ကျွှန်တော်နှင့် Steemit Platform ( Henry Aung )

in #myanmar7 years ago (edited)

HENRY.jpg

ကျွှန်တော်၏အရင် ဆောင်းပါးများတွင် ဖေါ်ပြပြီး ဖြစ်သည့် အတိုင်း ကျွှန်တော့ ကို Steemit Platform ပေါ်သို့ ခေါ်ဆောင်လာခဲ့သူမှာ ကျွှန်တော်၏ ကိုးရီးယား သူငယ်ချင်း @dubi ဆိုသူဖြစ်ပါသည်။ Steemit တွင် မဝင်ရောက်ခင်က ကျွှန်တော့ တွင် Facebook ရှိသော်လည်း အများအားဖြင့် စာဖတ်ရန်နှင့် on line စာကြည့် တိုက်များမှ မိမိ နှစ်သက်သောစာအုပ်များ ကို စုဆောင်းသိမ်းဆည်ရန် သာဖြစ်သည်။ မိမိ Steemit ပေါ်သို့ ရောက်ရှိလာပြီးနောက်တွင် , ကျွှန်နော်၏ သူငယ်ချင်းနှင့် နေ့စဉ်စကားဝိုင်းတွင် Steemit အကြောင်းမှ လွဲပြီး အခြားအကြောင်း ပြောစရာမရှိခဲ့ပါ။ @dubi ၏ကျေးဇူးမှာ ကျွှန်တော့်အပေါ်အလွန်ပင်များလှပါသည်။ ဆိုခဲ့ သည့် အတိုင်း ကျွှန်တော်တို့ နှစ်ယောက် steem အပေါ်ရူးသွပ်မှုမှာ ယခုပြန်တွေးလျင် ရယ်စရာပင် ကောင်းနေသေးတော့သည်။

အလုပ်ထဲအားသည်နှင့်steem အကြောင်းတိုင်ပင်သည်, ဘယ်သူကဘယ်ကဲ့ သို့ post တင်လိုက်၍ မည်မျှရသွားသည်။ ကျွှန်တော် post တင်လိုက်လျင်လည်း လည်းသူ၏ ကိုးရီးယား သူငယ်ချင်းများအား လိုက်လံ အကူအညီတောင်းခံပေးပါသည်။ အမှန်တော့ @dubi မှာ မိမိကို ကူညီသည်မှာ အကြောင်းရှိပါသည်, သူ၏ ဖခင် မှာ ကိုးရီးယားရှိ ကော်ပိုရေးရှင်း တခုမှ အကြီးအကဲဖြစ်သည်။ သို့သော် ဖခင်မှ အလုပ်အကိုင် လူမှု ဆက်ဆံရေး ကောင်းစေရန် အခြားန်ုင်ငံသို့ အလုပ်ထွက်လုပ်ခိုင်းသည်။ သူ၏ပြောပြချက်အရ , သူ့ ၏ နှမနှင့် အတူ အမေရိကန် နိုင်ငံသို့ ထွက်သွားခဲ့ပြီးနောက် မောင်နှမ နှစ်ယောက် အလုပ်လုပ်ရင်း ပညာဆက်လက်သင်ကြားကြသည်။

သူ့၏နှမ မှာ မိတ်ကပ်, အလှ ပြင်ဆင်ခြင်နှင့် ပတ်သက်ပြီးသင်ယူသလို ကျွှန်တော့ သူငယ်ချင်းကတော့ ကွန်ပြူတာ နည်းပညာပိုင်းကို သင်ယူလေ့လာခဲ့ပါသည်။ ကွန်ပြူတာနှင့် ပတ်သက်ပြီး ဒီပလိုမာရရှိပြီးနောက် အရှတိုက်တွင်သာ အလုပ်လုပ်ရန် ဆုံးဖြတ်ခဲ့သည်ဟု ဆိုပါသည်။

01.jpg

ဤတွင် လူမျိုးပေါင်းစုံရှိသော Singapore နိုင်ငံတွင် အလုပ်လုပ်ရန် ရွေးချယ်ခဲ့သည်။ သူ ကျွှန်တော်တ်ု့ အလုပ်တွင်သို့ ဝင်ရောက်ကာစ တွင် အခက်အခဲမျိုးစုံတွေ့ရပါတော့သည်။ အဓိက ပြသနာမှာ English စကားကို တရုတ်သံဝဲဝဲ ဖြင့် ပြောသော စလုံးလူမျိုးတို့၏ စကားကို နားမလည် ခြင်းဖြစ်သည်။ ထိုအချိန်တွင်ကျွှန်တော့ သူငယ်ချင်းမှာ အသက် ၂၄ နှစ်သာရှိသေးသည်။ ကိုးရီယားလူငယ်တိုင်း မိမိခြေထောက်ပေါ်မိမိရပ်တည်နိုင်ကြောင်း ပြသရန် အလွန်အရေးကြီးပါသည်။ ဤအချက်မှာ အလွန်ပင်အတုယူဖို့ ကောင်းပါသည်။ မိဘများချမ်းသာ၍သော်လည်ကောင်း , ရာထူးရှိ၍သော်လည်းကောင် နေရာရယူမှုများရှိကြသော်လည်း အနည်းစုသာဖြစ်ပါသည်။

အချိန်တန်လျင် မည်သူမျှအားမကိုးပဲ ယောကျားကော မိန်းမ ပါ မိမိခြေထောက်ပေါ်ရပ်တည်နိုင်ရန် မိဘအိမ်မှ ထွက်ကြရပါသည်။ မိမိကိုယ်ကို မရပ်တည်နိုင်ပဲ မိဘအိမ်သို့ ပြန်လှည့်လာရလျင် အလွန်ပင် မျက်နှာငယ်ရပါသည်, မိမိကိုယ်ကို အသုံးမကျ သူအဖြစ်။ ဆိုခဲ့သည့် အတိုင်း ကျွှန်တော့ သူငယ်ချင်းလည်း ပြသနာများစွာနှင့် တလမပြည့် ခင်စပ်ကြား အလုပ်ထွက်ရန် ဆုံးဖြတ်နေပါပြီ။ သို့သော်သူ အိမ်မပြန်ချင်သေးပါ။ တညနေတွင် ကျွှန်တော် ဆိုဒ်မှ မိုးချုပ်၍ ရုံးသို့ ပြန်လာသောအခါ သူမပြန်သေးပါ, ကွန်ပြူတာကို ကြည့်၍ ငေးနေပါသည်။ ထိုအချိန်တွင် များသောအားဖြင့် ကျွှန်နော် ဆိုဒ်တွင် ရှိနေသည်ကများပါသည်။

ထို့နောက် ကျွှန်တော်က အဘယ့်ကြောင့် မပြန်သေးကြောင်း မေးသောအခါ, သူ့ပြသနာများကို ပြောပြပါတော့သည်။ သူတာဝန်ယူထားသော project များတွင်လည်း အမှားများနှင့် ပြသနာများရင်ဆိုင်နေရချိန်ဖြစ်သည်။ ဤတွင် ကျွှန်တော်က သူ့ပြသနာများကို တခုချင်းစီ ထုတ်၍ ဖြေရှင်းပေးပါသည်။ နောက်ရက်တွင်လည်း သူ့ project အစည်းအဝေးများကို လိုက်တက်ပြီး ပြသနာများဖြေရှင်းပေးခဲ့ပါသည်။ ထိုနောက်တွင်တော့ ဘာဖြစ်ဖြစ်သူကျွှန်တော့ကို ဖုန်းဆက်ခေါ်တော့သည်။ ဖုန်းခေါ်တိုင်းလည်း ကျွှန်တော်သူ့ပြသနာများကိုကြိုးစားဖြေရှင်းပေးခဲ့ပါသည်။

02.jpg

ဤနောက်တွင်တော့ ရုံးတွင် သူ့ အလုပ်စာပွဲကို ကျွှန်တော်နှင့်ကပ်လျက် ထားပေးရန် ပူဆာလွန်းသဖြင့် နေရာပြောင်းပေးလိုက်ပါသည်။ သူကျွှန်နော့် ဘေးနား ရောက်လာသည့် နောက်ပိုင်းတွင် သူ၏အနီးကပ်ဆရာ ဖြစ်လာပါတော့သည်။ စလုံး တွင် သုံးသော ဘာသာစကားဝေါဟာရ, သူတို့၏ အမူအကျင့် , ရုံးပိုင်းဆိုင်ရာ ဆက်ဆံရေး.. အကုန် တခုပြီးတခု သင်ကြားပေးခဲ့ပါသည်။ နောက် ၆လ ကြာသောအခါ သူရာထူးမတိုသော်လည်း လစာတိုးသွားခဲ့ပါသည်။

Singapore တွင် တနှစ်ကျော်ကြာအောင် အလုပ်လုပ်သွားခဲ့ပါသည်။ သူမပြန်ခင်စပ်ကြား ကျွှန်တော့ကို ကျေးဇူးဆပ်သည့် အနေဖြင့် ဤ Steemit Platform နှင့် digital coin trading ပြုလုပ်ခြင်းများကို သင်ကြားပေးခဲ့ပါသည်။ crypto currency နှင့်ပါတ်သက်လျင်တော့ ကျွှန်တော်မှာ မူကြိုအဆင့်သာရှိ၍ သူကလည်း အတတ်နိုင်ဆုံးကြိုးစား၍ လမ်းပြပေးခဲ့ပါသည်။ ကျွှန်တော်သူ့ အခက်အခဲများကို ကူညီခဲ့ဘူးသဖြင့် ရခုထိတိုင် ကျွှန်တော့ကို ကူညီနေဆဲဖြစ်သည်။ အားလုံးသော ကျွှန်တော့ post များတွင် ထိပ်ဆုံး နေရာမှာ vote ပေး၍ comment ပေးသူမှာ @dubi ဖြစ်ပါသည်။ ထိုအတူ သူ၏သူငယ်ချင်းများအားလည်း ကျွှန်တော့ အား ကူညီ vote ပေးကြရန် ယခုတိုင် တ်ုက်တွန်းလျက်ရှိပါသည်။

ဆိုခဲ့ပြီးသည့် အတိုင်း ကျွှန်တော်တို့ Steemit အပေါ်ရူးသွပ်မှုမှာ ပြန်တွေးကြည့်လျင်ပြုံးချင်စရာ။ Hard Fork upgrade လုပ်လိုက်လျင် ညကြီးတခေါ်င်လည်း ထကြည့်ကြသည်။ နောက်တနေ့ နံနက်တွင်ကာ ပြောစရာမပြတ်တော့။ ထိုအချိန်က Steem ဈေးမှာ ပြား ၃၀ ခန့်သာရှိသေးသည်။ SBD ကတော့ Steem board အဖွဲ့ ကတိပေးထားသည့် အတိုင်း USD $1 နှင့် ညီမျှနေဆဲ...

steemit.png

ထိုအချိန်က Steemit Platform ပေါ်သို့ ဝင်ရောက်ရေးသားနေကြသူများမှာ အကောင့် ပေါင်း ၉သောင်းခန်သာရှိသေးသဖြင့် နေ့စဉ်post တင်နေကြသူများကို မှတ်မိလွယ်သည်။ @majes မှာ အစကတည်းက coin market နှင့် ပါတ်သက်သော ဈေးအတက်အကျကို ပုံနှင့်တကွတင်သည်။ ယခုအထိ ထို အတိုင်သာ, ပုံမှန် 7$ - 10$ အတွင်းရရှ်နေသည်။ @reddust မှာပန်းချီဆရာမ , အဖွားကြီး ဖြစ်နေသော်လည်း လန်းနေဆဲ, ကျွှန်တော် ၏ moral story များတွင် chain comment များ ပေးတတ်သူ။

@marius19 မှာ စက္ကူများကို ခေါက်ပြီး အရုပ်လုပ်သည်, ယခုအထိလည်း ကလေးရောင်စုံ ပုံများကို ချယ်သ၍ post များတင်နေဆဲ။ @cljg918 , @dubi, @zefa, @dongu, @superremnant ,@sanghkaang @jejujinfarm စသောကိုးရီး အကောင့် တို့ မှာ ကျွှန်တော့ကို မြေတောင်မြှောက် ခဲ့ကြသော အားပေးခဲ့ကြသော အကောင့်များဖြစ်ကြသည်။ ကျွှန်တော်မြန်မာစာဖြင့် ရေးသားနေသော်လည်း , ကျွှန်တော်ရေးသောစာများသည် တစုံတယောက်အားအကျိုးရှိန်ုင်သည်ဆိုသည်ကို သိကြသည့် အတွက် ယခုထိတိုင်ကျွှန်တော့အား အားပေးလျက်ရှိကြပါသည်။ ထိုအချိန်က steem မှာ ဈေးနည်းသော်လည်း နေ့စဉ်နှင့် အမျှ ဝယ်ရောင်းများကတော့ ရှိနေဆဲသာ။ ၂၀၁၆ December လပိုင်းတွင် steem ဈေးမှာ ၀.၀၉ လောက်အထိထိုးကျသွားခဲ့ပါသည်။

ထိုအချိန်တွင် Steemit အတွင်း ရှိလူများလည်း အမျိုးမျိုးကွဲပြားလျက်ရှိသည်။ အချို့မှာ BTC 200 ခန့်ရင်းထားပြီး မိမိအကောင့်မှာထိုအချိန်ဈေးကွက်တန်ဖို BTC 10 ခန့်သာ တန်းကြေးရှိသွားသော အကောင့်များကလည်း ဝေဖန်သံများထွက်လာကြပါသည်။ အချို့ ရင်းနှီးမြုပ်နှံသူများကလည်း investor များ၏ vote ဖြင့် အခြားသူများ SBD ရရှိကြသည်ကို ထောက်ပြကြပါသည်။ အချို့ power ရှိသူများကလည်း မိမိတို့ အချင်းချင်းသာ vote ကြ comment လိုက်ပေးပြီး မိမိ comment ကို မိမိ ပြန် ၁၀၀% ဖြင့် vote ခြင်းဖြင့် ပရမ်းပတာ ဖြစ်နေကြသော ကာလတခုကို လည်း ဖြတ်သန်းခဲ့ကြပါသည်။ ဤအခြေအနေများကို Steemit board အဖွဲ့က တည်တည်ငြိမ်ငြိမ်ဖြင့် ပြသနာ တခုချင်းစီကို ဖြေရှင်းခဲ့ကြသည်။

03.png

မည်သို့ပင် ဆိုစေကာမူ Steemit Platform ကိုယုံကြည်မှုမှာ လျှော့မသွာကြ, ပို၍သာတိုးလာကြသည်။ ကျွှန်တော် ဆိုခဲ့ ပြီးဖြစ်သည့် အတိုင်း Facebook ကို စိတ်ပျက်လာနေကြသော လူအများအပြား Steemit ပေါ်သို့ ရောက်ရှိလာကြပါသည်။ ထို့အပြင် bitcoin ၏ transaction ကြန့်ကြာမှုကို စိတ်ပျက်နေကြသော သူအများအပြားကလည်း Steemit ပေါ်သို့ ဝင်ရောက်ရင်းနှီးမြုပ်နှံလာကြသည်။ ၂၀၁၇ ကာလကို digital currency gold rush ဟုခေါ်ကြပါသည်။ bitcoin ၏ ဈေးထိုးတက်မှုနှင့်အတူ coins တော်တော်များများကိုလည်း တွဲခေါ်သွားခဲ့ပါသည်။ သို့သော် တခုသိထားရန်လိုသည်မှာ မည်သည့် coin မှ bitcoin ၏ ထိန်းချုပ်မှု အောက်တွင် မရှိလိုကြပါ, သို့သော် လက်ရှိ coin များတွင် bitcoin ကို ခြိမ်းခြောက်နိုင်သော coin ဟူ၍လည်းမရှိသေးပါ။

သို့သော် Steemit သည် ပွင့်လင်းမြင်သာမှု ရှိသည့် ပြင် တဖြည်းဖြည်းဖြင့် မိမိ ၏ ငွေကြေးများကို ကြားခံ ဈေးကွက် မလိုပဲ ရောင်းဝယ်လာနိုင်စေရန် ပြုပြင်လာခြင်းကြောင့် တဖြည်းဖြည်း လူကြိုက်များလာလျက်ရှိသည်။ ထို့အပြင် Steemit ၏ wallet to wallet transfer ကြာချိန်မှာ တစ္စကန့် သာရှိပါသည်။ ထို့အပြင် လက်ရှိ သိရသလောက် တချိန်တည်း သန်းနှင့် ချီသော transaction ပြုလုပ်နိုင်ရန် နည်းပညာကို မြင့်တင်နေကြပါသည်။ ဤအချိန်အထိ Steemit မှာ beta version အဖြစ်သာ ရှိနေသေးသည်ကို ဂရုပြုစေလိုပါသည်။ လက်ရှိကျွှန်တော်အပါအဝင် တကမ္ဘာလုံးမှ လူများစိတ်ဝင်စားနေသည်မှာ Steemit တရာဝင် ဖွင့်လှစ်မည့် အချိန်ကိုဖြစ်ပါသည်။ လက်ရှိအချိန်အထိ Steemit တွင် marketing team ရှိနေပြီး ဖြစ်သော်လည်း တရာဝင် ဈေးကွက်သို့ ဝင်ရောက်လုပ်ရှားခြင်းမရှိသေးပါ။

04.jpg

Steemit Inc, တရာဝင် လွှင့်တင်ပြီး နောက်တွင် အရှိန်အဟုန်ဖြင့် ကြီးထွားလာစေရန် နည်းပညာများ မြှင့် တင်လျက်ရှိနေကြပါသည်။ လက်ရှိအနေအထားတွင် steem ၏ ပေါက်ဈေး မှာ1$ နှင့် 1.5$ ကြားတွင်ရှိနေစေရန် ထိမ်းထားကြပါသည်။ လက်ရှိမိမိတို့ ဆောင်းပါးရေး၍ ရသော SBD များဖြင့် steem ဝယ်လျင် အတန်အတင့် သော steem ရနိုင်ပါသေးသည်။ မျာမကြာမှီကာလတွင် steem ဈေး 10$ လောက်အထိရောက်ရှိသွားလျင် မိမိတို့ ဆောင်းပါးမှရသော SBD ဖြင့် steem မည်မျှရနိုင်မည်ဆိုသည်ကို တွက်ကြည့် စေချင်ပါသည်။ လက်ရှိအနေအထားတွင် 2 SBD $ ဖြင့် အနည်းဆုံး 1steem တော့ ရနိုင်ပါသေးသည်။

ဈေးကွက်တို့၏ သဘောမှာ ခုန်တက်သွားလျင် အလုအယက်လိုက်ဝယ်ကြပါသည်။ steem ကို အများအားဖြင့် ဝယ်ထားကြသူတို့မှာ နှစ်ရှည် အတွက်ရည်ရွယ်၍ ရင်းနှီးထားကြသဖြင့် ဤကဲ့သို့ hyper jump တွင်ချရောင်းကြမည် မဟုတ်သဖြင့် ဈေးကွက်တွင် အတက်သို့သာရှိပါလိမ့်မည်။ steem ဈေးတက်လေ, Steem ရရှိရန်ပိုမို ခက်ခဲလာလေလေသာဖြစ်ပါသည်။ ဤသည်မှာ ကျွှန်တော်၏ အမြင်သာဖြစ်ပါသည်, လူအများစု၏ အမြင်လည်း ထို အတ်ုင်းသာရှိကြပါသည်။ ယနေ့ ကျွှန်တော်တို့ မြန်မာလူငယ်များတွင် steem ဈေးကျ ၍ စိတ်ပျက်နေကြပါသည်။ လက်ရှိအချိန်တွင် Steem ဈေးမှာ လိုက်မမှီအောင်တက်သွားပါမှ ပို၍ စိတ်ပျက်စရာ ကောင်းပေလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် ဈေးမတက်မှာ ပူစရာမလို တက်ပါလိမ့်မည်, ဈေးတက်ချိန်တွင် ကိုယ့်မှာ လောက်လောက်လားလား steem power ရှိမနေသည်သာ ပူရမည်ဖြစ်ပါသည်။

အထက်တွင်ကျွှန်တော်ဖေါ်ပြခဲ့ပြီးသော ကျွှန်နော့အား support ပေးနေကြသော ကိုးရီယားလူငယ်တို့ ၏ အကောင့်မှာ အနည်းဆုံး steem power 40000 ကျော်အထက်မှာ ရှိကြပါသည်။ ထို့ အပြင် ထိုသူတို့မှာ အခြားသော bitcoin ကဲ့သို့သော coin အများအပြားကိုလည်းပိုင်ဆိုင်ထားကြပါသေးသည်။

05.png

မိမိတို့ မြန်မာ လူငယ်များသည်သာ Steemit account ပိုင်ဆိုင်ထားပြီး, original မရေးတတ်လို့ ကြည့်နေရသည်ဆိုပါလျင် နောင်တချိန် နောင်တ အကြီးကြီးရကြပါလိမ့်မည်။ မည်သည့် အလုပ်မဆို အစပိုင်းတော့ ခက်ခဲ ပါလိမ့်မည်။ လူငယ်တယောက်ပဲ မဖြစ်ဖြစ်အောင်လုပ်မယ်ဟူသော စိတ်ဓါတ်သာ ရှိဖို့လိုပါသည်။ ဤတွင် မိမိတို့ တလွဲ ဆံပင်ကောင်းချက်မှာ copy များဖြင့် အချောင်ကြီးပွားလိုခြင်းဖြစ်ပါသည်။ ရေးခဲ့လွန်းလှပြီ ဖြစ်၍ ထပ်မံ မဖေါ်ပြလိုတော့ပါ။လက်ရှိ Steemit Platform ပေါ်တွင် ရောက်ရှိနေကြသောမြန်မာလူငယ် ကိုယ်ပိုင်အရေးအသားများဖြင့် ထိုးဖောက်လာကြသောအမျိုးသမီးများ ကို သာဥပမာပြလိုပါသည်။

အနည်းငယ်ရိုင်းရိုင်း ပြောရပါလျင်မူ မိမိကြိုးစားအားထုတ်မှုမပါပဲ copy များလောက်သာ post တင်တတ်လျင်မိန်းခလေး များလောက်ပင် အဖြစ်မရှိသူများဟု သာပြောလိုပါသည်။ ကျွှန်တော်၏ရည်ရွယ်ရင်းမှာ လွန်ခဲ့ သော ၁၁ လ ကပင် မြန်မာလူငယ်တို့အား Steemit ကို ထိတွေ့စေချင်ခဲ့ပါသည်။ သို့သော် မိမိမှာ ယုံနိုင်စရာ အောင်မြင်မှု, ဦးဆောင် နိုင်လောက်သော အနေအထားမရှိခဲ့ပါ။ မိမိ post များကို ပင်လျင် KR tag အတွင်းသို့ ထည့်တွင်းနေရသောကြောင့် ဖြစ်ပါသည်။ မည်သို့ပင်ဆိုစေကာမူ, လက်ရှိမြန်မာလူငယ်များလက်တွင် Steemit အကောင့် တခု လက်ဝယ်ပိုင်ဆိုင်လျက်ရှိပါသည်။ အသုံးပြုမည်, အသုံးချမည်, သို့ မဟုတ် ပြစ်ထားလိုက်မည်မှာ မိမိ ၏ သဘောအတိုင်းသာဖြစ်ပါသည်။

သို့သော် ကျွှန်တော့အနေဖြင့်မှာလိုသည်မှာ coin trading ကို အပို ဝင်ငွေရရှိရန် သော်လည်းကောင်း အနာဂတ်အတွက်ရည်ရွယ်၍ သော်လည်ကောင်း ဤ Steemit Platform ပေါ်သို့ ရောက်ရှိနေကြခြင်းဖြစ်ပါသည်။ ဤ Platform သည် စွဲလမ်းစေတတ်သော သဘောရှိ၍ မိမိ၏ စီးပွားပျက်, အလုပ်ပျက် အကိုင်ပျက်သည်အထိ Steemit ကို အလွန်ကကျွှံ မဖြစ်စေရန်သတိပေးလိုပါသည်။ လက်ရှိမိမိကို ထမင်းကျွှေးနေသော အလုပ်သည်သာ အရေးကြီးဆုံးဖြစ်၍ Steemit ကို ဒုတိယ ဝင်ငွေရရှိသောနေရာအဖြစ်သာသဘောထားကြပါလေ။ မြန်မာူငယ်များ ဤစိတ်လုပ်ရှားစရာကောင်းသော အချိန်များတွင် အများနည်းတူ အကျိုးရပါစေမည့် အကြောင်းကြိုးစားကြရန် တိုက်တွန်းလိုက်ရပါသည်။

မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....

Photos credit; Google Image

Author : Henry Aung ( Kachin )

Sort:  

%%%%%%%%#$.png

You can do it !!

Of course, with your support.... thanks a lot @dubi...

I think myanmar will succeed in steemit like other countries. And I am very confident to you, if you are able to become a great team leader for your community in Myanmar

@klen.civil, thanks for your support ... it is not about me.. it is all about our community . And we are trying our best, at the same time we need the support from the people like you..

I always support you and your community, hopefully our future that already exist here can support each other even though we are different country

well ,@klen.civil you got my attention.

Thank you my friend

As for me, there is still much I don't understand about steemit. So your posts are very helpful and valuable for me. I deeply thank you sir @kachinhenry

well, as long as valuable for some one i am happy about it ... at least, my efforts are not wasted.

ရှင်းပပေးတဲတွက်ကျေးဇူပါ

Steemit မှာ မြန်မာတွေနဲ့အတူ အောင်မြင်ချင်တယ်ဆိုရင် အောက်မှာ ဖေါ်ပြထားတဲ့ FB link ထဲကို ဝင်ရောက်ပြီး အကြံ အညာဏ် တောင်းလိုက်ပါ။ ဝိုင်းဝန်းကူညီကြပါလိမ့်မယ်။ မြန်မာ လူငယ်တွေ အတိုင်းအတာတခုအထိ အောင်မြင်မှုရနေတဲ့ အတွက် အခွင့်အရေးကို လက်မလွတ်ပါစေနဲ့ ။ @thatkozaw , @ Donjaun ဆီမှာလည်း အကူအညီတောင်းနိုင်ပါတယ်။

https://www.facebook.com/Myanmar-Steemit-Newbies-116871002276941/

good post...i like this post

Really Cool Bro Henry. There is no words to say how we really Thank you. You always try hard for Myanmar Community.
Keep Carry on Bro. We always with you. Success is in our hands.

UPVOTED.
very good.
I would be happy if you like to follow me and give your opinion about my posts.
Thanks.

let me advise you , if you want to success in steemit platform and you want people to follow you , please stop copying posts from others and avoid the cheetah bot.

👍👍👍

ဒီထက်မက အကိုဟင်နရီ အောင်မြင်ပါစေဆုတောင်းပေးပါတယ်
Amen

happy go lucky.....

Good post,thanks for sharing .succeed more.

တစုံတရာ ရရှိသွားရင်ကို ကျေနပ်ပါတယ်..,

စွဲတော့ စွဲနေတာအမှန်ပဲဖြစ်တယ်ဗျ
ခုလို Post တွေက မြန်မာအားလုံးအတွက် အားရှိစေတာအမှန်ပါခင်ဗျာ ဒီထက်မက အောင်မြင်နိုင်ပါစေခင်ဗျာ

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.028
SBD 2.28