Sticky rice with pork, sausages, dried shrimp and duck egg.

in #myanmar7 years ago

ဝက်သားကောက်ညှင်း နယူးဗားရှင်း
🍯🍯🍯🍯🍯🍯🍯🍯🍯🍯🍯
ကိုင်း…ဒီ တစ်ခါတော့ လုပ်ရတာလည်း လွယ်ကူပြီး စားလို့လည်း မတရားကောင်းတဲ့ ဝက်သားကောက်ညှင်း နယူးဗားရှင်း လေးကို Op မိတ်ဆက်ပေးပါရစေ။ ကျနော်တို့ စားဖူးနေကျ ဝက်သားကောက်ညှင်းတွေနဲ့ မတူ ထူးကဲစွာ စားလို့ကောင်းပြီး အနံ့က မစားချင်ပဲမနေနိုင်အောင် မွှေးလွန်းလှတယ်လို့ Op ညွှန်းပါရစေ။{ မမွှေးခံနိုင်ရိုးလား..ခါတိုင်း ထည့်နေကျ ရိုးရိုးဝက်သားအစား ကျပ်တိုက်ထားတဲ့ သုံးထပ်သား နဲ့ ဝက်အူချောင်းတွေ သုံးထားတာကိုး.. ငှဲငှဲငှဲ 😉 } ဆိုတော့ ဝက်သားကောက်ညှင်း ကြိုက်တဲ့သူတွေအတွက် ဒီဝက်သားကောက်ညှင်း နယူးဗားရှင်း လေးက အသစ်အဆန်းဖြစ်စေမှာဖြစ်သလို အကြိုက်လည်းတွေ့စေမယ်ဆိုတာ Op ရဲရဲကြီး အာမခံတယ်ဗျား။ ပထမဆုံး တစ်လုတ်မှာတင် စာရှုသူတို့ရဲ့ မျက်နှာပေါ်မှာ အပြုံးပန်းကြီး ပွင့်ဖူးလာပါလိမ့်မယ်လို့ ပြောရင် Op ကိုယုံလိုက်ပါ။ စချက်ကြစို့ (ဒါမှမဟုတ်) ပေါင်းတယ်ပြောရမလား …

ပါဝင်ပစ္စည်းများ
ဟုတ်ကဲ့…ပုံထဲမှာ ပြထားတာတွေ လိုအပ်ပါတယ်။ ပဲပြုတ်ကလွဲရင် ကျန်တာတွေ အားလုံး city mart တွေ၊ market place တွေမှာ အလွယ်တကူ မေးမြန်းဝယ်ယူနိုင်ပါတယ်ဗျ။

– ကောက်ညှင်းဆန် – နို့ဆီဘူး ၂ ဘူးခွဲ
– ပဲပြုတ် – ၁၀ သား
– ဝက်အူချောင်း ( smoked sausage ) – ၁ ထုပ်
– ဝက်သုံးထပ်သား ( smoked bacon ) – ၁ ထုပ်
– မြေပဲ – လက် ၁ ဆုပ်
– ပုစွန်ခြောက် – လက် ၁ ဆုပ်
– ကြက်သွန်နီ – ၃ လုံး (အနေတော်)
– ကြက်သွန်ဖြူ – ၄ မွှာ
– ချင်း – လက် ၁ဆစ်ခန့်
– သကြား – ၃ ဇွန်း (ထမင်းစားဇွန်း)
– ရေ – နို့ဆီဘူး ၃ဘူးခွဲ
– ပဲငံပြာရည် အနောက် – ၄ ဇွန်း (ထမင်းစားဇွန်း)
– တရုတ်မဆလာ – အနည်းငယ်
– ငရုတ်ကောင်း – အနည်းငယ်
– ဆား – ၂ ဇွန်း (ထမင်းစားဇွန်း) {ကျနော်က အပေါ့စားလို့ ၂ ဇွန်းနဲ့ အဆင်ပြေပေမယ့် အငံကြိုက်သူတွေထပ်ထည့်နိုင်ပါတယ်}
– ဆီ – တကယ့် နည်းနည်းလေး
– ကြက်သားမှုန့် – ကြိုက်တတ်ရင် ၂ ဇွန်းလောက်ထည့်နိုင်ပါတယ်။

ဆန်ရေစိမ်မယ်
အရင်ဆုံးလုပ်ရမှာကတော့ ကောက်ညှင်းဆန်တွေကို ရေဆေးပြီးတာနဲ့ ရေထဲစိမ်ထားဖို့ လိုပါတယ်။ တစ်နာရီခွဲ – နှစ်နာရီလောက် စိမ်ရင်ရပါပြီ။

လှီးမယ်၊ ချွတ်မယ်၊ ပြင်မယ်၊ ဆင်မယ်

ကောက်ညှင်းဆန်တွေ ရေစိမ်ထားတုန်းမှာ လုပ်စရာရှိတာလေးတွေ လုပ်ကြရအောင်။ ကြက်သွန်နီတွေကို ခပ်ကြမ်းကြမ်းလေးလှီးထားပါ။ ချင်းနဲ့ ကြက်သွန်ဖြူကိုတော့ ပါးပါးလေးတွေ လှီးထားရမှာဖြစ်ပါတယ်။ ဝက်အူချောင်း ( smoked sausage ) နဲ့ဝက်သုံးထပ်သား ( smoked bacon ) တို့ကိုတော့ တစ်လက်မ ဝန်းကျင်လောက်လေးတွေ လှီးပါလေ။ ပုစွန်ခြောက်ကို မှုန့်နေအောင် ထောင်းထားပါ။ ပဲပြုတ် နဲ့ မြေပဲကတော့ ဘာမှလုပ်စရာမလိုပါ ။ဝါသနာပါရင်တော့ ပဲပြုတ် ၁၀ သားမှာ ပဲပြုတ် ဘယ်နှစေ့ပါလဲဆိုတာ ထိုင်ရေနေလို့ ရပါတယ်..lolz စတာဘာ..စတာဘာ..ကဲ..ဆက်သွားမယ်။

ဝက်သားကောက်ညှင်း နယူးဗားရှင်း

မီးဖိုပေါ်မှာ ထမင်းအိုးကိုတင်လိုက်ပါ။ ပြီးရင် မီး အေးအေးလေး ထားပြီး အိုးထဲကို ဆီ တကယ့် နည်းနည်းလေးကို ထည့်လိုက်ပါ 😉 ။ ပြီးရင် လှီးထားတဲ့ ဝက်အူချောင်း ( smoked sausage ) နဲ့ဝက်သုံးထပ်သားကျပ်တိုက် ( smoked bacon ) တို့ကို အရင်ထည့်ပါ။ သုံးထပ်သားတွေ ကျက်လာပြီး ကျပ်တိုက်နံ့လေးသင်းလာတဲ့အထိ ကြော်ပါလေ။ ကျပ်တိုက်နံ့လေးသင်းလာပြီဆိုရင်တော့ ဆန်ကလွဲလို့ ကျန်တဲ့အမယ်တွေကိုပါ ထည့်မွှေပေရော့။ နှံ့အောင် မွှေပြီးပြီ ဆိုမှ ရေစစ်ထားတဲ့ ကောက်ညှင်းဆန်တွေ ထည့်ပြီး နှံ့အောင် ထပ်မွှေပါ။ မွှေပြီးသွားပဟေ့ ဆိုရင်တော့ ရေထည့်လိုက်ပါတော့လေ။ ရေထည့်ပြီး မီး အေးအေးလေးနဲ့ ထမင်း ရေခမ်းချက်သလိုပဲ ဆက်ချက်သွားရမှာပါ။ ကောက်ညှင်းကျက်ခါနီးလောက်မှာ အိုးလှပ်ကြည့်ပြီး အရသာ အပေါ့အငန် ကိုမြည်းကြည့်ပြီး မိမိနှစ်သက်သလို (အချိုဆိုလည်းအချို – အငန် ဆိုလည်းအငန်) ပြုပြင်နိုင်ပါတယ်။ ရေခမ်းသွားပြီဆို ရချေပြီ တမုံ့။

စားလို့ကောင်းလိုက်တာ ဆိုတာများဗျာ။ကျပ်တိုက် နံ့လေးကလည်း သင်းးးးးး၊ သုံးထပ်သားလေးက အိနေရတဲ့အထဲ ပဲပြုတ်လေးကပါ ဆိမ့်နေတဲ့အခါမှာ….Op လည်း ဘယ်လိုပြောပြရမှန်းမသိလို့ ဘာမှမပြောတော့ပဲ ချက်နည်းလေး ရေးပေးလိုက်ပြီ။ အစားကောင်း ကြိုက်တတ်ရင်တော့ ချက်လို့သာကြည့်ပါတော့လေ။ ဝက်သားကောက်ညှင်း နယူးဗားရှင်း ကျပ်တိုက်နံ့လေးသင်း…FB_IMG_1502029542056.jpg

Sort:  

မြင်တာနဲ့ စားချင်စရာပါဗျာ။

great post kaythinan! keep it up! and thanks again for following!

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.028
BTC 54147.93
ETH 2274.31
USDT 1.00
SBD 2.35