့လူတွေကို မထွက်စေချင်တော့ counter offer ပေးကြပါတယ်။ အဲ့ဒါကို အလွယ် retain လုပ်တယ်လို့ပြောကြပါတယ်။ ဒီကိစ္စဟာ တကယ်တော့ ကုမ္ပဏီ နဲ့ ဝန်းထမ်း အတွက်ပါ အန္တရာယ်များတဲ့ အရာပဲ ဖြစ်ပါတယ်။ ဒီကိစ္စကို ကျွန်တော့်အနေနဲ့ risk လို့မြင်ပါတယ်။ ဒီ risk ဆိုတာမျိုးဟာ ကြိုတင်မြင်နိုင်ဖို့လိုပြီး တားဆီးကာကွယ်ရမယ့် အရာဖြစ်ပါတယ်။ ကိုယ့်အလုပ်ကို ကိုယ် သေချာမလုပ်တဲ့ ကုမ္ပဏီတွေမှာ ဒီပြဿနာကို ကြိုတင်မကာကွယ်နိုင်လို့ ဖြစ်လာမှ အမြဲရင်ဆိုင်ရရတတ်ပါတယ်။

ကုမ္ပဏီ ဘက်ကြည့်မယ်ဆိုရင် ဒီ counter offer ပေးချင်းဟာ ကုမ္ပဏီရဲ့ reputation ကို ထိခိုက်စေနိုင်ပါတယ်။ ကိုယ်က counter offer ပေးရတယ်ဆိုတာက သူ့ကို လက်လွတ်မခံနိုင်သေးလို့ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီအရာကို သူ့ရဲ့ ထွက်စာကိုမြင်ရမှ သတိထားမိရတဲ့ အားနည်းချက်ပဲ ဖြစ်ပါတယ်။ ဖြစ်သင့်တာက ကိုယ့်လုပ်ငန်းရဲ့ critical ရာထူးတွေကို သိနေဖို့လိုပါတယ်။ ဒီ ရာထူးမှာ ရှိတဲ့လူတွေကို အလုပ်မှာ တည်မြဲနေဖို့ retention strategy တွေဟာ မဖြစ်ခင်ကတည်းက အကောင်အထည်ဖေါ်ပြီး ဖြစ်ရမှာဖြစ်ပါတယ်။ အကယ်၍ မလွှဲမရှောင်သာလို့ လက်လွတ်ရမယ်ဆိုရင် သူ့နေရာ အစားယူမယ့်သူကို ကြိုတင် ပြင်ဆင်ပြီးသား ဖြစ်နေရပါမယ်။ ဒါပေမယ့် ဒါတွေဟာ ကျောင်းသင်ခန်းစာ သက်သက်အနေနဲ့ပဲရှိပြီး လက်တွေ့မှာ မဖြစ်တတ်ကြတာများပါတယ်။

4DE1F7AC-F030-427C-839F-1BED50B60052.jpeg

အကယ်၍ ကုမ္ပဏီက counter offer ပေးတဲ့ အလေ့အထကို လုပ်ဆောင်လာပါက ဖြစ်နိုင်တဲ့ဆိုးကျိုးတွေရှိပါတယ်။

ပထမအချက်က trust ဆုံးရှူံးခြင်းပါ။ ဟုတ်ပါတယ်။ counter offer လုပ်ခံရတဲ့သူကလည်း ရလို့သာ လက်ခံလိုက်ကြမယ် ကျေးဇူးတော့တင်ကြမှာ မဟုတ်ပါဘူး။ တောက်လျှောက်လုပ်လာတုံးကတော့ ဂရုမစိုက်ဘူး offer ပြမှလာပေးတယ်ဆိုပြီး အတွေးဝင်တတ်ပါတယ်။ ဒီအကြောင်းအရာကို အခြားဝန်ထမ်းတွေ သိတဲ့အခါမှာလည်း ကိုယ့်အပေါ် အကြည်ညိုပျက်တတ်ကြပါလိမ့်မယ်။ ဒီလိုလုပ်တာက fair မဖြစ်ဘူး ဆိုပြီးတော့ တွေးကြပါလိမ့်မယ်။ ဒီ counter offer ကြောင့် မကျေနပ်ကြတဲ့ အချို့သော ဝန်ထမ်းတွေကိုလည်း ဆုံးရှုံးနိုင်ချေရှိပါတယ်။ အထူးသဖြင့် ကိုယ့်ရဲ့ HR Management ညံ့ဖျင်းမှုကို အရမ်းပေါ်လွင်စေပါတယ်။

DBD23F5D-8323-43BD-81A7-B03596F7EBAA.jpeg

ဒီလိုပဲ အခြားတဖက်မှာလည်း counter offer ကို လက်ခံတဲ့ ဝန်ထမ်း အနေနဲ့လည်း မကောင်းတဲ့ ဆိုးကျိုးတွေရှိလာနိုင်ပါတယ်။

အထူးသဖြင့် ကိုယ့်အပေါ်ထားတဲ့ trust က လျှော့ကျသွားမှာပါ မဖြစ်လို့သာ ပေးလိုက်ရတယ် ဒီလိုလုပ်တာကို ဘယ် အလုပ်ရှင်အရာရှိမှ မကြိုက်တတ်ကြပါဘူး။ ဒီလိုမျိုး ထပ်လုပ်ချင်လုပ်ဦးမှာပဲလို့ ကိုယ့် အပေါ်တွေးထားကြတော့မှာဂဖြစ်ပါတယ်။ နောက်တစ်ခုကတော့ တိုးပေးလိုက်တဲ့ လစာကလည်း တကယ်တမ်း ရေရှည်မှာ သိပ်ပြီးမထူးခြားတာကို သတိပြုမိလာနိုင်ပါတယ်။ ကိုယ် ဟိုမှာ ရတုန်းက မသွားမိလိုက်လေခြင်းဆိုတဲ့ နောင်တတွေရလာတတ်ပါတယ်။ ပြီးတော့ ကုမ္ပဏီကလည်း ကိုယ့်ကို လက်လွတ်လို့ မဖြစ်လို့သာ counter offer လုပ်ပေမယ့် လူစားများရလာခဲ့ အချိန်မရွေး ကိုယ့်ကို ကန်ထုတ်နိုင်ပါတယ်။ နောက်တစ်ခုက ကိုယ့်အတွက် နာမည်လည်းထိခိုက်စေတတ်ပါတယ်။ မဆုံးဖြတ်နိုင်သူ၊ သာရာကူးချင်သူ၊ မယုံကြည်နိုင်တဲ့သူ ဆိုတာမျိုးတွေကို အထင်ရလာစေနိုင်ပါတယ်။

ဒါပေမယ့် တခါတလေမှာ မန်နေဂျာနဲ့ ဝန်ထမ်း လက်ဝါးချင်းရိုက်ပြီး ကုမ္ပဏီကို counter offer ပေးစေတဲ့ မသမာမှုတွေ၊ ဘက်လိုက်မှုတွေ ရှိနေတတ်တယ်ဆိုတာ သိသင့်ပါတယ်။ လက်တွေ့ ဘဝဟာ textbook နဲ့တော့ အမြဲကွာခြားနေတတ်ပါတယ်။ လူတွေရဲ့ အကျင့်စာရိတ္တကလည်း အများကြီး စကားပြောပါတယ်။

အဓိက ပြောချင်တာကတော့ ဒီ Counter Offer ဆိုတဲ့ကိစ္စကြီးဟာ အားလုံးအတွက် အန္တရာယ်ကြီးတယ်ဆိုတာပါပဲ။ ဒီကိစ္စမဖြစ်အောင် ကုမ္ပဏီဖက်က လုပ်သင့်လုပ်ထိုက်တာတွေ (competitve compensation & benefit, retention strategy and policy, succession plannin, individual development, talent management and development) ကို proactively လုပ်ဆောင်ထားသင့်ပါတယ်လို့ တိုက်တွန်းချင်ပါတယ်။

KC Myanmar

Sort:  

Reply ​လေး ပြန်​​ပေးပါ

ဟုတ်ကဲ့ ခင်ဗျာ

လေးစားတယ်ဗျာ

မှတ်သားထားလျှက်ပါ

ဟုတ်ကဲ့

ဒီလိုဖြစ်ရပ်မျိုးတွေ အလုပ်ရှင်အလုပ်သမား ကိစ္စတိုင်းမှာတွေရတယ်၊ သိထားရတာ ကျေးဇူးပါ

ဟုတ်တယ်ဗျာ

ကျွန်နော်လည်းထောက်ခံတယ်

ဗဟုသုတရပါတယ်။

ဝမ်းသာပါတယ် 😊

Good Post! Thank for knowledge.

ကျေးဇူး

ကျေးဇူး

ဗဟုသုတရပါတယ်​​ကျေးဇူးပါ

ဟုတ်ကဲ့

ဗဟုသုတရပါတယ်​​ကျေးဇူးပါ

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.028
BTC 55994.69
ETH 2375.77
USDT 1.00
SBD 2.31