You are viewing a single comment's thread from:

RE: ချစ်ခဲ့ရလေသော...ဒိုင်ယာနာ

in #myanmar7 years ago

အန်တီဆွေအခုလို ရေးပြလိုက်တော့ ကျွန်တော့ ဖတ်ထားမိတဲ့ မော့ဆက်သူလျိုတွေနဲ့ပါတ်သက်တဲ့ ဆောင်းပါး တပုဒ်ကိုသွားသတိရတယ် အန်တီ။ တကယ်တော့ ဒိုင်ယနာက ချာလ်စ်း နဲ့ကွာရှင်းပြီး သီးသန့်နေရင် အသက်ဆုံးရှုံးရမယ်မဟုတ်ပေမယ့် သူဌေးကြီး Alfayed ရဲ့သား dodi Alfayed နဲ့ ချစ်ကြိုးသွယ်မိရာမှာ ကြမ္မာငင်သွားတာပါ။ ဒိုင်ယနာရဲ့ အသက်ဆုံးရှုံးရမှုမှာ အင်္ဂလန်က MI 5 , MI 6 တွေရဲ့ လက်ချက်မကင်းသလို ပြင်သစ် နိုင်ငံက လည်း ဒီအကြောင်းအရာ တော်တော်များများကို လျို့ဝှက်ထားပေးကြပါတယ်။

အစ္စရေး မော့ဆက် သူလျိုတွေက အရှေ့အလယ်ပိုင်း လက်နက်ကုန်သယ် တယောက်ကို နောက်ယောင်ခံရင်း ဒိုင်ယနာနဲ့ Dodi တို့ရဲ့ သတင်းကို သဲလွန်စရခဲ့ကြတာပါ။ အဲဒီအချိန်မှာ ဒိုင်ယနာ ဆီမှာ Dodi ရဲ့ ကိုယ်ဝန် လွယ်ထားပုံရပါတယ်။

ဗြိတိန်နိုင်ငံရဲ့ တော်ဝင် သားသမီးတွေမှာ နောက်ထပ် မအေတူ ဖအေကွဲ သားသမီးရရှိမှာကို တော်ဝင် အသိုင်းအဝိုင်းက လိုလားပုံမရပါဘူး။ အဆိုးဝါးဆုံးက Alfayed မိသားစုက အစ္စလမ်လာသာ ဝင် ဖြစ်နေတာပါ။ Gideon’s Spies - the secret history of the Mossad စာအုပ် ရဲ့ Beyond the looking glass ဆောင်းပါးမှာ ဒိုင်ယနာ သေဆုံးရပုံအကြောင်းအတိအလင်း ရေးထားပါတယ် အန်တီ။ အင်မတန်စိတ်ဝင်စားဖို့ ကောင်းပါတယ်။

0000.jpg

Sort:  

ဟုတ်တယ်သား...ဒါပေမဲ့..အခုအချိန်က၊တို့နိုင်ငံမှာ..ဘာသာရေးနဲ့လူမျိုးရေးနဲ့ပတ်သက်ပီး..တော်တော်ကိုအောက်တန်းကျကျ...သွေးခွဲနေတယ်..သွေးကွဲနေတယ်။အခုဒီပို့စ်ကိုရေးရင်း..အဲဒီအကြောင်းထည့်ရေးဦးမယ်ဆိုပီးစိတ်ကူးသေးတယ်။ဒါပေမဲ့..မရေးတာဘဲကောင်းပါတယ်လို့တွေးပီး..
ချန်ထားခဲ့တာပါ။သူအသက်တိုသွားရတဲ့..အဓိက..အချက်ပါဘဲ..သားပြောတာအမှန်တွေဘဲ။ကိုယ့်တို့နိုင်ငံမှာ..တော်တော်များများက..အဲလောက်ခွဲခြားမမြင်တတ်ကြသေးတာအမှန်ဘဲ။

Coin Marketplace

STEEM 0.22
TRX 0.25
JST 0.039
BTC 105348.51
ETH 3316.94
SBD 4.13