Token များအား မူကြိုအဆင့်လေ့လာခြင်း ( အပိုင်း-၄ ) ( Henry Aung )

in #myanmar5 years ago

henry Aung.jpg

မင်္ဂလာပါ။ ယမန်နေ့ညက HF21 အဆင့်မြှင့်တင်မည့် အကြောင်းနှင့်ပါတ်သက်၍ ဆွေးနွေးငြင်းခုံကြသည့် အသံများပို၍ ကျယ်ကျယ်လောင်လောင်ကြားနေရပါသည်။ ဤ HF21 အဆင့်မြှင်တင်မှုတွင် မိမိကိုယ်ကိုယ် self voting ရယူခြင်းအတွက် reward များ လျှော့ချလိုက်သလို bit bot များအသုံးချကာ voting ဝယ်ရောင်း စနစ်များအတွက်ပါကန့်သတ်ချက်များရှိသဖြင့် ယခင်ကထက် ပို၍ အသံများကျယ်လောင်နေကြပါသည်။

အချို့က HF21 သည် အကျိုးမရှိဟု ထင်နေကြသလို အချို့ကလည်း ဤသို့သော ပြောင်းလည်းမှု လုပ်ကိုလုပ်ရမည် ဟုဆိုသူများလည်း ရှိကြပါသည်။ မည်သို့သော ပြောင်းလည်း မှုလုပ်သည်ဖြစ်စေ Steemit platform သည် Steem Power အပေါ်အခြေခံခြင်းနှင့် ဤ Platform အပေါ်မိမိ အားထုတ်မှုတစုံတရာ မရှိပဲ steem & SBD အလကားရနိုင်သောနေရာမဟုတ်ပါ။

ကျွန်တော့အတွက်တော့ နည်းပညာနှင့်ပါတ်သက်၍ အဆင့်မြှင့်တင်မှုတိုင်းသည် ကောင်းသော ပြောင်းလည်း ခြင်းဟု မှတ်ယူပါသည်။ ကျွန်တော်၏ ယခင်ဆောင်းပါးတွင် Steem-Engine ၏ လုပ်ဆောင်ပုံအား အကြမ်းဖျင်း ဖေါ်ပြပေးခဲ့ပြီး ဖြစ်ပါသည်။ Steem-Engine တွင် အနိမ့်ဆုံး ဒေါ်လာ ၁၅၀၀ သုံး၍ website များ white paper များဖြင့် token များထုတ်ယူနိုင်သလို Website များ White paper များ မလိုအပ်သော အပျော်တမ်း token များလည်း ထုတ်ယူနိုင်ပါသည်။

11.jpg
Original Source

ထိုအပျော်တမ်း token ထုတ်ရန် Steem-Engine ၏ Eng token 100 သာလိုအပ်ပါသည်။ လက်ရှိမိမိတို့လက်ဝယ်တွင် ရှိနေသော MSC token မှာ အပျော်တမ်းထုတ်ယူထားသော Token ဖြစ်၍ ထို token တန်ဖိုးတက်လာစေရန် မိမိတို့ဖာသာ လုပ်ဆောင်ယူရမည်ဖြစ်ပါသည်။

steem -Engine အနေဖြင့် Token ထုတ်လုပ်သော ဝန်ဆောင်မှုပေးရာတွင် စီးပွားဖြစ် Token များ ဤ ကဲ့သို့ အပျော်တမ်း Token များထုတ်သည်အထိ ကိစ္စမရှိပါ။ ကိစ္စရှိသည်မှာ ထို token များအား တနေရာတည်းတွင် ဈေးကွက်ဖွင့်စေခြင်း ဖြစ်ပါသည်။ ဆိုလိုသည်မှာ PAL , SCT အစရှိသော token တို့မှာ မိမိတို့ ကိုယ်ပိုင် website များ ဖြင့် Token ဈေးကွက်ဖွင့်ခြင်း ဖြစ်ရာ အခြားသော အပျော်တမ်း Token များ ဖြင့်တနေရာတည်း ဈေးကွက် ဖွင့်ရသောအခါ အများကြီး နစ်နာသွားပါသည်။

ဆိုလိုသည်မှာ လက်ရှိ steem-engine မှ ထုတ်လုပ်သော token များအား ဝယ်ယူနေကြသူများမှာ Steemit platform အတွင်းရှိသူများသာ ဖြစ်၍ token ထုတ်လုပ်ဖြန့်ဖြူးသူများအနေဖြင့် ပြင်ပ ဈေးကွက်၏ ဝယ်ယူရင်းနှီးမြုပ်နှံသုများအား ဆွဲဆောင်ရန် မဖြစ်နိုင်သောကြောင့် ဖြစ်ပါသည်။ အကယ်၍ ပြင်ပ မှ ရင်းနှီးမြုပ်နှံကြသူများ steem-engine ၏ token trade market သို့ ဝင်ကြည့်လျင် ပွထနေသော အပျော်တမ်း token များကြောင့် နောက်ပြန်လှည့်သွားကြမည်သာဖြစ်ပါသည်။

22.jpg
Original Source
ပေါလွန်း၍ လူမလေးစား သည်ဟု ပြောခြင်းမှာ ထိုအရာဖြစ်ပါသည်။ အမှန်ဆိုရလျင် website များ whitepaper များဖြင့် စနစ်တကျ ထုတ်ထားသော token များ အား Steem-engine အနေဖြင့် ပြင်ပတွင် Bitcoin နှင့် အခြားသော cryptocurrency များဖြင့် trade သောနေရာတွင် ဈေးကွက်ဖွင့်စေသင့်ပါသည်။ သို့မှ အခြားသော token ထုတ်သူများလည်း စိတ်ဝင်စားလာမည်ဖြစ်ပါသည်။

steem hunt နှင့် Appics ကဲ့သို့သော token များအား steem-engine တွင် ဈေးကွက် မဖွင့်ပေးခြင်းမှာ မိမိတို့ Token များအား အပျော်တမ်းထုတ် token များဖြင့် တန်းတူ ဈေးကွက် မဖွင့်လို၍ ဖြစ်ပါသည်။ အရိုးရှင်းဆုံး ဥပမာပြရလျင် ငါးစိမ်းတန်းအတွင်းသို့ ရွှေငွေကျောက်မျက်ရတနာဆိုင်လာဖွင့်သည်နှင့်တူနေသောကြောင့်ဖြစ်ပါသည်။

ဤသည်မှာ လက်ရှိ Steemit platform မှ SMTs မထွက်လာမှီစပ်ကြား Steem-Engine မှ ထုတ်လုပ်သော token များအကြောင်း မူကြိုအဆင့်ဖြင့် ဖေါ်ပြပေးရခြင်း ဖြစ်ပါသည်။ နောက်ဆောင်းပါးများတွင် ယခုတလော အသံကျယ်လှောင်နေသောHF21 အကြောင်း ဖေါ်ပြပေးပါမည်။

ဆက်လက်ဖေါ်ပြပေးပါမည်။

မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....

logo.png
Author : Henry Aung ( Kachin )
MSC : 001

Sort:  

ဒီပုံစံဆိုရင် Pal က steem price ကိုကျော်တက်စရာ အ ကြောင်းမရှိဘူးလို့ ထင်မိပါတယ်ဗျ။

ပုံသေ တော့ပြောလို့မရဘူး အစ်ကိုရေ။ token လူကြိုက်များ မှု အပေါ် မူတည်တာပေါ့။ ဒါပေမယ့် Steem-Engine က ထုတ်တဲ့ token ကို လိုချင်ရင် Steem account ရှိဖို့လိုတာပေါ့။ အနည်း နဲ့ အများ steemit ကို ရိုတ်ခတ်မှာပေါ့။

အပျော်တမ်း tokens တွေအကြောင်း... ကိုယ်ပိုင် website များ white paper များဖြင့်ဖွင့်ထားသော tokens များအကြောင်း...
steem-engine သည် ထို tokens နှစ်မျိုးလုံး တစ်နေရာတည်းတွင် ဈေးကွက်ဖွင့်ထားခြင်းအကြောင်း...
MSC token သည်လည်း အပျော်တန်း tokens ဖြစ်၍ token ဈေးမြှင့်တင်ခြင်းကို ဝယ်ယူထားသော သူများအပေါ်တွင်သာ မူတည်နေသည်ဆိုသော အကြောင်းများ...စသည်ဖြင့် မသိသေးသော အကြောင်းအရာများအား ဖတ်မှတ်သိရှိခဲ့ရပါသည်အစ်ကို။
ကောင်းမွန်ပြီး ဗဟုသုတများစွာရရှိခဲ့သော post လေးတစ်ခုပဲ ဖြစ်ပါတယ်ခင်ဗျာ။
HF21အကြောင်း အသိတိုးစေရန် ဆက်လက်စောင့်မျှော် ဖတ်ရှု့အားပေးနေပါ့မယ်အစ်ကို။

Posted using Partiko Android

HF21 က အများကြီးရေးရမှာမို့ ကြိုးစားနေပါတယ်လို့။

HF21 ဘာတွေ ထူးခြားလာပြီး အကျိုး ဘယ်လို ဖြစ်ထွန်းနိုင်မလဲ စောင့်ကြည့်ရဦးမှာပေါ့ဗျာ

Posted using Partiko Android

အကျိုး များသွားမလား နဲ့ အကျိုးနည်းသွားမလား.... ဆိုတာပဲ စောင့်ကြည့်ရမှာ

ဗဟုသုတတော့ရတယ်ဗျာ သူတို့တွေငြင်းခုံနေကြတာ အကောင်းဖက်ရောက်ပါစေလို့ မျှော်လင့်နေရတာပဲ

ကျွန်တော်လည်း အကောင်းဖက်ရောက်ဖို့ မျှော်လင့်ပါတယ်။

မည်သို့ပင်ဆိုစေကာမူ စောင့်မျှော်ဆဲသာဖြစ်ပါကြောင်း

ဒီကစောင့်နေသူ ..... ဆက်ပြီး စောင့်နေသူ

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.028
BTC 54642.70
ETH 2317.98
USDT 1.00
SBD 2.33