HF21 ရင်ခုန်သံ ( Henry Aung )

in #myanmar5 years ago

henry Aung.jpg

မင်္ဂလာပါ။ Steemit ၏ HF21 မကြာခင် မြှင့်တင်ကြပါတော့မည်။ ဤနည်းပညာ အပေါ်ကောင်း၏ မကောင်း၏ ငြင်းခုံသံများ မကြာခင်အဖြေသိရပါတော့မည်။ HF21 အား လက်မခံနိုင်ကြသူ အချို့ကတော့ Power down ၍ ထွက်ခွာကြသလို လက်ခံနိုင်သူများကတော့ HF21 နောက်ပိုင်း ပို၍ အကျိုးများ စေရန် power up ပြုလုပ်နေကြပါပြီ။

ကျွန်တော်သိသလောက် HF21 တွင် ကောင်းကွက်လည်း ရှိသလို ဆိုးကွက် များလည်း ရှိပါသည်။ ကောင်းကွက် ဟုဆိုရာတွင် ဤ HF21 မှာ SP အတန်အသင့် ရှိသူတို့ အတွက် ကောင်းမွန်ပါသည်။ အဘယ့်ကြောင့်ဆိုသော် မိမိ voting ပေးလိုက်လျင် ယခင် HF20 ထက်ပို၍ အကျိုးခံစားရမည် ဖြစ်သောကြောင့် ဖြစ်ပါသည်။

ဆိုလိုသည်မှာ cureation ဟု ခေါ်သော voting ပေးသူတို့ ခွဲဝေရရှိမည့် ပမာဏ ပိုမိုများလာမည့်သဘောဖြစ်ပါသည်။ Post တင်ကြသူများ အဖို့ ကတော့ SPS အတွက် ၁၀% ခွဲဝေပေးရမည် ဖြစ်သည့်အတွက် အကျိုးအမြတ် လျော့သွားသည်ဟု ဆိုနိုင်ပါသည်။ သို့သော် Post တင်သူသည် Vote ပေးသူ ဖြစ်သလို Vote ပေးကြသူများကလည်း post တင်ကြသူများ ဖြစ်သည့် အလျောက် အကျိုးအမြတ်လျော့နည်း သွားသည်ဟု မထင်ပါ။

ကျွန်တော့ အမြင်သာ ဖြစ်ပါသည်။ သို့သော် ဤကဲ့ သို့ SP အတန်အသင့် ( SP 500 အထက် ) ရှိသူတို့ အဖို့ ပြသနာ မရှိသော်လည်း ယခု မှ အသစ် ဝင်ရောက်လာကြမည့် Newbie များအတွက်ကတော့ အတော်ကို ရုန်းကန်ရမည့် အနေအထား ဖြစ်ပါသည်။ ကိုယ်တိုင်က SP ကလည်း မရှိ ၊ vote ပေးရန်လည်း ဖြစ်ဖြစ်မြောက်မြောက်မရှိ ၊ post တင်ရာတွင်လည်း အခြားသူများအား ခွဲဝေပေးရ စသည်ဖြင့် ရုန်းကန်ရနိုင်သောကြောင့် အချို့သူများက HF21 အား သဘောမကျကြခြင်း ဖြစ်ပါသည်။

0002.jpg

ဤသည်က HF21 ၏ ဆိုးကွက် နှင့် အားနည်းချက်။ ထို့ကြောင့် HF21 အား ဝေဖန်ကြသူတို့က ချမ်းသာသူတို့ ပိုမိုချမ်းသာ စေရန် အတွက်သာ ဖြစ်၍ Steemit ပေါ်သို့ လူသစ်များ ပိုမိုဝင်ရောက်လာစေရန် ဆွဲဆောင်မှုမရှိဟု ဝေဖန်ပြစ်တင်နေကြခြင်း ဖြစ်ပါသည်။ ယခု Steem ဈေးဖြင့် SP 500 အထက် ရနိုင်ရန် အနည်းဆုံး USD $100 ခန့်ရင်းနှီး ရမည် ဖြစ်၍ တော်ရုံလူသစ်များ ဝင်ရောက်လာလိမ့်မည်ဟု မထင်ပါ။

အကယ်၍ Steem ဈေးတက်လာ၍ လူများ စိတ်ဝင်စားလာကြသည် ဆိုအုံးတော့ Steem ဈေးတက်လေ ရင်းနှီးရမည့် ပမာဏများလေ ၊ ရင်းနှီးမြုပ်နှံမှု မလုပ်ပဲ ဆောင်းပါးရေး၍ SP စုမည်ဆိုလည်း အထက်တွင် ဖေါ်ပြထားသည့် အတိုင်း Steem ဈေးတက်လေ SP စုရခက်လေသာ ဖြစ်ပါသည်။ SP အတန်အသင့်စုထားသူတိုကတော့ ရေစုန် မျှောလိုက်သွားရုံသာ ဖြစ်ပါသည်။

ဤသည်က Steemit ၏ HF21 ။ HF21 ၏အခြားလုပ်ငန်း ဆောင်တာ တခုအကြောင်း ဖေါ်ပြရလျင် Flag ဟု ခေါ်သော အလံထောင်သည့် စနစ်ထည့်သွင်း ထားခြင်းပင် ဖြစ်ပါသည်။ Steemit platform ပေါ်သို့ အစောပိုင်းကာလတွင် ရောက်ရှိကြသူတို့ ဤ အလံကို တွေ့ဘူးကြပါလိမ့်မည်။ မိမိ ဆောင်းပါး၏ ညာဘက်ထောင့်တွင် အလံ ငယ်လေး တခုရှိ၍ ဆောင်းပါး သည် Copy ယူထားသော ဆောင်းပါး သို့ မဟုတ် Spam ဖြစ်သော ဆောင်းပါး မိမိသဘောမကျပါက အလံထောင်၍ သတိပေးသော စနစ်ဖြစ်ပါသည်။

0004.jpg

ယခင်က ထို အလံ တခါထောင်လျင် မိမိ Voting power 2% လျော့သွားသည် ဖြစ်၍ တော်ရုံ တန်ရုံ ကိစ္စမဟုတ် လျင် အလံမထောင်ကြပါ။ ထိုအလံအား Down vote system သို့ ပြောင်းလိုက်ပြီးနောက် အလံထောင်သည့် ကိစ္စလည်း တစခန်း ရပ်သွားခဲ့ပါသည်။ ထို down vote ခလုပ်လေးအား အသုံးပြုလျင် မိမိ၏ Voting power 2% အား အသုံးပြုရမည် ဖြစ်ပါသည်။

ယခု HF21 တွင် Down vote ခလုပ်နှင့် အတူ အလံတိုင်လေး ထပ်မံပါဝင်လာမည် ဖြစ်ပါသည်။ အကြောင်းပြချက် မှာ လက်ရှိအချိန်တွင် Quality မပြည့်သော ဆောင်းပါးများက Bit bot များ အသုံးပြုကာ trending page သို့ ရောက်အောင် ပြုမှုနေကြသော ကြောင့် ထိုကဲ့သို့ ဆောင်းပါးများအား အလံထောင် နိုင်ရန် ထည့် သွင်းထားကြောင်း သိရပါသည်။

ဤ တကြိမ်တွင် အလံထောင်ခြင်း အတွက် မိမိ၏ voting power အား အသုံးချရန် မလိုတော့ပါ။ ကျွန်တော် တယောက်တည်း အမြင်ဖြင့် ပြောရလျင် ဤ အလံထောင်သည့် စနစ်သည် အကောင်း ထက် အဆိုးဘက်သို့သာ ပို၍ ဦးတည် စေမည်ဟု မြင်ပါသည်။ တယောက်က အလံထောင်လိုက် နောက်တယောက်က ထပ် အလံထောင်လိုက် ၊ ငါ့သူငယ်ချင်းကို အလံထောင်လို့ တန်ပြန် အလံထောင်ကြ ၊ အုပ်စုဖွဲ့၍ အလံထောင်ကြ စသည်ဖြင့် ပြသနာများ တက်ကြမည်ကို မြင်ယောင်နေမိပါသည်။

ဤ အလံထောင်ခြင်း ၏အကျိုး ဆက်အနေဖြင့် မိမိ post မှာ Low rating ဖြစ်သွားကာ reputation များ ကျဆင်းသွားမည် ဖြစ်ပါသည်။ သို့သော် အလံထောင်ခြင်း ၌ SP အနည်း အများ နှင့် Reputation အနည်းအများ ကလည်း အကျိုးသက်ရောက်ပါသည်။ ဆိုလိုသည်မှာ SP နည်းသူတို့က SP များသူအား အလံထောင်၍ အကျိုးမထူးပါ။

0003.jpg

မည်သို့ပင်ဆိုစေ ဤကဲ့သို့ Quality မပြည့်သော ဆောင်းပါး များ Trending page သို့ မရောက်လာစေရန် အလံထောင်ခြင်းထက် vote ရောင်းစားသော Bitbot များအား ထိန်းချုပ်သင့်သည်ဟု ထင်ပါသည်။ Quality content ဟုဆိုရာတွင် ဘာသာစကား မတူသူတို့ ရေးသားချက်များကြောင့် ရေးသားထားသည့် ဘာသာစကား နားလည်သူတို့သာ Quality ဖြစ်၏ မဖြစ်၏ ဟု ဆုံးဖြတ်နိုင်ကြမည် ဖြစ်ပါသည်။

မည်သို့ပင် ဆိုစေ HF21 ကောင်းသည် ဖြစ်စေ မကောင်းသည် ဖြစ်စေ August 27 ETD ( Eastern Daylight Time ) နံနက် ၁၁ နာရီတွင် လွင့်တင်ကြတော့မည် ဖြစ်ရာ ကျွန်တော်တို့ အရှေ့တောင် အာရှတွင်တော့ August 28 နေ့ တွင် အကျိုးသက်ရောက်မည် ဖြစ်ပါသည်။ HF21 သည် steemit ၏ အပြောင်းအလည်း ဖြစ်မည်လား သို့မဟုတ် ကျဆုံး သွားစေမည်လားကတော့ ရင်ခုန်စွာ စောင့်စား နေရတော့မည် ဖြစ်ပါသည်။

မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....

logo.png
Author : Henry Aung ( Kachin )
MSC : 001

Sort:  

ကောင်းသောပြောင်းလဲခြင်းဖြစ်ပါစေလို့သာ
ဆုတောင်းနေမိတယ်ဗျာ...

အကောင်းဆုံး ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ Steemit ကို ပြောင်းလည်း စေချင်သူတွေကလည်း ကောင်းမယ်ထင်လို့ HF21 ကို မြှင့်တင်ကြတာလို့ ယုံကြည်ပါတယ်။

Flag စနစ်ကို မှန်မှန်ကန်ကန်နည်းနာကျကျ အသုံးချကြမှသာလျှင် ကောင်းနိုင်ပါမည်။
ဘာကြောင့် ပြလဲ ဖြေရှင်းချက် ပေး၍ ပြသင့်ပေမည်။
ထိုသို့မဟုတ်မူဘဲ စိတ်မထင်တိုင်း လျှောက်လုပ်နေရင်ဖြင့်
Post မတင်ဘဲ Curator reward သာ ယူကြသူတွေ
များလာပြီး တတ်ကြွမှုများ ပျောက်ဆုံးနိုင်ပါမည်။
ဘာပဲဖြစ်ဖြစ် ရှေ့ဆက် ရဦးမည်သာ...

Posted using Partiko Android

အမှန်ကတော့ ကိုယ်သဘောမကျတဲ့ post ကို ကျော်သွား ၊ သဘောမကျတဲ့ အကောင့်ကို mute ထား.... flag နဲ့ downvote ကို သုံးစရာတောင်မလိုပါဘူး။ Social media မှာ ရွေးချယ်ခွင့်တွေရှိပါတယ်။

ရင်ခုန်မျှော်လင့်ချက်များဖြင့်
စောင့်စားကာ ရှေ့ဆက်ရင်း

ရန်ခုန်စရာ မရှိတာထက်စာရင် တခုခုကို ရင်ခုန်နေရတာက ပိုကောင်းသလားလို့။

Coin Marketplace

STEEM 0.17
TRX 0.13
JST 0.028
BTC 56570.01
ETH 3028.13
USDT 1.00
SBD 2.29