We Love Steemit
မုတ်သုံလေနှင့်အတူ မိုးရာသီသည်ကား စတင်ခဲ့ချေပြီ။ မိုးရွာချလိုက်တာနှင့် ပတ်ဝန်းကျင်တစ်ခုလုံး အေးမြလန်းဆန်းသွားလေသည်။ မိုးရေဖြင့် ဆေးကြောလိုက်ခြင်းကြောင့် အရာအားလုံးသည် သစ်လွင်တောက်ပနေသယောင် ရှိနေသည်။ နေပူဒဏ်ကြောင့် ညှိုးနွမ်း၍ ဖုန်အလိမ်းလိမ်းတက်သော သစ်ပင်ဝါးပင်တို့လည်း မိုးရေစွတ်ဖြန်းလိုက်ခြင်းကြောင့် ချက်ခြင်းစိမ်းလန်းစိုပြည်လာလေသည်။ အပင်ငယ်လေးများလည်း မြေကြီးအတွင်းမှ အစုလိုက် အစုလိုက် ထိုးထွက်လာကြပေသည်။
ပတ်ဝန်းကျင် အရပ်လေးမျက်နှာတစ်ခုလုံး အသစ်တစ်ဖန်ပြန်လည် မွေးဖွားလာနေသယောင်ရှိနေပေမယ့် ကျွန်ုပ်၏ အတွေးအခေါ်တွေက ဟောင်းနွမ်းနေဆဲ၊ စိတ်ဓာတ်တွေလည်း အောက်ဆုံးထိ ကျရောက်နေဆဲပါ။ အရင်လို စာစဉ်ဆောင်းပါးများကိုလည်း ရေးသားလိုစိတ် ပြင်းပြခြင်းမရှိတော့ပဲ အခြားသော အွန်လိုင်းငွေရှာနည်းများဘက်တွင်သာ စိတ်ပါနေခဲ့သည်။ အခြားငွေရှာနည်းများဟုဆိုရာ၌ အခုလုပ် အခုငွေရသည့် အလုပ်မျိုးတွေဖြစ်သည်။ ဥပမာ Mobi လိုဟာမျိုးတွေပေါ့။ သူများတွေတော့ မသိဘူး ကျနော်ကတော့ Mobi ကနေ အကျိုးအမြတ်တစ်စုံတစ်ရာကိုမျှ ခံစားရရှိခြင်း မရှိခဲ့ပါဘူး။ အိပ်ရေးပျက်၊ ဘေလ်ကုန်၊ လူပန်းသာ ဖြစ်ခဲ့ပြီး တကယ့်တကယ် ငွေထုတ်ခါနီးကြတော့ အမျိုးမျိုးသော Errorတွေကြောင့် စိတ်ပျက်ခဲ့ရပါတယ်.....။
အခြားသော ငွေရှာနည်းတွေလုပ်ကြည့်ရင်းမှ စတီးမစ်ရဲ့ တန်ဖိုးကို ပိုပြီး နားလည်ခဲ့ပါသည်။အရင်းအနှီး မလိုပဲ ဝင်ငွေရရှိနိုင်သည့် အွန်လိုင်းငွေရှာနည်းတွေထဲမှာ steemit ကို ဘယ်ဟာမှ မမှီနိုင်ဘူးဆိုတာ အခုမှ တဖြည်းဖြည်းသိလာခဲ့ရတယ်။ ဒါကြောင့် စတီးမ်မစ်မှာပဲ သုတရသ ဆောင်းပါးတွေ ပုံမှန်ပြန်လည်ရေးသားပါတော့မည်ဟု ဆုံးဖြတ်လိုက်ပါတော့တယ်။
Author By Jhon
MSC-046
Photo By Google Image
ဆုံးဖြတ်ချက်ကောင်းပါတယ်
ဟုတ်
ဆုံးဖြတ်ချက်ကို မှန်အောင်ချလိုက်ပီပေါ့
ဟုတ်တယ်အမရေ
ကောင်းပါပေ၏
ဟုတ်ကိုမြင့်
အားပေးခဲ့ပါတယ်
ကျေးဇူးပါအကိုရေ
တခြားဟာတွေလည်းလုပ်steemitကိုတော့အဓိကထားပုံမှန်လုပ်ရင်အကောင်းဆုံးပါ။
ဟုတ်ကဲ့ အမ
yep...we love steemit 💪💪
Yeah
အားပေးခဲ့ပါတယ်
ကျေးဇူးပါ။
Steem တန်ဘိုးကျနေရင်ဝယ်စုသင့်တယ်ဗျ၊ ဈေးကပြန်တက်လာတတ်တာအသေအချာပဲဆိုတော့ investment အလုပ်သင့်ဆုံးပါ
ဟုတ်ကဲ့
Right
Yeah
mobi အကြောင်း ခုတလော တော်တော်သတင်းကြားရတာပဲ။
ဟုတ်တယ် ဒီရက်ပိုင်း Mobi အတော် hotသွားတယ်