Warning to mso group !

in #myanmar6 years ago (edited)

အားလုံးပဲ မင်္ဂလာပါ ...

မြန်မာစကားကို ပြောဆိုတဲ့အခါ ကျုပ်အနေနဲ့ မင်္ဂလာပါဆိုတဲ့ စကားလုံးကို အကြိုက်ဆုံးပါ။ အမြဲတမ်း အင်္ဂလိပ်လို ရေးသားမယ် စိတ်ကူးထားပေမယ့် မြန်မာလို မရေးလို့ မဖြစ်တဲ့အခြေအနေမှာ မင်္ဂလာပါဆိုတဲ့ စကားလုံးနဲ့ နှုတ်ဆက်ပါရစေ။

လူအများစုက သိကြမှာပါ။ ဂျွန်ဆိုတာက ဘာလဲ။ ဘာတွေ လုပ်နေသလဲဆိုတာကို။ မသိသေးတဲ့ သူတွေအတွက် ကျုပ်ကိုယ်ကျုပ် ထပ်မံမိတ်ဆက်ပါရစေ။ ကျုပ်က @johnsmith119 account နဲ့ စာရေးနေသူပါ။ အညာဓလေ့ကို ချစ်မြတ်နိုးသူ၊ မြန်မာစာအရေးအသားကို လေ့လာနေသူလို့ ကျုပ်ကို သိထားကြပါ။ မြန်မာစာကို နှစ်ခြိုက်သဘောကျသူအနေနဲ့ ကျုပ်ကျင်လည်နေတဲ့ စတီးမစ်မှာ မြန်မာဆိုတာကို သိက္ခာကျအောင် နိုင်ငံတကာအသိုင်းအ၀ိုင်းမှာ အထင်သေးခံရအောင် လုပ်နေတာတွေကို ကျုပ် မကြိုက်ပါဘူး။ ဒါကြောင့် ကျုပ်ရဲ့ လမ်းကြောင်းက မဟုတ်မဟတ်လုပ်နေသူတွေကို ဖယ်ထုတ်ဖို့ နားမလည်သူတွေကို နားလည်အောင် သတိပေးဖို့ ဖြစ်လာပါတယ်။ ကျုပ် ဘာလုပ်နေလဲဆိုတာ ကျုပ်ရဲ့ account မှာ လေ့လာနိုင်သလို discord တွေမှာလည်း သတိထားကြည့်ရှုနိုင်ပါတယ်။

ဂျွန်က ပျောက်နေတာ ကြာပြီ။ စတီးမစ်မှာ စာမရေးတော့ဘူး။ အသက်မ၀င်တော့ဘူးလို့ အချို့က ထင်ကြမှာပါ။ ဒါပေမယ့် ကျုပ်က စတီးမစ်လောကသားပါ။ စတီးမစ်မှာ ကျုပ်ရှိနေပါတယ်။ ခင်ဗျားတို့ နောက်ကွယ်ကနေ ခင်ဗျားတို့ လုပ်နေတာကို လေ့လာတယ်။ အဆင်မပြေတာ ရှိရင် ဖော်ထုတ်တယ်။ တားဆီးတယ်။ ခင်ဗျားတို့ မဟုတ်မဟတ်လုပ်နေတာတွေ အဆင်မပြေတာက ကျုပ်ကြောင့်ဆိုတာ သိမယ်ဆိုရင် ကျုပ် အသက်ဝင်နေဆဲ ဆိုတာ နားလည်မှာပါ။ ဘယ်အဖွဲ့တွေ ဘယ်လိုလှုပ်ရှားနေလဲ။ ဘယ်လိုနည်းလမ်းနဲ့ upvote ရအောင် လုပ်နေလဲ ကျုပ် အကုန်သိတယ်။ ခင်ဗျားတို့ကတော့ ထင်မှာပဲ။ upvote ရအောင် ဘယ်နည်းလမ်းမဆို သုံးသင့်တယ်လို့။ ဒါပေမဲ့ စတီးမစ်ကို မသိဘဲ ၀င်လာတဲ့ ခင်ဗျားတို့ ဘယ်လောက် အသုံးမကျလဲဆိုတာ ကိုယ့်ကိုယ်ကို သိသင့်တယ်။ အသုံးမကျဆုံးကတော့ မသိနားမလည်သူတွေကို မဟုတ်မဟတ်နည်းလမ်းတွေနဲ့ upvote ရအောင် ယူဖို့ သင်ကြားပေးပြီး စတီးမစ်လောကထဲကို ဆွဲခေါ်လာကြသူတွေပဲ။ ကျုပ် စကားပြောတာ ရိုင်းသွားရင် ခွင့်လွှတ်ပါ။ တစ်နေ့တစ်လုံး ဥနေတဲ့ ငန်းကို ရိုက်သတ်စားချင်တဲ့ ခင်ဗျားတို့ကို ဂရုဏာဒေါသဖြစ်မိတာကြောင့်ပါ။ ခင်ဗျားတို့လို လူတွေ ရှိသလို ကျုပ်လို စတီးမစ်အသိုင်းအ၀ိုင်းကို စည်းကမ်းနဲ့ မညီညွတ်တဲ့ အပြုအမူတွေနဲ့ ပျက်စီးအောင် လုပ်မယ့်သူတွေကို တားဆီးမယ့်သူတွေ ဒုနဲ့ဒေးနဲ့ ရှိနေဆဲ ဆိုတာ သိထားပါ။

အခု ကျုပ် ဒီ Post ကို ရေးသားတာကတော့ စတီးမစ်မှာ vote trail (အကောင့်အများကြီးဖွင့်ပြီး upvote ရယူမှု) အသုံးပြုပြီး copy post တွေနဲ့ မမှန်ကန်တဲ့ လမ်းကြောင်းကနေ $ တက်အောင် လုပ်ဆောင်နေတာကို သတိပေးချင်လို့ပဲ။

@loearn က အောက်ပါ post မှာ ၆ ရက်အတွင်း steemit account ၁၇၅ ခု ဖွင့်ထားတယ်ဆိုတော့ ကျုပ် အတော်အံ့သြမိတယ်။

https://steemit.com/minnowsupport/@loearn/i-and-steemit

@pyaephyothu ကလည်း သူ့ရဲ့အဖွဲ့ဝင်တွေကို အောက်ပါအတိုင်း အကောင့်အသစ်တွေ ဖွင့်ဖို့ လိုက်သတိပေးနေတယ်။

https://steemit.com/myanmar/@pyaephyothu/re-sanaung53-aayawlmmatainamwtundefinedksatong-2e0040bacff39-20180611t084446672z

ခင်ဗျားတို့ရဲ့ကြိုးစားမှုကို ချီးကျူးပါတယ်။ ဒါပေမဲ့ ဘာကြောင့် ကိုယ်ပိုင်ဖန်တီးမှုကို ပြုလုပ်တဲ့နေရာမှာ အသုံးမချကြတာလဲ။ မြန်မာဆိုတဲ့ နာမည်ကို နိုင်ငံတကာအလယ်မှာ သိက္ခာကျအောင် လုပ်နေတာ ခင်ဗျားတို့ မရှက်ဘူးလား။ ခင်ဗျားတို့ ငွေရှာနေတဲ့ စတီးမစ်ကို လူတွေ ယုံကြည်သူကင်းမဲ့လာအောင်၊ ပျက်စီးသွားအောင် ခင်ဗျားတို့ လုပ်သလို ဖြစ်နေတာ မသိကြဘူးလား။

@steemcleaners က @guiltyparties ကတော့ @zayarminkhant စတီးမစ်အကောင့်ပိုင်ရှင်ကို သူ့ရဲ့ facebook account (Zayar Min ) မှာ အောက်ပါအတိုင်း သတိပေးထားပါပြီ။

ဇေယျာမင်း ခေါ် ဇေယျာမင်းခန့်အနေနဲ့ ဘာကြောင့် flag အပြခံနေတာလဲ အခုလောက်ဆို သိလောက်ပါပြီ။

ထို့အတူပဲ @myominaung ခေါ် @pyaephyothu ကလည်း @patrice ဆီမှာ ခင်ဗျားသွားမေးနေတဲ့ မေးခွန်းရဲ့အဖြေကို ရလောက်ပါပြီ။

ခင်ဗျားတို့ mso အဖွဲ့အနေနဲ့ vote trail သုံးပြီး copy post တွေနဲ့ $ တက်အောင် ဆက်ပြီးကြိုးစားနေမယ်ဆိုရင် ဒီထက် အရေးယူမှုတွေ ရှိလာပါမယ်။ @steemcleaners က ခင်ဗျားတို့ကို စောင့်ကြည့်နေပါတယ်။ ခင်ဗျားတို့ အကောင့်သစ်တွေ ဖွင့်စရာ မလိုပါဘူး။ ကိုယ်ပိုင်စာတွေသာ ကြိုးစားရေးပါ။ ခင်ဗျားတို့ လိုချင်တဲ့ upvote က တဖြည်းဖြည်းရလာမှာပါပဲ။ မဟုတ်ရင် ခင်ဗျားတို့ဖွင့်ထားတဲ့ အကောင့်တွေက delegation တွေကို ရုပ်သိမ်းဖို့ စတီးမစ်က လုပ်ဆောင်ပါမယ်။ ခင်ဗျားတို့ကို ချေးထားတဲ့ delegation 15 sp တွေ မရှိတော့ဘူးဆိုရင် ခင်ဗျားတို့ အကောင့်သစ်တွေက အလကားဖြစ်သွားပါပြီ။ ဘယ်လောက်ပဲ အင်အားများပါစေ။ အကျိုးမရှိတော့ပါဘူး။

လောလောဆယ် မြန်မာမှာ ကြီးမားတဲ့ bid network နဲ့ upvote ရယူနေတာ mso တစ်ဖွဲ့ပဲ ရှိသေးတာ ဖြစ်လို့ ခင်ဗျားတို့ကို အဓိကဦးတည်ရေးသားတာပါ။ ခင်ဗျားတို့လောက် မကြီးမားပေမယ့် ခင်ဗျားတို့လိုပဲ လုပ်ဆောင်နေသူတွေလည်း ရှိနေပါတယ်။ ဥပမာ - @min2thant တို့အုပ်စု , @sunminhtun တို့ အုပ်စု , @khant ခေါ် @kyawthetaung တို့ အုပ်စု , @mamamoeswe တို့ အုပ်စုတွေ ရှိပါသေးတယ်။ တစ်ဆက်တည်း ပြောလိုက်ပါရစေ။ ခင်ဗျားတို့ esteem ဆီကနေ ဗုတ်ရဖို့ စောင့်မျှော်မနေပါနဲ့။ မောနေပါမယ်။ သူက ခင်ဗျားတို့ကို blacklist သွင်းထားလိုက်ပါပြီ။ မိုက်မိုက်ရိုင်းရိုင်းနဲ့ ဆဲဆိုတဲ့ Post တွေ၊ အပြာဇာတ်လမ်းတင်တာတွေလည်း ဒီမှာ လာမလုပ်ကြပါနဲ့။ ခင်ဗျားတို့ကြောင့် ခင်ဗျားတို့ နိုင်ငံ သိက္ခာကျပါတယ်။

ကျုပ်က ဂျွန်စမစ်။ ခင်ဗျားတို့ကို စောင့်ကြည့်နေပါတယ်။


@johnsmith119

Coin Marketplace

STEEM 0.15
TRX 0.15
JST 0.028
BTC 54290.46
ETH 2276.53
USDT 1.00
SBD 2.31