ကျွန်တော်ပြောချင်သော Myanmar Steemit Community ( Henry Aung )

in #myanmar7 years ago

STEMMIT-HENRY.jpg

မင်္ဂလာပါ။ ကျွန်တော့ အနေဖြင့် မပြီးပြတ်သေးသော Myanmar Steemit ကျေးရွာသို့ အလည်သွားခြင်း အပိုင်-၄ ကို ရေးသားရမည်ဖြစ်သော်လည်း Steemit မှ project များနှင့် ကျွန်တော့အလုပ်မှ project များဖြင့် မအား မလပ်ဖြစ်နေသောကြောင့်အ တွေးသာရှိသော်လည်း မရေးနိုင်သေးပါ။

လက်ရှိအချိန်တွင် ကျွန်တော်တို့ အနေဖြင့် Steem ဈေး 5$ ခန့်တွင် promotion ကို ပုံမှန်လေးယူနိုင်ကြသော်လည်း ကျွန်တော့ အနေဖြင့် MSC member များအား မှာကြားလိုသည်မှာ မိမိ promotion ယူရမည့် ရက်မဟုတ်သော်လည်း မိမိ blog တွင် စာတိုပေစများ ကဗျာ များကို ရေးတင်စေချင်ပါသည်။ promotion အတွက် စည်းကမ်းသတ်မှတ် ချက်နှင့် ညီရမည် ဖြစ်သော်လည်း အခြားသော အချိန်တွင် လည်း အချိန်ရလျင်ရသလောက် မိမိကိုယ်တိုင်ရိုက်ထားသော ဓါတ်ပုံဖြစ်ဖြစ် ခံစားမိသော အကြောင်း အရာများကို စာတို လေးဖြစ်ဖြစ် Facebook ပေါ်တွင် status တင်တကဲ့ သို့ Steemit ပေါ်တွင်လည်း တင်စေချင်ပါသည်။

ဘာရေးရမှန်းမသိပါဘူးဟူ၍ copy တော့ ကူးမတင် စေချင်ပါ။ cheetah မိပါက promotion အတွက်ပါထိခိုက်လာနိုင်သောကြောင့် ဖြစ်ပါသည်။ အဘယ့်ကြောင့် ဤသို့ နေစဉ် စာတိုပေစ များ ဓါတ်ပုံများကို တင်ခိုင်းရသနည်း ဆိုသော် ကံကောင်း ထောက်မ၍ hr1 နှင့် good karma ကဲ့သို့ သော reputation မြှင့် သူများမှ မိမိ post အား လာရောက်၍ vote ပေးလျင် မိမိ reputation အတွက်များစွာ အကျိုးရှိစေပါသည်။

ထို့အပြင် မိမိ တို့ Group အတွင်း ၌လည်း အချင်း ချင်း vote ပေးခြင်းဖြင့် အနည်းဆုံး ပြား ၅၀ ခန့်တော့ ရနိုင်ပါပြီ။ boost လုပ်တတ်သူများအတွက် တော့ ပြောစရာမရှိပါ။ ကျွန်တော် အဘယ့်ကြောင့် ဤကဲ့သို့ ပြောနေရပါသနည်း ဆိုတော် လက်ရှိ MSC သွားနေသည့် ပုံစံမှာ promotion ရက် တွင်သာ post တင်မည် ကျန်သည့် ရက်တွင် နားနားနေနေ အေးဆေး နေမည်ဆိုလျင် နေ့စဉ် အနေဖြင့် promotion ယူ နေသောသူများ၏ post များသာ ရှိသဖြင့် တနည်းအားဖြင့် Myanmar tag မှာ active ဖြစ်မှု နည်းပါးလာရပါသည်။

သို့ သော် Myanmar tag active ဖြစ်စေရန် အတွက် ဟူ၍ copy များကူးတင်ခြင်းကိုတော့ လက်မခံနိုင်ပါ။ စည်းကမ်းအတိုင်း အရေးယူပါမည်။ Myanmar tag active မဖြစ်သော်လည်း ကိစ္စမရှိပါ။ Myanmar tag အတွင်း သို့ cheetah ရောက်လာသည်ကို တော့ မလိုလားပါ။ ကျွန်တော့ အနေဖြင့် MSC အတွင်းသို့ တဖြည်းဖြည်း ချင်း Admin များဖြင့် စီစစ်၍ member အသစ်များအား ထည့်သွင်းလျက်ရှိပါသည်။

သို့သော် promotion ရယူနေကြသော members များအား ယခုထက်ပို၍ အနည်းငယ်အားထုတ်စေချင်ပါသည်။ နေ့စဉ် Myanmar tag အောက်မှ post 20 ကျော်သာ ထွက်နေသည်နှင့် post 60 ကျော် ပုံမှန် ထွက် နေသည် ဆိုခြင်း မှာ လွန်စွာမှ ခြားနားပါသည်။ ကျွန်တော် ဆိုလိုရင်းမှာ နေ့စဉ် မဖြစ်မနေ တင်ရမည်ဟု ဆိုလိုရင်းမဟုတ်ပါ။ သို့သော် ကျွန်တော်တို့ MSC members များ၏ အားထုတ်မှု နည်းလျင် နည်းသလောက် Steemit Platform ပေါ်ရှိ မြန်မာ tag တွင် အကျိုးသက်ရောက်မှုရှိနေပါသည်။ ထို့ကြောင့် ကျွန်တော်တို့ နည်းနည်း အားထုတ်၍ Myanmar tag အား မြှင့်တင်ရန် လိုနေပါသည်။

အခြားမျှဝေချင် သော အကြောင်းအရာတခုမှာ ကျွန်တော့ personal messenger အတွင်းသို့ နေ့စဉ်နှင့် အမျှ သတင်း ပေးပို့ နေသူများရှိပါသည်။ မည်သူမည်ဝါက မည်သို့ မည်ပုံရှိသည် မည်သူကတော့ ဖြင့် အခြားအဖွဲ့မှ လာရောက်သူဖြစ်သည် ၊ Admin များကတော့ ဖြင့် မောက်မာ သည် ၊ group leader များကတော့ ဖြင့် ဘာဖြစ်သည်ဟူ ၍ တိုင်တန်းသူ အများအပြားရှိပါသည်။

ကျွန်တော့အနေဖြင့် ထိုသူများကို ပြန်ကြားလိုသည်မှာ MSC သည် အရေးယူသင့်သည်များကို အရေးယူ၍ သည်းခံ သင့်သည်များကိုသည်းခံကာ လျှောက်လှမ်းလာခဲ့သည်မှာ ယနေ့အချိန်ထိတိုင် ဖြစ်ပါသည်။ MSC သည် အဆိပ်အတောက် စာပေများ ဖြန့်ချီ နေသည့် အဖွဲ့အစည်း မဟုတ်သလို လူငယ်များအား လမ်းမှားသို့ ဆွဲ ခေါ်နေသော အဖွဲ့အစည်း မဟုတ်ပါ။ လူငယ်များအား စာရေးချင်စိတ်ဖြစ်လာအောင် တနည်းအားဖြင့် စာဖတ် ချင်စိတ် ဖြစ်လာစေရန် ၊ အဖွဲ့ အစည်း လုပ်ဆောင်မှုတွင် ဟန်ချက်ညီ ညီ ပါဝင်ဆောင်ရွက်တတ်စေရန် တနည်းအားဖြင့် လူငယ်တို့အား မြင့်တင်ပေးနေသော အဖွဲ့အစည်း ဖြစ်ပါသည်။

ဤသို့လုပ်ဆောင်ရာတွင် MSC Admin များအနေဖြင့် မောက်မာကြသူများဖြစ်နိုင်သော်လည်း Admin များအနေဖြင့် MSC ကို ဖျက်စီးနေကြသူ များမဟုတ်သည်ကိုတော့ ကျွန်တော်ရဲရဲကြီး အာမခံပါသည်။ အဘယ်ကြောင့် ဆိုသော် သည် Admin များဖြင့် လက်တွဲ၍ MSC ကို တွဲခေါ်လာခဲ့သည်မှာ ခရီးတခုတိုင်ခဲ့ပြီ ဖြစ်ပါသည်။ စည်းကမ်းဖေါက်သည့် Admin များကို ထားခဲ့ရသလို မလိုက်ပါနိုင်သည့် Admin များကိုလည်း ချန်ထားခဲ့ရပါသည်။

သည် Admin များ၏ စေတနာကို ကျွန်တော်သာ အသိဆုံး ဖြစ်ပါသည်။ MSC ကို အငတ်ငတ် အပြတ်ပြတ် ဖြင့် စေတနာ အရင်းတည်၍ တည်ဆောက်ခဲ့ကြသူများ ဖြစ်ပါသည်။ ယခု ဒီလို အချိန်ရောက်မှ ကျွန်တော်လည်း တနည်း တလမ်း ဖြင့် Admin များကို ပြန်လည် ထောက်ပံ့လာနိုင်ခြင်း ဖြစ်ပါသည်။ သည် Admin များ စေတနာ မထားခဲ့လျင် MSC ဖြစ်ပေါ်လာရန်ပင် မရှိပါ။

ထို့ကြောင့် ယခုလည်း သည် Admin များဖြင့် ရှေ့ဆက်နေသလို နှောင်လည်း MSC ကို သည်Admin များက သာ ထိန်းသိမ်းသွားမည် ဖြစ်ကြောင်းအသိပေးလိုပါသည်။ MSC တွင် promotion လာယူ၍ အချိန်တန် ၍ လုံလောက်သော SP ရလျင် ခြေစုံကန်သွားမည့် သူများ မရှိမဟုတ် ရှိနိုင်ပါသည်။ သို့သော် MSC သည် မိမိ၏ စည်းကမ်းများကို တဝေမသိမ်း လိုက်နာကာ SP ရယူသွားနိုင်သူများအဖို့ ဝမ်းနည်းရန် မရှိသလို ဂုဏ်ယူရန်သာရှိပါသည်။

အဘယ်ကြောင့်ဆိုသော် MSC မှ မြှင့်တင်ပေးနေသူမျာ တနည်းအားဖြင့် အကောင့်များတွင် ယိုးဒယားလူမျိုး တယောက်မှ မပါသလို ဘင်္ဂလား လူမျိုးလည်း တယောက်မှ မပါဝင်ပါ။ MSC ကြောင့် မြန်မာလူငယ်တယောက် လုံလောက်သော SP ရသွားသည်ဆိုလျင် ကျွန်တော်တို့ ရည်မှန်းချက် ပြည့် မြောက် သည်နှင့်တူပါသည်။ ကျွန်တော့ အတွက်ကတော့ ဝမ်းသာရန်သာရှိပါသည် ဟုပြောလိုပါသည်။

မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....

logo.png
Author : Henry Aung ( Kachin )
MSC : 001

Sort:  

ဖြစ်အောင် အချိန်ရသရွေ့ရေးနေပါတယ်အကိုဟင်နရီရှင့် ။
Bပြည့်ကိုလဲ နဲနဲဆုံးမပေးပါအုံးရှင် ။ သူအိမ်ကို မကူတော့ ကျမအချိန်တွေဖဲ့ပေးရပါတယ်ရှင် ။ Thank for your support .

အေးအေး ဆုံးမလိုက်မယ် ညီမလေးရေ..

ဒါအကုန်ဘဲလား ညှောင့်ချက်က လက်လန်တယ်တော့ ဟွင့်

အကြီးကို အဲလို မပြောရဘူး။

B ပြည့် ရေ ...
ကူဦးတဲ့ ဟ...
😊

လူအမျိုးမျိုး စိတ်အထွေထွေပေါ့ အချိန်တန်လို့ အတောင်စုံရင်တောင် မိဘရင်ခွင်ကိုတောင် ချေစုံကန်ခဲ့ကြသေးတာပဲ mscက proပေးနိုင်တဲ့အချိန်ထိတော့ 100မှာ 99ယောက်က မှိန်းပြီးယူကြမှာ mscကproမပေးနိုင်တော့တဲ့တစ်နေ့ ဖုတ်ဖက်သဆိုလို ဖုန်ခါပြီးထွက်သွားကြမယ့်လူတွေရှိသလို သူတို့အကောင့်တွေ အင်အားပြည့်သွားရင်လည်း mscကို အချိန်တန် နပိန်ကန်သွားကြမယ့်လူတွေလည်းရှိပါတယ် အခုလိုလေး တင်ပြလိုက်တော့လည်းကောင်းပါတယ် အစ်ကို့စေတနာကို အပြည့်အဝ နားလည်ပြီးသားပါခင်ဗျာ

အများကြီး ကျေးဇူးတင်ပါတယ်။

အမှန့်တကာ အမှန်ထဲက အမှန်ဆုးံပါ။ so ရစေတော့ ဟူသော စေတနာသက်သက်နဲ့ sp အားကောင်းအခြေအနေတခုရောက်ရင် ခြေစုံကန်မှာကို သိလျက်နဲ့တောင် သန့်သန့်ရှင်းရှင်း ကူညီပေးနေခြင်းကို တိုက်ခိုက်သူ အနာလိုသူတွေလည်း ရှိနေလေအံ့။
We will always stand with MSC.

အတတ်နိုင်ဆုံး အကောင်းဆုံး ဖြစ်အောင် ကြိုးစားနေပါတယ်။ MSC နဲ့ အတူ လျှောက်လှမ်းနိုင်သူတို့ ရကြပါလိမ့်မယ်။

ကျွန်​​တော်​တို့အတွက်​ ​စေတနာထားသည်​ကို သိရ၍​ကျေဇူးတင်​မိပါသည်​ စာ​ပေများကိုသိပ်​မ​ရေးတတ်​​သော်​လဲ ကျွန်​​တော်​တတ်​စွမ်းသမျှ တင်​​နေပါမည်​ အစ်​ကို​ရေ

ဟုတ်ကဲ့ ကြိုးစားရေးပါ။ အောင်မြင်လာပါလိမ့်မယ်။

ညီမ​တော့ ​pro မရှိတဲ့​နေ့​တွေမှာ ကဗျာ​လေး​တွေတင်​ဖြစ်​ပါတယ်​ အစ်​ကိုဟင်​၊ steemit မသုံးရ မ​နေနိုင်​ဘူးဖြစ်​​နေလို့ 😁

ဟုတ်ကဲ့ အဲဒီလို တင်ရင်း တင်ရင်းနဲ့ Steemit blog ကို တရက်မဖွင့်ရရင် နေမထိထိုင်မသာ ဖြစ်လာပါလိမ့်မယ်။ Steemit Platform က စွဲလမ်းစေတတ်တဲ့ သဘောတော့ရှိပါတယ်။ ကျွန်တော်ကိုယ်တိုင်ကြုံနေရလို့ပါ။ Steemit Platform ကို မကြည့်ရမနေနိုင်ဖြစ်နေပြီ။

အကိုကြီးအဖအရာဆိုသလိုကျွန်တော့်တို့အတွက်တကယ့်အကိုကြီးပီသပါပေတယ် အကိုအကြံပေးသလိုတစ်နေ့ကိုတစ်ခုလောက်မဖြစ်ဖြစ်အောင်တင်ဖို့ကြိုးစားပီအကိုရေ
ဒါနဲ့ steem coin ကို binance မှာထည့်တော့မယ်ဆိုတော့ရွှေရောင်အနာဂါတ်များလင်းလက်လာပါပီအကိုရေ

ညီလေးသာအေးက Binance မှာလည်း ကစားနေတယ်ပေါ့။

မကစားဘူးအကို ကျွန်တော်အကောင့်ဘဲလုပ်ထားတာ bittrex နဲ့ Kucoin ဘဲသုံးတာ Trade ပညာရပ်ကိုစိတ်ဝင်စားလို့အာုရင်လေ့လာပါတယ် ဒါပေမယ့် ကျနော်က
ရေရှည်အတွက်ဘဲစုတာများတယ် နေ့စဉ် Trade မလုပ်ဘူးအကို အခုလည်း Steem Sbd Tel Dent Xrp EOs အကုန်ရသလောက်စုထားတယ်အကို

ကဗျာ​လေးများ​ရေး၍​နေ့တိုင်းနီးပါးတင်​ဖြစ်​ပါတယ်
။SPလည်းတစ်​​နေ့ကိုအနည်းဆုံး1SBDဖိုးpower upပါတယ်​။ကျွန်​မ၏ရည်​ရွယ်​ချက်​မှာလည်း SPများများမြှင်​ပြီးsteemitမှာကျွန်​မလိုစာ​ရေးဝါသနာပါ​သောမြန်​မာလူမျိုးများအားကူညီရန်​ဖြစ်​ပါသည်​။

အများကြီး ကျေးဇူးတင်ပါတယ်။

myanmar tag အထက်တက်ဖို့ ကြိုးစားရပြန်ဦးမည်

မြန်မာ tag အထက်ကို ရောက်ဖို့ အများကြီး ကြိုးစားစရာမလိုပါဘူး။ လက်ရှိ members 100 ဝန်ကျင်မယ် ၆၀ လောက်နေ့စဉ် active ဖြစ်ရင် ရပါတယ်။

ဘေးစကားနားဝင်ရန်မရှိပါ ကိုယ့်လမ်းကိုယ်မှန်ကန်စွာလျှောက်လမ်းဖို့သာလိုပါတယ် myanmar tag နိမ့်ကျသွားခြင်းအတွက် ပြန်လည်ကြိုးစားယူဖို့ရန် အကိုဟင်ရဲ့ လမ်းပြမှုနဲ့ အစွမ်းကုန် ဆက်လက်ကြိုးစားသွားပါမယ်

အများကြီး ကျေးဇူးတင်ပါတယ်။

myanmar tag ကို အထက်​တက်​ဖို့ mscနဲ့အတူကြိုးစား သွားပါမယ်​ခင်​​ဗျာ

အများကြီး ကျေးဇူးတင်ပါတယ်။

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.028
BTC 62007.73
ETH 2389.39
USDT 1.00
SBD 2.49