ဘဝအတွက်
အပြိုင်အဆိုင် အတိုက်အခိုက်တွေများလှသည့် ဤလောကလူဘောင်မှာ တစ်ဦးပေါ်တစ်ဦး တစ်ယောက်ပေါ်တစ်ယောက် အညှိုးအတေးတွေ၊ မနာလိုမရှူ့စိတ်တွေထားကြရင်း ရှင်သန်နေထိုင်နေကြပေသည်။
အသိုင်းအဝိုင်းတစ်ခု အဖွဲ့အစည်းတစ်ခုအတွင်းမှာ တစ်ဦးတစ်ယောက်ဟာ ထူးခြားပြောင်မြောက်စွာ တိုးတက်အောင်မြင်လာပြီဆိုလျှင် ထိုအသိုင်းအဝိုင်း၊ အဖွဲ့အစည်းအတွင်းရှိ အခြားသူတွေသည် ထိုသူ့ကို အလိုလိုနေရင်း အမြင်မကြည်ပဲဖြစ်လာကြသည်။ အဲ့ဒါဟာ မနာလိုသည့်စိတ်ကြောင့်သာဖြစ်ပါသည်။ ထိုမနာလို စိတ်သည် လူအတော်များများမှရှိတတ်ကြပါသည်။
"မနာလိုမရှူ့ စိတ်ရှိတဲ့သူတွေဟာ သူတို့မနာလိုတဲ့သူတစ်ဦးဦး ဒုက္ခရောက်ပြီ၊ အခက်အခဲတွေ့ပြီဆိုလျှင် အလိုလိုနေရင်း ဝမ်းသာနေတတ်ကြသည်"။
လူအတော်များများဟာ ကိုယ့်ထက်ချမ်းသာတဲ့သူ၊ ကိုယ့်ထက်ထူးချွန်တဲ့သူ၊ ကိုယ့်ထက်ပြည့်စုံတဲ့သူတွေကိုပဲ ကြည့်တတ်ကြပေသည်။ ထိုသို့ အမြင့်တွေကိုကြည့်ရင်းကြည့်ရင်းကနေပဲ အဲ့ဒီ မနာလိုစိတ်တွေ၊ မရှူစိတ်တွေ ဝင်လာကြခြင်းဖြစ်ပေသည်။ အမြဲတမ်း အပေါ်ကိုပဲကြည့်မနေသင့်ပါဘူး။ တစ်ခါတစ်လေ အောက်ကိုလည်း ငုံ့ကြည့်သင့်ပါတယ်။
ကိုယ်ထက်နိုမ့်ကျတဲ့သူတွေ၊ မရှိဆင်းရဲသားတွေ၊ မပြည့်စုံသူတွေကိုပဲ ကြည့်ပါ။ ထိုကဲ့သို့ နိုမ့်ပါးသူတွေ၊ သူဆင်းရဲတွေကိုကြည့်မှသာ ကိုယ့်မှာရှိတယ့် အရာတွေကို တန်ဖိုးထားတတ်လာပေမည်။
မိမိပိုင်ဆိုင်ရရှိထားသည့် အရာတွေကို တန်ဖိုးထားတတ်လာမှ မိမိရှင်သန်ရာ ဘဝအခြေအနေမှာ ပျော်ရွှင်ကျေနပ်စွာ နေထိုင်လာတတ်ပေမည်။
ဘဝမှာ ပျော်ရွှင်စွာနေထိုင်ဖို့ဆို အကောင်းဆုံးတွေကို ပိုင်ဆိုင်ထားဖို့ မလိုပါဘူး။ မိမိမှာရှိသည့် အရာတွေကိုအကောင်းဆုံးတွေဟု သတ်မှတ်ပြီးသာ နေထိုင်လိုက်ပါ။ သင်ပျော်ရွှင်ရပါလိမ့်မည်။
Author By Jhon
MSC-046
Photo By Google Image
ရေးထားတာကောင်းတယ်ဗျာ
ဟုတ် ကိုမြင့်
ရေးထားတာကောင်းပါပေ့ဗျာ
ဟုတ်ကဲ့ ဗိုလ်ကြီး
ရည်မှန်းချက်ပန်းတိုင်ရယ်။ရောက်အောင်သွားမယ်ဆိုတဲ့စိတ်ရယ်ရှိရင် အနှောက်အယှက်အဟန်အတားဆိုတာ အသေးအဖွဲပါ
ဟုတ်ကဲ့ ဦး
သူ့ထက်သာ မနာလိုတက်ကျတာ လူ့ သဘာဝလို့ဆိုမလား ရှိတာလေးနဲ့ တင်းတိမ်ပြီး နေတက်ရင် ဘဝဆိုတာ ပျော်စရာပါ
ဟုတ်ကဲ့ အမ
အမှန်တွေပါပဲ
ဟုတ်
ရှိတာနဲ့ ပျော်ရွှင်စရာဖန်တီးရတာ ဘဝပါ
Right
အမှန်ပါ
ရှိတာလေးနဲ့ကျေနပ်နေတတ်ရင်လည်း ဘဝကစိတ်ချမ်းသာစရာပါ။
ဟုတ်ပါတယ်
လူ့ဘဝဆိုတာနေတတ်လျှင်ပျော်စရာကြီးပါရှင်။
ဟုတ် အမ